Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 27, 2016

တရား မ ဝင္ ေရႊ တူး ေဖာ္ ရာ တြင္ အသံုးျပဳသည့္ ဘက္ဟိုးယာဥ္မ်ား ပိုင္ရွင္မဲ့ သိမ္းဆည္း ရမိ


ေနျပည္ေတာ္ ဧၿပီ ၂၆

စစ္ကိုင္းတိုင္း ေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕ နယ္အတြင္း တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္စဥ္ ဧၿပီ ၂၅ရက္ နံနက္ႏွင့္ ေန႔လယ္ပိုင္းတို႔တြင္ မံထံုေက်း ရြာတစ္ဝိုက္၌ တရားမဝင္ ေရႊတူးေဖာ္ရာတြင္ အသံုးျပဳေသာ VOLVO အမ်ဳိးအစား ဘက္ဟိုး ေျမတူးယာဥ္တစ္စီး၊ SANY အမ်ဳိးအစား ဘက္ဟိုးေျမတူးယာဥ္ တစ္စီးႏွင့္ HYUNDAI အမ်ဳိးအစား ဘက္ဟိုး ေျမတူးယာဥ္ တစ္စီးတို႔ကို ပိုင္ရွင္မဲ့ သိမ္းဆည္း ရမိခဲ့သည္။

အဆိုပါ ဖမ္းဆီးရမိ ဘက္ဟိုးယာဥ္မ်ားအား မံထံုေက်းရြာ ရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

ျမ၀တီ
https://www.facebook.com/mwdmedia

.............................


နေပြည်တော် ဧပြီ ၂၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့ နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဧပြီ ၂၅ရက် နံနက်နှင့် နေ့လယ်ပိုင်းတို့တွင် မံထုံကျေး ရွာတစ်ဝိုက်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသော VOLVO အမျိုးအစား ဘက်ဟိုး မြေတူးယာဉ်တစ်စီး၊ SANY အမျိုးအစား ဘက်ဟိုးမြေတူးယာဉ် တစ်စီးနှင့် HYUNDAI အမျိုးအစား ဘက်ဟိုး မြေတူးယာဉ် တစ်စီးတို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘက်ဟိုးယာဉ်များအား မံထုံကျေးရွာ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြဝတီ
https://www.facebook.com/mwdmedia

No comments:

Post a Comment