Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 5, 2016

ဝယ်ယူသူများ အရှုံးပေါ်နေသဖြင့် စတော့ရှယ်ယာဈေးကွက်အပေါ် စိတ်ဝင်စားမှု လျော့ကျလာ


ရန်ကုန် မေ ၅

၂၀၁၆ မတ်လအတွင်းကမှ စတင်လည်ပတ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သူများမှာ စတော့ဈေးနူန်းဆက်တိုက် ကျဆင်းနေမှုကြောင့် အရှုံးပေါ်လာ သည့်အတွက် ဧပြီလမှ စတင်ကာ စတော့ ရှယ်ယာဈေးနှုန်းများ နှင့် ၀ယ်ယူလိုမှုများ ကျဆင်းလာကြောင်း ရန်ကုန်စတော့အိတ် ချိန်း ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်နေကြသူများ ထံမှသိရသည်။

“အရင်က၀ယ်တဲ့လူလဲ ရှုံးတယ်၊နောက်ဝယ် တဲ့လူလဲ ရှုံးတော့၊ ၀ယ်လိုအားကော၊ ရောင်းလိုအားကော ကျလာတယ်။ ဈေးတွေဆက် တိုက်ကျပြီးစိတ်ဝင်စားမှုလျော့ကျလာတဲ့ အနေအထားကို စတော့ အိတ်ချိန်းရုံး အနေနဲ့ ကိုင်တွယ်သင့်တယ်လို့ထင်ပါတယ်” ဟု စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်သူ တစ်ဦးဖြစ်သူ ဦးဝင်းအောင် က ဆိုသည်။

ရန်ကုန် စတော့အိတ်ချိန်းဈေးကွက်တွင် FMI ကုမ္ပဏီပိုင် ရှယ်ယာ တစ်မျိုးတည်းကို သာရောင်းချပေးနေပြီး စတင်ရောင်းချသည့် အချိန်တွင် ၂၆၀၀၀ကျပ် ဖြင့်ရောင်းချခဲ့ပြီး ထိုမှတစ်ဆင့် ၃၁၀၀၀ကျပ်၊ ၃၆၀၀၀ကျပ်၊ ၄၁၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကာ ရှယ်ယာ ငါးသိန်းဝန်းကျင်ခန့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်။

ယနေ့ မေ ၅ ရက် နေ့လယ် ၂ နာရီ အချိန်အထိ ရန်ကုန် စတော့အိတ်ချိန်းဝက်ဆိုက်တွင် စတော့ပေါက်ဈေး ၂၈၀၀၀ ကျပ်ဖြစ်နေကာ မေ၄ ရက်ပိတ်ဈေးထက် ၅၀၀ ကျပ် ထိုးကျခဲ့ကြောင်းသိရသည်။

ဧပြီလ အတွင်း FMI ရှယ်ယာဈေးနှုန်းများ ၃၂၀၀၀ကျပ်တွင် ငြိမ်သက်ခဲ့ပြီး ထိုမှ ၃၁၀၀၀ကျပ်၊ ၂၉၀၀၀ကျပ်၊ အဆင့်ဆင့်ကျဆင်းခဲ့ပြီး မတ်လ ၅ရက်နေ့တွင် ၂၈၀၀၀ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

အောင်သော်ဖြိုး
china.com Myanmar
https://www.facebook.com/china.com.mm/

No comments:

Post a Comment