Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 28, 2016

အေမရိကန္သံရံုးေရွ႕ဆႏၵျပမႈ ဦးေဆာင္သူမ်ားကို ပုဒ္မ ၁၉ျဖင့္အေရးယူမည္

 ဓာတ္ပံု-သူရ


ရန္ကုန္၊ ဧၿပီ ၂၈ ။              ။ စက္ေလွေမွာက္သူမ်ားကို ရိုဟင္ဂ်ာဟုသံုးႏႈန္းခဲ့သည့္အေပၚ မေက်နပ္၍ အေမရိကန္ သံရံုးေရွ႕ ဆႏၵျပမႈတြင္ ဦးေဆာင္သူမ်ားကို ပုဒ္မ ၁၉ျဖင့္ တရားစြဲဆို အေရးယူသြားမည္ျဖစ္ေၾကာင္း အေနာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး ေက်ာ္ထြဋ္က ေျပာသည္။
စစ္ေတြၿမိဳ႕ သဲေခ်ာင္းအနီးတြင္ စက္ေလွတိမ္းေမွာက္မႈအား ဝမ္းနည္းေၾကာင္း အေမရိကန္ႏိုင္ငံသံုရံုး၏ ထုတ္ ျပန္ခ်က္တြင္ ႐ိုဟင္ဂ်ာဟု ထည့္သြင္းေဖာ္ျပသျဖင့္ ယေန႔ ဧၿပီ ၂၈ ရက္တြင္ေန႔လည္ ၁ နာရီခန္႔က ဆႏၵ ထုတ္ ေဖာ္ခဲ့ၾကျခင္း ျဖစ္သည္။
" ၿငိမ္းစုစီ ဥပေဒပုဒ္မ ၁၉အရ သတ္မွတ္ထားတဲ့ ခြင့္ျပဳထားတဲ့ေနရာမွာမလုပ္တဲ့အတြက္ ၁၉နဲ႔ ညိွစြန္း ပါ တယ္။ အဲဒီအတြက္အေရးယူရမွာ ျဖစ္ပါတယ္"ဟု ဒုတိယရဲမွဴးႀကီး ေက်ာ္ထြဋ္က ေျပာသည္။
ဆႏၵထုတ္ေဖာ္သူမ်ားသည္ ဧၿပီ ၂၈ရက္ေန႔ မြန္းလြဲ ၁နာရီတြင္ ရန္ကုန္တကၠသိုလ္ ဓမၼာရံုအေ႐ွ႕မွစတင္ကာ အေမရိကန္သံရံုးေ႐ွ႕အထိ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္း ျဖစ္သည္။
အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲကို သက္ဆိုင္ရာသို႔ တရား၀င္ခြင့္ျပဳမိန္႔ေတာင္းခံခဲ့ေသာ္လည္း ကမာရြတ္ၿမိဳ႕နယ္ ရဲစခန္းမွ ခြင့္ျပဳမိန္႔ေပးျခင္းမရိွပဲ ဗဟန္းၿမိဳ႕နယ္ ဗုိလ္စိန္မွန္ အားကစားကြင္း၌သာ ခြင့္ျပဳမိန္႔ခ်ေပးခဲ့ျခင္း ျဖစ္ သည္။
ခြင့္ျပဳမိန္႔ေတာင္းခံရာတြင္ ျမန္မာအမ်ိဳးသားကြန္ရက္ ကို၀င္းကိုကိုလတ္ပါ လူ(၃၀၀)ဦးဟု ေတာင္းခံထားျခင္း ျဖစ္ၿပီး၊ ဆႏၵျပပြဲကို မေကြးေက်ာင္းဆရာေတာ္ ဦးပါေမကၡ၊ ကိုေနာင္ေတာ္ေလးအပါအ၀င္ မ်ိဳးခ်စ္ ရဟန္း ေတာ္မ်ား သမဂၢမွ ဆရာေတာ္မ်ားက ဦးေဆာင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
ယင္းဆႏၵျပပြဲသို႔ မႏၱေလးၿမိဳ႕ မစိုးရိမ္ေက်ာင္းတိုက္ ဆရာေတာ္ ဦးဦးရသူမွလည္း သ၀ဏ္လႊာေပးပို႔ခဲ့ၿပီး ယင္း သ ၀ဏ္လႊာတြင္ " အေမရိကန္ အစိုးရ - (၄၂၀)အစိုးရ၊ အေမရိကန္ သံရံုး - (၄၂၀) သံရံုးစသည့္ ေၾကြးေၾကာ္ သံ မ်ား ပါ ပါယင္သည္ကိုေတြ႔ရသည္။
http://mizzimaburmese.com/article/13634

.................................................

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှု ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့်အရေးယူမည်


ရန်ကုန်၊ ဧပြီ ၂၈ ။              ။ စက်လှေမှောက်သူများကို ရိုဟင်ဂျာဟုသုံးနှုန်းခဲ့သည့်အပေါ် မကျေနပ်၍ အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုတွင် ဦးဆောင်သူများကို ပုဒ်မ ၁၉ဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

စစ်တွေမြို့ သဲချောင်းအနီးတွင် စက်လှေတိမ်းမှောက်မှုအား ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံသုံရုံး၏ ထုတ် ပြန်ချက်တွင် ရိုဟင်ဂျာဟု ထည့်သွင်းဖော်ပြသဖြင့် ယနေ့ ဧပြီ ၂၈ ရက်တွင်နေ့လည် ၁ နာရီခန့်က ဆန္ဒ ထုတ် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

" ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉အရ သတ်မှတ်ထားတဲ့ ခွင့်ပြုထားတဲ့နေရာမှာမလုပ်တဲ့အတွက် ၁၉နဲ့ ညှိစွန်း ပါ တယ်။ အဲဒီအတွက်အရေးယူရမှာ ဖြစ်ပါတယ်"ဟု ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ဧပြီ ၂၈ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံအရှေ့မှစတင်ကာ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာသို့ တရားဝင်ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ကမာရွတ်မြို့နယ် ရဲစခန်းမှ ခွင့်ပြုမိန့်ပေးခြင်းမရှိပဲ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌သာ ခွင့်ပြုမိန့်ချပေးခဲ့ခြင်း ဖြစ် သည်။

ခွင့်ပြုမိန့်တောင်းခံရာတွင် မြန်မာအမျိုးသားကွန်ရက် ကိုဝင်းကိုကိုလတ်ပါ လူ(၃၀၀)ဦးဟု တောင်းခံထားခြင်း ဖြစ်ပြီး၊ ဆန္ဒပြပွဲကို မကွေးကျောင်းဆရာတော် ဦးပါမေက္ခ၊ ကိုနောင်တော်လေးအပါအဝင် မျိုးချစ် ရဟန်း တော်များ သမဂ္ဂမှ ဆရာတော်များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆန္ဒပြပွဲသို့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဦးရသူမှလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်း သ ၀ဏ်လွှာတွင် " အမေရိကန် အစိုးရ - (၄၂၀)အစိုးရ၊ အမေရိကန် သံရုံး - (၄၂၀) သံရုံးစသည့် ကြွေးကြော် သံ များ ပါ ပါယင်သည်ကိုတွေ့ရသည်။


http://mizzimaburmese.com/article/13634

No comments:

Post a Comment