Tuesday, May 10, 2016
မန္တလေးမြို့ မင်္ဂလာဈေးနှင့်ပတ်သက်၍ ဈေးသူဈေးသားများဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်
မန္တလေး မေ ၉
မန္တလေးမြို့၌ မတ် ၂၂ ရက်က မီးဘေး သင့်ခဲ့သည့် မင်္ဂလာဈေးအား အကြီးစား ပြုပြင်ခြင်းနှင့် အသစ်ပြန်လည်တည် ဆောက်ခြင်းလုပ်ငန်းများကို ဈေးသူ ဈေးသားများ ဆန္ဒအရ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မေ ၉ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် မင်္ဂလာဈေး စစ်ဆေးတွေ့ရှိ ချက်များကို ဈေးသူ ဈေးသားများအား ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဈေးကြီးကို စစ်ဆေး ရေးအဖွဲ့ဖွဲ့စည်းပြီး အင်ဂျင်နီယာနည်း ပညာများအရ စစ်ဆေးမှုအဖြေမှာ ကြံ့ခိုင် မှုအားနည်းနေသည့်အတွက် အကြီးစား ပြုပြင်မှုနှင့် အသစ်ပြန်လည်တည် ဆောက်ခြင်းလုပ်ငန်းများအား ဈေးသူ ဈေးသားများဆန္ဒကို စောင့်ဆိုင်း၍ပြုလုပ် ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
''ပညာရှင်တွေရဲ့ စစ်ဆေးချက် အဖြေကို ဈေးသူဈေးသားတွေကို အသိ ပေးရှင်းလင်းတာ ဖြစ်ပါတယ်။ ဈေးသူ ဈေးသားတွေရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမှာပါ။ ဒါကြောင့် ပြန်လည်တိုင်ပင်ကြပါ။ အကြံပြုစာ လည်း ပို့လို့ရပါတယ်။ စည်ပင် သာယာရုံးမှာ မင်္ဂလာဈေးအကြံပြုစာ စာတိုက်ပုံး လုပ်ထားမယ်''ဟု ¤င်းက ပြောသည်။ တက်ရောက်လာကြသည့် ဈေးသူ ဈေးသားအများစုက အသစ် တည်ဆောက်ခြင်းထက် အကြီးစားပြုပြင် ရန် လိုလားကြောင်း ဆန္ဒပြုခဲ့ကြပြီး တိုက်ခန်းပိုင်ရှင်များအနေဖြင့် မူလ အခန်းဧရိယာအတိုင်း ပြန်လည်ရရှိ လိုကြောင်း တင်ပြခဲ့ကြသည်။ ''ဆိုင်ခန်း တွေကို ပိုက်ဆံပေးပြီး ဝယ်ခဲ့ရတာ။ မီးလောင်ပြီးမှ ငလျင်ဒဏ်ကာကွယ်မှု တွေမပါဘူးလို့ ပြောတယ်။ အဲဒီတုန်းက တာဝန်ရှိသူတွေ မစစ်ကြဘူးလား။ အသစ် ဆောက်ရင် ပိုက်ဆံထပ်ပေးရဦးမယ်။ အသစ်ဆောက်လို့ နောက်ပိုင်းမှာ တစ်ခုခု ဖြစ်ရင် တရားစွဲခွင့်လိုချင်တယ်''ဟု တက်ရောက်လာသူဈေးသည်တစ်ဦးက ပြောသည်။
မီးဘေးသင့် အဆောက်အအုံကို စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် ယမန်နေ့က အဖြေထွက်ရှိရာတွင် ကွန်ကရစ်တိုင်၊ ရက်မ၊ ကြမ်းခင်း စသည်တို့တွင် မီးဒဏ်ကြောင့် ခိုင်ခံ့ မှုအားနည်းနေပြီဖြစ်သည့်အပြင် ငလျင် ဒဏ်ခံနိုင်မှုနှင့်ပတ်သက်၍ တည် ဆောက်စဉ်က ထည့်သွင်းတွက်ချက် မှု အားနည်းကြောင်း ပါရှိကြောင်း သိရ သည်။
''အကြီးစားပြင်ဆင်တာနဲ့ အသစ် တည်ဆောက်တာက အချိန်ရော ကုန်ကျ စရိတ်ပါ မကွာလောက်ဘူး။ ကြမ်းခင်း တွေဆို ရှစ်ပေအထိ နိမ့်ကျသွားတယ်။မြေအောက်ထပ်နဲ့ ပထမထပ်မှာ ကြံ့ခိုင် မှုအားနည်းနေပြီး မီးမလောင်တဲ့ နေရာ တွေမှာတောင် ကြံ့ခိုင်မှုမရှိတော့ဘူး''ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီ ဝင် ဦးခင်မောင်တင့်က ရှင်းလင်း ပြောကြားသည်။
မြို့တော်ဝန် ဒေါက်တာရဲလွင်က လည်း အကြီးစားပြုပြင်သည်ဖြစ်စေ၊ ပြန်လည်တည်ဆောက်သည် ဖြစ်စေ ဆိုင်ခန်းရှင်များအား မူလနေရာ ပြန်ရ မည်ဟု ကတိပြုခဲ့ပြီး ယာယီဈေးနေရာ အဖြစ် ၃၅ လမ်း၊ ၇၁ လမ်းရှိမဟာနွယ်စဉ် အားကစားကွင်း(ဂေါ်ရာ)၌ ဆိုင်ခန်း များ ဆောက်လုပ်နေရာချထားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ရှင်းလင်းပွဲသို့ တက်ရောက် လာသူ ၆ဝဝ ကျော်ရှိပြီး အတည်တကျ ဆိုင်ခန်းရှင် ၃၅ဝ ကျော်၊ ပျံကျဆိုင်ခန်းရှင် ၂၅ဝ ကျော်နှင့် လူနေတိုက်ခန်းနေထိုင် သူ ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။
အောင်ရဲသွင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မန္တလေးမြို့ မင်္ဂလာဈေးနှင့်ပတ်သက်၍ ဈေးသူဈေးသားများဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်
Reviewed by MP4 YoU
on
May 10, 2016
Rating: 5

Subscribe to:
Post Comments (Atom)