Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 10, 2016

ရိုဟင်ဂျာ လို့ ဆက်သုံးသွားမယ်လို့ အမေရိကန် သံအမတ် ပြော


Posted by DVB on May 10, 2016 in သတင်း, နိုင်ငံရေး

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ဆက်သုံးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်က ပြောပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။
DVB TV – 10.05.2016

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆက်သုံးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကပြောပါတယ်။ မေလ ၁၀ ရက်နေ့က ရန်ကုန်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာပြောတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံအနှုန်းကို ရှောင်ကျဉ်ဖို့ မြန်မာနိုင်ငံခြားရေးဌာနက အရာရှိတွေက အမေရိကန် သံရုံးကို အကြောင်းကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါတယ်၊ ဒါပေမ့ယ် အမေရိကန် သံအမတ်ကြီး ကိုယ်တိုင်ကတော့ သူတို့ အစိုးရအနေနဲ့ ရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

SCOT MARCIEL ( မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်) (( တကမ္ဘာလုံးအတိုင်းအတာမှာ ကျနော်တို့ ချဥ်းကပ်တဲ့ ပုံစံ၊ နိုင်ငံတကာ ကျင့်ဝတ်အရ ပြောမယ်ဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတရပ်ဟာ သူတို့ လိုချင်တဲ့ နာမည်၊ သူတို့ ရွေးချယ်တဲ့ နာမည်အတိုင်းပဲ ကျနော်တို့က ခေါ်ဝေါသုံးစွဲသင့်ပါတယ်။ ဒါက အခြေခံ ကျတဲ့ နိုင်ငံတကာ ကျင့်ထုံး ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လေးစားပါတယ်။ ဒါဟာ ကျနော်တို့ ချဉ်းကပ်တဲ့ ပုံစံဖြစ်ပါတယ်၊ မြန်မာပြည်မှာလည်း ဒီအတိုင်းပါပဲ။ ))

ပြီးခဲ့တဲ့ လကုန်လောက်က ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက် သေဆုံးသွားသူတွေ အတွက် စိတ်မကောင်းဖြစ်ကြောင်း အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ အဲဒီ ကြေညာချက်ထဲမှာ ပါတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မကျေနပ်တာကြောင့် သံဃာတွေနဲ့ လူတချို့ပှုးပေါင်းပြီး အမေရိကန်သံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာ အစိုးရတွေက ရိုဟင်ဂျာလို့ ခေါ်တဲ့ မွတ်စလင်တွေ အများစုက ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။
အမေရိကန် သံအမတ်ကြီးက ရခိုင်ပြည်နယ်မှာ ဒေသအတွင်း ယုံကြည်မှုတည်ဆောက်ရေး အရေးကြီးလိုအပ်နေကြောင်းလဲပြောပါတယ်။

((ရခိုင်ပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေတိုးတက်လာဖို့နဲ့ စီးပွားရေးဖွံ့ဖြိုး ကောင်းမွန်လာအောင် တွန်းအားပေးဖို့ အရေးကြီးလိုအပ်နေပါတယ်။ ပြီးတော့ လူမှု အသိုင်းအ၀ိုင်းတွေကြားမှာ ညှိနှိုင်ဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ဖို့၊ အရေးတကြိး လိုအပ်နေတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့၊၊ တချို့ အသိုင်းအ၀ိုင်းတွေကို ချုပ်ချယ် ကန့်သတ်ချက်မှုတွေကြောင့် အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ))

ရိုဟင်ဂျာ အရေးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရခိုင်ပြည်နယ် အပါအ၀င် မြန်မာပြည် မြို့ကြီးတွေမှာ မငြိမ်သက်မှုတွေကို ဦးတည်စေခဲ့ပါတယ်၊ အရင်အစိုးရခေတ်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို၊ သူတို့ကို တိုင်းရင်းသား အဖြစ်ရော၊ နိုင်ငံသား အဖြစ်ပါ အသိအမှတ်မပြုခဲ့ပါဘူး။
DVB

No comments:

Post a Comment