Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 27, 2016

သစ္ ေတာ မ်ား ျပဳန္း တီး လာ ျခင္း ေၾကာင္႕ ယ ခု ႏွစ္ အ တြင္း ကြၽန္းသစ္ ထုတ္လုပ္မႈ ရပ္ဆိုင္း ထားမည္



ရန္ကုန္ ဧၿပီ ၂၆

သစ္ေတာမ်ား ျပဳန္းတီးလာျခင္းေၾကာင့္ ယခုႏွစ္အတြင္း ကြၽန္းသစ္ထုတ္လုပ္မႈ ရပ္ ဆိုင္းထားမည္ျဖစ္ၿပီး တျခားသစ္မာ ထုတ္လုပ္မႈမ်ားကိုလည္း ယခင္က ထုတ္ယူထားၿပီးေသာ ျပည္တြင္း လက္က်န္စာရင္းမ်ားကို စိစစ္ကာ ျပည္တြင္း လိုအပ္ခ်က္အရသာ ထုတ္ယူသြားမည္ ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန သစ္ေတာဦးစီးဌာနမွ သိရသည္။

တရားမဝင္ခုတ္ယူမႈ ပမာဏျမင့္မားေနျခင္းေၾကာင့္ ကြၽန္းသစ္အေရအတြက္ ေလ်ာ့ နည္းလာရာ ယခုႏွစ္မွစ၍ ကြၽန္းသစ္ကို လုံးဝထုတ္ယူျခင္း မရွိသည္အထိ ရပ္ဆိုင္းႏိုင္ရန္ စီစဥ္ေဆာင္ရြက္သြားမည္ ျဖစ္သည္။

ထိုသို႔မျပဳလုပ္ပါက သစ္ေတာမ်ား လုံးဝျပဳန္းတီးသြားႏိုင္ဖြယ္ ရွိေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန သစ္ေတာဦးစီးဌာနမွ တာဝန္ရွိသူတစ္ ဦးကေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ သစ္ေတာမ်ား၌ အမ်ဳိးအစား ေကာင္းမြန္သည့္ ကြၽန္းသစ္အေရအတြက္မွာ အလြန္ေလ်ာ့နည္းေနသည့္အတြက္ အခ်ိန္မီျပန္လည္ ျပဳစုထိန္းသိမ္းသည့္ လုပ္ငန္းမ်ားကို ပထမ ဦးစားေပးအဆင့္အျဖစ္ ပဲခူး႐ိုးမေဒသ၌ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ သစ္ေတာဖုံးလႊမ္းမႈ ဧရိယာမွာ ၁၉၉ဝ ျပည့္ႏွစ္တြင္ ၅၇ ရာခိုင္ႏႈန္းေက်ာ္ ရွိရာမွ ၂ဝ၁၅ ခုႏွစ္တြင္ ၄၅ ရာခိုင္ႏႈန္းသာ က်န္ရွိေတာ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ျမ၀တီ
https://www.facebook.com/mwdmedia

.........................................




ရန်ကုန် ဧပြီ ၂၆

သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ယခုနှစ်အတွင်း ကျွန်းသစ်ထုတ်လုပ်မှု ရပ် ဆိုင်းထားမည်ဖြစ်ပြီး တခြားသစ်မာ ထုတ်လုပ်မှုများကိုလည်း ယခင်က ထုတ်ယူထားပြီးသော ပြည်တွင်း လက်ကျန်စာရင်းများကို စိစစ်ကာ ပြည်တွင်း လိုအပ်ချက်အရသာ ထုတ်ယူသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။

တရားမဝင်ခုတ်ယူမှု ပမာဏမြင့်မားနေခြင်းကြောင့် ကျွန်းသစ်အရေအတွက် လျော့ နည်းလာရာ ယခုနှစ်မှစ၍ ကျွန်းသစ်ကို လုံးဝထုတ်ယူခြင်း မရှိသည်အထိ ရပ်ဆိုင်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့မပြုလုပ်ပါက သစ်တောများ လုံးဝပြုန်းတီးသွားနိုင်ဖွယ် ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ သစ်တောများ၌ အမျိုးအစား ကောင်းမွန်သည့် ကျွန်းသစ်အရေအတွက်မှာ အလွန်လျော့နည်းနေသည့်အတွက် အချိန်မီပြန်လည် ပြုစုထိန်းသိမ်းသည့် လုပ်ငန်းများကို ပထမ ဦးစားပေးအဆင့်အဖြစ် ပဲခူးရိုးမဒေသ၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၁၉၉ဝ ပြည့်နှစ်တွင် ၅၇ ရာခိုင်နှုန်းကျော် ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မြဝတီ
https://www.facebook.com/mwdmedia

No comments:

Post a Comment