Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

ၾကာရွည္ထိုင္ၿပီး အလုပ္လုပ္ရသူေတြအတြက္ ေယာဂေလ့က်င့္ခန္း


Tuesday, April 5, 2016








တစ္ေနကုန္ေအာင္ စားပြဲမွာထုိင္ၿပီး ကြန္ျပဴတာေရွ႕မွာ အလုပ္လုပ္ရလို႔ ခါးေအာက္ပိုင္းေတြ နာက်င္ကိုက္ခဲတာ၊ လည္ပင္းေတြ ေတာင့္တင္းတာ၊ ေက်ာရိုးမႀကီးတစ္ေလွ်ာက္ အင္အားခ်ိနဲ႔တာ၊ ဒူးနာခါးနာနဲ႔ ေပါင္နဲ႔တင္ပါး ေ၀ဒနာေတြ ႀကံဳေတြ႕ရေလ့ရွိပါတယ္။

အခ်ိန္အနည္းငယ္ယူၿပီး အေညာင္းဆန္႔တာ၊ အေၾကာအခ်ဥ္ေတြ ေျဖေလွ်ာ့ျခင္းျဖင့္ တစ္ေန႔တာလံုး အလုပ္ခ်ိန္ေတြအတြက္ သက္ေတာင့္သက္သာရွိေအာင္ ေနထိုင္ႏိုင္ပါတယ္။

လည္ပင္းနဲ႔ ပခံုးေတြ ေတာင့္တင္းမႈေတြအတြက္ ေအာက္ပါနည္းလမ္းေလးေတြကိို ေဖာ္ျပေပးလိုက္ပါတယ



လည္ပင္း ေလ့က်င့္ခန္း

ေမ့ေစ့ကေန ရင္ဘတ္ဘက္ကို ေခါင္းကိုျဖည္းျဖည္းခ်င္း ႏွိမ့္ခ်ၿပီး နားရြက္နဲ႔ ပခံုးထိတဲ့အခ်ိန္မွာ ခနနားၿပီး ဘယ္ညာတစ္လွည္႔စီ ျပဳလုပ္ပါ။ ဒီေလ့က်င့္ခန္းက ေသြးလည္ပတ္မႈေကာင္းမြန္ေစတာေၾကာင့္ သက္ေတာင့္သက္သာရွိေစမွာပါ။



ပခံုးေလ့က်င့္ခန္း

ပခံုးကို အေပၚေအာက္ ျမန္ျမန္ဆန္ဆန္ လႈပ္ၿပီး ေလ့က်င့္ေပးႏိုင္ပါတယ္။ ကိုယ္အလုပ္လုပ္ရာ စားပြဲေဘးမွာ မတ္တပ္ရပ္ၿပီး ေျခေထာက္ႏွစ္ဖက္ကို ေဘးသို႔ခြဲထားၿပီး လက္ႏွစ္ဖက္ကို ေနာက္ျပန္လွန္ၿပီးကိုင္ကာ ခါးကိုင္းျခင္းျဖင့္လည္း အေၾကာမ်ား ေျဖေလွ်ာ့ႏိုင္ပါတယ္။ ၁၀ ႀကိမ္တိတိ အသက္ရႈသြင္း ရႈထုတ္လုုပ္ႏိုင္ပါတယ္။



ေပါင္ေလ့က်င့္ခန္း

အခ်ိန္အၾကာႀကီး ထိုင္ၿပီး အလုပ္လုပ္ရတဲ့အခါ ေပါင္ၾကြက္သားေတြ အေညာင္းထိုင္ၿပီး ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ ေက်ာခ်လွဲအိပ္ၿပီး ေျခေထာက္ဆန္႔ထားရမွ ျဖည္းျဖည္းခ်င္း ဒူးကို ရင္ဘတ္ဘက္ထိေအာင္ ေကြးၿပီး အသက္ရႈသြင္းရႈထုတ္ ၁၀ ႀကိမ္ျပဳလုပ္ႏိုင္ပါတယ္။

( Michelle )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Helloglow

...............................................

ကြာရှည်ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် ယောဂလေ့ကျင့်ခန်း
Tuesday, April 5, 2016




တစ်နေကုန်အောင် စားပွဲမှာထိုင်ပြီး ကွန်ပြူတာရှေ့မှာ အလုပ်လုပ်ရလို့ ခါးအောက်ပိုင်းတွေ နာကျင်ကိုက်ခဲတာ၊ လည်ပင်းတွေ တောင့်တင်းတာ၊ ကျောရိုးမကြီးတစ်လျှောက် အင်အားချိနဲ့တာ၊ ဒူးနာခါးနာနဲ့ ပေါင်နဲ့တင်ပါး ဝေဒနာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

အချိန်အနည်းငယ်ယူပြီး အညောင်းဆန့်တာ၊ အကြောအချဉ်တွေ ဖြေလျှော့ခြင်းဖြင့် တစ်နေ့တာလုံး အလုပ်ချိန်တွေအတွက် သက်တောင့်သက်သာရှိအောင် နေထိုင်နိုင်ပါတယ်။

လည်ပင်းနဲ့ ပခုံးတွေ တောင့်တင်းမှုတွေအတွက် အောက်ပါနည်းလမ်းလေးတွေကိို ဖော်ပြပေးလိုက်ပါတယ



လည်ပင်း လေ့ကျင့်ခန်း

မေ့စေ့ကနေ ရင်ဘတ်ဘက်ကို ခေါင်းကိုဖြည်းဖြည်းချင်း နှိမ့်ချပြီး နားရွက်နဲ့ ပခုံးထိတဲ့အချိန်မှာ ခနနားပြီး ဘယ်ညာတစ်လှည့်စီ ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် သက်တောင့်သက်သာရှိစေမှာပါ။


ပခုံးလေ့ကျင့်ခန်း

ပခုံးကို အပေါ်အောက် မြန်မြန်ဆန်ဆန် လှုပ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ ကိုယ်အလုပ်လုပ်ရာ စားပွဲဘေးမှာ မတ်တပ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို ဘေးသို့ခွဲထားပြီး လက်နှစ်ဖက်ကို နောက်ပြန်လှန်ပြီးကိုင်ကာ ခါးကိုင်းခြင်းဖြင့်လည်း အကြောများ ဖြေလျှော့နိုင်ပါတယ်။ ၁၀ ကြိမ်တိတိ အသက်ရှုသွင်း ရှုထုတ်လုုပ်နိုင်ပါတယ်။


ပေါင်လေ့ကျင့်ခန်း

အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့အခါ ပေါင်ကြွက်သားတွေ အညောင်းထိုင်ပြီး ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ ကျောချလှဲအိပ်ပြီး ခြေထောက်ဆန့်ထားရမှ ဖြည်းဖြည်းချင်း ဒူးကို ရင်ဘတ်ဘက်ထိအောင် ကွေးပြီး အသက်ရှုသွင်းရှုထုတ် ၁၀ ကြိမ်ပြုလုပ်နိုင်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Helloglow


No comments:

Post a Comment