Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 29, 2016

ကမာၻေပၚမွာသရဲအေျခာက္ဆံုး ဟိုတယ္(၃)ခု


By Shwemom -  April 26, 2016 8488


Stanley Hotel

Estes Park, CO

stanley hotel


The Shining ဆိုုတဲ့ စာအုပ္ဖတ္ဖူးလား၊သို႔မဟုတ္ ရုုပ္ရွင္ေရာၾကည့္ဖူးလား။ နာမည္ေက်ာ္သရဲဝတၳဳေတြကိုု
အသက္သြင္းခဲ့သူ Stephen Kingဆိုတဲ့ စာေရးဆရာရဲ့ ေၾကာက္စရာအေကာင္းဆံုးသရဲဝတၳဳThe Shining
ထဲက ဟိုတယ္ဟာ Stanley Hotelပဲျဖစ္ပါတယ္။ ဒီဟိုတယ္ကိုတည္ေထာင္ခဲ့သူကေတာ့ Stanley Steamer
Automomobiles မ်ားကိုတီထြင္ခဲ့သူလည္းျဖစ္ပါတယ္။ နာမည္က F.O. Stanleyျဖစ္ပါတယ္။ ဒီဟိုတယ္မွာ
မၾကာခဏဆိုသလို သူတိုု႔လင္မယားရဲ့ဝိညင္ေတြဟာ ခန္းမထဲမွာျဖတ္ေလွ်ာက္ေနတတ္ျပီး တစ္ခါတစ္ေလ စႏၵရား
တီးေနတတ္ၾကပါတယ္။ ဒါ့အျပင္ ဒီဟိုုတယ္မွာ မကြ်တ္မလြတ္ေသးတဲ့ ဝန္ထမ္းေတြလည္း မ်ားစြာရွိေနပါတယ္။
အခန္း ၂၁၇ဆိုရင္ ဘယ္သူမွမသြားရဲပါဘူး။ အဲ့ဒိအခန္းထဲမွာေသသြားတဲ့ဝန္ထမ္းဟာ အခုအခ်ိန္အထိ လာသမွ်
လူတိုုင္းကို ေျခာက္လွန္႔တတ္လို႔ပါ။ တစ္ခါတစ္ေလ သရဲမယံုၾကည္သူမ်ားကေတာ့ ဒီဟိုတယ္မွာ ေလ့လာေရး
အျဖစ္ညလာအိပ္တတ္ၾကျပီး မ်ားေသာအားျဖင့္ ေၾကာက္လန္႔သြားၾကတတ္ၾကပါတယ္။

The 1886 Crescent Hotel & Spa

Eureka Springs, AR

The 1886 Crescent Hotel & Spa

1886ခုႏွစ္မွာတည္ေဆာက္ခဲ့တဲ့ဒီဟိုတယ္ၾကီးဟာ အေမရိကားရဲ့ သမိုုင္းဝင္ဟိုတယ္ၾကီးမ်ားထဲကတစ္ခုျဖစ္ပါတယ္။
ဒီဟိုတယ္ကို အေမရိကန္တစ္နုုိင္ငံလံုးမွာ သရဲအေျခာက္ဆံုးေနရာလို႔ေတာင္ တင္စားၾကပါတယ္။ ဒီဟိုုတယ္ၾကီး
ေဆာက္ျပီးမၾကာမီမွာ ပိုင္ရွင္ဟာ စီးပြားေရးက်ခဲ့လိုု႔ ဟိုတယ္ၾကီးကို ပိတ္ခဲ့ပါတယ္။ ေနာက္ေတာ့ မိန္းကေလးေတြ
တက္တဲ့ ေကာလိပ္အျစဖ္ ၁၉ ၀၈ခုႏွစ္မွာ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ ေနာက္ႏွစ္အနည္းငယ္အၾကာမွာေတာ့ အတု
အေယာင္ ကင္ဆာေရာဂါကုသတဲ့ေနရာအျဖစ္ေျပာင္းလဲခဲ့ပါတယ္။ ေၾကာက္စရာေတြက အဲ့ဒိအခ်ိန္မွာစခဲ့တာပါပဲ။

ေဆးပညာအေျခခံမရွိတဲ့တည္ေထာင္သူ ဟန္ေဆာင္ဆရာဝန္ Dr.Norman baker ဟာ ဒီေဆးရံုကလူနာေတြကို
စမ္းသပ္မႈအျဖစ္အသံုးခ်ခဲ့ပါတယ္။ သူ႕ေၾကာင့္ေသခဲ့သူေတြလည္း မနည္းပါဘူး။ ေနာက္ေတာ့ သူအဖမ္းခံခဲ့ရပါတယ္။
သူဟာ ေဆးရံုေခါင္မိုးကေနေခ်ာ္က်ျပီးေသဆုံးခဲ့ပါတယ္။ သူနာျပဳတစ္ေယာက္လည္း ေသဆံုးခဲ့ပါတယ္။ ထို႕အျပင္
အျခားကင္ဆာေၾကာင့္ ေသဆံုးခဲ့တဲ့သူအခ်ိဳ႕ရယ္ ေကာလိပ္ဖြင့္တုန္းက ကိုုယ့္ကိုုယ္ကိုုသတ္ေသခဲ့တဲ့ ေက်ာင္းသူတစ္
ေယာက္ရယ္ဟာ ဒီေဆးရံုုၾကီးမွာ မကြ်တ္လြတ္ၾကပါဘူး။ ဒီေဆးရံုၾကီးဟာအခုေတာ့ သရဲမယံုုတဲ့လူငယ္ေတြညဘက္
လာစံုုစမ္းတဲ့ေနရာလိုျဖစ္ေနပါတယ္။ ညဘက္မွာ ရင္ခြဲရံုကိုလွည့္လည္ျပသေပးတဲ့ Serviceတစ္ခုလည္းရိွတယ္လုု႔ိ
ဆိုပါတယ္။

Langham Hotel

London, England

Langham Hotel

ဒီဟိုတယ္ၾကီးဟာ အဂၤလန္ရဲ့ပထမဆံုး Grand Hotelၾကီးျဖစ္ျပီး ၾကယ္ငါးပြင့္အဆင့္ရွိပါတယ္။ ဒီဟိုတယ္ၾကီးမွာ
နာမည္ေက်ာ္ေတြျဖစ္တဲ့ Oscar Wilde, Mark Twainတို႕တည္းခိုဖူးပါတယ္။ဒါေပမယ့္ ဟိုတယ္ၾကီးတည္ေဆာက္
ျပီး ၁၄၉ ႏွစ္အၾကာမွာေတာ့ ဂ်ာမန္မင္းသားတစ္ပါးေသဆံုးခဲ့ပါတယ္။ ေနာက္ေတာ့ ဟန္းနီးမြန္းထြက္တဲ့ အတြဲမွာ
လင္ျဖစ္သူက မယားျဖစ္သူကို ဒီဟိုတယ္ၾကီးမွာသတ္ခဲ့ပါတယ္။အဲ့ဒိေနာက္ပိုင္း ဟိုတယ္ၾကီးမွာ အေျခာက္အလွန္႕
ေတြမ်ားလာခဲ့ပါတယ္။ တစ္ခါတစ္ေလ လူအခ်ိိဳ႕ဟာ Napoleon IIIကိုေတာင္ ေတြ႕မိတယ္လို႔ဆိုပါတယ္။ မ်က္ႏွာ
ေပၚမွာ ဓားဒဏ္ရာထက္ျခမ္းကြဲၾကီးနဲ႔လူတစ္ေယာက္ဟာလည္း ညဘက္မွာတစ္ခါတစ္ရံေတြ႕ရတတ္ပါတယ္။ အျခား
ေျခာက္လွန္႕မႈေတြလည္းမ်ားစြာရွိျပီး အခန္း၃၃၃ကိုေတာ့ ဘယ္သူမွမသြားရဲေၾကာင္းသိရပါတယ္။

Source:thrillist

http://www.shwemom.com/3-most-haunted-hotels-in-the-world/

................................................


ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု
By Shwemom -  April 26, 2016 8488


Stanley Hotel

Estes Park, CO

stanley hotel


The Shining ဆိုုတဲ့ စာအုပ်ဖတ်ဖူးလား၊သို့မဟုတ် ရုုပ်ရှင်ရောကြည့်ဖူးလား။ နာမည်ကျော်သရဲဝတ္ထုတွေကိုု
အသက်သွင်းခဲ့သူ Stephen Kingဆိုတဲ့ စာရေးဆရာရဲ့ ကြောက်စရာအကောင်းဆုံးသရဲဝတ္ထုThe Shining
ထဲက ဟိုတယ်ဟာ Stanley Hotelပဲဖြစ်ပါတယ်။ ဒီဟိုတယ်ကိုတည်ထောင်ခဲ့သူကတော့ Stanley Steamer
Automomobiles များကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ နာမည်က F.O. Stanleyဖြစ်ပါတယ်။ ဒီဟိုတယ်မှာ
မကြာခဏဆိုသလို သူတိုု့လင်မယားရဲ့ဝိညင်တွေဟာ ခန်းမထဲမှာဖြတ်လျှောက်နေတတ်ပြီး တစ်ခါတစ်လေ စန္ဒရား
တီးနေတတ်ကြပါတယ်။ ဒါ့အပြင် ဒီဟိုုတယ်မှာ မကျွတ်မလွတ်သေးတဲ့ ဝန်ထမ်းတွေလည်း များစွာရှိနေပါတယ်။
အခန်း ၂၁၇ဆိုရင် ဘယ်သူမှမသွားရဲပါဘူး။ အဲ့ဒိအခန်းထဲမှာသေသွားတဲ့ဝန်ထမ်းဟာ အခုအချိန်အထိ လာသမျှ
လူတိုုင်းကို ခြောက်လှန့်တတ်လို့ပါ။ တစ်ခါတစ်လေ သရဲမယုံကြည်သူများကတော့ ဒီဟိုတယ်မှာ လေ့လာရေး
အဖြစ်ညလာအိပ်တတ်ကြပြီး များသောအားဖြင့် ကြောက်လန့်သွားကြတတ်ကြပါတယ်။

The 1886 Crescent Hotel & Spa

Eureka Springs, AR

The 1886 Crescent Hotel & Spa

1886ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ဒီဟိုတယ်ကြီးဟာ အမေရိကားရဲ့ သမိုုင်းဝင်ဟိုတယ်ကြီးများထဲကတစ်ခုဖြစ်ပါတယ်။
ဒီဟိုတယ်ကို အမေရိကန်တစ်နုုိင်ငံလုံးမှာ သရဲအခြောက်ဆုံးနေရာလို့တောင် တင်စားကြပါတယ်။ ဒီဟိုုတယ်ကြီး
ဆောက်ပြီးမကြာမီမှာ ပိုင်ရှင်ဟာ စီးပွားရေးကျခဲ့လိုု့ ဟိုတယ်ကြီးကို ပိတ်ခဲ့ပါတယ်။ နောက်တော့ မိန်းကလေးတွေ
တက်တဲ့ ကောလိပ်အစြဖ် ၁၉ ၀၈ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်နှစ်အနည်းငယ်အကြာမှာတော့ အတု
အယောင် ကင်ဆာရောဂါကုသတဲ့နေရာအဖြစ်ပြောင်းလဲခဲ့ပါတယ်။ ကြောက်စရာတွေက အဲ့ဒိအချိန်မှာစခဲ့တာပါပဲ။

ဆေးပညာအခြေခံမရှိတဲ့တည်ထောင်သူ ဟန်ဆောင်ဆရာဝန် Dr.Norman baker ဟာ ဒီဆေးရုံကလူနာတွေကို
စမ်းသပ်မှုအဖြစ်အသုံးချခဲ့ပါတယ်။ သူ့ကြောင့်သေခဲ့သူတွေလည်း မနည်းပါဘူး။ နောက်တော့ သူအဖမ်းခံခဲ့ရပါတယ်။
သူဟာ ဆေးရုံခေါင်မိုးကနေချော်ကျပြီးသေဆုံးခဲ့ပါတယ်။ သူနာပြုတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ထို့အပြင်
အခြားကင်ဆာကြောင့် သေဆုံးခဲ့တဲ့သူအချို့ရယ် ကောလိပ်ဖွင့်တုန်းက ကိုုယ့်ကိုုယ်ကိုုသတ်သေခဲ့တဲ့ ကျောင်းသူတစ်
ယောက်ရယ်ဟာ ဒီဆေးရုုံကြီးမှာ မကျွတ်လွတ်ကြပါဘူး။ ဒီဆေးရုံကြီးဟာအခုတော့ သရဲမယုံုတဲ့လူငယ်တွေညဘက်
လာစုံုစမ်းတဲ့နေရာလိုဖြစ်နေပါတယ်။ ညဘက်မှာ ရင်ခွဲရုံကိုလှည့်လည်ပြသပေးတဲ့ Serviceတစ်ခုလည်းရှိတယ်လုု့ိ
ဆိုပါတယ်။

Langham Hotel

London, England

Langham Hotel

ဒီဟိုတယ်ကြီးဟာ အင်္ဂလန်ရဲ့ပထမဆုံး Grand Hotelကြီးဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိပါတယ်။ ဒီဟိုတယ်ကြီးမှာ
နာမည်ကျော်တွေဖြစ်တဲ့ Oscar Wilde, Mark Twainတို့တည်းခိုဖူးပါတယ်။ဒါပေမယ့် ဟိုတယ်ကြီးတည်ဆောက်
ပြီး ၁၄၉ နှစ်အကြာမှာတော့ ဂျာမန်မင်းသားတစ်ပါးသေဆုံးခဲ့ပါတယ်။ နောက်တော့ ဟန်းနီးမွန်းထွက်တဲ့ အတွဲမှာ
လင်ဖြစ်သူက မယားဖြစ်သူကို ဒီဟိုတယ်ကြီးမှာသတ်ခဲ့ပါတယ်။အဲ့ဒိနောက်ပိုင်း ဟိုတယ်ကြီးမှာ အခြောက်အလှန့်
တွေများလာခဲ့ပါတယ်။ တစ်ခါတစ်လေ လူအချိို့ဟာ Napoleon IIIကိုတောင် တွေ့မိတယ်လို့ဆိုပါတယ်။ မျက်နှာ
ပေါ်မှာ ဓားဒဏ်ရာထက်ခြမ်းကွဲကြီးနဲ့လူတစ်ယောက်ဟာလည်း ညဘက်မှာတစ်ခါတစ်ရံတွေ့ရတတ်ပါတယ်။ အခြား
ခြောက်လှန့်မှုတွေလည်းများစွာရှိပြီး အခန်း၃၃၃ကိုတော့ ဘယ်သူမှမသွားရဲကြောင်းသိရပါတယ်။

Source:thrillist

http://www.shwemom.com/3-most-haunted-hotels-in-the-world/

No comments:

Post a Comment