Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 20, 2016

သိန္း ၁၀၀ ေအာက္ တန္ဖိုးနည္းအိမ္ရာ အခန္း ၈၀၀၀ ေက်ာ္ကို ၂ နွစ္အတြင္း ေဆာက္လုပ္သြားမည္ဟု ျပည္ေထာင္စု၀န္ၾကီး ဦး၀င္းခိုင္ ေျပာ


အစိုးရသစ္လက္ထက္တြင္ ျပည္သူလူထုေနထိုင္မႈ အဆင္ေျပေစရန္ သိန္း ၁၀၀ ေအာက္ တန္ဖိုးနည္းအိမ္ အခန္း ၈၀၀၀ ေက်ာ္ ေဆာက္လုပ္ေပးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး ဦး၀င္းခိုင္က ေမ ၁၉ ရက္ေန႔က ေျပာသည္။

''အစိုးရသစ္လက္ထက္မွာ တန္ဖိုးနည္းအိမ္ရာ ထပ္မံေဆာက္လုပ္သြားဖို႔ ရိွတယ္။ လက္ရိွ ေျမဧက ၂၀၀ ေက်ာ္ ရထားတယ္။ အိမ္ခန္းေပါင္း ၈၀၀၀ ေက်ာ္ ေလာက္ထြက္လာမယ္၊ အခု စဥ္းစားထားတာကေတာ့ အခန္းတခန္းကို ေငြက်ပ္ သိန္း ၁၀၀ ေအာက္ကို ျဖစ္ေစခ်င္တယ္။ ဒါမွ တန္ဖိုးနည္းတဲ့ အေနအထား ျဖစ္သြားမယ္။ အခန္းကို ၀ယ္မယ္ဆိုရင္ေတာ့ က်သင့္ေငြ ၁၅ ရာခိုင္ႏႈန္း အရင္ေပးေဆာင္ ရတယ္။ ၀ယ္တဲ့သူက အလုပ္အကိုင္ရိွရမယ္။ ဘဏ္မွာေငြစုအေကာင့္ရိွရမယ္။ တလကို ပံုမွန္ရွစ္ေသာင္း တသိန္းေလာက္သြင္းျပီး ရွစ္ႏွစ္နဲ႔ ၁၀ ႏွစ္အၾကာမွ အိမ္ခန္းကို ပိုင္ဆိုင္မွာျဖစ္တယ္''ဟု ျပည္ေထာင္စု၀န္ၾကီးက ေျပာသည္။

အဆိုပါတန္ဖိုးနည္းအိမ္ရာစီမံကိန္းကို ႏွစ္,ႏွစ္ခန္႔အၾကာတြင္ ျပီးစီးေအာင္ အေကာင္အထည္ ေဖာ္သြား ႏိုင္မည္ဟု ေမွ်ာ္မွန္းေၾကာင္း၊ ေနအိမ္အေဆာက္အဦမွာ ေလးထပ္(သို႔) ငါးထပ္ အေဆာက္အဦမ်ား ေဆာက္လုပ္သြားျဖစ္ျပီး အေဆာက္အဦတခုအတြက္ အခန္းေပါင္း ၄၀ ေက်ာ္ ပါ၀င္ေၾကာင္း၊ အခန္းတခန္းတြင္ အိပ္ခန္း ႏွစ္ခန္းပါ၀င္မည္ျဖစ္ျပီး အက်ယ္စတုရန္း ေပ ၄၀၀ ရိွေၾကာင္း၊ အစိုးရအေနျဖင့္ အဆိုပါ တန္ဖိုးနည္း အိမ္ရာအား ေရာင္းခ် ေပးမည္ဆိုပါက ေနအိမ္အပိုင္မရိွေသာ အိမ္ေထာင္စုမ်ားကို ဦးစားေပးသြားမည္ျဖစ္ ေၾကာင္း ျပည္ေထာင္စု၀န္ၾကီးက ဆက္လက္ေျပာသည္။

ထို႔အျပင္ ေနအိမ္မရိွသူမ်ားအတြက္ တန္ဖိုးနည္းနည္းျဖင့္ အိမ္ငွားေနထိုင္ႏိုင္မည့္ အငွားအေဆာင္မ်ားကိုလည္း စက္မႈဇုန္တြင္ ေဆာက္လုပ္ေပးရန္ အစီအစဥ္ရိွေၾကာင္း ေဆာက္လုပ္ေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးက ေျပာသည္။

''တန္ဖိုးနည္းအငွားအိမ္ေတြ အေကာင္အထည္ေဖာ္ဖို႔လည္းရိွပါတယ္။ တခန္းကို နွစ္ေယာက္၊ သံုးေယာက္ေနထိုင္လို႔ရတဲ့ အေနအထားေတာ့ ရိွမယ္။ တလကို ႏွစ္ေသာင္းေလာက္ေတာ့ ငွားခေပးရမယ္လို႔ ခန္႔မွန္းထားတယ္။ တသက္လံုးေတာ့ ေနလို႔မရဘူး။ ၆ လ သို႔မဟုတ္ တႏွစ္ေလာက္ေနျပီး အလုပ္အကိုင္ရရင္ ေတာ့ ဖယ္ေပးရမယ္။ အစိုးရကလည္း ဘဏ္ေခ်းေငြနဲ႔ေဆာက္ရမွာျဖစ္တဲ့အတြက္ ဘဏ္အတိုးသာသာ ေလာက္ ကာမိေအာင္ အိမ္ငွားခယူရတာ ျဖစ္တယ္။ အရံႈးခံျပီး လုပ္မယ္ဆိုရင္ေတာ့ ေရရွည္ရပ္တည္ႏိုင္မွာ မဟုတ္ဘူး''ဟု ျပည္ေထာင္စု၀န္ၾကီးက ေျပာသည္။

လက္ရိွအခိ်န္တြင္ တန္ဖိုးနည္းအိမ္ရာမ်ားကို ေတာင္ဒဂံုၿမိဳ႕နယ္၊ လိႈင္သာယာၿမိဳ႕နယ္တို႔တြင္ ေဆာက္လုပ္ေပးလ်က္ရိွျပီး ယခုလအတြင္း ေရာင္းခ်ေပးသြားမည္ျဖစ္ကာ အိမ္ခန္းတခန္းအား ေငြက်ပ္ သိန္း ၁၂၀ ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနာင္ေလး
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.........

အစိုးရသစ်လက်ထက်တွင် ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေရန် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ် အခန်း ၈၀၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မေ ၁၉ ရက်နေ့က ပြောသည်။

''အစိုးရသစ်လက်ထက်မှာ တန်ဖိုးနည်းအိမ်ရာ ထပ်မံဆောက်လုပ်သွားဖို့ ရှိတယ်။ လက်ရှိ မြေဧက ၂၀၀ ကျော် ရထားတယ်။ အိမ်ခန်းပေါင်း ၈၀၀၀ ကျော် လောက်ထွက်လာမယ်၊ အခု စဉ်းစားထားတာကတော့ အခန်းတခန်းကို ငွေကျပ် သိန်း ၁၀၀ အောက်ကို ဖြစ်စေချင်တယ်။ ဒါမှ တန်ဖိုးနည်းတဲ့ အနေအထား ဖြစ်သွားမယ်။ အခန်းကို ၀ယ်မယ်ဆိုရင်တော့ ကျသင့်ငွေ ၁၅ ရာခိုင်နှုန်း အရင်ပေးဆောင် ရတယ်။ ၀ယ်တဲ့သူက အလုပ်အကိုင်ရှိရမယ်။ ဘဏ်မှာငွေစုအကောင့်ရှိရမယ်။ တလကို ပုံမှန်ရှစ်သောင်း တသိန်းလောက်သွင်းပြီး ရှစ်နှစ်နဲ့ ၁၀ နှစ်အကြာမှ အိမ်ခန်းကို ပိုင်ဆိုင်မှာဖြစ်တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို နှစ်,နှစ်ခန့်အကြာတွင် ပြီးစီးအောင် အကောင်အထည် ဖော်သွား နိုင်မည်ဟု မျှော်မှန်းကြောင်း၊ နေအိမ်အဆောက်အဦမှာ လေးထပ်(သို့) ငါးထပ် အဆောက်အဦများ ဆောက်လုပ်သွားဖြစ်ပြီး အဆောက်အဦတခုအတွက် အခန်းပေါင်း ၄၀ ကျော် ပါ၀င်ကြောင်း၊ အခန်းတခန်းတွင် အိပ်ခန်း နှစ်ခန်းပါ၀င်မည်ဖြစ်ပြီး အကျယ်စတုရန်း ပေ ၄၀၀ ရှိကြောင်း၊ အစိုးရအနေဖြင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာအား ရောင်းချ ပေးမည်ဆိုပါက နေအိမ်အပိုင်မရှိသော အိမ်ထောင်စုများကို ဦးစားပေးသွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

ထို့အပြင် နေအိမ်မရှိသူများအတွက် တန်ဖိုးနည်းနည်းဖြင့် အိမ်ငှားနေထိုင်နိုင်မည့် အငှားအဆောင်များကိုလည်း စက်မှုဇုန်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

''တန်ဖိုးနည်းအငှားအိမ်တွေ အကောင်အထည်ဖော်ဖို့လည်းရှိပါတယ်။ တခန်းကို နှစ်ယောက်၊ သုံးယောက်နေထိုင်လို့ရတဲ့ အနေအထားတော့ ရှိမယ်။ တလကို နှစ်သောင်းလောက်တော့ ငှားခပေးရမယ်လို့ ခန့်မှန်းထားတယ်။ တသက်လုံးတော့ နေလို့မရဘူး။ ၆ လ သို့မဟုတ် တနှစ်လောက်နေပြီး အလုပ်အကိုင်ရရင် တော့ ဖယ်ပေးရမယ်။ အစိုးရကလည်း ဘဏ်ချေးငွေနဲ့ဆောက်ရမှာဖြစ်တဲ့အတွက် ဘဏ်အတိုးသာသာ လောက် ကာမိအောင် အိမ်ငှားခယူရတာ ဖြစ်တယ်။ အရှုံးခံပြီး လုပ်မယ်ဆိုရင်တော့ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး''ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာများကို တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ဆောက်လုပ်ပေးလျက်ရှိပြီး ယခုလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကာ အိမ်ခန်းတခန်းအား ငွေကျပ် သိန်း ၁၂၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment