Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 31, 2016






News watch
.........

မကွေးတိုင်းဖွံ့ဖြိုးရေးရံပုံငွေ ကျပ်၂ ဒသမ ၈ ဘီလီယံ ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု လျပ်စစ်ဝန်ကြီးပြော
=================================

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ရေနံတပိုင်တနိုင် လက်ယက်တွင်း တူးသူများထံမှ ဒေသဖွံ့ဖြိုးရေး ရံပုံငွေကျပ်ဘီလျံ၂ ဒသမ ၈ ဘီလျံအား ယခင်အစိုးရက လွှဲပြောင်းပေးခဲ့ခြင်း မရှိဟု စွမ်းအင်နှင့် လျပ်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မေ၃၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်၂ ဒသမ ၈ ဘီလျံခန့်ရှိခဲ့ကြောင်း ၄င်းရံပုံငွေများအား အစိုးရသစ်သို့ လွှဲပြောင်းပေးခဲ့ခြင်း ရှိမရှိနှင့် မည်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအမျိုးအစားများအား လုပ်ကိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်ပတ်သက်ပြီး စွမ်းအင်နှင့်လျပ်စစ်ဝန်ကြီးက အစိုးရသစ်အား လွှဲပြောင်းပေးခဲ့ခြင်းမရှိဟု မကွေးတိုင်းဒေသကြီး အစိုးရကိုယ်စား လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ယင်းအပြင် လျပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် မည်သည့် ဒေသဖွံ့ဖြိုးရေး ရံပုံငွေမှ ကောက်ခံခြင်း မရှိဟု ဖြေကြားခဲ့ပြီး ယင်း၂ ဒသမ ၈ ဘီလျံအား စုံစမ်းစစ်ဆေးသွားမည်ဟု ဖြေကြားခဲ့သည်။

News watch

No comments:

Post a Comment