နှစ်ပေါင်း ၂၀ ကျော်ခန့် ရပ်နားထားသည့် ကနေဒါ ပညာသင်ဆုများ ပြန်ပေးရန် သမ္မတတောင်းဆို


၇..၄..၁၆

ယနေ့(ဧပြီလ ၇ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အချက် (၄)ချက်ကိုအဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးမှ သတင်းရရှိသည်။




7Day
................
"နှစ်ပေါင်း ၂၀ ကျော်ခန့် ရပ်နားထားသည့် ကနေဒါ ပညာသင်ဆုများ ပြန်ပေးရန် သမ္မတတောင်းဆို "

၇..၄..၁၆

သမ္မတနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဦး ဆောင်သည့်အဖွဲ့တို့
ယနေ့(ဧပြီလ ရ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အချက် (၄)ချက်ကိုအဓိကထား ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးမှ သတင်းရရှိသည်။

နှစ်ပေါင်း ၂၀ ကျော်ခန့် ရပ်နားထားသည့် ကနေဒါနိုင်ငံ၏ ပညာသင်ဆုများကို ပြန်ပေးရန် သမ္မတက တောင်းဆိုခဲ့ပြီး ကနေဒါဘက်ကလည်း ညှိနှိုင်းဆောင်းရွက်သွားမည်ဖြစ်ကြောင်း သဘောတူသည်ဟု ဆိုသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရာသီဥတုပြောင်းလဲ လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်တို့ တက်ရောက်ခဲ့သည်။

7Day
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)