Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

ဟိုင္းႀကီး-ပုသိမ္ကားလမ္းတြင္ ယာဥ္တိမ္းေမွာက္၍ ဒဏ္ရာမ်ားရရွိ


ပုသိမ္ ဧၿပီ ၁၉

ဟိုင္းႀကီး-ပုသိမ္ကားလမ္းတြင္ ဧၿပီ ၁၈ ရက္ နံနက္ ၇ နာရီခန္႔က ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားေၾကာင္း သိရ သည္။

ျဖစ္စဥ္မွာ ဟိုင္းႀကီးကြၽန္းဘက္မွ ပုသိမ္ ဘက္သို႔ ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာ ၿမိဳ႕နယ္ သီရိမဂၤလာလမ္း ေန ကိုသူရ(၃ဝ)ႏွစ္ ေမာင္းႏွင္သည့္ ယာဥ္အမွတ္ BB /----(NISSAN) ယာဥ္သည္ ဟိုင္းႀကီး-ပုသိမ္ ေမာင္းႏွင္သည့္ ျမတ္ေကာင္းကင္ လိုင္း ကားအား ေက်ာ္တက္စဥ္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ဝဲဘက္သို႔ တိမ္းေမွာက္ခဲ့သည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ ယာဥ္ေမာင္းႏွင့္ အမ်ဳိးသား ငါးဦးဒဏ္ရာ မ်ားရရွိၿပီး ယာဥ္ေရွ႕ပိုင္းေၾကမြ ပ်က္စီးခဲ့ သည္။ ဒဏ္ရာရရွိသူငါးဦးအနက္ ဦးဟန္ေရႊ ႏွင့္ ဦးမင္းကိုႏွစ္ဦးကို အေရးေပၚ ေဆးကုသမႈခံယူရန္ ပုသိမ္ၿမိဳ႕သို႔ ပို႔ေဆာင္ ထားၿပီး ယာဥ္ေမာင္းအပါအဝင္ ဦးထြန္းဝင္း ႏွင့္ ဇင္မ်ဳိးေအာင္တို႔ သံုးဦးမွာ ေက်ာက္ ေခ်ာင္းတိုက္နယ္ေဆး႐ံုတြင္ ေဆးကုသလ်က္ ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ကိုသူရအားဟိုင္းႀကီးကြၽန္းၿမိဳ႕ အမွတ္ (၂) ရပ္ကြက္ရဲစခန္းက အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

ေက်ာ္သူဟိန္း(ျပန္/ဆက္)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

....................................


ပုသိမ် ဧပြီ ၁၉

ဟိုင်းကြီး-ပုသိမ်ကားလမ်းတွင် ဧပြီ ၁၈ ရက် နံနက် ရ နာရီခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဟိုင်းကြီးကျွန်းဘက်မှ ပုသိမ် ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် သီရိမင်္ဂလာလမ်း နေ ကိုသူရ(၃ဝ)နှစ် မောင်းနှင်သည့် ယာဉ်အမှတ် BB /----(NISSAN) ယာဉ်သည် ဟိုင်းကြီး-ပုသိမ် မောင်းနှင်သည့် မြတ်ကောင်းကင် လိုင်း ကားအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် အမျိုးသား ငါးဦးဒဏ်ရာ များရရှိပြီး ယာဉ်ရှေ့ပိုင်းကြေမွ ပျက်စီးခဲ့ သည်။ ဒဏ်ရာရရှိသူငါးဦးအနက် ဦးဟန်ရွှေ နှင့် ဦးမင်းကိုနှစ်ဦးကို အရေးပေါ် ဆေးကုသမှုခံယူရန် ပုသိမ်မြို့သို့ ပို့ဆောင် ထားပြီး ယာဉ်မောင်းအပါအဝင် ဦးထွန်းဝင်း နှင့် ဇင်မျိုးအောင်တို့ သုံးဦးမှာ ကျောက် ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုသူရအားဟိုင်းကြီးကျွန်းမြို့ အမှတ် (၂) ရပ်ကွက်ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ကျော်သူဟိန်း(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment