Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

နိုင္ငံေရးအမွုေတြ ျပန္႐ုတ္သိမ္းဖို႔ တနိုင္ငံလုံး အႏွံ့ လုပ္ေနၿပီ

 ဥေပဒ ပုဒ္မ ၁၈ နဲ႔ တရားစြဲ ခံထားရသူေတြ၊ ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲ ခံထားရသူ ေတြ အၾကဳံးဝင္မွာ ျဖစ္။
ေဒၚေအာင္ဆန္းစုၾကည္က နိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ရာထူးကို သုံးစြဲၿပီး ေျပာဆို ညႊန္ၾကား ထားတဲ့ အတိုင္း နိုင္ငံေရး အမွုေတြ အျဖစ္ အၾကဳံးဝင္မယ့္ အမွု ကိစၥ အားလုံးကို ေရွ႕ဆက္ မသြား ေတာ့ပဲ အမွု ျပန္လည္ ႐ုတ္သိမ္း နိုင္ေအာင္ တတိုင္းျပည္လုံး အတိုင္းအတာ အေနနဲ႔ စတင္ စိစစ္ ေဆာင္ရြက္ ေနၿပီ ျဖစ္ပါတယ္။

ျပစ္မွု ဥပေဒ က်င့္ထုံး ၄၉၄ နဲ႔ အညီ အမွုေတြ ကို ျပန္လည္ ႐ုတ္သိမ္း နိုင္ေအာင္ အမွု အမ်ားစု မွာ တရားလို ျဖစ္ေနတဲ့ ရဲ တပ္ဖြဲ႕ အပါအဝင္၊ သက္ဆိုင္ရာ တရားစြဲ အစိုးရ ေရွ႕ေန ေတြ၊ ေဒသခံ အေထြေထြ အုပ္ခ်ဳပ္ေရး အဖြဲ႕ ေတြ ညႇိႏွိုင္း ၿပီး ေဆာင္ရြက္ ၾကမွာ ျဖစ္တယ္ လို႔ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ မွုခင္းဌာန ညႊန္ၾကားေရးမွူး ရဲမွူးႀကီးထြန္းမင္း က ဘီဘီစီကို ေျပာပါတယ္။

ခြင့္ျပဳခ်က္ မေတာင္းခံပဲ ဆႏၵျပလို႔ ဆိုၿပီး ၿငိမ္းစုစည္း ဥေပဒ ပုဒ္မ ၁၈ နဲ႔ တရားစြဲ ခံထားရသူေတြ၊ ရပ္ရြာ ေအးခ်မ္းသာယာ ေရးကို ပ်က္စီး ေစလို႔ ဆိုၿပီး ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲ ခံထားရသူ ေတြ စသျဖင့္ နိုင္ငံေရး အမွု လို႔ သတ္မွတ္နိုင္တဲ့ အမွု ကိစၥေတြ အၾကဳံးဝင္မွာ ျဖစ္တယ္လို႔ ရဲမွူးႀကီး ထြန္းမင္း က ဆိုပါတယ္။

႐ုံးျပန္ဖြင့္မယ့္ ၾကာသာပေတး ေန႔ ဧၿပီလ ၂၁ ရက္ က စၿပီး တရား႐ုံး ႐ုံးခ်ိန္း ရွိတဲ့ အမွု ကိစၥေတြ ကို အမွု ႐ုတ္သိမ္း တဲ့ လုပ္ငန္းစဥ္ ေတြ လုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္ အတိတက် မေျပာနိုင္ ေသးေပမယ့္ အမွုေပါင္း ရာေက်ာ္ ႐ုတ္သိမ္း ေပးလာ နိုင္ၿပီး၊ ဧၿပီလ အကုန္ ထဲမွာပဲ အမွု အကုန္ ၿပီးျပတ္ သြား နိုင္တယ္လို႔ ရဲမွူးႀကီး ထြန္းမင္း က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


 ဥပေဒ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ အကြုံးဝင်မှာ ဖြစ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးကို သုံးစွဲပြီး ပြောဆို ညွှန်ကြား ထားတဲ့ အတိုင်း နိုင်ငံရေး အမှုတွေ အဖြစ် အကြုံးဝင်မယ့် အမှု ကိစ္စ အားလုံးကို ရှေ့ဆက် မသွား တော့ပဲ အမှု ပြန်လည် ရုတ်သိမ်း နိုင်အောင် တတိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ စတင် စိစစ် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

ပြစ်မှု ဥပဒေ ကျင့်ထုံး ၄၉၄ နဲ့ အညီ အမှုတွေ ကို ပြန်လည် ရုတ်သိမ်း နိုင်အောင် အမှု အများစု မှာ တရားလို ဖြစ်နေတဲ့ ရဲ တပ်ဖွဲ့ အပါအဝင်၊ သက်ဆိုင်ရာ တရားစွဲ အစိုးရ ရှေ့နေ တွေ၊ ဒေသခံ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ တွေ ညှိနှိုင်း ပြီး ဆောင်ရွက် ကြမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးထွန်းမင်း က ဘီဘီစီကို ပြောပါတယ်။

ခွင့်ပြုချက် မတောင်းခံပဲ ဆန္ဒပြလို့ ဆိုပြီး ငြိမ်းစုစည်း ဥပေဒ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ရပ်ရွာ အေးချမ်းသာယာ ရေးကို ပျက်စီး စေလို့ ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ စသဖြင့် နိုင်ငံရေး အမှု လို့ သတ်မှတ်နိုင်တဲ့ အမှု ကိစ္စတွေ အကြုံးဝင်မှာ ဖြစ်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ဆိုပါတယ်။

ရုံးပြန်ဖွင့်မယ့် ကြာသာပတေး နေ့ ဧပြီလ ၂၁ ရက် က စပြီး တရားရုံး ရုံးချိန်း ရှိတဲ့ အမှု ကိစ္စတွေ ကို အမှု ရုတ်သိမ်း တဲ့ လုပ်ငန်းစဉ် တွေ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

လောလောဆယ် အတိတကျ မပြောနိုင် သေးပေမယ့် အမှုပေါင်း ရာကျော် ရုတ်သိမ်း ပေးလာ နိုင်ပြီး၊ ဧပြီလ အကုန် ထဲမှာပဲ အမှု အကုန် ပြီးပြတ် သွား နိုင်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment