Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 2, 2016

“ဒုသမ္မတများဖယ်ရှားပေးရန်ှဆန္ဒပြ”

ဒုသမ္မတနှစ်ဦးအားအစားထိုးခန့်အပ်ပေးရန်ဆန္ဒပြ
=======
M.H ဧပြီ ၂ရက်
=======
အစိုးရသစ်အဖွဲ့တွင် ရွေးကောက်တင်မြှောက်ခံထားရသော ဒုတိယသမ္မတနှစ်ဦးအား ပြန်လည်အစားထိုးခန့်အပ်ပေးရေးဆန္ဒပြပွဲကို ဧပြီ ၂ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်ခဲ့သည်။
The Street View
...................

“ဒုသမ္မတများဖယ်ရှားပေးရန်ှဆန္ဒပြ”

ဒုသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့အား ဖယ်ရှားပေးရန် အမျိုးသားရေးလှုပ်ရှားသူများက ယနေ့ (ဧပြီ ၂ရက်)တွင် ရန်ကုန်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
သံဃာတော် ၁၀ပါးနှင့် အမျိုးသားရေးလူပ်ရှားသူ ၁၅တို့က ဆန္ဒပြကန့်ကွက် ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြနေရာသို့ရောက်ရှိနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။
ဆန္ဒပြတောင်းဆိုသူများသည် ဒုသမ္မတနှစ်ဦးအား ဖယ်ရှားပေးရန်နှင့် အဂတိလိုက်စားမှုကင်းပြီး တိုင်းရင်းသားပြည်သူအများစုအား ကိုယ်စားပြုနိုင်သော ဒုသမ္မတနှစ်ဦးအစားထိုးရွေးချယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဗုဒ္ဓဘာသာအများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဟင်န ရီဗန်ထီးယူက ဒုသမ္မတဖြစ်လာ ခြင်းကြောင့် ဗုဒ္ဓဘာသာမပျောက် ကွယ်ရေး ကန့်ကွက်ရခြင်းဖြစ် ကြောင်း ဆန္ဒပြကန့်ကွက်သော အမျိုးသားရေးလှုပ်ရှား သူများက ပြောသည်။
ဒုသမ္မတဦးမြင့်ဆွေသည် တပ်မတော်ကိုယ်စားလှယ် များက ရွေးချယ်တင်မြှောက်ထား သည့် ဒုသမ္မတဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့် ဆွေသည် ပြည်သူအများစုအ ပေါ် ကောင်းကျိုးမပြုခဲ့ဘဲ ကိုယ် ကျိုးရှာအမြတ်ထုတ်ရာတွင် နာ မည်ကျော်သူဖြစ်သဖြင့် ကန့် ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင်ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုနောင်တော်လေးက ပြောသည်။
ဓာတ်ပုံ - ကျော်ဇင်သန်း္ဒပြ







No comments:

Post a Comment