Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 31, 2016

Green Tea နဲ႔ လဖက္ေျခာက္ ဘာကြာသလဲ



အင္း ရွင္းမွ ရေတာ့မယ္ ထင္တယ္။ Green Tea နဲ႔ လဖက္ေျခာက္ ဘာကြာသလဲဆိုတာကိုပါ။
ကမ႓ာမွာ လဖက္ကုိ ထုတ္လုပ္တဲ႕ပံုစံ ၄ မ်ိဳးပဲရွိပါတယ္။
1/ Green Tea
2/ Oolong Tea
3/ Black Tea
4/ Pickle Tea ဆိုျပီးProcessing Method ထုတ္လုပ္နည္း 4 မ်ိဳးကိုထုတ္လုပ္ပါတယ္။
1/ ျဖစ္တဲ႔ Green Tea ကို ထုတ္လုပ္တဲ႔ေနရာမွာ Non Fermentation လို႔ေခၚတဲ႔လံုးဝ အခ်ဥ္ မေပါက္ရတဲ႔နည္းကိုသံုးရပါတယ္။ဆိုလိုတာက ခူးခူးျပီးျခင္းခ်က္ခ်င္းလုပ္ရတဲ႔နည္းပါ။ဒီနည္းစနစ္မွာ ေနနဲ႔အေျခာက္လွမ္းတဲ႔ Sun dry စနစ္ လက္နဲ႔ရိုးရာအတိုင္းထုတ္တဲ႔ Hand made စနစ္ နဲ႔ စက္မ်ားနဲ႔ထုတ္တဲ႔ Machine Made ဆိုျပီးထုတ္လုပ္နည္း ၃ မ်ိဳးကြဲေပမယ့္ green tea လဖက္ေျခာက္အမ်ိဳးအစားေပါင္း ၁၆၈ မ်ိဳးကိုဒီနည္းစနစ္ ၃ မ်ိဳးကို ပဲအေျခခံျပီးထုတ္လုပ္ထားပါတယ္။ကြ်န္ေတာ္တို႔နိုင္ငံမွာ လဖက္ေျခာက္အမ်ိဳးအစား ၄ မ်ိဳးခန္႔သာထုတ္လုပ္နိုင္ပါေသးတယ္။ေနနဲ႔အေျခာက္လွန္းထုတ္လုပ္စနစ္ကေတာ့လဖက္ေတာင္သူ ၉၉ %ကအသံုးျပဳထုတ္လုပ္ေနျပီး နိုင္ငံတစ္ကာေစ်းကြက္တန္းကိုဝင္နိုင္ဖို႔ရန္အတြက္မ်ားစြာ အခ်ိန္ယူ ျပင္ဆင္ၾကရမွာျဖစ္ပါတယ္။အဓိကျပင္ရမယ့္အခ်က္ေတြကေတာ့
၁။ခူးဆြတ္ျခင္း။
၂။အပင္ျပဳျပင္ျခင္း။
၃။သန္႔ရွင္းမႈ။
၄။ထုတ္လုပ္မႈနည္းပညာ။
၅။ထုတ္ပိုးသိမ္းဆည္းျခင္း စတဲ႕အခ်က္ေတြကိုအဓိကထားျပဳျပင္ၾကရမွာျဖစ္ပါတယ္။
ေနေရာင္ျခည္ကိုအသံုးျပဳျပီးလဖက္ေျခာက္ထုတ္လုပ္ျခင္းအားျဖင့္ လဖက္ အတြင္းမွာပါရွိတဲ႔ က်န္းမာေရးအက်ိဳးျပဳအာနိသင္ ဓါတ္မ်ားေလ်ာ့က်ျပီး 10% မွ15% အထိသာက်န္ေတာ့တယ္ဟု ေဆးသိပၸံပညာရွင္မ်ားကသုေတသနျပဳထားၾကပါတယ္။အေၾကာင္းကေတာ့ ေနေရာင္ျခည္ျဖင့္ၾကာျမင့္စြာအပူေပးအေျခာက္ခံေသာေၾကာင့္ဟုဆိုပါတယ္။အျခားနည္းမ်ားျဖစ္တဲ႔ လက္ျဖင့္ထုတ္လုပ္ျခင္းHand Made မွာ 60%-75% ။ စက္ျဖင့္ထုတ္လုပ္ျခင္းMachine Made မွာ 75%-90% အထိ လူ႔က်န္းမာေရးအက်ိဳးျပဳ ဓါတ္ေပါင္းမ်ား က်န္ရွိတယ္လို႔သုေတသနျပဳလုပ္ခ်က္မ်ားအရေတြ႔ရွိရပါတယ္။ အဓိကသုေတသန ေတြ႔ရွိခ်က္မွာ လဖက္ေျခာက္ျပဳလုပ္ရန္အတြက္ လဖက္ေျခာက္ျပဳလုပ္ခ်ိန္ၾကာျမင့္ေလေလလဖက္အတြင္းမွ အက်ိဳးျပဳအာနိသင္မ်ားေလ်ာ့က်ေလေလဆိုတာကိုပါပဲ။
ဆက္ေရးပါအုန္းမည္။

Myanmar Green Tea
႐ိုး႐ိုးလက္ဖက္ရည္ၾကမ္းနဲ႕Green Tea ကြာျခားမႈ

႐ိုး႐ိုးလက္ဖက္ရည္ၾကမ္းနဲ႕Green Tea ဘာကြာလဲဆိုရင္ Green Tea မွာ အင္တီေအာက္ဆီးဒင့္
ေတြပါဝင္တဲ႕အတြက္အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးနိုင္ပါတယ္။ဓာတ္တိုးတာကဆဲလ္ေတြကို
အိုမင္းရင့္ေရာ္ေစတယ္၊ ပ်က္စီးေစတယ္။ ဓာတ္တိုးတာေၾကာင့္ကင္ဆာေတြ၊ ဆီးခ်ိဳ ေသြးခ်ိဳ
ေရာဂါေတြျဖစ္ေစနိုင္ပါတယ္။Green Tea ကအဲဒီဓာတ္တိုးမႈေတြကိုတားဆီးေပးပါတယ္။
အ႐ြယ္တင္ႏုပ်ိဳေစတယ္လို႕ဆိုနိုင္ပါတယ္။႐ိုး႐ိုးလက္ဖက္ရည္ၾကမ္းမွာေတာ့အဲဒီအာနိသင္ေတြ
ြမပါပါဘူး။ ။
Ref: : Good Health
''လဖက္အစ ျမန္မာက ''
ရုကၡေဗဒ ပညာရွင္( အမည္မမွတ္မိပါ)နွင့္အဖြဲ႔ ၏ေလ့လာေတြရွိခ်က္အရ ကမ႓ာဦးလဖက္ပင္မ်ား၏ မူလပထမ စတင္ရွင္သန္ေပါက္ေရာက္ရာေနရာမွာ ျမန္မာနိုင္ငံ အထက္ပိုင္း ဧရာဝတီ ျမစ္၏ တဖက္တခ်က္မွစတင္ခဲ႔တယ္လို႔သုေတသနစာတမ္းျပဳစုခ်က္ရွိပါတယ္။(ျပန္ရွာေနပါတယ္။ ေတ႔ြရင္တင္ေပးလိုက္ပါ့မယ္။)ကြ်န္ေတာ္တို႔ရဲ႕ဧရာဝတီျမစ္ၾကီးရဲ႕ေဘးတဖက္တခ်က္ဆီမွာေပါက္ေရာက္ေနၾကတဲ႔ကမ႓ာဦးလဖက္ ေတြဟာ အေရွ႕နဲ႔ေျမာက္ဖက္ကိုျပန္႔နွ႔ံေပါက္ေရာက္သြားရာမွာ တရုတ္ ရုရွား