Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 1, 2016

ေအပရယ္ဖူး အေၾကာင္း သိေကာင္းစရာ



ေအပရယ္ဖူး ျဖစ္လာတာ ကေတာ့ Julian calendar ကေန Gregorian calendar ကို ေျပာင္း သံုးတဲ့အခါ April လ ၁ ရက္ေန႔ကေန January ၁ ရက္ေန႔က ႏွစ္သစ္ ျဖစ္လာ ပါတယ္။

၁၅၈၂ ခုႏွစ္က စတင္ျခင္း ျဖစ္ပါတယ္။ ေရာမက ျပည္သူေတြက အေျပာင္း အလဲကို လက္မခံ ႏိုင္ေသးပဲ April 1 ရက္ေန႔ ေရာက္ တိုင္း ႏွစ္ကူးပြဲ က်င္းပပါတယ္။ ဒါနဲဲ႔ ေရာမ ဘုရင္က ေျပာမရတဲ့ ျပည္သူေတြကို April 1 မွာ ႏွစ္ကူးပြဲ က်င္းပသူတိုင္းကို အရူးေတြ (Fool) ေတြလို႔ ေဝဖန္ ေျပာခဲ့ ပါတယ္။ ဘုရင္ကိုလည္း ေၾကာက္တာေၾကာင့္ ပြဲကို ေပၚေပၚ ထင္ထင္ မက်င္းပေတာ့ေပမယ့္ အခ်င္းခ်င္း စေနာက္တဲ့ ေအပရယ္ဖူး က ေရပန္းစား ေပၚေပါက္ခဲ့ ပါတယ္။

ယေန႔တိုင္လည္း ဥေရာပ၊ အေမရိက တို႔မွာ ေအပရယ္ဖူး ေခတ္စားျပီး အာရွအထိပါ ကူးဆက္ ပါတယ္။ ကမၻာ့ အၾကီးဆံုး မီဒီယာမ်ား ျဖစ္တဲ့ ဘီဘီစီ၊ စီအန္အန္န္၊ မယ္ရာ၊ ေဒးလီေမး တို႔ အျပင္ အျခားေသာ အြန္လိုင္း၊ ပံုႏွိပ္မီဒီယာမ်ားက April 1 ေရာက္တိုင္း April Fool လုပ္ဖို႔ အတြက္ သတင္းေတြ ေလွ်ာက္ေရးၾက ပါတယ္။ ေနာက္ရက္ေရာက္မွပဲ ဒါဟာ ေအပရယ္ဖူး ဘာလို႔ ျပန္ေျပာျပီး စာဖတ္သူနဲ႔ မီဒီယာၾကား ေပ်ာ္ရႊင္ စရာ၊ ရယ္စရာ မွတ္သား စရာ တစ္ခုအျဖစ္ က်န္ရွိေစခဲ့ ပါတယ္။
.
Ref: wiki
ေအာင္ခမ္း (ရိုးရာေလး)

...............................................

အေပရယ်ဖူး အကြောင်း သိကောင်းစရာ

အေပရယ်ဖူး ဖြစ်လာတာ ကတော့ Julian calendar ကနေ Gregorian calendar ကို ပြောင်း သုံးတဲ့အခါ April လ ၁ ရက်နေ့ကနေ January ၁ ရက်နေ့က နှစ်သစ် ဖြစ်လာ ပါတယ်။

၁၅၈၂ ခုနှစ်က စတင်ခြင်း ဖြစ်ပါတယ်။ ရောမက ပြည်သူတွေက အပြောင်း အလဲကို လက်မခံ နိုင်သေးပဲ April 1 ရက်နေ့ ရောက် တိုင်း နှစ်ကူးပွဲ ကျင်းပပါတယ်။ ဒါနဲဲ့ ရောမ ဘုရင်က ပြောမရတဲ့ ပြည်သူတွေကို April 1 မှာ နှစ်ကူးပွဲ ကျင်းပသူတိုင်းကို အရူးတွေ (Fool) တွေလို့ ဝေဖန် ပြောခဲ့ ပါတယ်။ ဘုရင်ကိုလည်း ကြောက်တာကြောင့် ပွဲကို ပေါ်ပေါ် ထင်ထင် မကျင်းပတော့ပေမယ့် အချင်းချင်း စနောက်တဲ့ အေပရယ်ဖူး က ရေပန်းစား ပေါ်ပေါက်ခဲ့ ပါတယ်။

ယနေ့တိုင်လည်း ဥရောပ၊ အမေရိက တို့မှာ အေပရယ်ဖူး ခေတ်စားပြီး အာရှအထိပါ ကူးဆက် ပါတယ်။ ကမ္ဘာ့ အကြီးဆုံး မီဒီယာများ ဖြစ်တဲ့ ဘီဘီစီ၊ စီအန်အန်န်၊ မယ်ရာ၊ ဒေးလီမေး တို့ အပြင် အခြားသော အွန်လိုင်း၊ ပုံနှိပ်မီဒီယာများက April 1 ရောက်တိုင်း April Fool လုပ်ဖို့ အတွက် သတင်းတွေ လျှောက်ရေးကြ ပါတယ်။ နောက်ရက်ရောက်မှပဲ ဒါဟာ အေပရယ်ဖူး ဘာလို့ ပြန်ပြောပြီး စာဖတ်သူနဲ့ မီဒီယာကြား ပျော်ရွှင် စရာ၊ ရယ်စရာ မှတ်သား စရာ တစ်ခုအဖြစ် ကျန်ရှိစေခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment