Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 31, 2016
ပြဒါး အဆိပ်
ကိုကားးး ပြဒါးအဆိပ်
mercury poisoning
31 May 2016
........................................
ပြဒါး အဆိပ်
ပီရူးနိုင်ငံ အမေဇုံ မြစ်ဝှမ်းဒေသမှာ စီးပွားရေးသမားတွေရဲ ့ မိုင်းတွင်းတွေ တူးဖေါ်နေရာက တောတွင်းခရိုင် (၁၁) ခုမှာ ပြည်သူ ၅၀၀၀၀ ဟာ ပြဒါး
အဆိပ်တွေ သင့်မှု အန္တရယ် ရင်ဆိုင်နေရတဲ့အတွက် အာဏာပိုင်တွေက
အရေးပေါ်ကာလ သတ်မှတ်ခဲ့ရကြောင်း သိရပါတယ်။
ပြဒါးကို ဓါတုသင်္ကေတနဲ့ Hg လို့ရေးပြီး မာကျူရီ လို့ခေါ်ကြပါတယ်။ စက်ရုံတွေကနေ စွန့်ပစ်ပစ္စည်းတွေထဲမှာ ပါဝင်နေတဲ့ ပြဒါးတွေကတဆင့် လည်း အဆိပ်သင့်မှုတွေ တွေ့ရနိုင်တယ်လို့ သိရပါတယ်။
ပြဒါးဆိပ်သင့်တာဟာ မာကျူရီ ဆာလ်ဖိုဒ်တွေ အလွန်အန္တရာယ်ကြီးပါတယ်။
မာကျူရီ (ပြဒါး)ကို ရွှေတူး ဖော်ခြင်းမှာ အများဆုံးအသုံးပြုရာ က ဦးနှောက်အာရုံကြောရောဂါ၊ သေ ဆုံးခြင်းများ အထိဖြစ်ပွားစေတဲ့ အဆိပ် အတောက်ဖြစ်နိုင်ပါတယ်။
အလားတူပဲ တစ်ပိုင်တစ်နိုင် ရွှေကျင် တဲ့လုပ်ငန်းလေးတွေမှာလည်း ပြဒါးကို အသုံးပြုရင်းနဲ ့ အနီးတဝိုက်မှာ ပြဒါးအဆိပ်တွေပြန် ့သွားခဲ့တာပါ။
အလှကုန်ပစ္စည်းမှာပါတဲ့ ပြဒါးဟာလည်းအရေပြားကနေတစ်ဆင့် သွေးထဲကို ရောက်သွားပြီးတော့ဦးနှောက်နဲ့အာရုံကြောကနေ ကျောက်ကပ်ကိုထိတယ်။
မိခင်လောင်းတွေမှာ ပြဒါးဓာတ်တွေသက်ရောက်တာများရင် မွေးလာတဲ့ကလေးမှာ ကိုယ်လက်အင်္ဂါချို့ယွင်းနေတဲ့ ခလေးတွေ မွေးလာတတ်ပါတယ်။ မာကျူရီ အဆိပ်သင့်တာပါ။
။မြန်မာပြည်တွင်းမှာ ဂမ်ဘီရ ပြဒါး ဆိုပြီး ရွေဖြစ်
ဖိုထိုးကြတဲ့သူတွေ သုံးပါတယ်။ ပြဒါးနဲု့ ထိတွေ့မှုများလာတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ရောဂါ - ခြေတွေလက်တွေမှာ ပန်းရင့်ရောင် အနားတွေ အကွက်တွေအသားတွေအလွှားလိုက်ကွားကျတာတွေလည်း ဖြစ်တတ်ပါ
တယ်။ပြဒါးအငွေ ့ကိုဖိုထိုးရင်း ကို ပုံမှန်ရူမိတဲ့သူတွေ ဦးနှောက်နဲ ့ အာရုံကြော ကိုထိသွားတတ်ပါတယ်၊ ဖိုထိုးနေတဲ့သူတွေမှာ အများစု ဟာ စိတ်ပိုင်းဆိုင်ရာ (ဒေါသဖြစ်လွယ်-စိတ်မငြိမ်) ဖေါက်ပြန်လာတာဖြစ်တတ်ပါတယ်။
ဂျပန်နိုင်ငံမှာ စက်ရုံစွန့်ပစ္စည်းထဲပါတဲ့ ပြဒါးကို ပင်လယ်ထဲစွန့်ပစ်ရာကနေ ပင်လယ်သတ္တဝါတွေ အဆိပ်သင့်သလို ပင်လယ် သတ္တဝါ တွေကို စားသုံး သူတွေပါဆက်ပြီး အဆိပ်သင့်စေခဲ့ နောက်ပိုင်း ဒီရောဂါနဲ့ ဆက်နွယ်ပြီး ပြဒါးဆိပ်သင့်တာ ကြောက်စရာသိပ်ကောင်းတယ်ဆိုတာ လူတွေ သိလာကြတာမို့ ပြဒါးဆိုရင် တကယ် သတိထားလာကြတာပါ။
ကိုကားး း ပြဒါးအဆိပ်
mercury poisoning
Social Action for Women - SAW
31 May 2016
No comments:
Post a Comment