Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 31, 2016

ေဘာင္းဘီကအရမ္းတိုလို႔ ေလယာဥ္ေပၚတက္ခြင့္မရခဲ့တဲ့အကမယ္

ေဘာင္းဘီကအရမ္းတိုလို႔ ေလယာဥ္ေပၚတက္ခြင့္မရခဲ့တဲ့အကမယ္
By Shwemom -  May 31, 2016



ေဘာ္စတြန္ကေန ဆီယက္တဲျမိဳ႕ကိုသြားမယ့္ ေလယာဥ္ခရီးစဥ္တစ္ခုမွာ အကမယ္တစ္ဦးျဖစ္တဲ့ Maggie McMuffin ဟာ တိုလြန္းတဲ့ေဘာင္းဘီကို -ဝတ္ဆင္ထားတာေၾကာင့္ တာဝန္ရွိသူေတြက ေလယာဥ္ေပၚ
မတက္ဖို႔ တားျမစ္ခဲ့ပါတယ္။ ေလေၾကာင္းလိုင္းနာမည္ကေတာ့ JetBlueျဖစ္ပါတယ္။

အဲ့ဒိအခ်ိန္တုန္းကအျဖဴေရာင္အက်ၤီနဲ႔ ေအာက္က ေဘာင္းဘီတို၊ အျဖဴေရာင္ေျခစြပ္ေတြ ဝတ္ဆင္
ထားခဲ့ပါတယ္။ သူမဟာ နယူးေယာက္ကေန ေဘာ္စတြန္ကို ေအာင္ျမင္စြာ ေရာက္ရွိခဲ့ေပမယ့္ ဆီယက္တဲကိုသြားမယ့္ ခရီးစဥ္မွာေတာ့တာဝန္ရွိသူေတြက သူမရဲ့တိုလြန္းတဲ့ ေဘာင္းဘီေၾကာင့္ တားျမစ္ခဲ့တာျဖစ္ပါတယ္။

သူမရဲ့သူငယ္ခ်င္းျဖစ္သူ Molly McIssacကေတာ့ Maggieရဲ့ဓာတ္ပုံကို Facebookေပၚတင္ျပီး
 ေပါက္ကြဲခဲ့ပါတယ္။ “ဒါလား မသင့္ေတာ္ဘူးဆိုတဲ့အဝတ္အစား၊ ပိုက္ဆံေပးထားတဲ့
 Flightကို စီးခြင့္မရခဲ့တဲ့ဝတ္စံုက ဒါလား”ဆိုျပီး ရြဲ႕ကာတင္ခဲ့ပါတယ္။

သူမဟာ ေဘာ္စတြန္ကေန နယူးေယာက္ကိုျပန္ခဲ့တဲ့ ေလေၾကာင္းလိုင္းကလည္း JetBlueပါပဲ။ ဒါေပမယ့္ အ့ဲဒိအၾကိမ္မွာေတာ့ ဘာျပႆနာမွမရွိခဲ့ပါဘူး။ ေလယာဥ္ဝန္ထမ္းေတြက သူမကိုပိုလံုုျခံဳတဲ့အဝတ္အစားသြား
ဝယ္ခိုင္းျပီး ဝတ္ခိုင္းခဲ့ပါတယ္။
  Facebookေပၚမွာလည္း မွတ္ခ်က္ေပးသူေတြၾကားမွာ အျမင္ကြဲလြဲမႈေတြရွိခဲ့ပါတယ္။ တစ္ေယာက္က ” Miss McMuffin ေရ၊မင္းကေတာ့ မင္းကိုယ္မင္းခ်စ္ဖို႔ေကာင္းတယ္ထင္ေနမွာေပါ့။
တကယ္ေတာ့မင္းက ကိုယ့္ကိုုယ္ကိုေလးစားမႈမရွိတဲ့မိန္းကေလးပဲ”လို႔ေရးခဲ့ပါတယ္။ေနာက္တစ္ေယာက္ကေတာ့ “ေတာ္ေသးတာေပါ့ ငါက ေအာက္ခံေဘာင္းဘီနဲ႔ ျမိဳ႕ထဲေလွ်ာက္သြားလည္း ေမးျမန္းမယ့္သူ
မရွိတဲ့ျမိဳ႕မွာေနလို႔ေပါ့။ သူဝတ္ထားတာ ဘာမွမဟုတ္ေသးပါဘူး”လိုု႔ေရးခဲ့ပါတယ္။ Maggieကေတာ့
 အဲ့ဒိေလေၾကာင္းလိုုင္းကို ဘယ္ေတာ့မွ စီးေတာ့မွာ မဟုတ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

Source:thesun

....................................................

ဘောင်းဘီကအရမ်းတိုလို့ လေယာဉ်ပေါ်တက်ခွင့်မရခဲ့တဲ့အကမယ်
By Shwemom -  May 31, 2016

ဘော်စတွန်ကနေ ဆီယက်တဲမြို့ကိုသွားမယ့် လေယာဉ်ခရီးစဉ်တစ်ခုမှာ အကမယ်တစ်ဦးဖြစ်တဲ့ Maggie McMuffin ဟာ တိုလွန်းတဲ့ဘောင်းဘီကို -ဝတ်ဆင်ထားတာကြောင့်
တာဝန်ရှိသူတွေက လေယာဉ်ပေါ်မတက်ဖို့ တားမြစ်ခဲ့ပါတယ်။ လေကြောင်းလိုင်းနာမည်ကတော့ JetBlueဖြစ်ပါတယ်။

အဲ့ဒိအချိန်တုန်းကအဖြူရောင်အကျင်္ီနဲ့ အောက်က ဘောင်းဘီတို၊ အဖြူရောင်ခြေစွပ်တွေ ဝတ်ဆင်ထားခဲ့ပါတယ်။ သူမ
ဟာ နယူးယောက်ကနေ ဘော်စတွန်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပေမယ့် ဆီယက်တဲကိုသွားမယ့် ခရီးစဉ်မှာတော့
တာဝန်ရှိသူတွေက သူမရဲ့တိုလွန်းတဲ့ ဘောင်းဘီကြောင့် တားမြစ်ခဲ့တာဖြစ်ပါတယ်။


သူမရဲ့သူငယ်ချင်းဖြစ်သူ Molly McIssacကတော့ Maggieရဲ့ဓာတ်ပုံကို Facebookပေါ်တင်ပြီး ပေါက်ကွဲခဲ့ပါတယ်။ “ဒါလား မသင့်တော်ဘူးဆိုတဲ့အဝတ်အစား၊ ပိုက်ဆံပေးထားတဲ့
 Flightကို စီးခွင့်မရခဲ့တဲ့ဝတ်စုံက ဒါလား”ဆိုပြီး ရွဲ့ကာတင်ခဲ့
ပါတယ်။

2

သူမဟာ ဘော်စတွန်ကနေ နယူးယောက်ကိုပြန်ခဲ့တဲ့ လေကြောင်းလိုင်းကလည်း JetBlueပါပဲ။ ဒါပေမယ့် အဲ့ဒိအကြိမ်မှာတော့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ လေယာဉ်ဝန်ထမ်းတွေက သူမကိုပိုလုုံခြံုတဲ့အဝတ်အစားသွားဝယ်ခိုင်းပြီး ဝတ်ခိုင်းခဲ့ပါတယ်။


Facebookပေါ်မှာလည်း မှတ်ချက်ပေးသူတွေကြားမှာ အမြင်ကွဲလွဲမှုတွေရှိခဲ့ပါတယ်။ တစ်ယောက်က ” Miss McMuffin ရေ၊မင်းကတော့ မင်းကိုယ်မင်းချစ်ဖို့ကောင်းတယ်ထင်နေမှာပေါ့။
တကယ်တော့မင်းက ကိုယ့်ကိုုယ်ကိုလေးစားမှုမရှိတဲ့မိန်းကလေးပဲ”လို့ရေးခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ “တော်သေးတာပေါ့ ငါက အောက်ခံဘောင်းဘီနဲ့ မြို့ထဲလျှောက်သွားလည်း မေးမြန်းမယ့်သူမရှိတဲ့မြို့မှာနေလို့ပေါ့။ သူဝတ်ထားတာ ဘာမှမဟုတ်သေးပါဘူး”လိုု့ရေးခဲ့ပါတယ်။ Maggieကတော့ အဲ့ဒိလေကြောင်းလိုုင်းကို ဘယ်တော့မှ စီးတော့မှာ မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

Source:thesun

No comments:

Post a Comment