ေဒၚခင္ေစာေဝ ကို လႊတ္ေတာ္ဥကၠဌ သတိေပး


ရခုိင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြကို အကူအညီေပးဖို႔ ျပည္ေထာင္စုအစိုးရထံ တုိက္တြန္းေၾကာင္း အေရးႀကီးအဆုိကို တင္သြင္းဖို႔ ခြင့္ေတာင္းခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က အဆိုတင္သြင္းခြင့္မရတာကို ျပည္တြင္း ျပည္ပမီဒီယာေတြကို ထုတ္ေဖၚေျပာၾကားခဲ့တဲ့အတြက္ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦး၀င္းျမင့္က သတိေပးေျပာၾကားပါတယ္။

ဒီကေန႔ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ ဥကၠဌ ဦး၀င္းျမင္႔က ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြအေရး အေရးႀကီးအဆိုနဲ႔ ပတ္သက္ၿပီး သတိေပးေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အေရးႀကီးအဆိုမတင္ဖို႔ လႊတ္ေတာ္ဥကၠဌက လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရိွန္္တို႔ကို ေခၚယူေဆြးေႏြးခဲ့ပါတယ္။ အဲဒါအၿပီးမွာ ေဒၚခင္ေစာေ၀က အဆုိတင္ခြင့္မရတာကို သူ႕ရဲ႕ေဖ့စ္ဘြတ္ေပၚတင္လိုက္သလို သတင္းမီဒီယာေတြကိုလည္း ထုတ္ေဖၚေျပာခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို ထုတ္ေဖၚေျပာဆိုမႈဟာ ျပည္သူေတြအေနနဲ႔ လႊတ္ေတာ္ကို အထင္အျမင္လဲြမွားေစတယ္လို႔လည္း ဥကၠဌ ဦး၀င္းျမင့္ က ရွင္းျပပါတယ္။

ေဒၚခင္ေစာေ၀ တင္သြင္းဖို႔ ျပင္ဆင္ထားတဲ့အဆိုထဲမွာ AA အဖဲြ႕ကို ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြ စကား၀ိုင္းကို ဖိတ္ေခၚဖို႔ျဖစ္ေၾကာင္း၊ အပစ္ခတ္ရပ္စဲေရးအတြက္ တိက်မွန္ကန္တဲ့ လုပ္ငန္းစဥ္မ်ား ခ်မွတ္ျပီး ျငိမ္းခ်မ္းေရးကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖၚ ေဆာင္ရြက္နုိင္ဖို႔ လိုအပ္ေၾကာင္း၊ ေက်းရြာသူ ေက်းရြာသားေတြကို လမ္းျပအျဖစ္ ေပၚတာဆဲြခံရတာေတြရိွေၾကာင္း စတဲ့အခ်က္ေတြ ပါရိွတယ္လို႔ ဥကၠဌ ဦး၀င္းျမင့္ က ရွင္းျပပါတယ္။

ဒါ့အျပင္ စစ္ေဘးဒုကၡသည္ေတြကို နုိင္ငံေတာ္က အကူအညီေပးရန္ ေခါင္းစဥ္တပ္ျပီး AA လက္နက္ကိုင္အဖဲြ႕ကုိ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြမွာ ပါ၀င္ခြင့္ရဖို႔အတြက္ ဦးတည္တဲ့ ေဆြြးေႏြးခ်က္ကို ေတြ႕ရိွရတယ္လို႔လည္း လႊတ္ေတာ္ဥကၠဌက ရွင္းလင္းပါတယ္။ အဲ့ဒီလိုအခ်က္ေတြဟာ လႊတ္ေတာ္က ကန္႔သတ္ထားတဲ့ အခ်က္ေတြနဲ႔ ညီညြတ္ျခင္း မရိွတဲ့အတြက္ ျငင္းပယ္ရတာျဖစ္ေၾကာင္း ရွင္းျပပါတယ္။

လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္ရဲ႕ ရွင္းျပခ်က္အေပၚ အဆိုတင္သြင္းဖို႔ ခြင့္ေတာင္းခဲ့သူ ေဒၚခင္ေစာေ၀က အခုလို ေျပာပါတယ္။

အဆိုတင္သြင္းခြင့္ မရခဲ့တဲ့အတြက္ ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္ေတြကို အစိုးရက အကူအညီေပးဖို႕ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္န႔ဲ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ထံ ရခုိင္အမ်ိဳးသားပါတီက လႊတ္ေတာ္ ကုိယ္စားလွယ္ ၂၂ ေယာက္ စုေပါင္းလက္မွတ္ထုိးၿပီး ဒီကေန႔ တင္ျပမယ္လို႔ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
..............

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းဖို့ ခွင့်တောင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က အဆိုတင်သွင်းခွင့်မရတာကို ပြည်တွင်း ပြည်ပမီဒီယာတွေကို ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သတိပေးပြောကြားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ ဦးဝင်းမြင့်က ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအရေး အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးအဆိုမတင်ဖို့ လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန််တို့ကို ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အဲဒါအပြီးမှာ ဒေါ်ခင်စောဝေက အဆိုတင်ခွင့်မရတာကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်တင်လိုက်သလို သတင်းမီဒီယာတွေကိုလည်း ထုတ်ဖေါ်ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ဖေါ်ပြောဆိုမှုဟာ ပြည်သူတွေအနေနဲ့ လွှတ်တော်ကို အထင်အမြင်လွဲမှားစေတယ်လို့လည်း ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒေါ်ခင်စောဝေ တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အဆိုထဲမှာ AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို ဖိတ်ခေါ်ဖို့ဖြစ်ကြောင်း၊ အပစ်ခတ်ရပ်စဲရေးအတွက် တိကျမှန်ကန်တဲ့ လုပ်ငန်းစဉ်များ ချမှတ်ပြီး ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားတွေကို လမ်းပြအဖြစ် ပေါ်တာဆွဲခံရတာတွေရှိကြောင်း စတဲ့အချက်တွေ ပါရှိတယ်လို့ ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတော်က အကူအညီပေးရန် ခေါင်းစဉ်တပ်ပြီး AA လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါ၀င်ခွင့်ရဖို့အတွက် ဦးတည်တဲ့ ဆွွေးနွေးချက်ကို တွေ့ရှိရတယ်လို့လည်း လွှတ်တော်ဥက္ကဌက ရှင်းလင်းပါတယ်။ အဲ့ဒီလိုအချက်တွေဟာ လွှတ်တော်က ကန့်သတ်ထားတဲ့ အချက်တွေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ငြင်းပယ်ရတာဖြစ်ကြောင်း ရှင်းပြပါတယ်။

လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ရှင်းပြချက်အပေါ် အဆိုတင်သွင်းဖို့ ခွင့်တောင်းခဲ့သူ ဒေါ်ခင်စောဝေက အခုလို ပြောပါတယ်။

အဆိုတင်သွင်းခွင့် မရခဲ့တဲ့အတွက် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အစိုးရက အကူအညီပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၂ ယောက် စုပေါင်းလက်မှတ်ထိုးပြီး ဒီကနေ့ တင်ပြမယ်လို့ ဒေါ်ခင်စောဝေ က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)