နဲ႕ဂ်ပန္နိုင္ငံမ်ားထိေရာက္ရွိျပီး Camellia Sinensis ေခၚ တရုတ္မ်ိဳးအျဖစ္လည္းေကာင္း အေနာက္ဖက္ကိုျပန္႔နွံ႕ေပါက္ေရာက္ရာမွာ အိႏၵိယ သီရိလကၤာ နီေပါနွင့္ကင္ညာ နိုင္ငံမ်ားအထိေရာက္ရွိျပီး Camellia Assiamica ေခၚ ကုလားမ်ိဳးအျဖစ္လည္းေကာင္း ေခၚဆို အသိမွတ္ျပဳခံၾကရပါတယ္။ရုကၡေဗဒပညာရွင္မ်ား၏ေက်းဇူးေၾကာင့္သာ လဖက္အားလံုး၏ မူလအစပထမ လဖက္မ်ိဳးရင္းမွာျမန္မာနိုင္ငံမွျဖစ္တယ္လို႔ရွာေဖြေဖၚထုတ္ေတြ႔ရွိခဲ႔ၾကျပီး ဧရာဝတီျမစ္ၾကီးေဘးမွစတင္ခဲ႕သည့္အတြက္ Camellia irrawaddynis ဟုအမည္သျငာမွည့္ေခၚခဲ႕ၾကေသာ္လည္းအဆိုပါလဖက္ပင္မ်ိဳးမွာအလြန္တရာမွရွားပါးေနျပီျဖစ္ကာ Japan နိုင္ငံရွိ seed bank ေခၚမ်ိဳးေစ့ဘဏ္မွာ အေစ့တစ္စိတည္းသာရွိေနတယ္လို႔သိရပါတယ္။ဂ်ပန္နိုင္ငံမွ အဆိုပါ ဧရာဝတီလဖက္မ်ိဳးနွင့္ပတ္သက္၍ သုေတသနျပဳထားသည့္စာတမ္းကိုမၾကာခင္တင္ျပေပးပါ့မယ္။ ကြ်န္ေတာ္တို႔နိုင္ငံမွ တကၠသိုလ္ ရုကၡေဗဒဌာနမ်ားအေနနဲ႕အဆိုပါရွားပါးတန္ဖိုးရွိလွသည့္ လဖက္အစပထမ ကမ႓ာဦးမ်ိဳးရင္း ဧရာဝတီလဖက္မ်ိဳးကိုျပန္လည္ေဖၚထုတ္သင့္ပါေၾကာင္းနွင့္ ကြ်န္ေတာ္Myanmar Green Tea မွတတ္စြမ္းသမ်အကူညီေပးမွာျဖစ္ေၾကာင္းတင္ျပလိုက္ပါတယ္။
........




အင်း ရှင်းမှ ရတော့မယ် ထင်တယ်။ Green Tea နဲ့ လဖက်ခြောက် ဘာကွာသလဲဆိုတာကိုပါ။
ကမ႓ာမှာ လဖက်ကို ထုတ်လုပ်တဲ့ပုံစံ ၄ မျိုးပဲရှိပါတယ်။
1/ Green Tea
2/ Oolong Tea
3/ Black Tea
4/ Pickle Tea ဆိုပြီးProcessing Method ထုတ်လုပ်နည်း 4 မျိုးကိုထုတ်လုပ်ပါတယ်။
1/ ဖြစ်တဲ့ Green Tea ကို ထုတ်လုပ်တဲ့နေရာမှာ Non Fermentation လို့ခေါ်တဲ့လုံးဝ အချဉ် မပေါက်ရတဲ့နည်းကိုသုံးရပါတယ်။ဆိုလိုတာက ခူးခူးပြီးခြင်းချက်ချင်းလုပ်ရတဲ့နည်းပါ။ဒီနည်းစနစ်မှာ နေနဲ့အခြောက်လှမ်းတဲ့ Sun dry စနစ် လက်နဲ့ရိုးရာအတိုင်းထုတ်တဲ့ Hand made စနစ် နဲ့ စက်များနဲ့ထုတ်တဲ့ Machine Made ဆိုပြီးထုတ်လုပ်နည်း ၃ မျိုးကွဲပေမယ့် green tea လဖက်ခြောက်အမျိုးအစားပေါင်း ၁၆၈ မျိုးကိုဒီနည်းစနစ် ၃ မျိုးကို ပဲအခြေခံပြီးထုတ်လုပ်ထားပါတယ်။ကျွန်တော်တို့နိုင်ငံမှာ လဖက်ခြောက်အမျိုးအစား ၄ မျိုးခန့်သာထုတ်လုပ်နိုင်ပါသေးတယ်။နေနဲ့အခြောက်လှန်းထုတ်လုပ်စနစ်ကတော့လဖက်တောင်သူ ၉၉ %ကအသုံးပြုထုတ်လုပ်နေပြီး နိုင်ငံတစ်ကာစျေးကွက်တန်းကိုဝင်နိုင်ဖို့ရန်အတွက်များစွာ အချိန်ယူ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။အဓိကပြင်ရမယ့်အချက်တွေကတော့
၁။ခူးဆွတ်ခြင်း။
၂။အပင်ပြုပြင်ခြင်း။
၃။သန့်ရှင်းမှု။
၄။ထုတ်လုပ်မှုနည်းပညာ။
၅။ထုတ်ပိုးသိမ်းဆည်းခြင်း စတဲ့အချက်တွေကိုအဓိကထားပြုပြင်ကြရမှာဖြစ်ပါတယ်။
နေရောင်ခြည်ကိုအသုံးပြုပြီးလဖက်ခြောက်ထုတ်လုပ်ခြင်းအားဖြင့် လဖက် အတွင်းမှာပါရှိတဲ့ ကျန်းမာရေးအကျိုးပြုအာနိသင် ဓါတ်များလျော့ကျပြီး 10% မှ15% အထိသာကျန်တော့တယ်ဟု ဆေးသိပ္ပံပညာရှင်များကသုတေသနပြုထားကြပါတယ်။အကြောင်းကတော့ နေရောင်ခြည်ဖြင့်ကြာမြင့်စွာအပူပေးအခြောက်ခံသောကြောင့်ဟုဆိုပါတယ်။အခြားနည်းများဖြစ်တဲ့ လက်ဖြင့်ထုတ်လုပ်ခြင်းHand Made မှာ 60%-75% ။ စက်ဖြင့်ထုတ်လုပ်ခြင်းMachine Made မှာ 75%-90% အထိ လူ့ကျန်းမာရေးအကျိုးပြု ဓါတ်ပေါင်းများ ကျန်ရှိတယ်လို့သုတေသနပြုလုပ်ချက်များအရတွေ့ရှိရပါတယ်။ အဓိကသုတေသန တွေ့ရှိချက်မှာ လဖက်ခြောက်ပြုလုပ်ရန်အတွက် လဖက်ခြောက်ပြုလုပ်ချိန်ကြာမြင့်လေလေလဖက်အတွင်းမှ အကျိုးပြုအာနိသင်များလျော့ကျလေလေဆိုတာကိုပါပဲ။
ဆက်ရေးပါအုန်းမည်။

Myanmar Green Tea
ရိုးရိုးလက်ဖက်ရည်ကြမ်းနဲ့Green Tea ကွာခြားမှု

ရိုးရိုးလက်ဖက်ရည်ကြမ်းနဲ့Green Tea ဘာကွာလဲဆိုရင် Green Tea မှာ အင်တီအောက်ဆီးဒင့်
တွေပါဝင်တဲ့အတွက်အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်ပါတယ်။ဓာတ်တိုးတာကဆဲလ်တွေကို
အိုမင်းရင့်ရော်စေတယ်၊ ပျက်စီးစေတယ်။ ဓာတ်တိုးတာကြောင့်ကင်ဆာတွေ၊ ဆီးချို သွေးချို
ရောဂါတွေဖြစ်စေနိုင်ပါတယ်။Green Tea ကအဲဒီဓာတ်တိုးမှုတွေကိုတားဆီးပေးပါတယ်။
အရွယ်တင်နုပျိုစေတယ်လို့ဆိုနိုင်ပါတယ်။ရိုးရိုးလက်ဖက်ရည်ကြမ်းမှာတော့အဲဒီအာနိသင်တွေ
ွမပါပါဘူး။ ။
Ref: : Good Health
''လဖက်အစ မြန်မာက ''
ရုက္ခဗေဒ ပညာရှင်( အမည်မမှတ်မိပါ)နှင့်အဖွဲ့ ၏လေ့လာတွေရှိချက်အရ ကမ႓ာဦးလဖက်ပင်များ၏ မူလပထမ စတင်ရှင်သန်ပေါက်ရောက်ရာနေရာမှာ မြန်မာနိုင်ငံ အထက်ပိုင်း ဧရာဝတီ မြစ်၏ တဖက်တချက်မှစတင်ခဲ့တယ်လို့သုတေသနစာတမ်းပြုစုချက်ရှိပါတယ်။(ပြန်ရှာနေပါတယ်။ တွေ့ရင်တင်ပေးလိုက်ပါ့မယ်။)ကျွန်တော်တို့ရဲ့ဧရာဝတီမြစ်ကြီးရဲ့ဘေးတဖက်တချက်ဆီမှာပေါက်ရောက်နေကြတဲ့ကမ႓ာဦးလဖက် တွေဟာ အရှေ့နဲ့မြောက်ဖက်ကိုပြန့်နှ့ံပေါက်ရောက်သွားရာမှာ တရုတ် ရုရှား နဲ့ဂျပန်နိုင်ငံများထိရောက်ရှိပြီး Camellia Sinensis ခေါ် တရုတ်မျိုးအဖြစ်လည်းကောင်း အနောက်ဖက်ကိုပြန့်နှံ့ပေါက်ရောက်ရာမှာ အိန္ဒိယ သီရိလင်္ကာ နီပေါနှင့်ကင်ညာ နိုင်ငံများအထိရောက်ရှိပြီး Camellia Assiamica ခေါ် ကုလားမျိုးအဖြစ်လည်းကောင်း ခေါ်ဆို အသိမှတ်ပြုခံကြရပါတယ်။ရုက္ခဗေဒပညာရှင်များ၏ကျေးဇူးကြောင့်သာ လဖက်အားလုံး၏ မူလအစပထမ လဖက်မျိုးရင်းမှာမြန်မာနိုင်ငံမှဖြစ်တယ်လို့ရှာဖွေဖေါ်ထုတ်တွေ့ရှိခဲ့ကြပြီး ဧရာဝတီမြစ်ကြီးဘေးမှစတင်ခဲ့သည့်အတွက် Camellia irrawaddynis ဟုအမည်သငြာမှည့်ခေါ်ခဲ့ကြသော်လည်းအဆိုပါလဖက်ပင်မျိုးမှာအလွန်တရာမှရှားပါးနေပြီဖြစ်ကာ Japan နိုင်ငံရှိ seed bank ခေါ်မျိုးစေ့ဘဏ်မှာ အစေ့တစ်စိတည်းသာရှိနေတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံမှ အဆိုပါ ဧရာဝတီလဖက်မျိုးနှင့်ပတ်သက်၍ သုတေသနပြုထားသည့်စာတမ်းကိုမကြာခင်တင်ပြပေးပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှ တက္ကသိုလ် ရုက္ခဗေဒဌာနများအနေနဲ့အဆိုပါရှားပါးတန်ဖိုးရှိလှသည့် လဖက်အစပထမ ကမ႓ာဦးမျိုးရင်း ဧရာဝတီလဖက်မျိုးကိုပြန်လည်ဖေါ်ထုတ်သင့်ပါကြောင်းနှင့် ကျွန်တော်Myanmar Green Tea မှတတ်စွမ်းသမျအကူညီပေးမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
........

No comments:

Post a Comment