Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 28, 2016

ရိုဟင္ဂ်ာ လို႔ေခၚတာနဲ႔ပတ္သက္ၿပီး အေမရိကန္သံအမတ္ႀကီး ရွင္းလင္း

(ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel ကို ဧၿပီလ ၂၈ ရက္ေန႔က ေတြ႔ရစဥ္) Photo: Htet Arkar/RFA
ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel က အေမရိကန္ အစိုးရအေနနဲ႔ ရိုဟင္ဂ်ာ လို႔ ေခၚေဝၚသံုးစဲြတာဟာ ႏိုင္ငံေရးအရမဟုတ္ဘဲ လူ႔အဖဲြ႔အစည္းတစ္ခုက သူတို႔ကို ဘယ္လိုအမည္နဲ႔ ေခၚပါလို႔ ေတာင္းဆိုတဲ့အတုိင္း အသိအမွတ္ျပဳေခၚဆိုတာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က အေမရိကန္သံရံုးမွာ ေတြ႔ဆံုစဥ္မွာ ရိုဟင္ဂ်ာ အေခၚအေဝၚနဲ႔ ပတ္သက္ၿပီး သတင္းေထာက္တစ္ဦးက ေမးျမန္းရာမွာ သံအမတ္ႀကီး Scot Marciel က အေမရိကန္အစိုးရရဲ႕ သေဘာထားကို ေျပာခဲ့တာျဖစ္ပါတယ္။

" အေမရိကန္္ အစိုးရနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ လုုပ္ရိုးလုပ္စဥ္က ဘယ္ေနရာက လူ႔အဖဲြ႔အစည္းမဆို သူတို႔ကို ေခၚေစခ်င္တဲ့ အမည္အတိုင္း အသိအမွတ္ျပဳ ေခၚဆိုတာ ျဖစ္ပါတယ္။ လူ႔အဖဲြ႔အစည္းတိုင္းဟာ သူတုိ႔ကို ဘယ္လိုေခၚေစခ်င္တယ္ဆိုျပီး ေျပာပိုင္ခြင့္ ရိွရမွာ ျဖစ္ပါတယ္။ မိမိတို႔အေနနဲ႔ သူတို႔ေခၚေစခ်င္တဲ့အတိုင္းသာ အမည္ကို ေခၚၾကရတာပါ။ အ့ဲဒီလို ေခၚဆိုတာဟာ ႏိုင္ငံေရးအရ ဆံုးျဖတ္တာ မဟုတ္ပါဘူး။ သာမန္လုပ္ရိုးလုပ္စဥ္ အေလ့အထသာျဖစ္ပါတယ္" လို႔ Mr. Marciel က ေျပာပါတယ္။

ရိုဟင္ဂ်ာအမည္သံုးစဲြမႈနဲ႔ ပတ္သက္ၿပီး ထိလြယ္ရွလြယ္ျဖစ္တယ္ဆုိတာကို မိမိတို႔အေနနဲ႔ သိရိွနားလည္ေၾကာင္းလည္း ေျပာပါတယ္။

မေန႔က ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံက Mr. Scot Marciel ကို ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံအမတ္အျဖစ္ အသိအမွတ္ျပဳလိုက္တာျဖစ္ၿပီး ဒီကေန႔ သတင္းမီဒီယာေတြနဲ႔ ပထမဆံုးအႀကိမ္ ေတြ႔ဆံုတာ ျဖစ္ပါတယ္။

ဒါ့့အျပင္ သံတမန္ေတြၾကားမွာ ျမန္မာႏိုင္ငံကို ေခၚဆိုသံုးစဲြတာနဲ႔ ပတ္သက္ၿပီး အဂၤလိပ္လို Myanmar လား ၊ Burma လားဆိုရာမွာ ၂ မ်ိဳးသံုးစဲြေနၾကတာရိွၿပီး အေမရိကန္အစိုးရ အေနနဲ႔ လက္ရိွအခ်ိန္ထိ Burma လို႔ ေခၚေဝၚသံုးေနေၾကာင္းနဲ႔ မၾကာခင္ သီတင္းပတ္ေတြအတြင္းမွာ Burma နဲ႔ Myanmar ဘယ္လိုေခၚမယ္ဆိုတာကို ဆံုးျဖတ္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

.....................................


(မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်) Photo: Htet Arkar/RFA
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည်နဲ့ ခေါ်ပါလို့ တောင်းဆိုတဲ့အတိုင်း အသိအမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။

ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ သံအမတ်ကြီး Scot Marciel က အမေရိကန်အစိုးရရဲ့ သဘောထားကို ပြောခဲ့တာဖြစ်ပါတယ်။

" အမေရိကန်် အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုုပ်ရိုးလုပ်စဉ်က ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တဲ့ အမည်အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ သူတို့ကို ဘယ်လိုခေါ်စေချင်တယ်ဆိုပြီး ပြောပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ သူတို့ခေါ်စေချင်တဲ့အတိုင်းသာ အမည်ကို ခေါ်ကြရတာပါ။ အဲ့ဒီလို ခေါ်ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သာမန်လုပ်ရိုးလုပ်စဉ် အလေ့အထသာဖြစ်ပါတယ်" လို့ Mr. Marciel က ပြောပါတယ်။

ရိုဟင်ဂျာအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ သိရှိနားလည်ကြောင်းလည်း ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက Mr. Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

ဒါ့့အပြင် သံတမန်တွေကြားမှာ မြန်မာနိုင်ငံကို ခေါ်ဆိုသုံးစွဲတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လို Myanmar လား ၊ Burma လားဆိုရာမှာ ၂ မျိုးသုံးစွဲနေကြတာရှိပြီး အမေရိကန်အစိုးရ အနေနဲ့ လက်ရှိအချိန်ထိ Burma လို့ ခေါ်ဝေါ်သုံးနေကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်းမှာ Burma နဲ့ Myanmar ဘယ်လိုခေါ်မယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment