Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 15, 2016

သင်္ကြန်ပွဲတော်အတွင်း အမျိုးသမီး ကိုယ်အင်္ဂါ ကို အဓမ္မလိုက် နှိက်သူ အဖမ်းခံရ



14April 2016

13April 2016 ရက်နေ့  ညနေပိုင်းက ဘန်ကောက်မြို့ လည် စီလုံ မှာ သင်္ကြန်ပွဲ ကျင်းပနေစဉ်မှာ ထိုင်း မိန်းလေးငယ် တဦးကို လူကြပ်နေတဲ့ကြားက ရင်သားနဲ့  အတွင်းခံကြားကို လိုက်ကိုင်နေလို့  မိန်းခလေးက ဘေးက လူတွေကိုအော်ဟစ် အကူညီတောင်း ခဲ့ တဲ့ အတွက် ၀ိုင်းဝန်းဖမ်းဆီး ခဲ့ကြောင်း သိရပါတယ်။

အဖမ်းခံရတဲ့သူဟာ အသက် (၂၃)နှစ်ရှိ မြန်မာနိုင်ငံသား တဦး ဖြစ်ပြီး ထိုင်းဘာသာနဲ့ နံမည်ကို เสมา စေမာ လို့  ရေးသားဖေါ်ပြ ပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတဦး ဖြစ်ပါတယ်။


ဘန်ကောက်မြို့  ပသူနမ့်  မှာနေထိုင်နေပြီး အရက်သေစာ သောက်စားရင်း စီးလုံအရပ်ကို သုံးဘီးကားနဲ့  စီးလာခဲ့ပြီးတဲ့နောက် အရက်မူးနေလို့  ဖြစ်ရပ်တွေကို မမှတ်မိတော့ကြောင်း ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ယခုအမှုမှု မှာ တရားလိုမိန်းခလေးက အသက်မပြည့်သေးတဲ့အပြင် လူမြင်ကွင်းမှာ အမျိုးသမီးရဲ့  ကိုယ်အဂါင်္တွေ ကို ကိုထိလက်ရောက် ထိကိုင် စော်ကားမှူဟာ ထောင် (၁၀)နှစ်နဲ့  ငွေဒဏ် ဘတ် နှစ်သောင်း (ကျပ် ၇သိန်း)အထိ အမိန့် ချမှတ်နိုင်ကြောင်းသိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment