Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 31, 2016

ဖိအားေတြနဲ႔လူေတြ လုပ္ေလ့ရွိတဲ့အမွားမ်ား


By netsetaw -  May 31, 2016
စိတ္ဖိအား အရမ္းမ်ားေနတဲ့အခါ လူရဲ႕ ေတြးေခၚေျမာ္ျမင္ႏုိင္စြမ္းဟာလည္း နည္းပါးသြားတတ္ပါတယ္။ ဒါကုိ စိတ္နဲ႔ကိုုယ္
နဲ႔မကပ္ျခင္းလုိ႔ အလြယ္ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ ဒီထက္ပုိၿပီး က်ယ္ျပန္႔တဲ့ အရာေတြလည္း ရွိပါတယ္။ အေျခခံအား
ျဖင့္ေတာ့ စိတ္ဖိအားေတြကုိ မထိန္းခ်ဳပ္ႏုိင္ေလာက္ေအာင္အထိ မ်ားလာတဲ့အခါ ေအာက္ပါအမွားေတြကို က်ဴးလြန္ေလ့ရွိ
တယ္ဆုိတာ Shwemom မွ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ျဖစ္သလုိ ေပ်ာ္ရႊင္လုိက္တယ္

စိတ္ထဲမွာ ဖိအားေတြမ်ားလြန္းေနလုိ႔ သာမာန္ေပ်ာ္ရႊင္မႈေလာက္ကုိ ရယ္ဖုိ႔ ၿပဳံးဖုိ႔ မလြယ္ကူတဲ့ အေျခအေနျဖစ္ပါတယ္။ ဒီ
ေတာ့ သူ႕ပင္ကိုယ္စိတ္က မင္း ေပ်ာ္မွျဖစ္မယ္-လုိ႔ သတိေပးသည့္တုိင္ သူဟာ ေပ်ာ္ဖုိ႔ ေမ့ေနတတ္ပါတယ္။ တကယ္လုိ႔ အေပါင္းအသင္း သူငယ္ခ်င္းေကာင္းလြန္းလုိ႔ ေပ်ာ္ၾကမယ္ေဟ့ဆုိရင္လည္း ၀တ္ေက်တန္းေက် ျဖစ္သလုိ ေပ်ာ္ရႊင္လုိက္
တာမ်ိဳး ရွိတတ္ပါတယ္။ စိတ္လြတ္ကိုယ္လြတ္ မေပ်ာ္လုိက္ရလုိ႔ ဖိအားေတြလည္း ကင္းစင္ျခင္း မရွိပါဘူး။

(၂) ၀န္းရံေနသူေတြကို ပထုတ္မိတယ္

အရမ္းကို စိတ္ထဲမွာ ဖိအားေတြ မ်ားေနတဲ့အခါ သူတုိ႔တစ္ေတြဟာ လူေတြကို ေရွာင္ၾကဥ္လာတယ္။ လက္သုံးစကားက
လည္း ငါတစ္ေယာက္တည္း ေနပါရေစဆုိတဲ့စကားပါဘဲ။ ဒီေတာ့ အားေပးေဖာ္မရွိေလ အထီးက်န္ျခင္းနဲ႔အတူ စိတ္ဖိအား
ေတြက ပိုၿပီး ျခယ္လွယ္ေလပါဘဲ။

(၃) အစားအစာေရွာင္တယ္(မစားဘူး)

စိတ္ေထာင္းလုိ႔ ကိုယ္ေၾက-ဆုိသလုိ စိတ္ဖိအားဒဏ္ အရမ္းမ်ားလာတဲ့အခါ ဘာစားစား ခံတြင္းမေတြ႔ဘူးျဖစ္ေနတယ္။ ဘာလုပ္လုပ္ စိတ္ကုိ ခဏတာအေပ်ာ္မ်ိဳးေတာင္ မေပးႏုိင္ဘူး။
ဒီေတာ့ လူက စိတ္က ဒဏ္ရာေတြမ်ားတဲ့အခါ ခႏၶာကိုယ္ရဲ႕ သဘာ၀အရ တုန္႔ျပန္ႏုိင္စြမ္းကလည္း အစားအစာကုိ မေတာင့္တေတာ့ဘူး။ မဆာေတာ့ဘူး။ အဆုိးဆုံးအေျခအေန
က ေရကုိပင္ မေသာက္ခ်င္ေတာ့ေလာက္ေအာင္အထိ ျဖစ္တတ္တယ္။ မၾကာပါဘူး။

(၄) မွားယြင္းမႈေတြကို လက္ခံတယ္

ေနာက္ဆုံး လုံးလုံး လက္နက္ခ်လုိက္တဲ့အေနနဲ႔ ဟုတ္တယ္ ငါပဲ မွားတယ္၊ ငါ လက္ခံထားတဲ့ အမွန္တရားေတြဟာ အ
မွားေတြပဲ၊ ငါလုပ္သမွ် အျပစ္ေတြခ်ည္းပဲ၊ ငါဟာ အမ်ားနဲ႔တစ္ေယာက္ပါ၊ ငါဟာ ငါလုိ႔ေတာင္ မျဖစ္ထုိက္တဲ့သူလုိ႔ ဘ၀ကုိ
လက္နက္ခ်လုိက္တယ္။ ဒီလုိနဲ႔ အဲဒီလူေတြဟာ ေရာဂါေပါင္းစုံ ရခ်င္ရ၊ မရရင္ စိတ္ေရာဂါရ၊ စိတ္ေထာင္း ကုိယ္ေၾကျဖစ္-
ေနာက္ဆုံး ေသမင္းကုိ လာမေခၚရေကာင္းလားဆုိၿပီး- မထင္မရွား၊ လူစဥ္မမီစြာ ေသဆုံးျခင္းနဲ႔ နိဂုံးခ်ဳပ္ရေတာ့တယ္။

ဒီေတာ့ စိတ္ဓာတ္ကုိ ခုိင္ေအာင္ထားပါ။ ပန္းတုိင္ဘယ္ေလာက္ေ၀းတာ သင့္အလုပ္မဟုတ္ပါဘူး။ သင္ ဒီေနရာမွာ ရပ္ေန
ရင္ေတာ့ သင့္ရဲ႕ ေပ်ာ့ညံ့မႈျဖစ္သြားၿပီ။ လဲက်မွာကုိ မေၾကာက္ပါနဲ႔။ ပန္း၀င္ေအာင္ပြဲခံသူေတြရဲ႕ ဒူးေတြကို လွန္ၾကည့္လုိက္
အမာရြတ္ေတြ ျပည့္ေနလိမ့္မယ္။ ႀကိဳးစားပါ လူသားတုိ႔။ ဇြဲ၊ ၀ီရိယ၊ ဉာဏ္ပညာ၊ ကံ ကို အရင္းတည္ၿပီး စိတ္ဓာတ္မက်ဘဲ ႀကိဳးစားပါလုိ႔ တုိက္တြန္းပါတယ္။

နတ္စည္ေတာ္ (Shwemom)

source : psychologytoday.com

...................................................................

ဖိအားတွေနဲ့လူတွေ လုပ်လေ့ရှိတဲ့အမှားများ
By netsetaw -  May 31, 2016
စိတ်ဖိအား အရမ်းများနေတဲ့အခါ လူရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းဟာလည်း နည်းပါးသွားတတ်ပါတယ်။ ဒါကို စိတ်နဲ့ကိုုယ်
နဲ့မကပ်ခြင်းလို့ အလွယ်ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ အရာတွေလည်း ရှိပါတယ်။ အခြေခံအား
ဖြင့်တော့ စိတ်ဖိအားတွေကို မထိန်းချုပ်နိုင်လောက်အောင်အထိ များလာတဲ့အခါ အောက်ပါအမှားတွေကို ကျူးလွန်လေ့ရှိ
တယ်ဆိုတာ Shwemom မှ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖြစ်သလို ပျော်ရွှင်လိုက်တယ်

စိတ်ထဲမှာ ဖိအားတွေများလွန်းနေလို့ သာမာန်ပျော်ရွှင်မှုလောက်ကို ရယ်ဖို့ ပြုံးဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီ
တော့ သူ့ပင်ကိုယ်စိတ်က မင်း ပျော်မှဖြစ်မယ်-လို့ သတိပေးသည့်တိုင် သူဟာ ပျော်ဖို့ မေ့နေတတ်ပါတယ်။ တကယ်လို့ အပေါင်းအသင်း သူငယ်ချင်းကောင်းလွန်းလို့ ပျော်ကြမယ်ဟေ့ဆိုရင်လည်း ၀တ်ကျေတန်းကျေ ဖြစ်သလို ပျော်ရွှင်လိုက်
တာမျိုး ရှိတတ်ပါတယ်။ စိတ်လွတ်ကိုယ်လွတ် မပျော်လိုက်ရလို့ ဖိအားတွေလည်း ကင်းစင်ခြင်း မရှိပါဘူး။

(၂) ၀န်းရံနေသူတွေကို ပထုတ်မိတယ်

အရမ်းကို စိတ်ထဲမှာ ဖိအားတွေ များနေတဲ့အခါ သူတို့တစ်တွေဟာ လူတွေကို ရှောင်ကြဉ်လာတယ်။ လက်သုံးစကားက
လည်း ငါတစ်ယောက်တည်း နေပါရစေဆိုတဲ့စကားပါဘဲ။ ဒီတော့ အားပေးဖော်မရှိလေ အထီးကျန်ခြင်းနဲ့အတူ စိတ်ဖိအား
တွေက ပိုပြီး ခြယ်လှယ်လေပါဘဲ။

(၃) အစားအစာရှောင်တယ်(မစားဘူး)

စိတ်ထောင်းလို့ ကိုယ်ကြေ-ဆိုသလို စိတ်ဖိအားဒဏ် အရမ်းများလာတဲ့အခါ ဘာစားစား ခံတွင်းမတွေ့ဘူးဖြစ်နေတယ်။ ဘာလုပ်လုပ် စိတ်ကို ခဏတာအပျော်မျိုးတောင် မပေးနိုင်ဘူး။
ဒီတော့ လူက စိတ်က ဒဏ်ရာတွေများတဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝအရ တုန့်ပြန်နိုင်စွမ်းကလည်း အစားအစာကို မတောင့်တတော့ဘူး။ မဆာတော့ဘူး။ အဆိုးဆုံးအခြေအနေ
က ရေကိုပင် မသောက်ချင်တော့လောက်အောင်အထိ ဖြစ်တတ်တယ်။ မကြာပါဘူး။

(၄) မှားယွင်းမှုတွေကို လက်ခံတယ်

နောက်ဆုံး လုံးလုံး လက်နက်ချလိုက်တဲ့အနေနဲ့ ဟုတ်တယ် ငါပဲ မှားတယ်၊ ငါ လက်ခံထားတဲ့ အမှန်တရားတွေဟာ အ
မှားတွေပဲ၊ ငါလုပ်သမျှ အပြစ်တွေချည်းပဲ၊ ငါဟာ အများနဲ့တစ်ယောက်ပါ၊ ငါဟာ ငါလို့တောင် မဖြစ်ထိုက်တဲ့သူလို့ ဘဝကို
လက်နက်ချလိုက်တယ်။ ဒီလိုနဲ့ အဲဒီလူတွေဟာ ရောဂါပေါင်းစုံ ရချင်ရ၊ မရရင် စိတ်ရောဂါရ၊ စိတ်ထောင်း ကိုယ်ကြေဖြစ်-
နောက်ဆုံး သေမင်းကို လာမခေါ်ရကောင်းလားဆိုပြီး- မထင်မရှား၊ လူစဉ်မမီစွာ သေဆုံးခြင်းနဲ့ နိဂုံးချုပ်ရတော့တယ်။

ဒီတော့ စိတ်ဓာတ်ကို ခိုင်အောင်ထားပါ။ ပန်းတိုင်ဘယ်လောက်ဝေးတာ သင့်အလုပ်မဟုတ်ပါဘူး။ သင် ဒီနေရာမှာ ရပ်နေ
ရင်တော့ သင့်ရဲ့ ပျော့ညံ့မှုဖြစ်သွားပြီ။ လဲကျမှာကို မကြောက်ပါနဲ့။ ပန်းဝင်အောင်ပွဲခံသူတွေရဲ့ ဒူးတွေကို လှန်ကြည့်လိုက်
အမာရွတ်တွေ ပြည့်နေလိမ့်မယ်။ ကြိုးစားပါ လူသားတို့။ ဇွဲ၊ ၀ီရိယ၊ ဉာဏ်ပညာ၊ ကံ ကို အရင်းတည်ပြီး စိတ်ဓာတ်မကျဘဲ ကြိုးစားပါလို့ တိုက်တွန်းပါတယ်။

နတ်စည်တော် (Shwemom)

source : psychologytoday.com

No comments:

Post a Comment