Latest News

Friday, April 1, 2016

"ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပြောင်းလဲရမယ်"(ရှေ့နေ ဦးကိုနီ)

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွေးကောက်ခံမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်နေမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာကြောင့် ပြင်ဆင်ရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၂၁ ခုရှိတဲ့အနက် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးတဲ့ အမည်စာရင်းကို သမ္မတက ခန့်အပ်အတည်ပြုပေးရတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ သမ္မတဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြပေမယ့် အမှန်တကယ် အုပ်ချုပ်တာဟာ ပြည်ထဲရေးဝန်ကြီးဌာနသာ ဖြစ်နေတာပါ။

အစိုးရသစ်လက်ထက် ထွေအုပ်ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့် အပြောင်းအလဲနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ကို သမ္မတရုံးဝန်ကြီးဌာန လက်အောက်ကို ပြောင်းရွှေ့ပစ်လိုက်လို့ ရနိုင်မလား။ ရွေးကောက်ခံအစိုးရက မအုပ်ချုပ်ရဘဲ ကာချုပ်ကခန့်တဲ့ ပြည်ထဲရေးလက်အောက်ခံ ထွေအုပ်အဖွဲ့ကသာ အုပ်ချုပ်ခွင့်ရနေတာကို အပြောင်းအလဲ ဖြစ်သွားအောင်လို့။ ဘာတွေ အခက်အခဲရှိနိုင်မလဲ။

“ကျနော်တို့ ဒီနေ့အထိ လက်ရှိအုပ်ချုပ်ရေးပုံသဏ္ဌာန်က တပြည်ထောင်အုပ်ချုပ်ရေး ပုံသဏ္ဌာန်မျိုးကို ပုံဖော်ထားတာ။ ဆိုလိုတာက ဗမာနိုင်ငံ တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးကို အုပ်ချုပ်ဖို့ အခွင့်အာဏာပေးထားတယ်။ အဲဒီ ပြည်ထဲရေးဝန်ကြီးဌာနက နေပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ရယ် အဲဒီအဖွဲ့ကြီး ၂ ဖွဲ့ကို အဓိက ဖွဲ့စည်းပြီးတော့မှ အဲဒီအဖွဲ့ ၂ ဖွဲ့နဲ့ လက်တွေ့ တိုင်းပြည်ကို အုပ်ချုပ်တယ်။

“အဲဒီတော့ ပြည်နယ်၊ တိုင်း အားလုံးမှာ ကိုယ်ပိုင်အစိုးရတွေရှိတယ်၊ ပြည်နယ်အစိုးရရှိတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ရှိတယ်၊ ပြည်နယ်ဝန်ကြီးတွေရှိတယ်။ ဒါပေမယ့် သူတို့ကို အုပ်ချုပ်ရေးအာဏာ မပေးဘဲနဲ့ ပြည်ထဲရေးဝန်ကြီးကပဲ တိုက်ရိုက်အုပ်ချုပ်တဲ့ ပုံသဏ္ဌာန်ကို ပုံဖော်ထားတယ်။ အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်တွေ့အုပ်ချုပ်နေတာဟာ အံမဝင်ဘူး၊ လွဲချော်နေတယ်။ ဖွဲ့စည်းပုံရဲ့သဘောက ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်ရမယ့် ပုံသဏ္ဌာန်ကို ဖော်ထားတယ်။ ဒါပေမယ့် လက်တွေ့အုပ်ချုပ်ရေးဌာန ဖွဲ့စည်းပုံကျတော့ တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်တဲ့ ပုံသဏ္ဌာန် ပုံဖော်ထားတယ်။ ဒါကြောင့် လက်ရှိ အုပ်ချုပ်ရေးပုံသဏ္ဌာန်ဟာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အံဝင်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ရေတို၊ ရေရှည် ပြုပြင်ပြောင်းလဲရေး ၂ ခု လုပ်ရမယ်။

“ရေတို လတ်တလော ပြုပြင်ပြောင်းလဲရမယ့် ကိစ္စကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ အကုန်လုံးကို မထားတော့ဘဲနဲ့ ဗဟိုအဆင့်ကိုပဲ ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာ ထားပြီးတော့ ကျန် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ အဲဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေ အားလုံးကို ပြည်နယ်နဲ့တိုင်းအစိုးရ အဖွဲ့နဲ့ ၀န်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုလက်အောက်ကို လွှဲပေးလိုက်ရမယ်။ အဲဒီတော့ ဘာဖြစ်သွားမတုန်းဆိုရင် ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ဟာ သူ့ရဲ့ပြည်နယ်၊ သူ့ရဲ့တိုင်းကို လက်တွေ့အုပ်ချုပ်ဖို့အတွက် သူ့ကို ၀န်ထမ်းအဖွဲ့အစည်းတခု ပေးလိုက်တဲ့သဘော ဖြစ်သွားပြီ။

“တိုတိုပြောရရင် ပြည်နယ်ထွေအုပ်တွေ အားလုံးဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့အောက်ကို ရောက်သွားရမယ်။ ပြည်နယ်ဝန်ကြီးချုပ်ကပဲ အုပ်ချုပ်ရမယ်။ အမိန့်က အဲဒီကပဲသွားရမယ်၊ ဗဟိုအစိုးရက မသွားတော့ဘူး။ ဒါတခု။ နောက်တခါ ရဲတပ်ဖွဲ့။ ပြည်နယ်၊ တိုင်း ရဲတပ်ဖွဲ့တွေ အားလုံးကို ပြည်နယ်၊ တိုင်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ဒါကိုလည်း ပုံစံတမျိုးနဲ့ ပြန်ဖွဲ့ရမယ်။ အဲဒီတော့ ကျနော်တို့ အခုရဲတပ်ဖွဲ့ဟာ တပြည်လုံးကို ရဲတပ်ဖွဲ့တခုပဲ ထားတယ်၊ ရဲချုပ်တယောက်ကို ထားပြီးတော့ အဲဒီရဲချုပ်က တပြည်လုံးမှာရှိတဲ့ ရဲတွေကို အုပ်ချုပ်တယ်၊ အမိန့်ပေးတယ်။ သူ့ရဲ့အထက်မှာ ပြည်ထဲရေးဝန်ကြီးကနေတယ်။ သူ့ရဲ့အထက်မှာ ကာကွယ်ရေးဦးစီးချုပ်က ရှိတယ်။ အဲဒီတော့ အဲဒီဟာကိုလည်း ကျနော်တို့က ပြောင်းရမယ်။ ရဲကို ၂ မျိုး ပြန်ဖွဲ့သင့်တယ်။ ပထမတခုက ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့လို့ ခေါ်တယ်။ တနိုင်ငံလုံးရဲ့ လုံခြုံရေးကိုလုပ်မယ်၊ ဘယ်နားမှာ သောင်းကျန်းသတုန်း၊ ဘယ်နားမှာ ပြဿနာ ကြီးကြီးမားမား ရှိသတုန်း၊ အဲဒါတွေကို အဲဒီ ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့ကနေပြီးတော့ ကိုင်တွယ်ရမယ်။ အဲဒါ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာ ထားရမယ်။ ပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဆိုတာ သပ်သပ်ဖွဲ့ရမယ်။ ဥပမာ ရှမ်းပြည်နယ်တွင်းမှာ လူဆိုး၊ သူခိုး၊ ဓားပြ၊ ဒါတွေမရှိရအောင် ထိိန်းသိမ်းစောင့်ရှောက်မယ့်ရဲကို ကျနော်တို့က ဒေသဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဆိုတဲ့ နာမည်နဲ့ ပြည်နယ်နဲ့တိုင်းအားလုံးမှာ ဒါတွေက ဖွဲ့ထားပြီးသားတွေက ရှိပြီးသားတွေ။ အဲဒီတော့ လောလောဆယ် ပြည်နယ်၊ တိုင်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုလည်း ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရနဲ့ ၀န်ကြီးချုပ်ရဲ့လက်အောက်ကို ပြောင်းပေးလိုက်လို့ရှိရင် အေးအေးဆေးဆေးလေးနဲ့ ဒီဌာန ၂ ခုဟာ၊ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ဟာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်တွေအောက်ကို ရောက်သွားလိမ့်မယ်။ အဲဒီဝန်ကြီးချုပ်တွေက ဦးဆောင်ပြီးတော့မှ ဆက်ပြီး ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်သွားမယ်ဆိုရင် ဗဟိုအစိုးရမှာလည်း ၀န်ထုပ်ဝန်ပိုး အများကြီး ပေါ့သွားမှာဖြစ်သလို ပြည်နယ်၊ တိုင်းအစိုးရတွေကလည်း သူတို့ပြည်နယ်၊ သူတို့တိုင်း၊ သူတို့ကိုယ်ပိုင် အုပ်ချုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုးကို ဖြစ်သွားမယ့်အတွက် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ရှေ့ပြေးပုံသဏ္ဌာန်လေး ဖြစ်မှာပေါ့။ တကယ် အမြဲတမ်းအတွက်ကတော့ နောက်မှာ ကျနော်တို့ ဥပဒေ ထပ်ပြီးတော့ လိုက်ပေးရမယ်။ အဲဒါက ဘာတုန်းဆိုတော့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေလို့ ခေါ်တဲ့ ဥပဒေကို ပြန်ပြီးပြဋ္ဌာန်းပေးရမယ်။ ၁၉၅၃ ခုနှစ်က ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးဥပဒေလို့ ခေါ်ပါတယ်။ အဲဒါ ရပ်ကွက်ရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ်၊ အဲဒီ ၃ ခုကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာကို ပြဋ္ဌာန်းထားတာ။ ပြည်သူလူထုက အုပ်ချုပ်ရေးကောင်စီကို ရွေးကောက်တင်မြှောက်ရတယ်။ အဲဒီ အုပ်ချုပ်ရေးကောင်စီကနေပြီးတော့ ရပ်ကွက်ဆို ရပ်ကွက်အုပ်ချုပ်ရေးကောင်စီက ရပ်ကွက်ကို အုပ်ချုပ်တယ်။ မြို့နယ်ဆိုလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီက မြို့နယ်ကိုအုပ်ချုပ်မယ်၊ ခရိုင်ကလည်း ပြည်သူလူထုရွေးတဲ့ ခရိုင်အုပ်ချုပ်ရေးကောင်စီက ခရိုင်ကို အုပ်ချုပ်မယ်။ ခုနက ကျနော်တို့ပြောခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေဟာ ခရိုင်မှာရှိတဲ့ ထွေအုပ်ဝန်ထမ်းတွေဟာ အဲဒီ ခရိုင်အုပ်ချုပ်ရေးကောင်စီ အောက်ကို ရောက်သွားလိမ့်မယ်။ မြို့နယ်မှာရှိတဲ့ ထွေအုပ်ဝန်ထမ်းကလည်း မြို့နယ်အုပ်ချုပ်ရေးကောင်စီအောက်ကို ၀င်သွားမယ်။ အဲဒီလို ဒေသန္တရာဆိုင်ရာ အုပ်ချုပ်ရေးဥပဒေတခုကို ကျနော်တို့ ပြဋ္ဌာန်းနိုင်ပြီဆိုရင် အဲဒီဥပဒေနဲ့ အညီ ရွေးကောက်တင်မြှောက်လိုက်လို့ရှိရင် ကျနော်ထင်တယ် ၂၀၁၇ လောက်ကနေစပြီးတော့ တတိုင်းပြည်လုံးကို ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့သူက အုပ်ချုပ်တဲ့စနစ် ပြန်ပြီးတော့ ပေါ်သွားပါလိမ့်မယ်။”

ထွေအုပ်အဖွဲ့ကို ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ခွဲပြီး နေရာချ အပြောင်းအရွှေ့လုပ်ရင် အုပ်ချုပ်ရေးမှာ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်က ပြည်ထောင်စုကို ဘယ်လိုတာဝန်ခံရမလဲ။ ရှုပ်ထွေးမှုတွေ မဖြစ်နိုင်ဘူးလား။

“မဖြစ်ဘူးခင်ဗျ၊ မဖြစ်ဘူးခင်ဗျ။ ကျနော်တို့အားလုံးက ပြည်နယ်ဝန်ကြီးချုပ်အားလုံးဟာ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့အတွက် နိုင်ငံတော်သမ္မတကို တာဝန်ခံရမယ်လို့ ရေးထားပါတယ်။ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်က ခန့်ထားတဲ့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတာက ရှင်းရှင်းလင်းလင်း ရေးသားထားပြီးသားပါ။ အဲဒီတော့ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေ အားလုံးက သမ္မတက ခန့်တာဖြစ်တဲ့အတွက် သမ္မတကို တာဝန်ခံရမယ်။ တနိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်ပါတယ်။ အဲဒီတော့ သမ္မတက သူ့ရဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်နယ်၊ တိုင်းတွေ အားလုံးကို လက်တွေ့ကျကျ ခွဲပေးလိုက်တဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမှာ နည်းနည်းလေး ရှုပ်ထွေးနေတာက ကျနော်တို့ဗမာပြည်မှာ အခုလောလောဆယ် အုပ်ချုပ်ရေး ၅ ဆင့်ရှိတယ်။ အောက်ကနေပြောရင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းနဲ့ ဗဟိုပေါ့။ အဲဒီတော့ ဗဟိုပြည်ထောင်စုအစိုးရက ရွေးကောက်တင်မြှောက်ထားတာ၊ နောက်တခါ ပြည်နယ်၊ တိုင်းအစိုးရတွေကလည်း ရွေးကောက်တင်မြှောက်ထားတာ၊ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိိုတာလည်း ရွေးကောက်တင်မြှောက်ထားတာ။ အဲဒီတော့ အလယ်မှာရှိတဲ့ ၂ ခု၊ မြို့နယ်နဲ့ ခရိုင်ကပဲ ရွေးကောက်တာမဟုတ်ဘဲ ခန့်ထားတဲ့လူက အုပ်ချုပ်နေတာ။ အဓိကက အရေးအကြီးဆုံး အခြေခံအကျဆုံး နေရာ ၂ ခုကို ရွေးကောက်တင်မြှောက်ပုံစံ မဟုတ်ဘဲ အထက်က ခန့်ထားတဲ့ပုံစံနဲ့ အုပ်ချုပ်နေတာ။ အဲဒါကြောင့် ပြဿနာက သိပ်ပြီးတော့ များနေတယ်၊ မတရားမှုတွေ အရမ်းများနေတယ်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာတွေဟာ အများကြီးဖြစ်နေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီ အုပ်ချုပ်တဲ့ ၀န်ထမ်းနောက်မှာ ပြည်ထဲရေးဝန်ကြီးဆိုတဲ့ သိပ်ရာထူးကြီးတဲ့လူတွေက ကာဗာ (အကာအကွယ်) ပေးထားလို့။ တကယ့်တကယ်တော့ အဲဒီလို မဖြစ်ရဘူးလေ။ ကျနော် စောစောကပြောသလို ဒေသန္တရအုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ ပြည်သူရွေးတဲ့လူကပဲ အုပ်ချုပ်တာ ဖြစ်တော့မယ်။ မကြိုက်တာနဲ့ ပြည်သူက အော်မယ်၊ သူထွက်ပေးရမယ်။ အနိမ့်ဆုံး သူ ၅ နှစ်ပဲ အုပ်ချုပ်လို့ရမယ်၊ နောက်ဆို အရွေးခံရမှာ မဟုတ်တော့ဘူး။”

ဒါဆို ပြည်ထဲရေးဝန်ကြီးက ဘယ်ထွေအုပ်ကို သွားကိုင်ရတော့မှာလဲ။

“ပြည်ထဲရေးဝန်ကြီးက ဗဟိုအဆင့်ပဲ ကျန်တော့မယ်လေ။ ဒီ တနိုင်ငံလုံးမှာရှိတဲ့ အုပ်ချုပ်ရေးကို သမ္မတက တာဝန်ခံထားရတာ ဖြစ်တဲ့အတွက် လိုအပ်ရင် လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းပေးဖို့အတွက်လောက်ပဲ ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးက ဒါပဲရှိတော့မယ်။ သူ့မှာ အဓိက ဘာရှိမတုန်းဆိုတော့ဗျာ ထောက်လှမ်းရေးရှိမယ်၊ ထောက်လှမ်းရေးဆိုတာ ပြည်ထောင်စုတခုလုံးရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးဟာ သူ့ဆီမှာရှိမယ် (သို့မဟုတ်) သမ္မတဆီမှာထားမယ်။ နောက်တခါ ပြည်ထောင်စုလုံခြုံရေး ရဲတပ်ဖွဲ့ပေါ့။ သိပ်ပြီးတော့ သောင်းကျန်းနေတဲ့နေရာ၊ ဆူတဲ့ပူတဲ့နေရာတွေ အားဖြည့်ပေးဖို့ဆိုရင် အဲဒါ သူ့ဆီမှာထားမယ်။ ပြည်ထောင်စုတခုလုံးမှာ တနေရာမှာ အုပ်ချုပ်ရေးအားနည်းနေရင် အားနည်းတဲ့နေရာကို ဖြည့်စွက်ပေးဖို့ အင်အားဟာ ပြည်ထဲရေးဝန်ကြီး လက်အောက်မှာ ရှိလိမ့်မယ်။ ကျန်တဲ့ ဒီ ပြည်နယ်နဲ့ တိုင်းဒေသကြီး တခုချင်းကိုကတော့ သူ့ဟာသူ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကပဲ အုပ်ချုပ်သွားလိမ့်မယ်။”

ထွေအုပ်ကို ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေလက်အောက် ပို့ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ လွယ်ကူပါ့မလား၊ နိုင်ငံတဝန်း လူထုဆန္ဒခံယူပွဲတွေ ယူရလောက်မယ့် အဆင့်မျိုး ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းရတာမျိုးလား။

“မဟုတ်ဘူး၊ မလိုဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်ပါတယ်။ အုပ်ချုပ်ရေးအကြီးအကဲက သမ္မတဖြစ်တဲ့အတွက် အုပ်ချုပ်တာကို သမ္မတက သူ့စိတ်တိုင်းကျ အုပ်ချုပ်လို့ရပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို သုံးပြီးတော့ အုပ်ချုပ်လို့ ရပါတယ်။ ဒါပေမယ်လို့ ခုန ကျနော်ပြောတဲ့ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေမျိုးကျတော့ ဥပဒေပြဋ္ဌာန်းပြီးမှ အုပ်ချုပ်ရမှာဖြစ်တဲ့အတွက် သမ္မတက ဥပဒေကြမ်းရေးပြီးတော့ လွှတ်တော်ကို တင်ရပါမယ်။ လွှတ်တော်က အတည်ပြုပြီးတော့မှ ခုနက ကျနော်ပြောတဲ့ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီတို့ ခရိုင်ကောင်စီတို့ဆိုတာ၊ ဒါကတော့ ဥပဒေပြဋ္ဌာန်းပြီးမှ လုပ်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘူး။ အခုအုပ်ချုပ်နေတာကသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်။ မညီမညွတ် ဖြစ်နေတာပေါ့ဗျာ။ ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ရွေးတယ်ဗျာ ပြည်သူလူထုကနေ။ အစိုးရဆိုတာ ဖွဲ့တယ်ဗျာ။ ၀န်ကြီးဆိုတာတွေ ဖွဲ့ပေးတယ်ဗျာ၊ ၀န်ကြီးချုပ်ဆိုတာ ခန့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီဝန်ကြီးချုပ်က သူ့ပြည်နယ်ကို အုပ်ချုပ်ဖို့ သူ့မှာ ရဲလည်းမရှိဘူး၊ အထွေထွေအုပ်ချုပ်ရေးဌာန ၀န်ထမ်းလည်း မရှိဘူး။ အဲဒီတော့ အဲဒါကြီးက ဘာခေါ်သတုန်းဆိုတော့ဗျာ အိမ်ကြီးလှလှပပ ဆောက်ပြီးတော့ ဘာမှ လူလည်းမနေ၊ ဘာမှလည်းမရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ၊ အဲသလိုဖြစ်နေတာ။”

ထွေအုပ်ထဲမှာ စစ်တပ်က အရာရှိတွေက ထိပ်တန်းတာဝန်ရှိသူတွေ နေရာမှာ ပါ၀င်ဆောင်ရွက်နေတာ တော်တော်များများရှိနေတယ်။ အခုလည်း ထွေအုပ်မှာ တပ်ကလူတွေ ၅၀၀ လောက် ထပ်တိုးနေတယ်ကြားတယ်။ ထွေအုပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ရင် ပြည်ထဲရေးက လက်ခံပါ့မလား။ ကာချုပ်က လက်ခံပါ့မလား။

“ဟုတ်ပြီဗျာ အဲဒီတော့ ၂ ခုခွဲဖြေမယ်။ နံပါတ် ၁ လူတွေပို့တယ်ပြောတယ်။ နောက်ထပ် လူ ၅၀၀ လောက်ပို့မယ် ထွေအုပ်ကို။ ပို့ပေ့ါဗျာ၊ နောက်တော့ အဲဒီဟာတွေက လုပ်ပိုင်ခွင့်အာဏာရှိလို့ ဒါကို မက်မောတာကိုး။ တကယ့်တကယ် စောစောကပြောသလို ရပ်ကွက်ကိုအုပ်ချုပ်လို့ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကိုအုပ်ချုပ်လို့ မြို့နယ်ကောင်စီတွေ ပေါ်လာပြီဆိုရင် သူတို့က ဘာလုပ်ပိုင်ခွင့်အာဏာမှ မရှိတော့ဘူး။ သူက ရိုးရိုး နိုင်ငံ့ဝန်ထမ်းပဲ ဖြစ်တော့မယ်။ အဲဒီဟာကျတော့ သူတို့ ဒီရာထူး သူတို့မက်ချင်မှ မက်တော့မယ်ပေါ့ဗျာ၊ ဒါက တခု။ နောက်ခုနတခု၊ ပြည်ထဲရေးဝန်ကြီးက သဘောတူပါ့မလား၊ ကာချုပ်က သဘောတူပါ့မလားဆိုတဲ့ ခင်ဗျားရဲ့မေးခွန်း။ အဲဒီတော့ သမ္မတဟာ အုပ်ချုပ်ရေးရဲ့ အကြီးအကဲ၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲလည်းဖြစ်တယ်၊ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်တယ်၊ ဒါ ပုဒ်မ ၁၆။ နောက်တခါ ပုဒ်မ ၅၈ အရ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ပုဂို္ဂလ်ဖြစ်တယ်ဗျ။ ၁၉၉ အရ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တယ်ဗျ။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့ သမ္မတလုပ်တာကို ပြည်ထဲရေးဝန်ကြီးက မလိုက်နာရင် ထွက် သူ။ သူ့အလုပ်က ထွက်ဖို့ပဲရှိတယ်။ မထွက်နိုင်လို့ရှိရင် စွပ်စွဲပြစ်တင်ပြီး ထုတ်ပစ်ဖို့ပဲရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဖြေက ရှင်းရှင်းလေး။ ပြည်ထောင်စုလွှတ်တော်ဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ဖွဲ့စည်းတာ။ အဲဒီပြည်ထောင်စုလွှတ်တော်က သမ္မတကို ရွေးပြီးတော့ ခန့်အပ်ထားတာ။ အဲဒီသမ္မတက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်။ ဆိုလိုတာက ပြဿနာပေါ်ရင် တာဝန်ခံရမယ့်သူသည် သမ္မတဖြစ်တယ်၊ ပြည်ထဲရေးဝန်ကြီး မဟုတ်ဘူး။ ဒါ့ကြောင့်မို့လို့ ပြည်ထဲရေးဝန်ကြီးဟာ သမ္မတကို မနာခံဘူးဆိုရင် ထုတ်ပစ်ဖို့ပဲရှိတယ်၊ အသစ်အစားပြန်ထိုးဖို့ပဲ ရှိတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးက သဘောမတူရင် ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းမျိုးဟာ တက်လာစရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သမ္မတလုပ်တာကို ပြည်ထဲရေးဝန်ကြီးက သဘောမတူဘူးလို့ ပြောခွင့်ကို မရှိဘူး။ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်ပြောနေတာ။”

သမ္မတဦးထင်ကျော် သမ္မတတာဝန် စတင်ထမ်းရွက်ပြီဆိုတော့ အထက်က ဖြေကြားချက်တွေက ဖြစ်ကောင်းဖြစ်လာနိုင်သလား၊ အချိန်ယူရဦးမလား။

“ကျနော်တို့ ရွေးကောက်ပွဲ Manifesto (ရွေးကောက်ပွဲကြေညာစာတမ်း) မှာ ပါပြီးပါပြီခင်ဗျ။ တကယ့် နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေရဲ့ဘဝ လုံခြုံ၊ ကြောင့်ကြမှု ကင်းပြီးတော့ အပူအပင်ကင်းမဲ့စွာနဲ့ နေထိုင်နိုင်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ပေါ်ပေါက်အောင် လုပ်မယ်ဆိုတာ ရွေးကောက်ပွဲ Manifesto မှာ ပါပြီးသားပါ။ Administrative Reform လို့ခေါ်တယ်၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရှိမယ်၊ တရားရေးဌာန ပြုပြင်ပြောင်းလဲမှုရှိမယ်၊ ငြိမ်းချမ်းရေးလုပ်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ပြီးတော့ ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေးဆိုတာ လုပ်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဓိက ၄ ချက် ပေးထားပါတယ်။ အဲဒီထဲမှာ ဒီ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးဆိုတာ ပါပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကတိ ဖြစ်တဲ့အတွက် သမ္မတကြီးဟာ သေချာပေါက် လုပ်သွားလိမ့်မယ်လို့ ကျနော် ပြောနိုင်ပါတယ်။”

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ အတွင်းရေးမှူးတွေက ကျန်နေခဲ့တယ်ဆိုတော့ အရင်အစိုးရလက်ထက်တုန်းက လူတွေပဲလား၊ အခု အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးတွေကလေ။

“ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး အားလုံးဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းမှူးတွေကို ခန့်ထားတာဗျ။ အဲဒီတော့ အဓိပ္ပာယ်က ပြည်နယ်၊ တိုင်းဒေသကြီးတွေ အားလုံးရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ Post တခုကို ထွေအုပ်က ယူထားတာပေါ့။ တနည်းအားဖြင့် ပြည်နယ်၊ တိုင်း အားလုံးကို ပြည်ထဲရေးဝန်ကြီးဌာနကနေ ထိန်းချုပ်ထားတဲ့သဘော ဖြစ်နေတာပေါ့။ အဲဒါကြောင့် ဒီလိုမျိုးလုပ်လို့မရဘူး၊ အဲဒီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဘယ်လောက်ရာထူးကြီးကြီး တိုင်းမှူးဟာ သူက ၀န်ထမ်းပဲဖြစ်ရမယ်၊ ၀န်ထမ်းအကြီးအကဲပဲ။ သူ့ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့နေရာမှာပဲ သူက တာဝန်ရှိမယ်။ ပြည်သူလူထုကို အုပ်ချုပ်တဲ့နေရာမှာ အဲဒီ ထွေအုပ်တိုင်းမှူးက သူ့မှာ ဘာအာဏာမှ မရှိဘူး။ ပြည်သူလူထုကို အုပ်ချုပ်မှာက ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က အုပ်ချုပ်မှာ။ အဲဒီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်အောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းတွေက သူ့ကျရာကျရာ တာဝန်တွေကို လုပ်ပေးရမယ်။ အုပ်ချုပ်ရေးအာဏာကို သူတို့ကို မပေးရဘူး၊ ၀န်ထမ်းအာဏာပဲ၊ နိုင်င့ံဝန်ထမ်း။ ၀န်ကြီးချုပ်ခို်င်းတာလုပ်၊ အစိုးရခို််င်းတာလုပ် ဒါပဲ။ သူတို့မှာ အုပ်ချုပ်ရေးအာဏာမအပ်ဘူး၊ ဒါကိုပြောတာ။ အခု အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သူတို့ အုပ်ချုပ်ရေးအာဏာ အပ်လိုက်တာ၊ ဟေ့ကောင် မင်းလာဆို သူက လာရတယ် ကျနော်တို့က။ မင်း ငါ့စကားနားထောင်ဆို နားထောင်ရမယ် ပြည်သူတွေက။ အမှန်က ၀န်ထမ်းကို အဲလိုအာဏာမပေးရဘူး။ အဲဒီလိုအာဏာကိုက ကောင်စီတွေကို ရွေးပြီးတော့မှ အဲဒီလိုအာဏာကို ပေးရတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆိုတာက ခရိုင်ကောင်စီရဲ့အောက်မှာ လုပ်ရတဲ့ ၀န်ထမ်းအကြီးအကဲပဲဖြစ်တယ်။ အခု ၀န်ထမ်းအကြီးအကဲက ပြည်သူတွေရဲ့ အကြီးအကဲ လာဖြစ်နေတာဟာ ကျနော်တို့ဆီမှာ ရှုပ်ထွေးနေတာပဲ။”

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ လုပ်မယ်လို့ အန်အယ်လ်ဒီက ကြွေးကြော်ခဲ့ပါတယ်။ အခုရော တရားစီရင်ရေးစနစ်က သမ္မတသစ် ဦးထင်ကျော်လက်ထက်မှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်မလဲ။

“တရားစီရင်ရေး ပြုပြင်ပြောင်းလဲဖို့ကိစ္စ ကြေညာစာတမ်းမှာပါတယ်။ အဲဒီတော့ ကြေညာစာတမ်းမှာ ပါတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်ကို အပိုင်း ၂ ပိုင်း ခွဲပြီး လုပ်ရမယ့်သဘော ရှိတယ်ဗျ။ တပိုင်းက ပြုပြင်ပြောင်းလဲရေး၊ တပိုင်းက ဖွဲ့စည်းပုံအခြေခံနဲ့ ဆက်စပ်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲနဲ့ ဒီဟာက ပြောင်းလို့မရဘူး။ ဥပမာ ကျနော်တို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆိုတာကို ဖွဲ့စည်းပြီးတော့မှ သူက တရားရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ ၂ ခုစလုံးကို ရောထွေးပြီး အပ်နှင်းထားတယ်။ ပြီးတော့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ဘတ်ဂျက်တွေဘာတွေ ဆွဲတာကလည်း သူက Independent မဖြစ်ဘူး။ အစိုးရကနေ တင်ပေးနေရတာတွေ ရှိနေတယ်။ ဒါမျိုး ဖြစ်လို့မရဘူး။ အဲဒီတော့ ဘယ်လိုလုပ်ရမတုန်းဆိုတော့ Judicial Ministry ဆိုတာ သတ်သတ်ပြန်ဖော်ရမယ်။ ကျနော်တို့ ၁၉၆၂ မတို်င်မီက ရှိပါတယ်။ တရားရေးဝန်ကြီးဌာနလို့ ခေါ်ပါတယ်။ တရားရေးဝန်ကြီးချုပ်ဆိုတာကို ခန့်ထားပါတယ်။ အဲဒီအောက်မှာမှ တရားရေးဝန်ကြီးများ၊ တရားရုံးချုပ် တရားသူကြီးများ ဆိုပြီးတော့ ဖွဲ့စည်းရပါတယ်။ ဆိုလိုတာက Judicial မှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ တရားရေးဆိုင်ရာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုပြီးတော့ ၂ မျိုးရှိတယ်။ တရားစီရင်ရေး ဆိုတာကတော့ ဖြောင့်မတ်မှန်တဲ့ တရားသူကြီးတွေ ခန့်ပြီးတော့ အမှုတွေကို စစ်ခိုင်းတဲ့အလုပ်ပေါ့။ အုပ်ချုပ်ရေးဆိုတာက အဲဒီတရားသူကြီးတွေ ဖြောင့်ဖြောင့်အလုပ်လုပ်ဖို့၊ အဲဒီတရားသူကြီးတွေ ရာထူးတိုးတာ၊ လျှော့တာ၊ ရွှေ့တာ၊ နယ်ပြောင်းတာ၊ အကျဉ်းထောင်တွေကို ထိန်းသိမ်းတာ၊ အုပ်ချုပ်တာ၊ အဲဒါကျတော့ အုပ်ချုပ်ရေးဌာနက တာဝန်ယူရတယ်။ အဲဒီတော့ တရားရေးဌာနကြီးကို ပြန်ပြီးတော့ ဖွဲ့စည်းမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြီးမှရမယ်၊ ဒါက တပိုင်း။ ဒုတိယတပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ခင် လုပ်လို့ရတဲ့ အပိုင်းကတော့ တရားစီရင်ရေးဥပဒေ အသစ်တခုကို ပြည်ထောင်စုလွှတ်တော်က ပြန်ရေးရမယ်။ အခုလောလောဆယ် ဗမာနိုင်ငံမှာ ၂၀၁၀ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေအရ တရားစီရင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ အဲဒီဥပဒေကို ပိုမိုကောင်းမွန်တဲ့ ဥပဒေနဲ့ အစားထိုးဖို့လိုမယ်။ ဆိုလိုတာက တရားသူကြီးတွေကို လွတ်လွတ်လပ်လပ် စီရင်နိုင်တဲ့ အခွင့်အာဏာကို ဥပဒေနဲ့ ပြဋ္ဌာန်းပေးမယ်။ တရားသူကြီးတွေကို ဘယ်အုပ်ချုပ်ရေးဌာနကမှ စွက်ဖက်လို့မရဘူး၊ အမိန့်ပေးလို့မရဘူး၊ ညွှန်ကြားချက်ပေးလို့မရဘူး။ ပေးလာရင်လည်း လုံးဝမနာခံရဘူး။ တရားသူကြီးတွေဟာ တည်ဆဲဥပဒေကို ထောက်ထားပြီးတော့ လွတ်လွတ်လပ်လပ် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ရမယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း တာဝန်ယူရမယ်။ မှားရင် တာဝန်ခံရမယ်။ မမှားအောင် အထက်တရားသူကြီးတွေက စောင့်ကြည့်ပေးရမယ်။ တကယ်လို့ စောင့်ကြည့်ဖို့ပျက်ကွက်ရင် ပျက်ကွက်တဲ့ အထက်တရားသူကြီးပါ အရေးယူမယ်ဆိုတဲ့ ပုံမျိုးနဲ့ တရားစီရင်ရေး ဥပဒေတခုကို ရေးလိုက်နိုင်မယ် ဆိုရင်တော့ လောလောဆယ် လာဘ်ပေးလာဘ်ယူ ဖြစ်တာတွေ၊ မတော်မတရား ဆုံးဖြတ်တာတွေ အတော်အတန် နည်းပါးသွားမယ်။ ဒါကတော့ လတ်တလော လျှင်လျှင်မြန်မြန် လုပ်လို့ရတဲ့အပိုင်းပေါ့။ ခုန ကျနော်ပြောတဲ့ ဌာနကြီးတခုလုံး ပြုပြင်ပြောင်းလဲဖို့ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့အပိုင်း၊ အဲဒါကတော့ နည်းနည်းခက်မယ်၊ ဖွဲ့စည်းပုံပြင်ပြီးမှ လုပ်လို့ရမယ်။ ဖွဲ့စည်းပုံမပြင်ဘဲ လုပ်လို့ရတာကတော့ ခုနပြောသလို တရားစီရင်ရေးဥပဒေ အသစ်တခုကို ရေးဆွဲပြီးတော့မှ အစားထိုးရမယ်။ လုပ်စရာတွေ အများကြီးပဲ။”

DVB (1 April 2016)
"ေထြအုပ္နဲ႔ ရဲတပ္ဖြဲ႔ရဲ႕ တာ၀န္နဲ႔ လုပ္ပိုင္ခြင့္ကို ေျပာင္းလဲရမယ္"(ေရွ႕ေန ဦးကိုနီ)


ျပည္ထဲေရး၀န္ႀကီးဌာနလက္ေအာက္ရွိ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေရြးေကာက္ခံမဟုတ္ဘဲ တိုင္းျပည္ကို အုပ္ခ်ဳပ္ေနမႈဟာ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ မညီတာေၾကာင့္ ျပင္ဆင္ရမယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီက ေျပာပါတယ္။

အစိုးရအဖြဲ႔မွာ ၀န္ႀကီးဌာန ၂၁ ခုရွိတဲ့အနက္ ျပည္ထဲေရး၀န္ႀကီး၊ ကာကြယ္ေရး၀န္ႀကီး၊ နယ္စပ္ေရးရာ၀န္ႀကီးတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေပးတဲ့ အမည္စာရင္းကို သမၼတက ခန္႔အပ္အတည္ျပဳေပးရတာ ျဖစ္ပါတယ္။ ဖြဲ႔စည္းပုံအရ သမၼတဟာ ႏိုင္ငံေတာ္ရဲ႕ အထြတ္အထိပ္လို႔ ဖြဲ႔စည္းပုံမွာ ေဖာ္ျပေပမယ့္ အမွန္တကယ္ အုပ္ခ်ဳပ္တာဟာ ျပည္ထဲေရး၀န္ႀကီးဌာနသာ ျဖစ္ေနတာပါ။

အစိုးရသစ္လက္ထက္ ေထြအုပ္ရဲ႕တာ၀န္နဲ႔ လုပ္ပိုင္ခြင့္ အေျပာင္းအလဲနဲ႔ ပတ္သက္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီနဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (ေထြအုပ္) ကို သမၼတ႐ုံး၀န္ႀကီးဌာန လက္ေအာက္ကို ေျပာင္းေရႊ႕ပစ္လိုက္လို႔ ရႏိုင္မလား။ ေရြးေကာက္ခံအစိုးရက မအုပ္ခ်ဳပ္ရဘဲ ကာခ်ဳပ္ကခန္႔တဲ့ ျပည္ထဲေရးလက္ေအာက္ခံ ေထြအုပ္အဖြဲ႔ကသာ အုပ္ခ်ဳပ္ခြင့္ရေနတာကို အေျပာင္းအလဲ ျဖစ္သြားေအာင္လို႔။ ဘာေတြ အခက္အခဲရွိႏိုင္မလဲ။

“က်ေနာ္တို႔ ဒီေန႔အထိ လက္ရွိအုပ္ခ်ဳပ္ေရးပုံသဏၭာန္က တျပည္ေထာင္အုပ္ခ်ဳပ္ေရး ပုံသဏၭာန္မ်ဳိးကို ပုံေဖာ္ထားတာ။ ဆိုလိုတာက ဗမာႏုိင္ငံ တႏုိင္ငံလုံးကို ျပည္ထဲေရး၀န္ႀကီးကို အုပ္ခ်ဳပ္ဖို႔ အခြင့္အာဏာေပးထားတယ္။ အဲဒီ ျပည္ထဲေရး၀န္ႀကီးဌာနက ေနၿပီးေတာ့ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရယ္၊ ျပည္သူ႔ရဲတပ္ဖြဲ႔ရယ္ အဲဒီအဖြဲ႔ႀကီး ၂ ဖြဲ႔ကို အဓိက ဖြဲ႔စည္းၿပီးေတာ့မွ အဲဒီအဖြဲ႔ ၂ ဖြဲ႔နဲ႔ လက္ေတြ႔ တိုင္းျပည္ကို အုပ္ခ်ဳပ္တယ္။

“အဲဒီေတာ့ ျပည္နယ္၊ တိုင္း အားလုံးမွာ ကိုယ္ပိုင္အစိုးရေတြရွိတယ္၊ ျပည္နယ္အစိုးရရွိတယ္၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ရွိတယ္၊ ျပည္နယ္၀န္ႀကီးေတြရွိတယ္။ ဒါေပမယ့္ သူတို႔ကို အုပ္ခ်ဳပ္ေရးအာဏာ မေပးဘဲနဲ႔ ျပည္ထဲေရး၀န္ႀကီးကပဲ တိုက္႐ုိက္အုပ္ခ်ဳပ္တဲ့ ပုံသဏၭာန္ကို ပုံေဖာ္ထားတယ္။ အဓိပၸာယ္ကေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ လက္ေတြ႔အုပ္ခ်ဳပ္ေနတာဟာ အံမ၀င္ဘူး၊ လြဲေခ်ာ္ေနတယ္။ ဖြဲ႔စည္းပုံရဲ႕သေဘာက ကိုယ့္ျပည္နယ္ ကုိယ္အုပ္ခ်ဳပ္ရမယ့္ ပုံသဏၭာန္ကို ေဖာ္ထားတယ္။ ဒါေပမယ့္ လက္ေတြ႔အုပ္ခ်ဳပ္ေရးဌာန ဖြဲ႔စည္းပုံက်ေတာ့ တႏိုင္ငံလုံးကို ျပည္ထဲေရး၀န္ႀကီးက အုပ္ခ်ဳပ္တဲ့ ပုံသဏၭာန္ ပုံေဖာ္ထားတယ္။ ဒါေၾကာင့္ လက္ရိွ အုပ္ခ်ဳပ္ေရးပုံသဏၭာန္ဟာ လက္ရွိ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ အံ၀င္တဲ့ပုံစံမ်ဳိး မဟုတ္ဘူး။ ဒါ့ေၾကာင့္မို႔လို႔ က်ေနာ္တို႔ ျပဳျပင္ေျပာင္းလဲေရး လုပ္ရမယ္။ အဲဒီေတာ့ ျပဳျပင္ေျပာင္းလဲေရး လုပ္တဲ့အခါမွာ ေရတို၊ ေရရွည္ ျပဳျပင္ေျပာင္းလဲေရး ၂ ခု လုပ္ရမယ္။

“ေရတို လတ္တေလာ ျပဳျပင္ေျပာင္းလဲရမယ့္ ကိစၥကေတာ့ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို ျပည္ထဲေရး၀န္ႀကီးလက္ေအာက္မွာ အကုန္လုံးကို မထားေတာ့ဘဲနဲ႔ ဗဟိုအဆင့္ကိုပဲ ျပည္ထဲေရး၀န္ႀကီးရဲ႕ လက္ေအာက္မွာ ထားၿပီးေတာ့ က်န္ ျပည္နယ္နဲ႔ တိုင္းအသီးသီးမွာရွိတဲ့ အဲဒီ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၀န္ထမ္းေတြ အားလုံးကို ျပည္နယ္နဲ႔တိုင္းအစိုးရ အဖြဲ႔နဲ႔ ၀န္ႀကီးခ်ဳပ္ရဲ႕ အုပ္ခ်ဳပ္မႈလက္ေအာက္ကို လႊဲေပးလိုက္ရမယ္။ အဲဒီေတာ့ ဘာျဖစ္သြားမတုန္းဆိုရင္ ျပည္နယ္နဲ႔တိုင္း၀န္ႀကီးခ်ဳပ္ဟာ သူ႔ရဲ႕ျပည္နယ္၊ သူ႔ရဲ႕တိုင္းကို လက္ေတြ႔အုပ္ခ်ဳပ္ဖို႔အတြက္ သူ႔ကို ၀န္ထမ္းအဖြဲ႔အစည္းတခု ေပးလိုက္တဲ့သေဘာ ျဖစ္သြားၿပီ။

“တိုတိုေျပာရရင္ ျပည္နယ္ေထြအုပ္ေတြ အားလုံးဟာ ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ေအာက္ကို ေရာက္သြားရမယ္။ ျပည္နယ္၀န္ႀကီးခ်ဳပ္ကပဲ အုပ္ခ်ဳပ္ရမယ္။ အမိန္႔က အဲဒီကပဲသြားရမယ္၊ ဗဟိုအစိုးရက မသြားေတာ့ဘူး။ ဒါတခု။ ေနာက္တခါ ရဲတပ္ဖြဲ႔။ ျပည္နယ္၊ တိုင္း ရဲတပ္ဖြဲ႔ေတြ အားလုံးကို ျပည္နယ္၊ တိုင္းေတြမွာရွိတဲ့ ရဲတပ္ဖြဲ႔ေတြအားလုံးကို ဒါကိုလည္း ပုံစံတမ်ဳိးနဲ႔ ျပန္ဖြဲ႔ရမယ္။ အဲဒီေတာ့ က်ေနာ္တို႔ အခုရဲတပ္ဖြဲ႔ဟာ တျပည္လုံးကို ရဲတပ္ဖြဲ႔တခုပဲ ထားတယ္၊ ရဲခ်ဳပ္တေယာက္ကို ထားၿပီးေတာ့ အဲဒီရဲခ်ဳပ္က တျပည္လုံးမွာရွိတဲ့ ရဲေတြကို အုပ္ခ်ဳပ္တယ္၊ အမိန္႔ေပးတယ္။ သူ႔ရဲ႕အထက္မွာ ျပည္ထဲေရး၀န္ႀကီးကေနတယ္။ သူ႔ရဲ႕အထက္မွာ ကာကြယ္ေရးဦးစီးခ်ဳပ္က ရွိတယ္။ အဲဒီေတာ့ အဲဒီဟာကိုလည္း က်ေနာ္တို႔က ေျပာင္းရမယ္။ ရဲကို ၂ မ်ဳိး ျပန္ဖြဲ႔သင့္တယ္။ ပထမတခုက ျပည္ေထာင္စုလုံၿခဳံေရး ရဲတပ္ဖြဲ႔လို႔ ေခၚတယ္။ တႏိုင္ငံလုံးရဲ႕ လုံၿခဳံေရးကိုလုပ္မယ္၊ ဘယ္နားမွာ ေသာင္းက်န္းသတုန္း၊ ဘယ္နားမွာ ျပႆနာ ႀကီးႀကီးမားမား ရွိသတုန္း၊ အဲဒါေတြကို အဲဒီ ျပည္ေထာင္စုလုံၿခဳံေရး ရဲတပ္ဖြဲ႔ကေနၿပီးေတာ့ ကိုင္တြယ္ရမယ္။ အဲဒါ ျပည္ထဲေရး၀န္ႀကီးလက္ေအာက္မွာ ထားရမယ္။ ၿပီးေတာ့ ေဒသဆိုင္ရာ လုံၿခဳံေရးရဲတပ္ဖြဲ႔ဆိုတာ သပ္သပ္ဖြဲ႔ရမယ္။ ဥပမာ ရွမ္းျပည္နယ္တြင္းမွာ လူဆိုး၊ သူခိုး၊ ဓားျပ၊ ဒါေတြမရွိရေအာင္ ထိိန္းသိမ္းေစာင့္ေရွာက္မယ့္ရဲကို က်ေနာ္တို႔က ေဒသဆုိင္ရာ လုံၿခဳံေရးရဲတပ္ဖြဲ႔ဆိုတဲ့ နာမည္နဲ႔ ျပည္နယ္နဲ႔တိုင္းအားလုံးမွာ ဒါေတြက ဖြဲ႔ထားၿပီးသားေတြက ရွိၿပီးသားေတြ။ အဲဒီေတာ့ ေလာေလာဆယ္ ျပည္နယ္၊ တိုင္း အသီးသီးမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႔၀င္ေတြ အားလုံးကိုလည္း ျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရနဲ႔ ၀န္ႀကီးခ်ဳပ္ရဲ႕လက္ေအာက္ကို ေျပာင္းေပးလိုက္လို႔ရွိရင္ ေအးေအးေဆးေဆးေလးနဲ႔ ဒီဌာန ၂ ခုဟာ၊ ေထြအုပ္နဲ႔ ရဲတပ္ဖြဲ႔ဟာ သက္ဆိုင္ရာ ျပည္နယ္၊ တိုင္းအစိုးရအဖြဲ႔နဲ႔ ၀န္ႀကီးခ်ဳပ္ေတြေအာက္ကို ေရာက္သြားလိမ့္မယ္။ အဲဒီ၀န္ႀကီးခ်ဳပ္ေတြက ဦးေဆာင္ၿပီးေတာ့မွ ဆက္ၿပီး ကိုယ့္ျပည္နယ္ ကုိယ္အုပ္ခ်ဳပ္သြားမယ္ဆိုရင္ ဗဟိုအစိုးရမွာလည္း ၀န္ထုပ္၀န္ပိုး အမ်ားႀကီး ေပါ့သြားမွာျဖစ္သလို ျပည္နယ္၊ တိုင္းအစိုးရေတြကလည္း သူတို႔ျပည္နယ္၊ သူတို႔တိုင္း၊ သူတို႔ကိုယ္ပိုင္ အုပ္ခ်ဳပ္လို႔ရတယ္ဆုိတဲ့ အေနအထားမ်ဳိးကို ျဖစ္သြားမယ့္အတြက္ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ ေရွ႕ေျပးပုံသဏၭာန္ေလး ျဖစ္မွာေပါ့။ တကယ္ အၿမဲတမ္းအတြက္ကေတာ့ ေနာက္မွာ က်ေနာ္တို႔ ဥပေဒ ထပ္ၿပီးေတာ့ လိုက္ေပးရမယ္။ အဲဒါက ဘာတုန္းဆိုေတာ့ ေဒသႏၱရအုပ္ခ်ဳပ္ေရးဥပေဒလို႔ ေခၚတဲ့ ဥပေဒကို ျပန္ၿပီးျပ႒ာန္းေပးရမယ္။ ၁၉၅၃ ခုႏွစ္က ျပ႒ာန္းထားတာ ရွိပါတယ္။ ေဒသႏၱရအုပ္ခ်ဳပ္ေရးဥပေဒလို႔ ေခၚပါတယ္။ အဲဒါ ရပ္ကြက္ရယ္၊ ၿမိဳ႕နယ္ရယ္၊ ခ႐ုိင္ရယ္၊ အဲဒီ ၃ ခုကို ဘယ္လိုအုပ္ခ်ဳပ္ရမလဲဆိုတာကို ျပ႒ာန္းထားတာ။ ျပည္သူလူထုက အုပ္ခ်ဳပ္ေရးေကာင္စီကို ေရြးေကာက္တင္ေျမႇာက္ရတယ္။ အဲဒီ အုပ္ခ်ဳပ္ေရးေကာင္စီကေနၿပီးေတာ့ ရပ္ကြက္ဆို ရပ္ကြက္အုပ္ခ်ဳပ္ေရးေကာင္စီက ရပ္ကြက္ကို အုပ္ခ်ဳပ္တယ္။ ၿမိဳ႕နယ္ဆိုလည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေကာင္စီက ၿမိဳ႕နယ္ကိုအုပ္ခ်ဳပ္မယ္၊ ခ႐ုိင္ကလည္း ျပည္သူလူထုေရြးတဲ့ ခ႐ုိင္အုပ္ခ်ဳပ္ေရးေကာင္စီက ခ႐ုိင္ကို အုပ္ခ်ဳပ္မယ္။ ခုနက က်ေနာ္တို႔ေျပာခဲ့တဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၀န္ထမ္းေတြဟာ ခ႐ုိင္မွာရွိတဲ့ ေထြအုပ္၀န္ထမ္းေတြဟာ အဲဒီ ခ႐ုိင္အုပ္ခ်ဳပ္ေရးေကာင္စီ ေအာက္ကို ေရာက္သြားလိမ့္မယ္။ ၿမိဳ႕နယ္မွာရွိတဲ့ ေထြအုပ္၀န္ထမ္းကလည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေကာင္စီေအာက္ကို ၀င္သြားမယ္။ အဲဒီလို ေဒသႏၱရာဆိုင္ရာ အုပ္ခ်ဳပ္ေရးဥပေဒတခုကို က်ေနာ္တို႔ ျပ႒ာန္းႏိုင္ၿပီဆိုရင္ အဲဒီဥပေဒနဲ႔ အညီ ေရြးေကာက္တင္ေျမႇာက္လိုက္လို႔ရွိရင္ က်ေနာ္ထင္တယ္ ၂၀၁၇ ေလာက္ကေနစၿပီးေတာ့ တတိုင္းျပည္လုံးကို ျပည္သူလူထု ေရြးေကာက္တင္ေျမႇာက္တဲ့သူက အုပ္ခ်ဳပ္တဲ့စနစ္ ျပန္ၿပီးေတာ့ ေပၚသြားပါလိမ့္မယ္။”

ေထြအုပ္အဖြဲ႔ကို ျပည္နယ္၊ တိုင္း၀န္ႀကီးခ်ဳပ္အဆင့္နဲ႔ ျပည္ေထာင္စုအဆင့္ခြဲၿပီး ေနရာခ် အေျပာင္းအေရႊ႕လုပ္ရင္ အုပ္ခ်ဳပ္ေရးမွာ ျပည္နယ္၊ တိုင္း ၀န္ႀကီးခ်ဳပ္က ျပည္ေထာင္စုကို ဘယ္လိုတာ၀န္ခံရမလဲ။ ႐ႈပ္ေထြးမႈေတြ မျဖစ္ႏိုင္ဘူးလား။

“မျဖစ္ဘူးခင္ဗ်၊ မျဖစ္ဘူးခင္ဗ်။ က်ေနာ္တို႔အားလုံးက ျပည္နယ္၀န္ႀကီးခ်ဳပ္အားလုံးဟာ ႏိုင္ငံေတာ္သမၼတက ခန္႔ထားတဲ့အတြက္ ႏိုင္ငံေတာ္သမၼတကို တာ၀န္ခံရမယ္လို႔ ေရးထားပါတယ္။ ႏိုင္ငံေတာ္သမၼတကို ျပည္ေထာင္စုလႊတ္ေတာ္က ခန္႔ထားတဲ့အတြက္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္ကို တာ၀န္ခံရမယ္ဆိုတာက ရွင္းရွင္းလင္းလင္း ေရးသားထားၿပီးသားပါ။ အဲဒီေတာ့ ျပည္နယ္၊ တိုင္း၀န္ႀကီးခ်ဳပ္ေတြ အားလုံးက သမၼတက ခန္႔တာျဖစ္တဲ့အတြက္ သမၼတကို တာ၀န္ခံရမယ္။ တႏိုင္ငံလုံးရဲ႕ အုပ္ခ်ဳပ္ေရးအႀကီးအကဲက သမၼတျဖစ္ပါတယ္။ အဲဒီေတာ့ သမၼတက သူ႔ရဲ႕ အုပ္ခ်ဳပ္ေရးအာဏာကို ျပည္နယ္၊ တိုင္းေတြ အားလုံးကို လက္ေတြ႔က်က် ခြဲေပးလိုက္တဲ့အဓိပၸာယ္ ျဖစ္ပါတယ္။ အဲဒီေတာ့ အခု ဒီမွာ နည္းနည္းေလး ႐ႈပ္ေထြးေနတာက က်ေနာ္တို႔ဗမာျပည္မွာ အခုေလာေလာဆယ္ အုပ္ခ်ဳပ္ေရး ၅ ဆင့္ရွိတယ္။ ေအာက္ကေနေျပာရင္ ရပ္ကြက္၊ ၿမိဳ႕နယ္၊ ခ႐ုိင္၊ ျပည္နယ္၊ တိုင္းနဲ႔ ဗဟိုေပါ့။ အဲဒီေတာ့ ဗဟိုျပည္ေထာင္စုအစိုးရက ေရြးေကာက္တင္ေျမႇာက္ထားတာ၊ ေနာက္တခါ ျပည္နယ္၊ တိုင္းအစိုးရေတြကလည္း ေရြးေကာက္တင္ေျမႇာက္ထားတာ၊ အခု ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဆိိုတာလည္း ေရြးေကာက္တင္ေျမႇာက္ထားတာ။ အဲဒီေတာ့ အလယ္မွာရွိတဲ့ ၂ ခု၊ ၿမိဳ႕နယ္နဲ႔ ခ႐ုိင္ကပဲ ေရြးေကာက္တာမဟုတ္ဘဲ ခန္႔ထားတဲ့လူက အုပ္ခ်ဳပ္ေနတာ။ အဓိကက အေရးအႀကီးဆုံး အေျခခံအက်ဆုံး ေနရာ ၂ ခုကို ေရြးေကာက္တင္ေျမႇာက္ပုံစံ မဟုတ္ဘဲ အထက္က ခန္႔ထားတဲ့ပုံစံနဲ႔ အုပ္ခ်ဳပ္ေနတာ။ အဲဒါေၾကာင့္ ျပႆနာက သိပ္ၿပီးေတာ့ မ်ားေနတယ္၊ မတရားမႈေတြ အရမ္းမ်ားေနတယ္။ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့တာေတြဟာ အမ်ားႀကီးျဖစ္ေနတယ္။ ဘာျဖစ္လို႔တုန္းဆိုေတာ့ အဲဒီ အုပ္ခ်ဳပ္တဲ့ ၀န္ထမ္းေနာက္မွာ ျပည္ထဲေရး၀န္ႀကီးဆိုတဲ့ သိပ္ရာထူးႀကီးတဲ့လူေတြက ကာဗာ (အကာအကြယ္) ေပးထားလို႔။ တကယ့္တကယ္ေတာ့ အဲဒီလုိ မျဖစ္ရဘူးေလ။ က်ေနာ္ ေစာေစာကေျပာသလို ေဒသႏၱရအုပ္ခ်ဳပ္ေရးဥပေဒ ျပ႒ာန္းလိုက္တာနဲ႔ ျပည္သူေရြးတဲ့လူကပဲ အုပ္ခ်ဳပ္တာ ျဖစ္ေတာ့မယ္။ မႀကိဳက္တာနဲ႔ ျပည္သူက ေအာ္မယ္၊ သူထြက္ေပးရမယ္။ အနိမ့္ဆုံး သူ ၅ ႏွစ္ပဲ အုပ္ခ်ဳပ္လို႔ရမယ္၊ ေနာက္ဆို အေရြးခံရမွာ မဟုတ္ေတာ့ဘူး။”

ဒါဆို ျပည္ထဲေရး၀န္ႀကီးက ဘယ္ေထြအုပ္ကို သြားကိုင္ရေတာ့မွာလဲ။

“ျပည္ထဲေရး၀န္ႀကီးက ဗဟိုအဆင့္ပဲ က်န္ေတာ့မယ္ေလ။ ဒီ တႏိုင္ငံလုံးမွာရွိတဲ့ အုပ္ခ်ဳပ္ေရးကို သမၼတက တာ၀န္ခံထားရတာ ျဖစ္တဲ့အတြက္ လိုအပ္ရင္ လိုအပ္တဲ့ေနရာမွာ ျဖည့္ဆည္းေပးဖို႔အတြက္ေလာက္ပဲ ျပည္ေထာင္စုအဆင့္ ျပည္ထဲေရး၀န္ႀကီးက ဒါပဲရွိေတာ့မယ္။ သူ႔မွာ အဓိက ဘာရွိမတုန္းဆိုေတာ့ဗ်ာ ေထာက္လွမ္းေရးရွိမယ္၊ ေထာက္လွမ္းေရးဆိုတာ ျပည္ေထာင္စုတခုလုံးရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ ေထာက္လွမ္းေရးဟာ သူ႔ဆီမွာရွိမယ္ (သို႔မဟုတ္) သမၼတဆီမွာထားမယ္။ ေနာက္တခါ ျပည္ေထာင္စုလုံၿခဳံေရး ရဲတပ္ဖြဲ႔ေပါ့။ သိပ္ၿပီးေတာ့ ေသာင္းက်န္းေနတဲ့ေနရာ၊ ဆူတဲ့ပူတဲ့ေနရာေတြ အားျဖည့္ေပးဖို႔ဆိုရင္ အဲဒါ သူ႔ဆီမွာထားမယ္။ ျပည္ေထာင္စုတခုလုံးမွာ တေနရာမွာ အုပ္ခ်ဳပ္ေရးအားနည္းေနရင္ အားနည္းတဲ့ေနရာကို ျဖည့္စြက္ေပးဖို႔ အင္အားဟာ ျပည္ထဲေရး၀န္ႀကီး လက္ေအာက္မွာ ရွိလိမ့္မယ္။ က်န္တဲ့ ဒီ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး တခုခ်င္းကိုကေတာ့ သူ႔ဟာသူ သက္ဆိုင္ရာ ျပည္နယ္၊ တိုင္း၀န္ႀကီးခ်ဳပ္ေတြကပဲ အုပ္ခ်ဳပ္သြားလိမ့္မယ္။”

ေထြအုပ္ကို ျပည္နယ္၊ တိုင္း၀န္ႀကီးခ်ဳပ္ေတြလက္ေအာက္ ပုိ႔ဖို႔ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ လြယ္ကူပါ့မလား၊ ႏိုင္ငံတ၀န္း လူထုဆႏၵခံယူပြဲေတြ ယူရေလာက္မယ့္ အဆင့္မ်ဳိး ျပဳျပင္ေျပာင္းလဲ ျပ႒ာန္းရတာမ်ဳိးလား။

“မဟုတ္ဘူး၊ မလိုဘူး။ ဘာျဖစ္လို႔တုန္းဆိုေတာ့ အုပ္ခ်ဳပ္ေရးအႀကီးအကဲက သမၼတျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးအႀကီးအကဲက သမၼတျဖစ္တဲ့အတြက္ အုပ္ခ်ဳပ္တာကို သမၼတက သူ႔စိတ္တိုင္းက် အုပ္ခ်ဳပ္လို႔ရပါတယ္။ သူ႔ရဲ႕လုပ္ပိုင္ခြင့္အာဏာကို သုံးၿပီးေတာ့ အုပ္ခ်ဳပ္လို႔ ရပါတယ္။ ဒါေပမယ္လို႔ ခုန က်ေနာ္ေျပာတဲ့ ေဒသႏၱရအုပ္ခ်ဳပ္ေရး ဥပေဒမ်ဳိးက်ေတာ့ ဥပေဒျပ႒ာန္းၿပီးမွ အုပ္ခ်ဳပ္ရမွာျဖစ္တဲ့အတြက္ သမၼတက ဥပေဒၾကမ္းေရးၿပီးေတာ့ လႊတ္ေတာ္ကို တင္ရပါမယ္။ လႊတ္ေတာ္က အတည္ျပဳၿပီးေတာ့မွ ခုနက က်ေနာ္ေျပာတဲ့ ရပ္ကြက္ေကာင္စီ၊ ၿမိဳ႕နယ္ေကာင္စီတို႔ ခ႐ုိင္ေကာင္စီတို႔ဆိုတာ၊ ဒါကေတာ့ ဥပေဒျပ႒ာန္းၿပီးမွ လုပ္ရမယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ မဆန္႔က်င္ဘူး။ အခုအုပ္ခ်ဳပ္ေနတာကသာ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ ဆန္႔က်င္တယ္။ မညီမညြတ္ ျဖစ္ေနတာေပါ့ဗ်ာ။ ျပည္နယ္၊ တိုင္းေဒသႀကီးေတြကို ေရြးတယ္ဗ်ာ ျပည္သူလူထုကေန။ အစိုးရဆိုတာ ဖဲြ႔တယ္ဗ်ာ။ ၀န္ႀကီးဆိုတာေတြ ဖြဲ႔ေပးတယ္ဗ်ာ၊ ၀န္ႀကီးခ်ဳပ္ဆိုတာ ခန္႔ေပးတယ္။ တကယ္တမ္းက်ေတာ့ အဲဒီ၀န္ႀကီးခ်ဳပ္က သူ႔ျပည္နယ္ကို အုပ္ခ်ဳပ္ဖို႔ သူ႔မွာ ရဲလည္းမရွိဘူး၊ အေထြေထြအုပ္ခ်ဳပ္ေရးဌာန ၀န္ထမ္းလည္း မရွိဘူး။ အဲဒီေတာ့ အဲဒါႀကီးက ဘာေခၚသတုန္းဆိုေတာ့ဗ်ာ အိမ္ႀကီးလွလွပပ ေဆာက္ၿပီးေတာ့ ဘာမွ လူလည္းမေန၊ ဘာမွလည္းမရွိဘူးဆုိတဲ့ သေဘာေပါ့ဗ်ာ၊ အဲသလိုျဖစ္ေနတာ။”

ေထြအုပ္ထဲမွာ စစ္တပ္က အရာရွိေတြက ထိပ္တန္းတာ၀န္ရွိသူေတြ ေနရာမွာ ပါ၀င္ေဆာင္ရြက္ေနတာ ေတာ္ေတာ္မ်ားမ်ားရွိေနတယ္။ အခုလည္း ေထြအုပ္မွာ တပ္ကလူေတြ ၅၀၀ ေလာက္ ထပ္တုိးေနတယ္ၾကားတယ္။ ေထြအုပ္ကို ျပဳျပင္ေျပာင္းလဲေရးလုပ္ရင္ ျပည္ထဲေရးက လက္ခံပါ့မလား။ ကာခ်ဳပ္က လက္ခံပါ့မလား။

“ဟုတ္ၿပီဗ်ာ အဲဒီေတာ့ ၂ ခုခြဲေျဖမယ္။ နံပါတ္ ၁ လူေတြပို႔တယ္ေျပာတယ္။ ေနာက္ထပ္ လူ ၅၀၀ ေလာက္ပို႔မယ္ ေထြအုပ္ကို။ ပို႔ေပ့ါဗ်ာ၊ ေနာက္ေတာ့ အဲဒီဟာေတြက လုပ္ပိုင္ခြင့္အာဏာရွိလို႔ ဒါကို မက္ေမာတာကိုး။ တကယ့္တကယ္ ေစာေစာကေျပာသလို ရပ္ကြက္ကိုအုပ္ခ်ဳပ္လို႔ ရပ္ကြက္ေကာင္စီ၊ ၿမိဳ႕နယ္ကိုအုပ္ခ်ဳပ္လို႔ ၿမိဳ႕နယ္ေကာင္စီေတြ ေပၚလာၿပီဆိုရင္ သူတို႔က ဘာလုပ္ပိုင္ခြင့္အာဏာမွ မရွိေတာ့ဘူး။ သူက ႐ုိး႐ုိး ႏိုင္ငံ့၀န္ထမ္းပဲ ျဖစ္ေတာ့မယ္။ အဲဒီဟာက်ေတာ့ သူတို႔ ဒီရာထူး သူတို႔မက္ခ်င္မွ မက္ေတာ့မယ္ေပါ့ဗ်ာ၊ ဒါက တခု။ ေနာက္ခုနတခု၊ ျပည္ထဲေရး၀န္ႀကီးက သေဘာတူပါ့မလား၊ ကာခ်ဳပ္က သေဘာတူပါ့မလားဆိုတဲ့ ခင္ဗ်ားရဲ႕ေမးခြန္း။ အဲဒီေတာ့ သမၼတဟာ အုပ္ခ်ဳပ္ေရးရဲ႕ အႀကီးအကဲ၊ လက္ရွိ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတဟာ ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲလည္းျဖစ္တယ္၊ အစိုးရအဖြဲ႔ရဲ႕ အႀကီးအကဲလည္းျဖစ္တယ္၊ ဒါ ပုဒ္မ ၁၆။ ေနာက္တခါ ပုဒ္မ ၅၈ အရ ႏိုင္ငံေတာ္ရဲ႕ အထြတ္အထိပ္ပုဂိဳၢလ္ျဖစ္တယ္ဗ်။ ၁၉၉ အရ အစိုးရအဖြဲ႔ရဲ႕ အႀကီးအကဲလည္း ျဖစ္တယ္ဗ်။ အဲဒီေတာ့ ႏိုင္ငံေတာ္အႀကီးအကဲ၊ အစိုးရအဖြဲ႔အႀကီးအကဲျဖစ္တဲ့ သမၼတလုပ္တာကို ျပည္ထဲေရး၀န္ႀကီးက မလိုက္နာရင္ ထြက္ သူ။ သူ႔အလုပ္က ထြက္ဖို႔ပဲရွိတယ္။ မထြက္ႏိုင္လို႔ရွိရင္ စြပ္စြဲျပစ္တင္ၿပီး ထုတ္ပစ္ဖို႔ပဲရွိတယ္။ ဘာျဖစ္လို႔တုန္းဆိုေတာ့ အေျဖက ရွင္းရွင္းေလး။ ျပည္ေထာင္စုလႊတ္ေတာ္ဆိုတာ ျပည္သူလူထုက ေရြးေကာက္တင္ေျမႇာက္ဖြဲ႔စည္းတာ။ အဲဒီျပည္ေထာင္စုလႊတ္ေတာ္က သမၼတကို ေရြးၿပီးေတာ့ ခန္႔အပ္ထားတာ။ အဲဒီသမၼတက ျပည္ေထာင္စုလႊတ္ေတာ္ကို တာ၀န္ခံရတယ္။ ဆိုလိုတာက ျပႆနာေပၚရင္ တာ၀န္ခံရမယ့္သူသည္ သမၼတျဖစ္တယ္၊ ျပည္ထဲေရး၀န္ႀကီး မဟုတ္ဘူး။ ဒါ့ေၾကာင့္မို႔လို႔ ျပည္ထဲေရး၀န္ႀကီးဟာ သမၼတကို မနာခံဘူးဆိုရင္ ထုတ္ပစ္ဖို႔ပဲရွိတယ္၊ အသစ္အစားျပန္ထိုးဖို႔ပဲ ရွိတယ္။ ဒါေၾကာင့္ ျပည္ထဲေရး၀န္ႀကီးက သေဘာမတူရင္ ျဖစ္ပါ့မလားဆိုတဲ့ ေမးခြန္းမ်ဳိးဟာ တက္လာစရာ အေၾကာင္းကို မရွိဘူး။ ဘာျဖစ္လို႔တုန္းဆိုေတာ့ သမၼတလုပ္တာကို ျပည္ထဲေရး၀န္ႀကီးက သေဘာမတူဘူးလို႔ ေျပာခြင့္ကို မရွိဘူး။ အဲဒါ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ က်ေနာ္ေျပာေနတာ။”

သမၼတဦးထင္ေက်ာ္ သမၼတတာ၀န္ စတင္ထမ္းရြက္ၿပီဆိုေတာ့ အထက္က ေျဖၾကားခ်က္ေတြက ျဖစ္ေကာင္းျဖစ္လာႏိုင္သလား၊ အခ်ိန္ယူရဦးမလား။

“က်ေနာ္တို႔ ေရြးေကာက္ပြဲ Manifesto (ေရြးေကာက္ပဲြေၾကညာစာတမ္း) မွာ ပါၿပီးပါၿပီခင္ဗ်။ တကယ့္ ႏိုင္ငံသားေတြ၊ ျပည္သူျပည္သားေတြရဲ႕ဘ၀ လုံၿခဳံ၊ ေၾကာင့္ၾကမႈ ကင္းၿပီးေတာ့ အပူအပင္ကင္းမဲ့စြာနဲ႔ ေနထိုင္ႏိုင္တဲ့ အုပ္ခ်ဳပ္ေရးစနစ္တခုကို ေပၚေပါက္ေအာင္ လုပ္မယ္ဆိုတာ ေရြးေကာက္ပဲြ Manifesto မွာ ပါၿပီးသားပါ။ Administrative Reform လို႔ေခၚတယ္၊ အုပ္ခ်ဳပ္ေရးက႑ ျပဳျပင္ေျပာင္းလဲမႈရွိမယ္၊ တရားေရးဌာန ျပဳျပင္ေျပာင္းလဲမႈရွိမယ္၊ ၿငိမ္းခ်မ္းေရးလုပ္မယ္၊ ဖြဲ႔စည္းပုံအေျခခံဥပေဒ ဒီမိုကေရစီစံႏႈန္းနဲ႔ ကိုက္ၿပီးေတာ့ ဖက္ဒရယ္ႏိုင္ငံေတာ္ ထူေထာင္ႏိုင္မယ့္ ဖြဲ႔စည္းပုံအေျခခံဥပေဒတရပ္ ေပၚေပါက္ေရးဆိုတာ လုပ္မယ္ဆိုၿပီးေတာ့ ေရြးေကာက္ပဲြ ေၾကညာစာတမ္းမွာ အဓိက ၄ ခ်က္ ေပးထားပါတယ္။ အဲဒီထဲမွာ ဒီ အုပ္ခ်ဳပ္ေရး ျပဳျပင္ေျပာင္းလဲေရးဆိုတာ ပါပါတယ္။ ဒါေၾကာင့္မို႔လို႔ ေရြးေကာက္ပြဲကတိ ျဖစ္တဲ့အတြက္ သမၼတႀကီးဟာ ေသခ်ာေပါက္ လုပ္သြားလိမ့္မယ္လို႔ က်ေနာ္ ေျပာႏိုင္ပါတယ္။”

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရ အဖြဲ႔ေတြမွာ အတြင္းေရးမႉးေတြက က်န္ေနခဲ့တယ္ဆိုေတာ့ အရင္အစိုးရလက္ထက္တုန္းက လူေတြပဲလား၊ အခု အစိုးရအဖြဲ႔ရဲ႕ အတြင္းေရးမႉးေတြကေလ။

“ျပည္နယ္၊ တိုင္း အစိုးရအဖြဲ႔ အတြင္းေရးမႉး အားလုံးဟာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တိုင္းမႉးေတြကို ခန္႔ထားတာဗ်။ အဲဒီေတာ့ အဓိပၸာယ္က ျပည္နယ္၊ တိုင္းေဒသႀကီးေတြ အားလုံးရဲ႕ အုပ္ခ်ဳပ္ေရးမွာ အေရးပါတဲ့ Post တခုကို ေထြအုပ္က ယူထားတာေပါ့။ တနည္းအားျဖင့္ ျပည္နယ္၊ တိုင္း အားလုံးကို ျပည္ထဲေရး၀န္ႀကီးဌာနကေန ထိန္းခ်ဳပ္ထားတဲ့သေဘာ ျဖစ္ေနတာေပါ့။ အဲဒါေၾကာင့္ ဒီလိုမ်ဳိးလုပ္လို႔မရဘူး၊ အဲဒီ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ဘယ္ေလာက္ရာထူးႀကီးႀကီး တိုင္းမႉးဟာ သူက ၀န္ထမ္းပဲျဖစ္ရမယ္၊ ၀န္ထမ္းအႀကီးအကဲပဲ။ သူ႔၀န္ထမ္းေတြကို အုပ္ခ်ဳပ္တဲ့ေနရာမွာပဲ သူက တာ၀န္ရွိမယ္။ ျပည္သူလူထုကို အုပ္ခ်ဳပ္တဲ့ေနရာမွာ အဲဒီ ေထြအုပ္တိုင္းမႉးက သူ႔မွာ ဘာအာဏာမွ မရွိဘူး။ ျပည္သူလူထုကို အုပ္ခ်ဳပ္မွာက ၀န္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႔က အုပ္ခ်ဳပ္မွာ။ အဲဒီ၀န္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႔ရဲ႕ အုပ္ခ်ဳပ္မႈယႏၱရား လည္ပတ္ႏိုင္ေအာင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၀န္ထမ္းေတြက သူ႔က်ရာက်ရာ တာ၀န္ေတြကို လုပ္ေပးရမယ္။ အုပ္ခ်ဳပ္ေရးအာဏာကို သူတို႔ကို မေပးရဘူး၊ ၀န္ထမ္းအာဏာပဲ၊ ႏိုင္င့ံ၀န္ထမ္း။ ၀န္ႀကီးခ်ဳပ္ခို္င္းတာလုပ္၊ အစိုးရခို္္င္းတာလုပ္ ဒါပဲ။ သူတို႔မွာ အုပ္ခ်ဳပ္ေရးအာဏာမအပ္ဘူး၊ ဒါကိုေျပာတာ။ အခု အဲဒီ ခ႐ုိင္အုပ္ခ်ဳပ္ေရးမႉးတို႔၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးတို႔က သူတို႔ အုပ္ခ်ဳပ္ေရးအာဏာ အပ္လိုက္တာ၊ ေဟ့ေကာင္ မင္းလာဆို သူက လာရတယ္ က်ေနာ္တို႔က။ မင္း ငါ့စကားနားေထာင္ဆို နားေထာင္ရမယ္ ျပည္သူေတြက။ အမွန္က ၀န္ထမ္းကို အဲလိုအာဏာမေပးရဘူး။ အဲဒီလိုအာဏာကိုက ေကာင္စီေတြကို ေရြးၿပီးေတာ့မွ အဲဒီလိုအာဏာကို ေပးရတယ္။ ခ႐ုိင္အုပ္ခ်ဳပ္ေရးမႉးဆိုတာက ခ႐ုိင္ေကာင္စီရဲ႕ေအာက္မွာ လုပ္ရတဲ့ ၀န္ထမ္းအႀကီးအကဲပဲျဖစ္တယ္။ အခု ၀န္ထမ္းအႀကီးအကဲက ျပည္သူေတြရဲ႕ အႀကီးအကဲ လာျဖစ္ေနတာဟာ က်ေနာ္တို႔ဆီမွာ ႐ႈပ္ေထြးေနတာပဲ။”

တရားဥပေဒစိုးမိုးေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဖြဲ႔စည္းပုံျပင္ဆင္ေရးေတြ လုပ္မယ္လို႔ အန္အယ္လ္ဒီက ေႂကြးေၾကာ္ခဲ့ပါတယ္။ အခုေရာ တရားစီရင္ေရးစနစ္က သမၼတသစ္ ဦးထင္ေက်ာ္လက္ထက္မွာ ဘယ္လိုျပဳျပင္ေျပာင္းလဲမႈေတြ လုပ္မလဲ။

“တရားစီရင္ေရး ျပဳျပင္ေျပာင္းလဲဖို႔ကိစၥ ေၾကညာစာတမ္းမွာပါတယ္။ အဲဒီေတာ့ ေၾကညာစာတမ္းမွာ ပါတဲ့အတိုင္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔အတြက္ကို အပိုင္း ၂ ပိုင္း ခြဲၿပီး လုပ္ရမယ့္သေဘာ ရွိတယ္ဗ်။ တပိုင္းက ျပဳျပင္ေျပာင္းလဲေရး၊ တပိုင္းက ဖြဲ႔စည္းပုံအေျခခံနဲ႔ ဆက္စပ္တယ္။ အဲဒီေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒကို မျပင္ဘဲနဲ႔ ဒီဟာက ေျပာင္းလို႔မရဘူး။ ဥပမာ က်ေနာ္တို႔ လက္ရွိ ဖြဲ႔စည္းပုံအေျခခံဥပေဒအရဆိုရင္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ဆိုတာကို ဖြဲ႔စည္းၿပီးေတာ့မွ သူက တရားေရးအာဏာနဲ႔ အုပ္ခ်ဳပ္ေရးအာဏာ ၂ ခုစလုံးကို ေရာေထြးၿပီး အပ္ႏွင္းထားတယ္။ ၿပီးေတာ့ အုပ္ခ်ဳပ္ေရးနဲ႔ပတ္သက္လို႔ ဘတ္ဂ်က္ေတြဘာေတြ ဆြဲတာကလည္း သူက Independent မျဖစ္ဘူး။ အစိုးရကေန တင္ေပးေနရတာေတြ ရွိေနတယ္။ ဒါမ်ဳိး ျဖစ္လို႔မရဘူး။ အဲဒီေတာ့ ဘယ္လုိလုပ္ရမတုန္းဆိုေတာ့ Judicial Ministry ဆိုတာ သတ္သတ္ျပန္ေဖာ္ရမယ္။ က်ေနာ္တို႔ ၁၉၆၂ မတို္င္မီက ရွိပါတယ္။ တရားေရး၀န္ႀကီးဌာနလို႔ ေခၚပါတယ္။ တရားေရး၀န္ႀကီးခ်ဳပ္ဆိုတာကို ခန္႔ထားပါတယ္။ အဲဒီေအာက္မွာမွ တရားေရး၀န္ႀကီးမ်ား၊ တရား႐ုံးခ်ဳပ္ တရားသူႀကီးမ်ား ဆုိၿပီးေတာ့ ဖြဲ႔စည္းရပါတယ္။ ဆိုလုိတာက Judicial မွာ အပိုင္း ၂ ပိုင္း ရွိပါတယ္။ တရားေရးဆိုင္ရာ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးဆိုၿပီးေတာ့ ၂ မ်ဳိးရွိတယ္။ တရားစီရင္ေရး ဆိုတာကေတာ့ ေျဖာင့္မတ္မွန္တဲ့ တရားသူႀကီးေတြ ခန္႔ၿပီးေတာ့ အမႈေတြကို စစ္ခိုင္းတဲ့အလုပ္ေပါ့။ အုပ္ခ်ဳပ္ေရးဆိုတာက အဲဒီတရားသူႀကီးေတြ ေျဖာင့္ေျဖာင့္အလုပ္လုပ္ဖို႔၊ အဲဒီတရားသူႀကီးေတြ ရာထူးတိုးတာ၊ ေလွ်ာ့တာ၊ ေရႊ႕တာ၊ နယ္ေျပာင္းတာ၊ အက်ဥ္းေထာင္ေတြကို ထိန္းသိမ္းတာ၊ အုပ္ခ်ဳပ္တာ၊ အဲဒါက်ေတာ့ အုပ္ခ်ဳပ္ေရးဌာနက တာ၀န္ယူရတယ္။ အဲဒီေတာ့ တရားေရးဌာနႀကီးကို ျပန္ၿပီးေတာ့ ဖြဲ႔စည္းမယ္ဆိုရင္ေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ၿပီးမွရမယ္၊ ဒါက တပိုင္း။ ဒုတိယတပိုင္း ဖြဲ႔စည္းပုံအေျခခံဥပေဒ မျပင္ခင္ လုပ္လို႔ရတဲ့ အပိုင္းကေတာ့ တရားစီရင္ေရးဥပေဒ အသစ္တခုကို ျပည္ေထာင္စုလႊတ္ေတာ္က ျပန္ေရးရမယ္။ အခုေလာေလာဆယ္ ဗမာႏိုင္ငံမွာ ၂၀၁၀ ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒအရ တရားစီရင္ေရး လုပ္ငန္းေတြကို ေဆာင္ရြက္ေနတယ္။ အဲဒီဥပေဒကို ပိုမိုေကာင္းမြန္တဲ့ ဥပေဒနဲ႔ အစားထိုးဖို႔လိုမယ္။ ဆိုလိုတာက တရားသူႀကီးေတြကို လြတ္လြတ္လပ္လပ္ စီရင္ႏိုင္တဲ့ အခြင့္အာဏာကို ဥပေဒနဲ႔ ျပ႒ာန္းေပးမယ္။ တရားသူႀကီးေတြကို ဘယ္အုပ္ခ်ဳပ္ေရးဌာနကမွ စြက္ဖက္လို႔မရဘူး၊ အမိန္႔ေပးလို႔မရဘူး၊ ညႊန္ၾကားခ်က္ေပးလို႔မရဘူး။ ေပးလာရင္လည္း လုံး၀မနာခံရဘူး။ တရားသူႀကီးေတြဟာ တည္ဆဲဥပေဒကို ေထာက္ထားၿပီးေတာ့ လြတ္လြတ္လပ္လပ္ ကိုယ့္သေဘာနဲ႔ကိုယ္ ဆုံးျဖတ္ရမယ္။ အဲဒီဆုံးျဖတ္ခ်က္ကိုလည္း တာ၀န္ယူရမယ္။ မွားရင္ တာ၀န္ခံရမယ္။ မမွားေအာင္ အထက္တရားသူႀကီးေတြက ေစာင့္ၾကည့္ေပးရမယ္။ တကယ္လို႔ ေစာင့္ၾကည့္ဖို႔ပ်က္ကြက္ရင္ ပ်က္ကြက္တဲ့ အထက္တရားသူႀကီးပါ အေရးယူမယ္ဆိုတဲ့ ပုံမ်ဳိးနဲ႔ တရားစီရင္ေရး ဥပေဒတခုကို ေရးလိုက္ႏိုင္မယ္ ဆုိရင္ေတာ့ ေလာေလာဆယ္ လာဘ္ေပးလာဘ္ယူ ျဖစ္တာေတြ၊ မေတာ္မတရား ဆုံးျဖတ္တာေတြ အေတာ္အတန္ နည္းပါးသြားမယ္။ ဒါကေတာ့ လတ္တေလာ လွ်င္လွ်င္ျမန္ျမန္ လုပ္လို႔ရတဲ့အပိုင္းေပါ့။ ခုန က်ေနာ္ေျပာတဲ့ ဌာနႀကီးတခုလုံး ျပဳျပင္ေျပာင္းလဲဖို႔က်ေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္တဲ့အပိုင္း၊ အဲဒါကေတာ့ နည္းနည္းခက္မယ္၊ ဖြဲ႔စည္းပုံျပင္ၿပီးမွ လုပ္လို႔ရမယ္။ ဖြဲ႔စည္းပုံမျပင္ဘဲ လုပ္လို႔ရတာကေတာ့ ခုနေျပာသလို တရားစီရင္ေရးဥပေဒ အသစ္တခုကို ေရးဆြဲၿပီးေတာ့မွ အစားထိုးရမယ္။ လုပ္စရာေတြ အမ်ားႀကီးပဲ။”

DVB (1 April 2016)

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ္ေခ်ာင္ေက်းရြာ ၊ သထံုၿမိဳ႕နယ္ ၊ အင္းတိုင္စုေက်းရြာ ၀က္လက္ ၀တၱဳ ၀တ္မွံဳေရႊရည္ ၀မ္းတြင္း ၀မ့္ဟိုင္း ၀ါးခယ္မ ၀ိုင္းစုခိုင္သိန္း ၀ိုင္းေမာ္ ၀ုိင္းစုခိုင္သိန္း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF Bingali Bobby Soxer (ထက္ထက္) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည္ rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည္ Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကခ်င္ ကခ်င္ျပည္နယ္ ကနီ ကန္ ့ဘလူ ကန္ပိုက္တီး ကန္ၾကီးေထာင့္ ကံမ ကမန္ ကမာရြတ္ ကယန္း ကယား ကယားျပည္နယ္ ကရင္ ကရင္နီ ကရင္ျပည္နယ္ ကရင္ျပည္သူ ့ပါတီ ကြတ္ခိုင္ ကြတ္ခိုင္ၿမိဳ႕နယ္ ကြမ္းျခံကုန္း ကြမ္းလံု ကြ်န္းစု ကြ်န္းလွ ကြ်ဲပြဲ ကလလတ ကသာ ကာမိုင္း ကာရံခ်ိ ဳ ကားေမာင္းသူေတြအတြက္ ကိုးကန္ ့ ကိုကိုးကြ်န္း ကိုထက္ ကိုျမေအး ကိုအံ့ၾကီး ကိုေ၀လု ကုိးကန္ ့ ကူမဲ ကေလး ကေလး၀ ကေလာ က်န္းမာေရး က်ိဳက္ထို က်ိဳက္ထီးရိုး က်ိဳက္မေရာ က်ိဳက္လတ္ က်ိဳင္းတံု က်ံဳေထာ္ က်ံဳေပ်ာ္ က်ံုဒိုး ခင္ညြန္ ့ ခင္ဘုဏ္း ခင္ဝင့္ဝါ ခင္သဇင္ ခင္ဦး ခန္ ့စည္သူ ခရစ္ဆီ ၀ဏၰ ခရမ္း ခိုင္သင္းၾကည္ ခိုင္သဇင္ငုဝါ ခိုလမ္ ခူမီး ခေမာက္ၾကီး ခ်င္း ခ်င္းတြင္းျမစ္ ခ်င္းျပည္နယ္ ခ်င္းေရႊေဟာ္ ခ်စ္စႏိုးဦး ခ်စ္သုေ၀ ခ်စ္ဦးညိဳ ခ်စ္ေဗဒင္ ခ်မ္းခ်မ္း ခ်မ္းျမသာစည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းေအးသာစံ ခ်ီေဗြ ခႏၱီး ဂန္ ့ေဂါ ဂမၻီရ ဂုတ္ထိပ္ ဂ်င္မီ ဂ်ီလတ္ ဂ်ဴး ငပုေတာ ငဖဲ ငါန္းဇြန္ ငါးသိုင္းေခ်ာင္း ငါ့သေရာက္ စကု စက္စဲ စကၤာပူ စစ္ကိုင္း စစ္ကိုင္းတိုင္း စစ္ေတြ စတီဗင္ဦး စနဲျမိဳ ့ စမ္းေခ်ာင္း စမး္ေခ်ာင္း စံရတီမုိးျမင့္ စြမ္းအားရွင္ စလင္း စဥ့္ကိုင္ စဥ့္ကူး စာေပေဟာေျပာပြဲ စိုက္ပ်ိဳးေရး စိုင္းစိုင္းခမ္းလိွဳင္ စိုးစႏၵာထြန္း စိုးျပည့္သဇင္ စိုးျမတ္နႏၵာ စိုးျမတ္သူဇာ စိုးသူ စီးပြားေရး စုစုေႏြး စေလ စႏၵီျမင့္လြင္ ဆင္ဘို ဆင္ေပါင္၀ဲ ဆြမ္ပရာဘြမ္ ဆြာၿမိဳ႕ ဆားလင္းၾကီး ဆိပ္ျဖဴ ဆိုေတး ဆီဆိုင္ ဆီရာလီယြန္း ဆုပန္ထြာ ဇင္၀ိုင္း ဇန္ႏူး ဇဗၺဴသီိရိ ဇမၺဴသီရိ ဇြန္သင္ဇာ ဇြန္သံစဥ္ ဇလြန္ ဇာဂနာ ဇာနည္ထူးထူး ဇိုမီး တကသ တင္ဇာေမာ္ တင့္တင့္ထြန္း တင္းတိတ္ တစည တံတားဦး တနသၤာရီ တနသၤာရီတိုင္း တန္ ့ဆည္ တန္ ့ယန္း တပ္ကုန္း တမူး တရား တြန္းဇံ တြံေတး တလုပ္ တအာင္း(ပေလာင္) တာခ်ီလိတ္ တာေမြ တာေလ တိုက္ၾကီး တီက်စ္ တီးတိန္ တုိက္ၾကီး တူနီးရွား တႏိုင္း တႏို္င္း ထက္ထက္၀င့္ ထက္ထက္မိုးဦး ထန္းကုန္း ထန္းတပင္ ထန္းပင္ကုန္း ထြန္းထြန္း ထြန္းအိျႏၵာဗို ထားထက္ထက္ ထားဝယ္ ထီးခ်ိဳင့္ ထီးလင္း ထံုးတပိုေက်းရြာ ထူးဆန္းေထြလာ ထူးၾကီး ဒကၡိဏသီရိ ဒဂံု ဒဂံုဆိပ္ကမ္း ဒဂံုျမိဳ ့သစ္ ဒလ ဒလိုင္းလားမား ဒါးက ဒါရိုက္တာ၀ိုင္း ဒါရိုက္တာမိုက္တီး ဒိုက္ဦး ဒီပဲယင္း ဒီမိုကရက္တစ္ပါတီ(ျမန္္မာ) ဒီေမာဆို ဓႏုျဖဴ နတၱလင္း နတ္တလင္း နတ္ေမာက္ နန္းခင္ေဇယ်ာ နန္ဆန္ ့ နန္းဆုရတီစိုး နမၼတီး နမၼတူ နမ့္ခမ္း နမ့္စမ္ နမ့္ဆမ္ နမ့္လန္ နယ္သာလန္ နာဂ နားဟိုင္းလံု နာေရး နာေရးကူညီမွဳအသင္း နီနီခင္ေဇာ္ နႏၵာလိွဳင္ ပက္ထရစ္ရွာ ပခုုကၠဴ ပင္းတယ ပင္လည္ဘူး ပင္လံု ပင္ေလာင္း ပန္၀ါ ပန္ဆိုင္း ပန္းတေနာ္ ပန္းဘဲတန္း ပန္းေတာင္း ပြင့္နဒီေမာင္ ပြင့္ျဖဴ ပလက္၀ ပလိပ္ ပိုင္က်ံဳ ပိုလန္ ပီကင္း ပုဂံ ပုဇြန္ေတာင္ ပုဏၰားကြ်န္း ပုပၸါး ပံုပါက်င္ ပုဗၺသီရိ ပုလဲ ပုသိမ္ ပုသိမ္ခရိုင္ ပုသိမ္ၾကီး ပုေလာျမိဳ ့ ပူတာအို ပေလာင္ ပဲခူး ပဲခူးတိုင္း ပ်ဥ္းမနား ဖယ္ခံု ဖရူဆို ဖြာေထာင္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ဖလမ္း ဖားကန္ ့ ဖာပြန္ ဖားေဆာင္း ဖုန္ၾကားရွင္း ဖ်ာပံု ၾကက္ယက္ ေက်းရြာ ၾကံခင္း ၾကည္ျဖဴ သွ်င္ ၾကည့္ျမင္တိုင္ ၾကည့္ျမင္တိုင္ ၾကာအင္းဆိပ္ၾကီး ၾကိဳ ့ပင္ေကာက္ ၾကဴကုတ္ ဗကပ ဗကသ ဗန္းေမာက္ ဗန္းေမာ္ ဗဟန္း ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္ ဗိုလ္ခ်ဳပ္ေဟာင္းထြန္းၾကည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဗိုလ္တေထာင္ ဗိုလ္ၾကင္ေမာင္ ဗိုလ္မွဴးၾကီးေစာဆန္းေအာင္ ဗိႆ ႏိုး ဗီယက္နမ္ ၿမိဳင္ၿမိဳ႕ ၿမိဳင္ႀကီးငူဆရာေတာ္ ဘဂၤါလီ ဘယ္လ္ဂ်ီယံ ဘားအံ ဘားအံၿမိဳ႕နယ္ ဘိုကေလး ဘီးလင္း ဘုတလင္ ဘုတ္ျပင္း ဘုရားၾကီး ဘုရားသံုးဆူ ဘုိကေလး ဘူးသီးေတာင္ မကၠဆီကို မကွေးတိုင်း မခ်မ္းေဘာ့ မဂၤလာဒံု မဂၤလာပြဲ မဂၤလာေတာင္ညြန္ ့ မင္းကင္း မင္းကြန္း မင္းကိုႏိုင္ မင္းတပ္ မင္းတုန္း မင္းဘူး မင္းျပား မင္းလွ မင္းအုပ္စိုး မင္းေမာ္ကြန္း မင္းေသြးသစ္ မင္းေအာင္လိွဳင္ မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန္းေဂ်ာ္နီ မဘသ မဘိမ္း မယ္စဲ့ မယ္လ မယ္လိုဒီ မရမ္းကုန္း မြန္ မြန္ျပည္နယ္ မြန္ျပည္သစ္ မြန္အမ်ိဳးသားပါတီ မြန္းေအာင္ မလိွဳင္ မလႊကုန္း မွန်ပြည်နယ် မွဲ ့ မဟာေအာင္ေျမ မအီ မအူပင္ မာန္ေအာင္ မာယာလူမ်ိဳူး အေၾကာင္း မာရီနာ မာရီလင္မြန္ရိုး မိစႏၵီ မိတီၳလာ မိတီ္ၳလာ မိတၳီလာ မိတ္ကပ္ မိန္ ့ခြန္း မိုးကုတ္ မိုင္းကိုင္ မိုင္းခတ္ၿမိဳ႕နယ္ မိုင္းခုတ္ မိုင္းဆတ္ မိုင္းတံု မိုင္းထား မိုင္းပန္ မိုင္းပြန္ မိုင္းယန္း မိုင္းျပင္း မိုင္းျဖတ္ မိုင္းရွဴး မိုင္းလား မိုင္းေနာင္ မိုင္းေယာင္း မိုးညွင္း မိုးညိဳ မိုးနဲ မိုးမိတ္ မိုးယုစံ မိုးျဗဲ မိုးသီးဇြန္ မိုးေကာင္း မိုးေဇညိမ္း မိုးေမာက္ မိုးေဟကို မိုးေအာင္ရင္ မံုးကိုး မုဏ္း မုဒံု မုန္း၀န္း မုန္းကို မံုရြာ မုံရြာၿမိဳ႕ မုိင္းခတ္ၿမိဳ႕နယ္ မုိးညႇင္းၿမိဳ႕နယ္ မူဆယ္ မေကြး မေကြးတိုင္း မေလးရွား မ်ိဳးေစာင့္ဥပေဒ မႏၱေလး မႏၱေလးတိုင္း ယင္းမာပင္ ယန္ဟီးလီ ယမံုမိုး ယြန္းယြန္း ယီမင္ ယုသႏၱာတင္ ယူကရိန္း ျပင္သစ္ ျပင္ဦးလြင္ ျပဇာတ္ ျပည္ ျပည္ခို္င္ျဖိဳး ျပည္ၾကီးတံခြန္ ျပည္ႀကီးတံခြန္ ျပည္သူ ့ဂုဏ္ရည္ ျပြန္တန္ဆာ ျဖိဳးၾကီး ျဖိဳးျဖိဳးေအာင္ ျဖိဳးေငြစိုး ျဖဴး ျဖဴျဖဴေက်ာ္သိန္း ျမ၀တီ ျမင္းမူ ျမင္းျခံ ျမင့္ျမတ္ ျမစ္က်ိဳး ျမစ္ဆံု ျမစ္ၾကီးနား ျမစ္သား ျမတ္ေကသီေအာင္ ျမန္မာမေလးမ်ား ျမန္မာမေလးမ်ားvideo ျမန္မာ့ရိုးးရာ ပန္းးပုပညာ ျမန္ေအာင္ ျမဝတီ ျမသန္းစံ ျမိတ္ထား၀ယ္ ျမိဳ ့သစ္ ျမိဳင္ ျမိဳင္ၾကီးငူ ရခိုင္ျပည္နယ္ ရခိုင္အမ်ိဳးသားပါတီ ရခိုင္အမ်ဳိးသားပါတီ ရတနာမိုင္ ရတာနာ ရန္ကင္း ရန္ကုန္ ရန္ကုန္စက္မွဳတကၠသိုလ္ ရန္ကုန္တိုင္း ရန္ကုန္ျပည္သူ ့အက်ိဳးေဆာင္ကြန္ယက္ ရန်ကုန်တိုင်း ရပ္ေစာက္ ရမည္းသင္း ရမ္းျဗဲ ရြာငံ ရွင္ဆႏၵာဓိက ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(က်ားျဖဴပါတီ) ရွမ္းနီ ရွမ္းျပည္နယ္ ရွားေတာ ရွီဘုယဇာနည ရုရွား ရေသ့ေတာင္ ရဲတိုက္ ရဲထြဋ္ ရဲေလး လက္ပံတန္း လက္ပံေတာင္း လက္ေ၀ွ ့ လင္းေခး လပြတၱာ လမ္းမေတာ္ လယ္သမား လယ္သိမ္းေျမသိမ္း လယ္ေ၀း လြယ္လင္ လြိဳင္လင္ လြိဳင္ေကာ္ လွည္းကူး လွည္းတန္း လွှတ်တော် လွာကာေက်းရြာ လွိဳင္သာယာ လသာ လဟယ္ လားရွိဳး လာအို လိြဳင္လင္ လိြဳင္ေကာ္ လိွဳင္ လိွဳင္းဘြဲ လိွဳင္သာယာ လိုင္ဇာ လိႈင္းဘြဲ႔ၿမိဳ႕နယ္ လီဆူ လံုးခင္း လုလုေအာင္ လူမင္း လူေပ်ာက္ေၾကာ္ျငာ လဲခ်ား လႊတ္ေတာ္ ဝတ္မွဳန္ေရွြရည္ ဝိုင္းစုခိုင္သိန္း ဝိုင္းေမာ္ ဝိုင္းေလး ဝီရသူ ႀကည့္ျမင္တုိင္ သကၠလ သက္မြန္ျမင့္ သခင္တင္ျမ သံဃာ သဃၤန္းကြ်န္း သင္ဇာဝင့္ေက်ာ္ သင္ဇာႏြယ္၀င္း သဇင္ သံတြဲ သတိေပးခ်က္ သထုံ သထံု သနပ္ပင္ သန္လ်င္ သန္းေရႊ သပိတ္က်င္း သံဖြူဇရပ် သၾကၤန္ သံျဖဴဇရပ္ သရက္ သံလ်င္ သဥၹာႏြယ္၀င္း သာစည္ သားညီ သာယာ၀တီ သာေကတ သာေပါငး သာေပါင္းျမိဳ ့နယ္ သိန္းစိန္ သိန္းနီ သိႏၷီ သီတဂူဆရာေတာ္ သီဟ၀င္းတင္ သီေပါ သု၀ဏၰ သု၀ဏၰ၀တီ သံုးခြ သံုးဆယ္ သူရဦးတင္ဦး သူရဦးေရႊမန္း သူရဦးေအာင္ကို သူရေရႊမန္း သူရဲေကာင္း သံေတာင္ၾကီးျမိဳ ့ သေရာ္စာ သဲကုန္း သၪၨာႏြယ္ဝင္း ဟန္၀င္းေအာင္ ဟန္ထူးလြင္ ဟန္သီ ဟသၤာတ ဟားခါး ဟာသ ဟိုင္းၾကီးကြ်န္း ဟိုပံုး ဟိုယာေဒသ ဟုမၼလင္း ဟုိပန္ ဟဲဟိုး အကယ္ဒမီ အကယ္ဒမီ၂၀၁၂ အဂၤပူ အင္ဂ်လီနာ ဂ်ိဳလီ အင္းစိန္ အင္းတေကာ္ အင္လံုရြာ အင္းေတာ္ အင္းေတာ္ႀကီး အင္းေလး အစၥေရး အဆိုအမိန္ ့ အမရပူရ အမ္း အမ်ိဳးသမီးပါတီ အမ်ိဳးသားကြန္ဂရက္ပါတီ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ အမ်ိဳးသားပါတီ အျမန္လမ္း အရာေတာ္ အရိုင္း အလွျပင္မယ္ အလံု အသုတ္ အာဆီယံ အာဇာနည္ေန ့ အိမ္မဲ အိေခ်ာပို အိႏၵိယ အီရန္ အီသီယိုးပီးယား အုတ္တြင္း အေကာက္ေတာင္ အေဖ်ာက္ အေမရိကန္ အေျခခံဥပေဒ အေလာင္းေတာ္ကႆ ပ ဥတၱရသီရိ ဦး၀င္းတင္ ဦး၀ီရသူ ဦးဂမၻီရ ဦးထင္လင္းဦး ဦးထင္ေက်ာ္ ဦးထင်ကျော် ဦးနု ဦးပိုင္ ဦးဖိုးက်ား ဦးျမင့္ေဆြ ဦးဝင္းခ်ိဳ ဦးဝင္းတင္ ဦးဝင္းထိန္ ဦးသန္ ့ ဦးေတဇ ဦးေန၀င္း ဧရာ၀တီ ဧရာ၀တီတိုင္း ဧရာဝတီ ဧဝရတ္ေတာင္ ေ၀ဠဳေက်ာ္ ေ၀ါ ေကတုမတီ ေကအိုင္အို ေကာ့ကရိတ္ ေကာင္းျပည့္ ေကာ့မွဴး ေကာလင္း ေကာ့ေသာင္း ေကာ္နီ ေက်းသီးျမိဳ ့ ေက်ာက္ဆည္ ေက်ာက္တံခါး ေက်ာက္တံတား ေက်ာက္တန္း ေက်ာက္ပန္းေတာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေက်ာက္ၾကီး ေက်ာက္မဲ ေက်ာက္ျဖဴ ေက်ာက္ေတာ္ ေက်ာက္ေျမာင္း ေက်ာင္းကုန္း ေက်ာင္းသားလွဳပ္ရွားမွဳ ေက်ာင္းသားသပိတ္ ေက်ာ္ကိုကို ေက်ာ္သူ ေက်ာ္ဟိန္း ေက်ာ္ေက်ာ္ဗို ေခ်ာက္ ေခ်ာင္းဆံု ေခ်ာင္းသာ ေခ်ာင္းဦး ေခ်ာရတနာ ေဂ်ညီညီ ေဂ်ာက္ဂ်က္ ေငြမွဳန္ရတီ ေငြေဆာင္ ေစတုတၱရာ ေစာဘြဲ့မွဴး ေဆာ ေဆာ့ေလာ္ ေဇယ်၀တီ ေဇယ်ာသီရိ ေဇရဲထက္ ေဇာ္ဝင္းထြဋ္ ေဇာ္သက္ေထြး ေညာင္တုန္း ေညာင္ဦး ေညာင္ေျခေထာက္ ေညာင္ေရႊ ေညာင္ေလးပင္ ေတာကြ်ဲအင္း ေတာင္ကုတ္ ေတာင္ငူ ေတာင္တြင္းၾကီး ေတာင္ဒဂံု ေတာင္ၾကီး ေတာင္ျပိဳလက္၀ဲ ေတာင္ျပံဳး ေတာင္သမန္ ေတာင္သာ ေတာင္ဥကၠလာ ေထာက္ၾကန္ ့ ေဒၚၾကိဳင္ၾကိဳင္ ေဒၚေအာင္ဆန္းစုၾကည္ ေဒးဒရဲ ေဒါက္တာညိဳညိဳသင္း ေဒါက္တာတင့္ေဆြ ေဒါက္တာထြန္းလြင္ ေဒါက္တာျမင့္ေထြး ေဒါက္တာရန္မ်ိဳးသိမ္း ေဒါက္တာလွေက်ာ္ေဇာ ေဒါက္တာသန္းထြန္း ေဒါပံု ေနတိုး ေနမ်ိဳးဇင္ ေနမ်ိဳးေ၀ ေနျပည္ေတာ္ ေနာင္ခ်ိဳ ေနာင္ဒြန္းေက်းရြာ ေနာင္လံုး အုပ္စု ေနာ္အုန္းလွ ေပးစာ ေပးစာ - ဗိုလ္ခ်ဳပ္ျမ၀င္း (သို႔) ဗိုလ္ျမ၀ါး ေပါက္ ေပါက္ေခါင္း ေပါက္ေတာ ေပါင္ ေပါင္းတည္ ေပ်ာ္ဘြယ္ ေဖြးေဖြး ေဖာင္ၾကီး ေဖာင္းျပင္ ေၾကးမံုဦးေသာင္း ေၾကာ္ျငာ ေဗဒင္ ေဗလု၀ ေဘာလခဲ ေမ ေမခလာ ေမစံပယ္ညိဳ ေမွာ္ဘီ ေမသက္ခိုင္ ေမသန္းႏု ေမာက္မယ္ ေမာခ်ီး ေမာင္ေဆာင္းခ ေမာင္ေတာ ေမာင္ေမာင္၀မ္း ေမာ့စ္ ေမာ္ခ်ီး ေမာ္လျမိဳင္ ေမာ္လိုက္ ေမာ္္လ္ဒိုဗာ ေျပတီဦး ေျမပံု ေျမာက္ဒဂံု ေျမာက္ဥကၠလာ ေျမာက္ဦး ေျမာင္ ေျမာင္းျမ ေရး ေရစၾကိဳ ေရစႀကိဳၿမိဳ႕နယ္ ေရတာရွည္ ေရနီ ေရနံေခ်ာင္း ေရၾကည္ ေရျဖဴ ေရွြဘိုျမိဳ ့ ေရွြမွဳန္ရတီ ေရွြျပည္သာ ေရဦး ေရႊ၀ါေရာင္ ေရႊကူ ေရႊက်င္ ေရႊစက္ေတာ္ ေရႊည၀ါဆရာေတာ္ ေရႊတိဂံု ေရႊဘို ေရႊမွဳန္ရတီ ေရႊျပည္သာ ေရႊလီ ေရႊေညာင္ ေရႊေတာင္ ေရႊေပါကၠံ ေရႊေသာင္ယံ ေလးမ်က္ႏွာ ေလးျဖဴ ေလွာ္ကား ေလာက္ကိုင္ ေလာင္းလံု ေလာပိတ ေဝါျမိဳ႕နယ္ ေအးခ်မ္းျမတ္မိုး ေအးျမတ္သူ ေအသင္ခ်ိဳေဆြ ေအာင္ဆန္းဦး ေအာင္ပန္း ေအာင္မင္း ေအာင္ရဲလင္း ေအာင္လံ ေအာင္ေျမသာစံ ေအာင္ေသာင္း ေအာ္စကာ ႏြားထိုးၾကီး ႏိုင္ငံေရးအက်ဥ္းသား ႏိုင္မြန္ခ်မ္း

Labels

Recent Post