Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 19, 2016

နိုင္က်ဥ္းတခ်ိဳ႕ ဘာ့ေၾကာင့္ မလြတ္ေသးသလဲ


 နိုင္က်ဥ္း ေက်ာင္းသားေတြ လြတ္ေျမာက္
ဦးထင္ေက်ာ္ အစိုးရသစ္ လက္ထက္ မွာ နိုင္ငံေရး အက်ဥ္းသား ေတာ္ေတာ္မ်ားမ်ားကို သၾကၤန္အႀကိဳနဲ႔ ႏွစ္ဆန္းတရက္ေန႔ေတြမွာ လႊတ္ေပးခဲ့ ပါတယ္။

ဒါေပမယ့္ မလြတ္ေျမာက္ေသးသူေတြလည္း ရွိေနပါတယ္။ ဘာ့ေၾကာင့္ မလြတ္ေျမာက္ေသးဘဲ က်န္ေနၾကပါသလဲ။

ဦးထင္ေက်ာ္ အစိုးရက နိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးရာမွာ နည္းလမ္း ႏွစ္သြယ္ကို အသုံးျပဳခဲ့ပါတယ္။

ပထမတနည္းကေတာ့ အမွု စစ္ေဆးဆဲသူေတြကို နိုင္ငံေတာ္ အစိုးရက အမွု ႐ုပ္သိမ္းၿပီး လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒုတိယ တနည္းကေတာ့ ေထာင္ဒဏ္ခ်မွတ္ ၿပီးသူေတြကို သမၼတရဲ့ လုပ္ပိုင္ခြင့္နဲ႔ အျပစ္လြတ္ၿငိမ္းခြင့္ ေပးခဲ့တာ ျဖစ္ပါတယ္။

ပထမ နည္းအရ အမွု မၿပီးျပတ္ေသးသူေတြကို လႊတ္ေပးရာမွာ ျမင္းၿခံ ဒီဂရီ ေကာလိပ္မွာ အလံခ်အမွုနဲ႔ စြဲဆိုခံထားရတဲ့ ကိုစိုးလွိုင္၊ ကိုဇင္ကိုသန္႔၊ ကဗ်ာေရးသားမွုရာမွာ သမၼတ ဦးသိန္းစိန္ကို အသေရဖ်က္တယ္ဆိုၿပီး တရားစြဲဆိုခံထားရတဲ့ ကဗ်ာဆရာ ေမာင္ေဆာင္းခ၊ တရားမဝင္ နယ္စပ္ ျဖတ္ေက်ာ္မွုနဲ႔ အစြဲဆိုခံရသူ ကိုညီညီလြင္ ေခၚ ဦးဂမၻီရတို႔ မလြတ္ေျမာက္ေသးဘဲ က်န္ေနပါတယ္။

ျပစ္ဒဏ္ ခ်မွတ္ ခံထားရၿပီး သူေတြထဲမွာလည္း သတင္းေပါက္ၾကားမွုနဲ႔ စတင္ အဖမ္းခံထားရၿပီး အခုအခါ အီလက္ထေရာနစ္ ပုဒ္မနဲ႔ အဖမ္းခံ ထားရဆဲ ျဖစ္တဲ့ ဗိုလ္မွူးဝင္းနိုင္ေက်ာ္၊ မတရားအသင္း ပုဒ္မနဲ႔ အစြပ္စြဲ ခံရသူ ဘာသာေပါင္းစုံ သင့္ျမတ္ေရး ေဆာင္ရြက္တဲ့ ကိုေဇာ္ေဇာ္လတ္၊ မပြင့္ျဖဴလတ္ တို႔ မလြတ္ေျမာက္ ေသးဘဲ က်န္ေနပါတယ္။

အလံမွုနဲ႔ စြဲဆိုခံထားရသူ ကိုစိုးလွိုင္ ၊ ကိုဇင္ကိုသန္႔တို႔ အမွုမွာ တရားလို ျဖစ္သူ ျမင္းၿခံဒီဂရီ ေကာလိပ္ ေက်ာင္းအုပ္ႀကီးေဟာင္း ဦးကိုကိုျမင့္က အမွု လာေရာက္ မ႐ုပ္သိမ္းေပးတဲ့ အတြက္ လႊတ္ေပးဖို႔ အခက္အခဲ ျဖစ္ေန တယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီက ဆိုပါတယ္။ သူတို႔ကို လႊတ္ေပးခ်င္ရင္ လက္ရွိ ျမင္းၿခံဒီဂရီ ေကာလိပ္ ေက်ာင္း အုပ္ႀကီးက လက္မွတ္ထိုး အမွု ႐ုပ္သိမ္း ေပးရင္ ျဖစ္နိုင္တယ္လို႔လည္း ေရွ႕ေန ဦးကိုနီက ေျပာပါတယ္။ ဦးကိုကိုျမင့္ဆိုတဲ့ လူပုဂၢိဳလ္က တရားလိုျပဳတာ မဟုတ္ဘဲ၊ ျမင္းၿခံဒီဂရီ ေကာလိပ္ ေက်ာင္းအုပ္ႀကီး ရာထူးရွိသူက တရားလိုျပဳတာ ျဖစ္တဲ့ အတြက္ အဲသလို ေဆာင္ရြက္လို႔ ရတယ္လို႔ ဆိုပါတယ္။

ဗိုလ္မွူးဝင္းနိုင္ေက်ာ္၊ ကိုေဇာ္ေဇာ္လတ္၊ မပြင့္ျဖဴလတ္တို႔ကိုေတာ့ နိုင္ငံေရး အက်ဥ္းသား စီစစ္ရာမွာ က်န္ရစ္ခဲ့တာ ျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။

BBC Burmese
http://www.bbc.com/burmese

........................................



 နိုင်ကျဉ်း ကျောင်းသားတွေ လွတ်မြောက်
ဦးထင်ကျော် အစိုးရသစ် လက်ထက် မှာ နိုင်ငံရေး အကျဉ်းသား တော်တော်များများကို သင်္ကြန်အကြိုနဲ့ နှစ်ဆန်းတရက်နေ့တွေမှာ လွှတ်ပေးခဲ့ ပါတယ်။

ဒါပေမယ့် မလွတ်မြောက်သေးသူတွေလည်း ရှိနေပါတယ်။ ဘာ့ကြောင့် မလွတ်မြောက်သေးဘဲ ကျန်နေကြပါသလဲ။

ဦးထင်ကျော် အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရာမှာ နည်းလမ်း နှစ်သွယ်ကို အသုံးပြုခဲ့ပါတယ်။

ပထမတနည်းကတော့ အမှု စစ်ဆေးဆဲသူတွေကို နိုင်ငံတော် အစိုးရက အမှု ရုပ်သိမ်းပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ တနည်းကတော့ ထောင်ဒဏ်ချမှတ် ပြီးသူတွေကို သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အပြစ်လွတ်ငြိမ်းခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမ နည်းအရ အမှု မပြီးပြတ်သေးသူတွေကို လွှတ်ပေးရာမှာ မြင်းခြံ ဒီဂရီ ကောလိပ်မှာ အလံချအမှုနဲ့ စွဲဆိုခံထားရတဲ့ ကိုစိုးလှိုင်၊ ကိုဇင်ကိုသန့်၊ ကဗျာရေးသားမှုရာမှာ သမ္မတ ဦးသိန်းစိန်ကို အသရေဖျက်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ၊ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနဲ့ အစွဲဆိုခံရသူ ကိုညီညီလွင် ခေါ် ဦးဂမ္ဘီရတို့ မလွတ်မြောက်သေးဘဲ ကျန်နေပါတယ်။

ပြစ်ဒဏ် ချမှတ် ခံထားရပြီး သူတွေထဲမှာလည်း သတင်းပေါက်ကြားမှုနဲ့ စတင် အဖမ်းခံထားရပြီး အခုအခါ အီလက်ထရောနစ် ပုဒ်မနဲ့ အဖမ်းခံ ထားရဆဲ ဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်၊ မတရားအသင်း ပုဒ်မနဲ့ အစွပ်စွဲ ခံရသူ ဘာသာပေါင်းစုံ သင့်မြတ်ရေး ဆောင်ရွက်တဲ့ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ် တို့ မလွတ်မြောက် သေးဘဲ ကျန်နေပါတယ်။

အလံမှုနဲ့ စွဲဆိုခံထားရသူ ကိုစိုးလှိုင် ၊ ကိုဇင်ကိုသန့်တို့ အမှုမှာ တရားလို ဖြစ်သူ မြင်းခြံဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးဟောင်း ဦးကိုကိုမြင့်က အမှု လာရောက် မရုပ်သိမ်းပေးတဲ့ အတွက် လွှတ်ပေးဖို့ အခက်အခဲ ဖြစ်နေ တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဆိုပါတယ်။ သူတို့ကို လွှတ်ပေးချင်ရင် လက်ရှိ မြင်းခြံဒီဂရီ ကောလိပ် ကျောင်း အုပ်ကြီးက လက်မှတ်ထိုး အမှု ရုပ်သိမ်း ပေးရင် ဖြစ်နိုင်တယ်လို့လည်း ရှေ့နေ ဦးကိုနီက ပြောပါတယ်။ ဦးကိုကိုမြင့်ဆိုတဲ့ လူပုဂ္ဂိုလ်က တရားလိုပြုတာ မဟုတ်ဘဲ၊ မြင်းခြံဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ရာထူးရှိသူက တရားလိုပြုတာ ဖြစ်တဲ့ အတွက် အဲသလို ဆောင်ရွက်လို့ ရတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးဝင်းနိုင်ကျော်၊ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့ကိုတော့ နိုင်ငံရေး အကျဉ်းသား စီစစ်ရာမှာ ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment