Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်ဦးညီပု၏ လွှတ်တော်တွင်ပြောကြားခဲ့သော ပထမဆုံးမိန့်ခွန်း အပြည့်အစုံ

“လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ရခိုင်ပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော့်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန် ပေးအပ်ခန့်ခဲ့သည့်အတွက် အထူးကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် လက်ရှိရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနိမ့်ကျနေသော အခြေအနေမှ အမြန်ဆုံးကျော်လွှားလွတ်မြောက်နိုင်စေရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖွဲ့စည်းပုံတစ်ရပ်ပေါ်ပေါက်စေရေးနှင့် စစ်မှန်ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ်စေရေးတို့နှင့်အတူ ရခိုင်ပြည်သူ/သားများ၏ လူနေမှုဘဝ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နိဂုံးချုပ်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး၏ရှေ့မှောက်တွင် ကတိသစ္စာပြုထားသည့်အတိုင်း ပြည်သူ/သားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ပေးဆပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ လိုအင်ဆန္ဒပြည့်ဝကြပါစေ၊ ကျေးဇူးတင်ပါတယ်။
သတင်း။ကိုစံမြတ်ရွှေ(စစ်တွေ)
............................................
ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္သစ္ဦးညီပု၏ လႊတ္ေတာ္တြင္ေျပာႀကားခဲ့ေသာ
ပထမဆံုးမိန္႔ခြန္း အျပည့္အစံု

“လႊတ္ေတာ္ဥကၠ႒ႀကီး၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဧည့္သည္ေတာ္မ်ားႏွင့္ ရခိုင္ျပည္သူျပည္သားမ်ားအားလံုး က်န္းမာ႐ႊင္လန္းပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သလ်က္ ႏႈတ္ခြန္းဆက္သအပ္ပါတယ္။ ကြ်န္ေတာ့္ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ ေပးအပ္ခန္႔ခဲ့သည့္အတြက္ အထူးေက်းဇူးတင္ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ေျပာၾကားလိုပါတယ္။ ကြ်န္ေတာ္ဦးေဆာင္ေသာ အစိုးရအဖြဲ႕အေနျဖင့္ လက္႐ွိရခိုင္ျပည္နယ္ဖြံ႕ၿဖိဳးမႈနိမ့္က်ေနေသာ အေျခအေနမွ အျမန္ဆံုးေက်ာ္လႊားလြတ္ေျမာက္ႏိုင္ေစေရးအတြက္ အတူတကြပူးေပါင္းေဆာင္႐ြက္ေရး၊ အမ်ိဳးသားရင္ၾကား ေစ့ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီဖြဲ႕စည္းပံုတစ္ရပ္ေပၚေပါက္ေစေရးႏွင့္ စစ္မွန္ျပည့္ဝေသာ ဒီမိုကေရစီ ႏိုင္ငံျဖစ္ေပၚေစေရးတို႔ႏွင့္အတူ ရခိုင္ျပည္သူ/သားမ်ား၏ လူေနမႈဘဝ လံုၿခံဳစိတ္ခ်စြာ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အစြမ္းကုန္ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္၊ နိဂံုးခ်ဳပ္အေနနဲ႔ လႊတ္ေတာ္ဥကၠ႒ႀကီး၏ေ႐ွ႕ေမွာက္တြင္ ကတိသစၥာျပဳထားသည့္အတိုင္း ျပည္သူ/သားမ်ားအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈ၊ ပြင့္လင္းျမင္သာမႈတို႔ျဖင့္ ေပးဆပ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။ လိုအင္ဆႏၵျပည့္ဝၾကပါေစ၊ ေက်းဇူးတင္ပါတယ္။
သတင္း။ကိုစံျမတ္ေရႊ(စစ္ေတြ)



No comments:

Post a Comment