Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 27, 2016

ကြမ္းစားသံုးျခင္း ၊ ကြမ္းတံေတြးေထြးျခင္းေတြကို ဥပေဒ ၊ စည္းမ်ဥ္းေတြနဲ႔ အညီ ကိုင္တြယ္ေဆာင္ရြက္ဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ အေၾကာင္းၾကား စာထုတ္ျပန္


ႏိုင္ငံတစ္၀ွမ္းလံုးရွိ ဌာနဆိုင္ရာ ရံုး၊ေက်ာင္း၊အဖြဲ႔အစည္းေတြရဲ႕၀န္ထမ္းေတြကို တာ၀န္ခ်ိန္အတြင္း ကြမ္းယာစားသံုးျခင္းမရွိေစေရး ၊ ဌာနဆိုင္ရာ အေဆာက္အဦးနဲ႔ပရ၀ဏ္အတြင္း ကြမ္းအေရာင္းဆိုင္ေတြ မရွိေစေရး စည္းကမ္းသတ္မွတ္ၿပီး ထိေရာက္တဲ့ အျပစ္ေပးအေရးယူျခင္းေတြနဲ႔ စံနမူနာျဖစ္ေစေရး ေဆာင္ရြက္သြားဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးက ျပည္ေထာင္စု၀န္ႀကီးဌာနေတြနဲ႔ ျပည္နယ္၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႔ေတြထံ အေၾကာင္းၾကားစာတစ္ေစာင္ေပးပို႔လိုက္ပါတယ္။

အဲဒီအေၾကာင္းၾကားစာကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး ၊ ညႊန္ၾကားေရးမွဴးခ်ဳပ္က လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အဲဒီအေၾကာင္းၾကားစာမွာ ကြမ္းစားသံုးျခင္းေၾကာင့္ ျဖစ္ပြားႏို္င္တဲ့ေရာဂါေတြ နဲ႔ပတ္သက္ၿပီး က်န္းမာေရးအသိပညာေပးတာေတြနဲ႔ သတိေပးႏိႈးေဆာ္တာေတြျပဳလုပ္ဖို႔ ၊ ျပည္နယ္၊ခရိုင္၊ၿမိဳ႕နယ္၊ရပ္ကြက္ နဲ႔ ေက်းရြာအုပ္စုအဆင့္ ေကာ္မတီေတြဖြဲ႔စည္းၿပီး ဥပေဒေတြ ၊ ေဒသႏၱရအမိ္န္႔ေတြေရးဆြဲထုတ္ျပန္ဖို႔စတာေတြပါ၀င္ပါတယ္။

 ဒါ့အျပင္ ေဆးရံု၊ေဆးခန္းေတြမွာ ပညာေပးလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ ၊ ေက်ာင္းသူ၊ေက်ာင္းသားေတြ ဆရာ၊ဆရာမေတြကို က်န္းမာေရးအသိပညာေပးဖို႔နဲ႔ ေက်ာင္း၀င္းအတြင္း ကြမ္းစားတာ၊ စည္းကမ္းမဲ့ ကြမ္းတံေထြးေထြးမႈေတြမျပဳလုပ္ဖို႔ စည္းကမ္းထုတ္ျပန္ေပးဖို႔ ၊ က်ဴးလြန္ရင္ ျပစ္ဒဏ္ေပးမႈေတြ ေဆာင္ရြက္ဖို႔ ပါရွိပါတယ္။

 တာ၀န္ရွိသူေတြအၾကားအစည္းအေ၀းေတြျပဳလုပ္ၿပီး ဥပေဒအာဏာသက္၀င္ေရးနဲ႔ ဥပေဒစည္းကမ္းေတြနဲ႔အညီ ၀န္ႀကီးဌာနေတြ ၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ စတာေတြကိုလည္း ေဖာ္ျပထားပါတယ္။

5 Plus News
https://www.facebook.com/5plusnews
.........


နိုင်ငံတစ်ဝှမ်းလုံးရှိ ဌာနဆိုင်ရာ ရုံး၊ကျောင်း၊အဖွဲ့အစည်းတွေရဲ့ဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း ကွမ်းယာစားသုံးခြင်းမရှိစေရေး ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ပရဝဏ်အတွင်း ကွမ်းအရောင်းဆိုင်တွေ မရှိစေရေး စည်းကမ်းသတ်မှတ်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူခြင်းတွေနဲ့ စံနမူနာဖြစ်စေရေး ဆောင်ရွက်သွားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေထံ အကြောင်းကြားစာတစ်စောင်ပေးပို့လိုက်ပါတယ်။

အဲဒီအကြောင်းကြားစာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၊ ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအကြောင်းကြားစာမှာ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနို်င်တဲ့ရောဂါတွေ နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာတွေနဲ့ သတိပေးနှိုးဆော်တာတွေပြုလုပ်ဖို့ ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကွက် နဲ့ ကျေးရွာအုပ်စုအဆင့် ကော်မတီတွေဖွဲ့စည်းပြီး ဥပဒေတွေ ၊ ဒေသန္တရအမိ်န့်တွေရေးဆွဲထုတ်ပြန်ဖို့စတာတွေပါ၀င်ပါတယ်။

 ဒါ့အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၊ ကျောင်းသူ၊ကျောင်းသားတွေ ဆရာ၊ဆရာမတွေကို ကျန်းမာရေးအသိပညာပေးဖို့နဲ့ ကျောင်းဝင်းအတွင်း ကွမ်းစားတာ၊ စည်းကမ်းမဲ့ ကွမ်းတံထွေးထွေးမှုတွေမပြုလုပ်ဖို့ စည်းကမ်းထုတ်ပြန်ပေးဖို့ ၊ ကျူးလွန်ရင် ပြစ်ဒဏ်ပေးမှုတွေ ဆောင်ရွက်ဖို့ ပါရှိပါတယ်။

 တာဝန်ရှိသူတွေအကြားအစည်းအဝေးတွေပြုလုပ်ပြီး ဥပဒေအာဏာသက်ဝင်ရေးနဲ့ ဥပဒေစည်းကမ်းတွေနဲ့အညီ ၀န်ကြီးဌာနတွေ ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း ဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment