Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

တုိင္းနဲ႔ျပည္နယ္ ၀န္ႀကီးခ်ဳပ္ရာထူးေတြ ခန္႔အပ္မႈ ေ၀ဖန္ခံရ


NLD အမ်ဳိးသားဒီိမုိကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရ ၀န္ႀကီးေတြ ေရြးခ်ယ္ရာမွာ ပြင့္လင္းျမင္သာမႈ မ႐ွိသလို၊ တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႔ဆက္ဆံမႈ အားနည္းေနေသးတယ္လို႔ ႏုိင္ငံေရးေလ့လာသူေတြက ေ၀ဖန္လိုက္ပါတယ္။

ျပည္သူအမ်ားစုက ေရြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ NLD ပါတီဟာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိေနၿပီး တုိင္းရင္းသားေဒသေတြ တုိးတက္လာေအာင္ ဘယ္လို ခ်ဥ္းကပ္လုပ္သြားမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္လို႔ တိုင္းရင္းသားေခါင္းေဆာင္တဦးကလည္း ေထာက္ျပလုိက္ပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ႏုိင္ငံေတာ္သမၼတ႐ုံးရဲ႕ထုတ္ျပန္ခ်က္အရ တိုင္းနဲ႔ျပည္နယ္ ေဒသႀကီးအစိုးရအဖြဲ႔ရဲ႕ ၀န္ႀကီးအဖြဲ႔ အမည္စာရင္း အေတာ္မ်ားမ်ား ထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ ႏုိင္ငံေရးပါတီက မဟုတ္တဲ့ ျပင္ပပညာရွင္ေတြ၊ တိုင္းရင္းသားပါတီက ကုိယ္စားလွယ္ေတြနဲ႔ ၈၈ မ်ဳိးဆက္ ႏုိင္ငံေရးလႈပ္ရွားသူ တခ်ဳိ႕လည္း ၀န္ႀကီးအဖြဲ႔ထဲ ပါ၀င္လာၾကပါတယ္။ ဒီလို ၀န္ႀကီးေတြကို အမ်ဳိးသားဒီိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက ေရြးခ်ယ္ရာမွာ ပြင့္လင္း ျမင္သာမႈ မ႐ွိဘူးလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ဳိးသိမ္းက ဆုိပါတယ္။

“တိုင္းေဒသႀကီးနဲ႔ ျပည္နယ္၀န္ႀကီးေတြကို ေရြးခ်ယ္တဲ့ေနရာမွာ သိပ္ၿပီးေတာ့ ပြင့္လင္းျမင္သာမႈေတာ့ မရွိဘူး။ အမ်ားစုက နီးစပ္ပတ္သက္မႈနဲ႔ လက္သင့္ရာ စေပၚေခၚတ့ဲသေဘာေတာ့ ေတြ႔ရတယ္။ ဥပမာ - ျပင္ပက ပညာရွင္ေတြကို ၀န္ႀကီးအဖြဲ႔ထဲမွာ ေခၚယူထည့္သြင္းတဲ့ေနရာမွာလည္းပဲ အဲဒီပညာရွင္ေတြကို ဘယ္လို စံႏႈန္း သတ္မွတ္ခ်က္ေတြနဲ႔ ေရြးခ်ယ္ခဲ့တယ္ဆုိတာကို တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ ၀န္ႀကီးေတြ ကိုယ္တုိင္ေရာ ရွင္းရွင္းလင္းလင္း သိပံုမရဘူး။ ဒါေပမဲ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ေနာက္ၿပီးေတာ့ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္၀န္ႀကီးအမ်ားစု ကေတာ့ လုပ္ရည္ကိုင္ရည္ရွိတဲ့ ပုဂၢိဳလ္ေတြ အမ်ားစုလို႔ေတာ့ သံုးသပ္လို႔ရတယ္။”

ရခိုင္အမ်ဳိးသားပါတီ ANP ေခါင္းေဆာင္တဦးျဖစ္သူ ဦးေဇာ္ေအးေမာင္ဟာ ရန္ကုန္တုိင္းအစိုးရအဖြဲ႔ထဲမွာ ရခိုင္တုိင္းရင္းသားေရးရာ၀န္ႀကီးအျဖစ္ ျပန္လည္ အေရြးခ်ယ္ခံရသူ ျဖစ္ပါတယ္။ လူအမ်ားစုက တင္ေျမႇာက္လိုက္တဲ့ NLD ပါတီအစုိးရမွာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိေနတယ္ ဆိုေပမဲ့ တုိင္းရင္းသားေဒသ တုိးတက္ဖြံ႔ၿဖဳိးေရးကို ဘယ္လို ခ်ဥ္းကပ္ လုပ္သြားမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

“NLD ပါတီကလည္း သူ႔မွာလည္း စိန္ေခၚမႈေတြ အမ်ားႀကီးရွိတယ္။ တုိင္းျပည္ဆင္းရဲမြဲေတေနတာကို အရင္ဆံုး ထူေထာင္ရမယ္။ အက်င့္ပ်က္ျခစားေနတာ ႏွစ္ေပါင္းမ်ားစြာ ဒါေတြကို လုပ္ဖို႔အတြက္က သူ႔မွာလည္း အားလိုတယ္။ အားလိုေတာ့ သူလည္းပဲ သူ႔ရဲ႕ Capacity, သူ႔ရဲ႕ Institution ေတြ ခိုင္မာေအာင္ လုပ္ရမယ္။ သူ႔ရဲ႕ ပလက္ေဖာင္းကို ခိုင္မာေအာင္ တည္ေဆာက္ရတာ ျဖစ္တဲ့အတြက္ က်ေနာ့္အေနနဲ႔ ဘာမွေတာ့ မွားတယ္၊ မွန္တယ္ မေ၀ဖန္လိုဘူး။ အခုလာမယ့္ အခင္းအက်င္းမွာ သူတုိ႔ရဲ႕ ေဆာင္ရြက္ခ်က္ကိုပဲ ၾကည့္ရမွာ။ တုိင္းရင္းသားေတြအေပၚမွာ ဘယ္လိုမ်ိဳး ဆက္ဆံသြားမလဲ။ ဘယ္လိုမ်ိဳး ရခိုင္ေဒသဖြံ႔ၿဖိဳးတိုးတက္ေအာင္ ဘယ္လုိမ်ိဳး လုပ္ေပးသြားမလဲ။ ရခိုင္ေဒသမွာ power sharing, resource sharing ေတြ ဘယ္လိုဘယ္လိုမ်ိဳး လုပ္သြားမလဲဆုိတာကိုပဲ က်ေနာ္တုိ႔ ဒါ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။”

လက္႐ွိေရြးခ်ယ္ထားတဲ့ တိုင္းနဲ႔ ျပည္နယ္အစိုးရအဖြဲ႔ထဲမွာ တိုင္းရင္းသားပါတီက ကုိယ္စားလွယ္ေတြ ပါတယ္ဆိုေပမဲ့ လက္ေတြ႔မွာေတာ့ NLD ပါတီဟာ တိုင္းရင္းသားပါတီေတြနဲ႔ ထိေတြ႔ဆက္ဆံမႈ အားနည္းေနေၾကာင္း ေဒါက္တာရန္မ်ဳိးသိမ္းက ေထာက္ျပပါတယ္။

“ျပည္နယ္အစိုးရအဖြဲ႔ေတြမွာ သူက တုိင္းရင္းသားလူမ်ိဳးစုေပါ့ေလ ဥပမာ - NLD ပါတီထဲကလည္း ျဖစ္ခ်င္ျဖစ္မယ္။ တုိင္းရင္းသားပါတီထဲကလည္း ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီလို ပုဂၢိဳလ္မ်ိဳးေတြကို ေနရာေပးတာေတာ့ ေတြ႔ရပါတယ္။ အဲဒီ NLD ပါတီက ေရြးခ်ယ္တဲ့ တုိင္းရင္းသား ကိုယ္စားလွယ္ေတြရဲ႕ အမ်ားစုကေတာ့ အ႐ႈပ္အရွင္းနဲပါးတဲ့ ပုဂၢိဳလ္ေတြျဖစ္ေနကိုေတာ့ ေတြ႔ရတယ္။ တကယ္တမ္းကေတာ့ NLD ပါတီအေနနဲ႔ တုိင္းရင္းသားႏုိ္င္ငံေရးပါတီေတြနဲ႔ ထိေတြ႔ ဆက္ဆံမႈအပိုင္းကို ၾကည့္မယ္ဆုိရင္ေတာ့ လက္ရွိ အေျခအေနမွာ အားရစရာ နဲတယ္လို႔ ေျပာလို႔ရတယ္။ အဲေတာ့ လာမယ့္ ၅ ႏွစ္အတြင္းမွာ NLD ပါတီအေနနဲ႔ ဒီထက္ပိုမို ထိေတြ႔ၿပီးေတာ့ ယံုၾကည္မႈ၊ နားလည္မႈ တည္ေဆာက္ႏုိင္ဖို႔ လိုအပ္ေနတုန္းပဲလို႔ ေျပာလို႔ရတယ္ဗ်။”

တခ်ဳိ႕ျပည္နယ္အစိုးရထဲမွာေတာ့ ေဒသခံတုိင္းရင္းသားပါတီရဲ႕ကို္ယ္စားလွယ္ေတြကို ၀န္ႀကီးအျဖစ္ ခန္႔အပ္မႈ နည္းပါးတဲ့အေပၚ ေ၀ဖန္မႈေတြ ထြက္ေပၚေနဆဲ ျဖစ္ပါတယ္။ ရခုိင္ျပည္နယ္အစိုးရမွာ ၀န္ႀကီးဌာန ၇ ခုအတြက္ ၀န္ႀကီးအမည္စာရင္း တင္သြင္းရာမွာ ေဒသခံ ရခိုင္အမ်ဳိးသားပါတီ ANP ရဲ႕ ကိုယ္စားလွယ္တဦးသာ ၀န္ႀကီးအမည္စာရင္းထဲ ပါလာတာေတြ႔ရပါတယ္။ NLD ပါတီအစုိးရကေတာ့ အစိုးရအသုံးစရိတ္ ျဖတ္ေတာက္တဲ့အေနနဲ႔ ဧရာ၀တီတုိင္းမွာေတာ့ အရင္က ဝန္ႀကီးဌာန ၁၃ ခုရွိခဲ့ရာက အခုေတာ့ ၀န္ႀကီးဌာန ၁၀ ခုသာ ထားရွိမွာျဖစ္ပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.......................................


NLD အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၀န်ကြီးတွေ ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိသလို၊ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းနေသေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။

ပြည်သူအများစုက ရွေးချယ်တင်မြှောက်လိုက်တဲ့ NLD ပါတီဟာ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး တိုင်းရင်းသားဒေသတွေ တိုးတက်လာအောင် ဘယ်လို ချဉ်းကပ်လုပ်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးကလည်း ထောက်ပြလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ် ဒေသကြီးအစိုးရအဖွဲ့ရဲ့ ၀န်ကြီးအဖွဲ့ အမည်စာရင်း အတော်များများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီက မဟုတ်တဲ့ ပြင်ပပညာရှင်တွေ၊ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ တချို့လည်း ၀န်ကြီးအဖွဲ့ထဲ ပါ၀င်လာကြပါတယ်။ ဒီလို ၀န်ကြီးတွေကို အမျိုးသားဒီိကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ရာမှာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေကို ရွေးချယ်တဲ့နေရာမှာ သိပ်ပြီးတော့ ပွင့်လင်းမြင်သာမှုတော့ မရှိဘူး။ အများစုက နီးစပ်ပတ်သက်မှုနဲ့ လက်သင့်ရာ စပေါ်ခေါ်တဲ့သဘောတော့ တွေ့ရတယ်။ ဥပမာ - ပြင်ပက ပညာရှင်တွေကို ၀န်ကြီးအဖွဲ့ထဲမှာ ခေါ်ယူထည့်သွင်းတဲ့နေရာမှာလည်းပဲ အဲဒီပညာရှင်တွေကို ဘယ်လို စံနှုန်း သတ်မှတ်ချက်တွေနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာကို တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေရော ၀န်ကြီးတွေ ကိုယ်တိုင်ရော ရှင်းရှင်းလင်းလင်း သိပုံမရဘူး။ ဒါပေမဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ နောက်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးအများစု ကတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများစုလို့တော့ သုံးသပ်လို့ရတယ်။”

ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်သူ ဦးဇော်အေးမောင်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ပြန်လည် အရွေးချယ်ခံရသူ ဖြစ်ပါတယ်။ လူအများစုက တင်မြှောက်လိုက်တဲ့ NLD ပါတီအစိုးရမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ် ဆိုပေမဲ့ တိုင်းရင်းသားဒေသ တိုးတက်ဖွံ့ဖြိုးရေးကို ဘယ်လို ချဉ်းကပ် လုပ်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“NLD ပါတီကလည်း သူ့မှာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ တိုင်းပြည်ဆင်းရဲမွဲတေနေတာကို အရင်ဆုံး ထူထောင်ရမယ်။ အကျင့်ပျက်ခြစားနေတာ နှစ်ပေါင်းများစွာ ဒါတွေကို လုပ်ဖို့အတွက်က သူ့မှာလည်း အားလိုတယ်။ အားလိုတော့ သူလည်းပဲ သူ့ရဲ့ Capacity, သူ့ရဲ့ Institution တွေ ခိုင်မာအောင် လုပ်ရမယ်။ သူ့ရဲ့ ပလက်ဖောင်းကို ခိုင်မာအောင် တည်ဆောက်ရတာ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဘာမှတော့ မှားတယ်၊ မှန်တယ် မဝေဖန်လိုဘူး။ အခုလာမယ့် အခင်းအကျင်းမှာ သူတို့ရဲ့ ဆောင်ရွက်ချက်ကိုပဲ ကြည့်ရမှာ။ တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လိုမျိုး ဆက်ဆံသွားမလဲ။ ဘယ်လိုမျိုး ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမျိုး လုပ်ပေးသွားမလဲ။ ရခိုင်ဒေသမှာ power sharing, resource sharing တွေ ဘယ်လိုဘယ်လိုမျိုး လုပ်သွားမလဲဆိုတာကိုပဲ ကျနော်တို့ ဒါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

လက်ရှိရွေးချယ်ထားတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းနေကြောင်း ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

“ပြည်နယ်အစိုးရအဖွဲ့တွေမှာ သူက တိုင်းရင်းသားလူမျိုးစုပေါ့လေ ဥပမာ - NLD ပါတီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ တိုင်းရင်းသားပါတီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို နေရာပေးတာတော့ တွေ့ရပါတယ်။ အဲဒီ NLD ပါတီက ရွေးချယ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ အများစုကတော့ အရှုပ်အရှင်းနဲပါးတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေကိုတော့ တွေ့ရတယ်။ တကယ်တမ်းကတော့ NLD ပါတီအနေနဲ့ တိုင်းရင်းသားနို်င်ငံရေးပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ လက်ရှိ အခြေအနေမှာ အားရစရာ နဲတယ်လို့ ပြောလို့ရတယ်။ အဲတော့ လာမယ့် ၅ နှစ်အတွင်းမှာ NLD ပါတီအနေနဲ့ ဒီထက်ပိုမို ထိတွေ့ပြီးတော့ ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်ဖို့ လိုအပ်နေတုန်းပဲလို့ ပြောလို့ရတယ်ဗျ။”

တချို့ပြည်နယ်အစိုးရထဲမှာတော့ ဒေသခံတိုင်းရင်းသားပါတီရဲ့ကို်ယ်စားလှယ်တွေကို ၀န်ကြီးအဖြစ် ခန့်အပ်မှု နည်းပါးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရမှာ ၀န်ကြီးဌာန ရ ခုအတွက် ၀န်ကြီးအမည်စာရင်း တင်သွင်းရာမှာ ဒေသခံ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကိုယ်စားလှယ်တဦးသာ ၀န်ကြီးအမည်စာရင်းထဲ ပါလာတာတွေ့ရပါတယ်။ NLD ပါတီအစိုးရကတော့ အစိုးရအသုံးစရိတ် ဖြတ်တောက်တဲ့အနေနဲ့ ဧရာဝတီတိုင်းမှာတော့ အရင်က ဝန်ကြီးဌာန ၁၃ ခုရှိခဲ့ရာက အခုတော့ ၀န်ကြီးဌာန ၁၀ ခုသာ ထားရှိမှာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment