Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

စီးပွားရေးမဏ္ဍပ်များဆောက်လုပ်ပါက ဖျက်သိမ်းခံရမည်ဟု ဝန်ကြီးချုပ်ပြော


လာမည့် ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်မြို့တော်၌ စီးပွားရေးဆန်သည့် ရေကစားမဏ္ဍပ်များဆောက်လုပ်ပါက မဏ္ဍပ်စည်းမျဉ်းအရ ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

“သင်္ကြန်ကို စည်းမျဉ်းစည်းကမ်းဘောင်တွေချပြီးလုပ်ထားတယ်။ ဘာတွေထိန်းချုပ်မယ်ဘာတွေမရှိဘူး။ သံချပ်ပဲဖြစ်ဖြစ် ဒီကို ဆင်ဆာ လာတင်စရာမလိုဘူး။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်ရင်တော့ တည်ဆဲဥပဒေအရအရေးယူခံရမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

ရေကစားမဏ္ဍပ်များ၏ လတ်မှတ်များရောင်းချခြင်းသည် ဥပဒေအရ ညီညွတ်ခြင်းမရှိသည့်အပြင် ဆောက်လုပ်ခွင့်တရားဝင်မရရှိသည့် မဏ္ဍပ် များလည်း ပါဝင်နိုင်သဖြင့် ပြည်သူများအနေနှင့် လတ်မှတ်ဝယ်ယူမှုများကို ဂရုစိုက်ဆင်ခြင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယခုနှစ် မဟာသင်္ကြန်တွင် ရေကစားမဏ္ဍပ်ကြီးများကို ဆောက်လုပ်ခွင့် တရားဝင်ခွင့်ပြုမိန့်ချမှတ်ထားခြင်းမရှိသော်လည်း လူမှုကွန်ရက်ပေါ်တွင် လက်မှတ်ရောင်းချမှုများရှိနေကြောင်း လူမှုကွန်ရက်အသုံးပြုသူ အချို့က ပြောကြားသည်။

ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမည် မဟုတ်ကြောင်း၊ နေအိမ်များက ခွင့်ပြုချက်တောင်းထားသည့်မဏ္ဍပ်များကို ဧပြီလ ၂ရက်နေ့တွင် စိစစ်ခွင့်ပြုပေးမည်ဖြစ်ပြီး အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆောက်လုပ်ရန်တောင်းဆိုထားသည့်မဏ္ဍပ်များကိုမူ ခေါ်ယူစိစစ်ဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
The Voice Weekly
..........................
စီးပြားေရးမ႑ပ္မ်ားေဆာက္လုပ္ပါက ဖ်က္သိမ္းခံရမည္ဟု ဝန္ႀကီးခ်ဳပ္ေျပာ
-------------------------------------------

လာမည့္ ၂၀၁၆ ခုႏွစ္ မဟာသႀကၤန္ကာလတြင္ ရန္ကုန္ၿမိဳ႕ေတာ္၌ စီးပြားေရးဆန္သည့္ ေရကစားမ႑ပ္မ်ားေဆာက္လုပ္ပါက မ႑ပ္စည္းမ်ဥ္းအရ ဖ်က္သိမ္းခံရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဆိုသည္။ 

“သႀကၤန္ကို စည္းမ်ဥ္းစည္းကမ္းေဘာင္ေတြခ်ၿပီးလုပ္ထားတယ္။ ဘာေတြထိန္းခ်ဳပ္မယ္ဘာေတြမရွိဘူး။ သံခ်ပ္ပဲျဖစ္ျဖစ္ ဒီကို ဆင္ဆာ လာတင္စရာမလိုဘူး။ ဒါေပမဲ့ စည္းမ်ဥ္းစည္းကမ္းကိုခ်ိဳးေဖာက္ရင္ေတာ့ တည္ဆဲဥပေဒအရအေရးယူခံရမွာပဲ”ဟု ၎က ေျပာဆိုသည္။

ေရကစားမ႑ပ္မ်ား၏ လတ္မွတ္မ်ားေရာင္းခ်ျခင္းသည္ ဥပေဒအရ ညီညြတ္ျခင္းမရွိသည့္အျပင္ ေဆာက္လုပ္ခြင့္တရားဝင္မရရွိသည့္ မ႑ပ္ မ်ားလည္း ပါဝင္ႏိုင္သျဖင့္ ျပည္သူမ်ားအေနႏွင့္ လတ္မွတ္ဝယ္ယူမႈမ်ားကို ဂ႐ုစိုက္ဆင္ျခင္ရန္လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဆိုသည္။

ယခုႏွစ္ မဟာသႀကၤန္တြင္ ေရကစားမ႑ပ္ႀကီးမ်ားကို ေဆာက္လုပ္ခြင့္ တရားဝင္ခြင့္ျပဳမိန္႔ခ်မွတ္ထားျခင္းမရွိေသာ္လည္း လူမႈကြန္ရက္ေပၚတြင္ လက္မွတ္ေရာင္းခ်မႈမ်ားရွိေနေၾကာင္း လူမႈကြန္ရက္အသုံးျပဳသူ အခ်ိဳ႕က ေျပာၾကားသည္။

ကန္ေတာ္ႀကီးပတ္လမ္းတြင္ မ႑ပ္ေဆာက္လုပ္ခြင့္ခ်ထားေပးမည္ မဟုတ္ေၾကာင္း၊ ေနအိမ္မ်ားက ခြင့္ျပဳခ်က္ေတာင္းထားသည့္မ႑ပ္မ်ားကို ဧၿပီလ ၂ရက္ေန႔တြင္ စိစစ္ခြင့္ျပဳေပးမည္ျဖစ္ၿပီး အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ေနရာမ်ားတြင္ ေဆာက္လုပ္ရန္ေတာင္းဆိုထားသည့္မ႑ပ္မ်ားကိုမူ ေခၚယူစိစစ္ဦးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆိုသည္။
The Voice Weekly

No comments:

Post a Comment