ပူေသာဗိုက္ကို ဒီလိုခ်မယ္


ဗုိက္အဆီေတြဟာ ခႏၶာကုိယ္တခုလံုးမွာ ေဘးရန္အေပးဆံုး အဆီပါ။
အလွပ်က္တယ္ဆုိတာထက္ တုတ္ေနေသာခါး(ပူေနေသာဗုိက္)ဟာ
ေရာဂါျဖစ္လြယ္တဲ့ လကၡဏာပုိင္ဆုိင္သူလုိ႔ ေခၚလုိ႔ေတာင္ရပါတယ္။
အဲဒီေတာ့ က်န္းမာေပါ့ပါးခ်င္သူတုိင္း ဗုိက္အဆီေလွ်ာ့ဖုိ႔ စဥ္းစားသင့္တယ္ဆုိပါေတာ့။
ဒီေနရာမွာ အိပ္ထမတင္လုပ္ရံုနဲ႔ေတာ့ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။
ဗုိက္အဆီက ဘယ္လုိစုလာတယ္ဆုိတာကုိ သေဘာေပါက္သြားရင္ေတာ့ ခ်က္ေကာင္းကုိမိသြားမွာပါ။
တကုိယ္လံုးက အဲေလာက္မဝတာေတာင္
ဗုိက္က ပံု႔ပံုု႔ကေလးပူေနရတဲ့ အေၾကာင္းကုိ အက်ဥ္းေလး ရွင္းျပပါ့မယ္။
ေဆးပညာ ပညာရပ္ဆုိင္ရာ စကားနည္းနညး္ပါေပမယ့္။ ဒီႏွစ္ေၾကာင္းေလာက္ကုိေတာ့
အနည္းငယ္သီးခံ ဖတ္ေပးပါ။ (လံုေလာက္တဲ့ ဗဟုသုတမပါဘဲ အဆီက်ဖုိ႔နည္းလမ္း မသိႏုိင္လုိ႔ပါ။)
အေၾကာင္းရင္း-
ကၽြႏ္ုပ္တုိ႔ ကုိယ္ထဲမွာရွိတဲ့ cortisol level(ေကာ့တစ္ဆုိ ပမာဏ)ျမင့္လာတာနဲ႔ ဗုိက္အဆီေတြ စုပံုလာေတာ့တာပါပဲ။အဲဒိ cortisolကဘာလုိ႔ ျမင့္လာတာလဲ၊?
အဓိကတရားခံကုိျပခုိင္းရင္ေတာ့ စိတ္ဖိစီးမႈလုိ႔ေျပာရမွာပါ။
လူတေယာက္ အလုပ္ေၾကာင့္၊ ပတ္ဝန္းက်င္ဆက္ဆံေရး..တစ္ခုခုေၾကာင့္ စိတ္ဖိစီးေနျပီဆုိရင္ cortisol က ထၾကြပြားမ်ားလာျပီး ကယ္လုိရီေတြေလာင္ကၽြမ္းေပးတဲ့ ၾကြက္သားေတြကုိ ဖ်က္ဆီးလုိက္ပါတယ္၊ျပီးရင္ ဝမ္းဗုိက္တစ္ဝိုက္မွာ အဆီေတြသုိေလာင္ေအာင္ဖန္တီးလုိက္ပါတယ္။
ဒါေၾကာင့္ စိတ္ဖိစီးမႈက အဓိကရွင္းလင္းရမယ့္ ဆရာၾကီးဆုိပါေတာ့။
စိတ္ဖိစီးမႈဆုိတာကလဲ ေနရထုိင္ရ အဆင္မေျပမႈၾကီးမားလာတာနဲ႔ ေရာက္ေရာက္လာတတ္တာပါ။
အေၾကာင္းရင္းဗဟုသုတကုိ အရင္မရွာဘဲနဲ
႔ ဒီအတုိင္းပိန္ေအာင္ စားေနက်ထက္အစားေလ်ွာ့စားတာ။ ညစာလံုးလံုးမစားတာမ်ိဳး ေတြက စိတ္ဖိစီးမႈကုိ အဆုိးဆံုးအဆင့္ထိျဖစ္ေစပါလိမ့္မယ္။
ဗုိက္ဆာေလ..စားဖုိ႔သီးခံေနရေလေလ..စိတ္ဖိစီးေလ။ စိတ္ဖိစီးေလ cortisol ျမင့္ျပီး ဗုိက္အဆီစုေလ ျဖစ္မွာပါ။
အဲဒီေတာ့ ကုိယ့္မွာေတာ့ သီးခံျပီး အစာမစားဘဲေနလုိက္ရေပမယ့္ ဗုိက္ပူပူေလးက မေျပာင္းမလဲ က်န္ေနတာမ်ိဳးေတြ ၾကံဳပါလိမ့္မယ္။
အဲေတာ့ အခုေဖာ္ျပမယ့္ ၆ခ်က္(လံုး)ကုိ လုိက္နာပါ။
အသိဥာဏ္ၾကီးၾကီးနဲ႔ ဗုိက္အဆီကုိေအာင္ျမင္စြာ ခ်ႏုိင္သူ အျဖစ္ခံယူပါ။
အခ်က္၆ခ်က္က ဘာေတြလဲ မွတ္သားၾကရေအာင္-
၁။ ။အိပ္စက္ပါ။
ညဥ္႔နက္တဲ့အထိကုိ မအိပ္ဘဲ ေနဦးမယ္ဆုိရင္ သင္ေသခ်ာျပန္စဥ္းစားပါ။
အိပ္ေရးမဝဘူးဆုိရင္ ပင္ပန္းေနျပီး. အခ်ိဳနဲ႔ အျခား အဆီတက္ေစမယ့္ အစာေတြကုိ
ခႏၶာကုိယ္ကေတာင့္တေစပါမယ္။
ျပီးေတာ့ အိပ္ေရးမဝတာဟာ ခုနကေျပာခဲ့တဲ့ cortisolေတြကုိ ျမင့္ေစပါေသးတယ္။
ဒါေၾကာင့္ အိပ္စက္ဖုိ႔ ကုိ နံပါတ္ ၁ ေျပာရတာပါ။ တညကုိ ၇နာရီအိပ္ တာ အေကာင္းဆံုးပါပဲ။
၂။ ။ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။
တညကုိ အိပ္ထမတင္ေလ့က်င့္ခန္း အခါ ၁၀၀၀ ေလာက္လုပ္တယ္ဆုိရင္ ဗုိက္ၾကြက္သားေတြ တက္လာေစမွာမွာပါ။
ဒါေပမယ့္ အဲဒီေပၚမွာေတာ့ အဆီတလႊာက အရင္အတုိင္းက်န္ေနပါဦးမယ္။
အဲဒီ အိပ္ထမတင္ နည္းလမ္းေတြထက္စာရင္ ေနရာအႏွ႔ံက ၾကြက္သားေတြလုပ္ရွားတဲ့ ေလ့က်င့္ခန္းကုိသာလုပ္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။
လမ္းေလ်ွာက္တာ ေျပးတာမ်ိဳးဆုိရင္ ေကာင္းပါတယ္။
အျပင္မထြက္ႏုိင္လုိ႔ အခန္းထဲမွာပဲ ေလ့က်င့္ခန္းလုပ္ခ်င္တယ္ဆုိရင္
Planking ဆုိတဲ့ ေလ့က်င့္ခန္းမ်ိဳးလုပ္ပါ။Planking ဆုိတာ
ခႏၶာကုိယ္ကုိ ေမွာက္ရက္ေနျပီး တံေတာင္ဆစ္၊ ေျခဖ်ားထိပ္နဲ႔ ေထာက္ထားျပီး လုပ္တာမ်ိဳးပါ။
သိခ်င္သူမ်ား အတြက္ ကုိယ္တုိင္အင္တာနက္မွာရွာၾကည့္ႏုိင္သလုိ အခြင့္သင့္ ရင္ ဗီဒီယို္တင္ေပးပါ့မယ္။
၃။ ။သၾကားကုိ ရန္သူလုိ႔မွတ္ပါ။
ဗုိက္အဆီကုိ တုိက္ဖ်က္ရာမွာ အစားဆင္ျခင္တာက ၈၀ရာခုိင္ႏႈန္း၊ ေလ့က်င့္ခန္းက ၂၀ရာခုိင္ႏႈန္းနဲ႔
တုိက္ခုိက္ရတယ္ဆုိတာ သေဘာေပါက္ေနဖုိ႔လုိပါတယ္။ေလ့က်င့္ခန္းပဲလုပ္ျပီး အစားအေသာက္ဂရုမစုိက္ရင္ အလကားပါပဲ။
က်န္းမာေရးမညီညြတ္တဲ့ သေရစာထက္စာရင္ အသားဓာတ္၊ ဟင္းသီးဟင္းရြက္၊ အေစ့အစံေတြကုိ အစားထုိးပါ။
ဥပမာ..အခ်ိဳတစ္ခုခုေတာင့္တေနရင္ ခ်ိဳတဲ့ သဘာဝအသီးကုိစားပါ။
ေကာ္ဖီေသာက္ရင္ သၾကားမပါသေလာက္ကုိသံုး ပါ။ ဒါမွမဟုတ္ ကယ္လိုရီေလွ်ာ့ထားတဲ့ သၾကားရွိရင္ အဲဒါကုိသံုးပါ။
၄။ ။ဗီတာမင္ C လုိအပ္ပါတယ္။
သင္ စိတ္ဖိစီးမႈ ၾကီးစုိးလာရင္ cortisolေတြ ထုတ္လႊတ္ေတာ့တာပါပဲ။ ဗီတာမင္C က cortisol ေတြကုိ အလြန္အကၽြံမျဖစ္ရေအာင္
ထိန္းပါလိမ့္မယ္။ ဗီတာမင္ C ရဲ့ ေနာက္ထပ္ေကာင္းတဲ့အခ်က္က ဖ်ားနာျခင္းကိုလဲ ကာကြယ္တတ္ပါေသးတယ္။
ဒါေၾကာင့္ စိတ္ဖိစီးလြန္းလာရင္ ဗီတာမင္ C စားသံုးမႈကုိ ျမွင့္ထားပါ။ ဗီတာမင္စီ မွာနာမည္ၾကီးတာကေတာ့ လိေမၼာ္သီးပါ။
ပန္းငရုတ္ပြ၊ ကုိက္လန္ နဲ႔ ကီဝီသီးကုိ လဲ စားၾကည့္ပါ။
အဲဒီ့သံုးခုက နာမည္ၾကီး လိေမၼာ္သီးထက္ေတာင္ ဗီတာမင္ Cေတြပါေနပါတယ္။
၅။ ။အဆီစားပါ။
ဟုတ္ပါတယ္။ မွားဖတ္မိတာမဟုတ္ပါဘူး အဆီစားပါလုိ႔ ေျပာတာပါ။
အဆီပုိေတြ ေလာင္ကၽြမ္းဖုိ႔ အဆီဓာတ္လုိပါတယ္။ အထက္မွာေျပာခဲ့သလုိ သၾကားက အဆီပုိေတြျဖစ္ေစပါတယ္။အဆီဓာတ္ကုိမရေစပါဘူး။
အဆီဓာတ္(ေကာင္းတဲ့အဆီဓာတ္ Omega 3) က ဘယ္ကရသလဲဆုိရင္ ေဆာ္လမြန္ငါး၊
ေထာပတ္သီး နဲ႔သစ္ၾကားသီးေတြကရႏုိင္ပါတယ္။ဒါေၾကာင့္ အဆီဓာတ္(Omega 3)လဲ စားသံုးဖုိ႔လုိက္နာပါ။
၆။ ။အသက္ရႈႏႈန္း ကုိမျမန္ေအာင္ေနပါ။
ဝင္သက္ ထြက္သက္ကုိ ခပ္ရွည္ရွည္ထားတာဟာ အလြန္လြယ္ကူလွပါတယ္။အလုပ္လဲမပ်က္ပါဘူး။
စိတ္ေတြတင္းၾကပ္လာတယ္။ စိတ္ဖိစီးလြန္းလာတယ္ဆုိရင္ ဝင္သက္ထြက္သက္ေတြ
အလြန္တုိလြန္း ျမန္လြန္းေနတတ္ပါတယ္။
ဝင္သက္ ထြက္သက္မွာ သတိေလးနဲ႔ ထားႏုိင္မယ္ဆုိရင္
ဝမ္းဗုိက္ေရာ ကုိယ့္ကိုယ္ကုိေရာကုိ အလြန္တရာ သက္ေတာင့္သက္သာ အေျခအေနမွာထားႏုိင္ပါလိမ့္မယ္။
ဝင္သက္(ရႈသြင္းျခင္း)ထက္ ထြက္သက္(ရႈထုတ္ျခင္း)ကုိ ခပ္ရွည္ရွည္ထားျခင္းဟာ အေကာင္းဆံုးအေျခအေနပါပဲ။
ဒါဟာကုိယ့္ကုိယ္ကုိ တင္းၾကပ္မႈကေန သက္သာေစျပီး..စိတ္ဝင္းစားဖြယ္အက်ိဳးကုိေပးပါလိမ့္မယ္။
ကဲ အခုေျပာခဲ့တဲ့ အခ်က္ေတြအကုန္လံုးကုိ ယေန႔ကစျပီး အကုန္လုိက္နာၾကည့္ပါ။
ေအာင္ျမင္ပါလိမ့္မယ္။ဖန္တရာေထေအာင္ ၾကားဖူးေနက် အခ်က္ေတြနဲ႔ကြာျခားေကာင္းကြာျခားႏုိင္ေပမယ့္
ယခုအခ်က္ေတြဟာ အလြန္ရုိးရွင္းျပီး..အ့ံၾသဖြယ္အက်ိဳးကုိေပးမွာပါ။
ဇြဲနဲ႔ မေဖာက္မျပားလုိက္နာဖုိ႔ေတာ့လုိပါတယ္။အားလံုး ဗုိက္အဆီပုိကို ေအာင္ျမင္စြာ တုိက္ထုတ္ႏုိင္ပါေစ။

Credit/Org Uploader
...............
ပူသောဗိုက်ကို ဒီလိုချမယ်
ဗိုက်အဆီတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ဘေးရန်အပေးဆုံး အဆီပါ။
အလှပျက်တယ်ဆိုတာထက် တုတ်နေသောခါး(ပူနေသောဗိုက်)ဟာ
ရောဂါဖြစ်လွယ်တဲ့ လက္ခဏာပိုင်ဆိုင်သူလို့ ခေါ်လို့တောင်ရပါတယ်။
အဲဒီတော့ ကျန်းမာပေါ့ပါးချင်သူတိုင်း ဗိုက်အဆီလျှော့ဖို့ စဉ်းစားသင့်တယ်ဆိုပါတော့။
ဒီနေရာမှာ အိပ်ထမတင်လုပ်ရုံနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဗိုက်အဆီက ဘယ်လိုစုလာတယ်ဆိုတာကို သဘောပေါက်သွားရင်တော့ ချက်ကောင်းကိုမိသွားမှာပါ။
တကိုယ်လုံးက အဲလောက်မဝတာတောင်
ဗိုက်က ပုံ့ပုုံ့ကလေးပူနေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြပါ့မယ်။
ဆေးပညာ ပညာရပ်ဆိုင်ရာ စကားနည်းနညး်ပါပေမယ့်။ ဒီနှစ်ကြောင်းလောက်ကိုတော့
အနည်းငယ်သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတမပါဘဲ အဆီကျဖို့နည်းလမ်း မသိနိုင်လို့ပါ။)
အကြောင်းရင်း-
ကျွန်ုပ်တို့ ကိုယ်ထဲမှာရှိတဲ့ cortisol level(ကော့တစ်ဆို ပမာဏ)မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့တာပါပဲ။အဲဒိ cortisolကဘာလို့ မြင့်လာတာလဲ၊?
အဓိကတရားခံကိုပြခိုင်းရင်တော့ စိတ်ဖိစီးမှုလို့ပြောရမှာပါ။
လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင်ဆက်ဆံရေး..တစ်ခုခုကြောင့် စိတ်ဖိစီးနေပြီဆိုရင် cortisol က ထကြွပွားများလာပြီး ကယ်လိုရီတွေလောင်ကျွမ်းပေးတဲ့ ကြွက်သားတွေကို ဖျက်ဆီးလိုက်ပါတယ်၊ပြီးရင် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေသိုလောင်အောင်ဖန်တီးလိုက်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုက အဓိကရှင်းလင်းရမယ့် ဆရာကြီးဆိုပါတော့။
စိတ်ဖိစီးမှုဆိုတာကလဲ နေရထိုင်ရ အဆင်မပြေမှုကြီးမားလာတာနဲ့ ရောက်ရောက်လာတတ်တာပါ။
အကြောင်းရင်းဗဟုသုတကို အရင်မရှာဘဲနဲ
့ ဒီအတိုင်းပိန်အောင် စားနေကျထက်အစားလျှော့စားတာ။ ညစာလုံးလုံးမစားတာမျိုး တွေက စိတ်ဖိစီးမှုကို အဆိုးဆုံးအဆင့်ထိဖြစ်စေပါလိမ့်မယ်။
ဗိုက်ဆာလေ..စားဖို့သီးခံနေရလေလေ..စိတ်ဖိစီးလေ။ စိတ်ဖိစီးလေ cortisol မြင့်ပြီး ဗိုက်အဆီစုလေ ဖြစ်မှာပါ။
အဲဒီတော့ ကိုယ့်မှာတော့ သီးခံပြီး အစာမစားဘဲနေလိုက်ရပေမယ့် ဗိုက်ပူပူလေးက မပြောင်းမလဲ ကျန်နေတာမျိုးတွေ ကြံုပါလိမ့်မယ်။
အဲတော့ အခုဖော်ပြမယ့် ၆ချက်(လုံး)ကို လိုက်နာပါ။
အသိဉာဏ်ကြီးကြီးနဲ့ ဗိုက်အဆီကိုအောင်မြင်စွာ ချနိုင်သူ အဖြစ်ခံယူပါ။
အချက်၆ချက်က ဘာတွေလဲ မှတ်သားကြရအောင်-
၁။ ။အိပ်စက်ပါ။
ညဉ့်နက်တဲ့အထိကို မအိပ်ဘဲ နေဦးမယ်ဆိုရင် သင်သေချာပြန်စဉ်းစားပါ။
အိပ်ရေးမဝဘူးဆိုရင် ပင်ပန်းနေပြီး. အချိုနဲ့ အခြား အဆီတက်စေမယ့် အစာတွေကို
ခန္ဓာကိုယ်ကတောင့်တစေပါမယ်။
ပြီးတော့ အိပ်ရေးမဝတာဟာ ခုနကပြောခဲ့တဲ့ cortisolတွေကို မြင့်စေပါသေးတယ်။
ဒါကြောင့် အိပ်စက်ဖို့ ကို နံပါတ် ၁ ပြောရတာပါ။ တညကို ရနာရီအိပ် တာ အကောင်းဆုံးပါပဲ။
၂။ ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တညကို အိပ်ထမတင်လေ့ကျင့်ခန်း အခါ ၁၀၀၀ လောက်လုပ်တယ်ဆိုရင် ဗိုက်ကြွက်သားတွေ တက်လာစေမှာမှာပါ။
ဒါပေမယ့် အဲဒီပေါ်မှာတော့ အဆီတလွှာက အရင်အတိုင်းကျန်နေပါဦးမယ်။
အဲဒီ အိပ်ထမတင် နည်းလမ်းတွေထက်စာရင် နေရာအနှ့ံက ကြွက်သားတွေလုပ်ရှားတဲ့ လေ့ကျင့်ခန်းကိုသာလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
လမ်းလျှောက်တာ ပြေးတာမျိုးဆိုရင် ကောင်းပါတယ်။
အပြင်မထွက်နိုင်လို့ အခန်းထဲမှာပဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်
Planking ဆိုတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။Planking ဆိုတာ
ခန္ဓာကိုယ်ကို မှောက်ရက်နေပြီး တံတောင်ဆစ်၊ ခြေဖျားထိပ်နဲ့ ထောက်ထားပြီး လုပ်တာမျိုးပါ။
သိချင်သူများ အတွက် ကိုယ်တိုင်အင်တာနက်မှာရှာကြည့်နိုင်သလို အခွင့်သင့် ရင် ဗီဒီယို်တင်ပေးပါ့မယ်။
၃။ ။သကြားကို ရန်သူလို့မှတ်ပါ။
ဗိုက်အဆီကို တိုက်ဖျက်ရာမှာ အစားဆင်ခြင်တာက ၈၀ရာခိုင်နှုန်း၊ လေ့ကျင့်ခန်းက ၂၀ရာခိုင်နှုန်းနဲ့
တိုက်ခိုက်ရတယ်ဆိုတာ သဘောပေါက်နေဖို့လိုပါတယ်။လေ့ကျင့်ခန်းပဲလုပ်ပြီး အစားအသောက်ဂရုမစိုက်ရင် အလကားပါပဲ။
ကျန်းမာရေးမညီညွတ်တဲ့ သရေစာထက်စာရင် အသားဓာတ်၊ ဟင်းသီးဟင်းရွက်၊ အစေ့အစံတွေကို အစားထိုးပါ။
ဥပမာ..အချိုတစ်ခုခုတောင့်တနေရင် ချိုတဲ့ သဘာဝအသီးကိုစားပါ။
ကော်ဖီသောက်ရင် သကြားမပါသလောက်ကိုသုံး ပါ။ ဒါမှမဟုတ် ကယ်လိုရီလျှော့ထားတဲ့ သကြားရှိရင် အဲဒါကိုသုံးပါ။
၄။ ။ဗီတာမင် C လိုအပ်ပါတယ်။
သင် စိတ်ဖိစီးမှု ကြီးစိုးလာရင် cortisolတွေ ထုတ်လွှတ်တော့တာပါပဲ။ ဗီတာမင်C က cortisol တွေကို အလွန်အကျွံမဖြစ်ရအောင်
ထိန်းပါလိမ့်မယ်။ ဗီတာမင် C ရဲ့ နောက်ထပ်ကောင်းတဲ့အချက်က ဖျားနာခြင်းကိုလဲ ကာကွယ်တတ်ပါသေးတယ်။
ဒါကြောင့် စိတ်ဖိစီးလွန်းလာရင် ဗီတာမင် C စားသုံးမှုကို မြှင့်ထားပါ။ ဗီတာမင်စီ မှာနာမည်ကြီးတာကတော့ လိမ္မော်သီးပါ။
ပန်းငရုတ်ပွ၊ ကိုက်လန် နဲ့ ကီဝီသီးကို လဲ စားကြည့်ပါ။
အဲဒီ့သုံးခုက နာမည်ကြီး လိမ္မော်သီးထက်တောင် ဗီတာမင် Cတွေပါနေပါတယ်။
၅။ ။အဆီစားပါ။
ဟုတ်ပါတယ်။ မှားဖတ်မိတာမဟုတ်ပါဘူး အဆီစားပါလို့ ပြောတာပါ။
အဆီပိုတွေ လောင်ကျွမ်းဖို့ အဆီဓာတ်လိုပါတယ်။ အထက်မှာပြောခဲ့သလို သကြားက အဆီပိုတွေဖြစ်စေပါတယ်။အဆီဓာတ်ကိုမရစေပါဘူး။
အဆီဓာတ်(ကောင်းတဲ့အဆီဓာတ် Omega 3) က ဘယ်ကရသလဲဆိုရင် ဆော်လမွန်ငါး၊
ထောပတ်သီး နဲ့သစ်ကြားသီးတွေကရနိုင်ပါတယ်။ဒါကြောင့် အဆီဓာတ်(Omega 3)လဲ စားသုံးဖို့လိုက်နာပါ။
၆။ ။အသက်ရှုနှုန်း ကိုမမြန်အောင်နေပါ။
ဝင်သက် ထွက်သက်ကို ခပ်ရှည်ရှည်ထားတာဟာ အလွန်လွယ်ကူလှပါတယ်။အလုပ်လဲမပျက်ပါဘူး။
စိတ်တွေတင်းကြပ်လာတယ်။ စိတ်ဖိစီးလွန်းလာတယ်ဆိုရင် ဝင်သက်ထွက်သက်တွေ
အလွန်တိုလွန်း မြန်လွန်းနေတတ်ပါတယ်။
ဝင်သက် ထွက်သက်မှာ သတိလေးနဲ့ ထားနိုင်မယ်ဆိုရင်
ဝမ်းဗိုက်ရော ကိုယ့်ကိုယ်ကိုရောကို အလွန်တရာ သက်တောင့်သက်သာ အခြေအနေမှာထားနိုင်ပါလိမ့်မယ်။
ဝင်သက်(ရှုသွင်းခြင်း)ထက် ထွက်သက်(ရှုထုတ်ခြင်း)ကို ခပ်ရှည်ရှည်ထားခြင်းဟာ အကောင်းဆုံးအခြေအနေပါပဲ။
ဒါဟာကိုယ့်ကိုယ်ကို တင်းကြပ်မှုကနေ သက်သာစေပြီး..စိတ်ဝင်းစားဖွယ်အကျိုးကိုပေးပါလိမ့်မယ်။
ကဲ အခုပြောခဲ့တဲ့ အချက်တွေအကုန်လုံးကို ယနေ့ကစပြီး အကုန်လိုက်နာကြည့်ပါ။
အောင်မြင်ပါလိမ့်မယ်။ဖန်တရာထေအောင် ကြားဖူးနေကျ အချက်တွေနဲ့ကွာခြားကောင်းကွာခြားနိုင်ပေမယ့်
ယခုအချက်တွေဟာ အလွန်ရိုးရှင်းပြီး..အ့ံသြဖွယ်အကျိုးကိုပေးမှာပါ။
ဇွဲနဲ့ မဖောက်မပြားလိုက်နာဖို့တော့လိုပါတယ်။အားလုံး ဗိုက်အဆီပိုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါစေ။

Credit/Org Uploader
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)