Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 26, 2016

ကရင္လူငယ္ထံက ရဲသိမ္းဆည္းခဲ့တဲ့ ေဒၚလာေငြ( ၅၀,၀၀၀) ေက်ာ္ျပန္ေပးဖို႔ တရားရံုးဆံုးျဖတ္

အေမရိကန္ႏိုင္ငံသား ကရင္လူမ်ဳိး Eh Wah
အေမရိကန္ျပည္ေထာင္စုက နာမည္ေက်ာ္ ၀ါရွင္တန္ပို႕စ္သတင္းစာမွာ မိဘမဲ့ရံပံုေငြေတြကို ရဲေတြက ဘယ္လိုသိမ္းယူသလဲဆိုတဲ့ ေခါင္းစဥ္နဲ႔ မေန႔က ေဖၚျပအၿပီး အေမရိကန္ႏိုင္ငံသား ကရင္လူမ်ဳိး Eh Wah ဆီက ရဲေတြသိမ္းဆည္းထားတဲ့ မိဘမဲ့ရံပံုေငြ အေမရိကန္ေဒၚလာ (၅၃,၀၀၀)ကို ျပန္ေပးဖို႔နဲ႔ စဲြထားတဲ့အမႈကို Oklahomaျပည္နယ္ခရိုင္ေရွ႕ေနဘက္က ခ်က္ခ်င္းရုပ္သိမ္းေပးလိုက္ပါတယ္။

Civil Forfeiture လို႔ေခၚတဲ့ဥပေဒအရ ေငြေတြကို သိမ္းယူခံခဲ့ရေပမယ့္ ဒီေငြေတြဟာ တရားမ၀င္ဘူးဆိုတဲ့သက္ေသအခိုင္အလံု ရဲဘက္မွာမရွိတဲ့အတြက္လည္း အခုလို အမႈကိုအျမန္ဆံုးရုပ္သိမ္းဖို႔ ခရိုင္ေရွ႕ေနဘက္က ဆံုးျဖတ္လိုက္တာျဖစ္တယ္လို႔ Eh Wah ရဲ႕အက်ဴိးေဆာင္ေရွ႕ေနက ဗီြအိုေအကို ေျပာပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေသးစိတ္တင္ျပမွာပါ။

အေမရိကန္ျပည္ေထာင္စုမွာ ဒုကၡသည္အျဖစ္ အေျခခ်ေနထိုင္ေနတဲ့ Eh Wahဟာ ျမန္မာနဲ႕ ထိုင္းနယ္စပ္က မိဘမဲ့ကေလးေတြအတြက္ ရံပံုေငြရွာေဖြေနတဲ့ Klo & Kweh တီး၀ိုင္း မန္ေနဂ်ာအျဖစ္ ေစတနာ၀န္ထမ္းေဆာင္ရြက္ေပးေနသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ (၂၇)ရက္ေန႔က အေမရိကန္ျပည္နယ္ေတြမွာ လိုက္လံေဖ်ာ္ေျဖေနတဲ့တီး၀ိုင္းနဲ႔အတူလိုက္ပါေနၿပီးေနာက္ သူေနထိုင္ရာ Texas ျပည္နယ္ Dulles ၿမိဳ႕ကိုအျပန္Oklahoma ျပည္နယ္ မတ္စ္ကိုဂ်ီၿမိဳ႕နယ္ရဲက သူေမာင္းလာတဲ့ကားမွာ ေနာက္မီးပ်က္ေနတဲ့အတြက္ သူ႔ကို တားၿပီး ကားကိုရွာေဖြခ်ိန္မွာ အတူပါလာတဲ့ ရံပံုေငြ ေငြသား အေမရိကန္ေဒၚလာ (၅၃၀၀၀)ကို သိမ္းယူခဲ့တာျဖစ္ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္လို႔ မေန႔က ၀ါရွင္တန္ပို႕စ္သတင္းမွာ အေသးစိတ္ ေဖၚျပခဲ့ၿပီးေနာက္ အမႈကို ၿမိဳ႕နယ္တရားရံုးက ရုပ္သိမ္းလိုက္ေၾကာင္း သူရဲ႕အက်ဴိးေဆာင္ေရွ႕ေနလည္းျဖစ္၊ Institute for Justice ဥပေဒအက်ဳိးေဆာင္အဖဲြ႕ Dan Alban က ဗီြအိုေအကိုေျပာပါတယ္။

“ဒီကေန႔ညေနပိုင္းမွာ ၀ါရွင္တန္ပို႔စ္သတင္းစာရဲ႕ ၀က္ဘ္ဆိုဒ္မွာ ဒီသတင္းတက္လာၿပီးတဲ့အခါမွာ ၿမိဳ႕နယ္တရားရံုးကစိတ္ေျပာင္းသြားၿပီး ဒီအမႈကိုလက္မခံခ်င္ေတာ့ဘူး၊ Eh Wah နဲ႔ သူ႔တီး၀ိုင္းအဖဲြ႔ပိုင္ မိဘမဲ့ရံပံုေငြေတြကိုလည္း ဆက္ၿပီးေတာ့ ထိန္းမထားခ်င္ေတာ့ဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဒီအမႈ (၂)ခုစလံုးကို ပလပ္လိုက္ၿပီးေတာ့ သိမ္းထားတဲ့ေငြကိုလည္း ျပန္ေပးဖို႔ ဆံုးျဖတ္ခဲ့တာပါ။”

မေန႔က ဒုတိယအႀကိမ္ေျမာက္တရားရံုးခ်ိန္ကို ပံုမွန္သြားေရာက္ၿပီးေနာက္ ၿမိဳ႕နယ္တရားရံုးက ေရွ႕ေနကို အမႈေတြရုပ္သိမ္းေၾကာင္း အေၾကာင္းၾကားလာခဲ့တယ္လို႔ Eh Wah ကစေျပာပါတယ္။

“ဒီမနက္တရားရံုးတက္ရတယ္။ ၿပီးေတာ့ အိမ္ျပန္လာတယ္။ အိမ္ေရာက္ေတာ့မွ သူတို႔ေတြ ၀ါရွင္တန္ပို႔စ္ကသတင္းကိုေတြ႕မယ္လို႔ က်ေနာ္ယံုတယ္။ က်ေနာ္ရဲ႕ ေရွ႕ေနကို သူတို႔ ျပန္ဆက္သြယ္လာတယ္။ ေျပာရရင္ ရဲေတြက က်ေနာ့္အမႈကို ရုပ္သိမ္းလိုက္တယ္ေပါ့ေနာ္။”

အင္ၾကင္းႏိုင္။ ။ Eh Wah စၿပီး ဖမ္းခံရတဲ့အျဖစ္အပ်က္ေျပာျပပါရွင့္။

Eh Wah။ ။ က်ေနာ့္ကားကို မီးနီျပေနခ်ိန္မွာ ရပ္ထားတယ္။ မီးစိမ္းေတာ့ က်ေနာ္ထြက္သြားတယ္။ အေနာက္မွာ ရဲကားကေန မီးျပၿပီးရပ္ခိုင္းပါတယ္။ က်ေနာ္ကလည္း ဘာျဖစ္တာလဲေပါ့ေနာ္။ ကားကိုရပ္ေပးလိုက္ပါတယ္။ ေနာက္မွ က်ေနာ္သိတာက ကားဘရိတ္မီး မလင္းလို႔ ရပ္ခိုင္းတယ္ေပါ့ေနာ္။ ေနာက္ က်ေနာ့္ကားထဲကို ရွာမယ္ေပါ့ေနာ္။ ေနာက္ကအဖုန္းတံခါးကိုဖြင့္တဲ့အခ်ိန္မွာ အလႈေငြေတြကိုေတြ႕သြားတာေပါ့ေနာ္။ က်ေနာ္ကလည္း အိတ္ထဲမွာ ေငြေတြကို ဒီအတိုင္းပဲထည့္ထားတာ။

အင္ၾကင္းႏိုင္။ ။ရဲေတြက ဒီေငြေတြကို ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ သိမ္းသြားတာလဲရွင့္။

Eh Wah။ ။ Evidence (အေထာက္အထားအခိုင္အလံု) မရွိပဲ ေငြေတြကို ဒီအတိုင္းသိမ္းသြားတယ္။ ဒီေလာက္ပိုက္ဆံအမ်ားႀကီးနဲ႔ သြားေနတာ မေကာင္းတာပဲျဖစ္မယ္လို႔ က်ေနာ့္ကိုေျပာတယ္။ က်ေနာ္ဘယ္လိုပဲရွင္းျပရွင္းျပ။ သူတို႔နားမေထာင္ဘူး။ ေစာေစာကေျပာသလိုပဲ စြပ္စဲြၿပီးေျပာေနတာ။ ခင္ဗ်ား အေထာက္အထား ျပန္ျပ။ သူုတို႕ စြပ္စြဲတဲ့ အတိုင္းမဟုတ္ရင္ ခင္ဗ်ား အေထာက္အထားအားလံုးကို ယူလာၿပီးေတာ့ ျပန္လာေတာင္းပါတဲ့။ ၿပီးေတာ့ႏွစ္ပတ္တဲ့ ေနာက္အခ်ိန္တိတိက်က် မေျပာပဲနဲ႔ ေစာင့္ပါတဲ့။ အဲလိုေနရင္းနဲ႔ ၀ရမ္းထုတ္လိုက္တယ္။ အဲေတာ့ အရမ္းပဲစိုးရိမ္တာေပါ့။ က်ေနာ္လဲ ဘာလွပ္ရမွန္းမသိဘူး။ သူတို႔သိမ္းတာက ပိုက္ဆံတခုပဲၿပီးေတာ့ အျခားဘာမွမရွိဘူး။

အင္ၾကင္းႏိုင္။ ။Eh Wah လက္ထဲမွာ အတိအက်ေျပာမယ္ဆိုရင္ အေမရိကန္ ေဒၚလာ ၅၃၀၀၀ ဘာလို႕ အဲေလာက္မ်ားတဲ့ ပိုက္ဆံေတြ ရွိေနတာလဲရွင့္။

Eh Wah။ ။ရံပံုေငြေပါ့ေနာ္။ တီး၀ိုင္းေပါ့။ ဒီကေရာက္လာတဲ့ အဆိုေတာ္ေတြေပါ့ေနာ္။ကၽြန္ေတာ္က ထိန္းသိမ္းၿပီးေတာ့ သူတို႕က ဒီမွာ ရွိဳးလာလုပ္တာ ကၽြန္ေတာ္က စီစဥ္တဲ့သူျဖစ္တယ္။ ဘုရားေက်ာင္းကေပးတဲ့ ရန္ပံုေငြေတြ၊ ၿပီးေတာ့ လက္မွတ္ေရာင္းတာေတြေပါ့ေနာ္။ က်န္တာက အလႈေငြေတြပါ။ ကၽြန္ေတာ္တို႔ ဒီမွာရွိတဲ့ ျမန္မာေတြကလည္း check ခ်က္လက္မွတ္ေတြ ဘာေတြ သံုးေလ့မရွိဘူးေပါ့ေနာ္။

Cash ပိုက္ဆံပဲ ေပးေနတာ။ ေျပာရရင္ ကၽြန္ေတာ္လဲ ပုိုက္ဆံေတြကို ထိန္းသိမ္းတယ္ေပါ့ေနာ္ သြားေနတုန္းမွာ။ အဲဒါေၾကာင့္ ကၽြန္ေတာ့္မွာ ဒီပိုက္ဆံေတြ ရွိေနတာ။

ကရင္လူမ်ဳိး Eh Wah ဆီကေငြေတြကို ရဲက သိမ္းဆည္းခဲ့တဲ့ Civil Forfeiture ဥပေဒနဲ႔႔ပတ္သက္လို႔ ေရွ႕ေန Dan Alban ကအခုလိုေျပာပါတယ္။

 “Civil Forfeiture လို႔ေခၚတဲ့ ဥပေဒျပဌာန္းခ်က္အရ သူတို႔ေငြကို ရဲအေနနဲ႔ သိမ္းဆည္းပိုင္ခြင့္ရွိတာျဖစ္ပါတယ္။ အဲဒီျပဌာန္းခ်က္အရ ရဲအေနနဲ႔ လူေတြထံက ေငြသိမ္းဆည္းပိုင္ခြင့္ရွိတာျဖစ္ပါတယ္။ အဲဒီလူဟာ ျပစ္မႈက်ဴးလြန္သူျဖစ္ဖို႔မလိုပါဘူး။”

ဒီဥပေဒကို ၂၀၁၁ခုနွစ္ စက္တင္ဘာ 9/11 အၾကမ္းဖက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္အစိုးရအေနနဲ႔ ရဲတပ္ဖဲြ႕ကို အေမရိကန္အေ၀းေျပးလမ္းမ ႀကီးေတြေပၚမွာ အမိေျမလံုၿခံဳေရးအတြက္ မ်က္စိဖြင့္၊ နားဖြင့္ထားၾကဖို႔ အေရးယူေဆာင္ရြက္ႏိုင္ေအာင္ျပဌာန္းခဲ့တာျဖစ္ပါတယ္။ ေဒသခံ ရဲအရာရွိေတြ၊ အေ၀းေျပးလမ္းမ အေစာင့္ရဲေတြအေနနဲ႔မူးယစ္ေဆး၀ါး၊ အၾကမ္းဖက္မႈ အျပင္ အျခား တရားမ၀င္တဲ့ ပစၥည္းေတြနဲ႔ ပတ္သက္ၿပီး မသကၤာရသူေတြကို တိုးျမွင့္ရွာေဖြဖို႔ အမိေျမလံုၿခံဳေရးဌာနနဲ႔ တရားေရးဌာနတို႔က ေငြသန္းနဲ႕ခ်ီအကုန္က်ခံၿပီး ရဲေတြကို သင္တန္းေတြေပးခဲ့တာျဖစ္ပါတယ္။အခုလို မသကၤာသူေတြထံမွ သိမ္းဆည္းထားတဲ့ေငြေတြကို ကာယကံရွင္ေတြက တရား၀င္ေငြျဖစ္တဲ့အေၾကာင္း သက္ေသျပဖို႔လိုၿပီး ျပန္ရႏိုင္ဖို႔ တရားရံုးေတာ္ကေန ေလွ်ာက္ထားႏိုင္မွာလည္းျဖစ္ပါတယ္။

ဒီအစီအစဥ္နဲ႔ပတ္သက္လို႔ ၀ါရွင္တန္ပို႔စ္သတင္းစာႀကီးက ၿပီးခဲ့တဲ့ႏွစ္က အက်ယ္တ၀န္႔ေလ့လာစံုစမ္းၿပီး မၾကာေသးမီွနွစ္မ်ားအတြင္းက လူသန္းေပါင္းမ်ားစြာတို႔ထံက ေငြသားေတြကို ရဲေတြဘက္က သိမ္းယူခဲ့တာကိုလည္း ေထာက္ျပခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ Eh Wah ရဲ႕အမႈသတင္းကို ၀ါရွင္တန္ပို႔စ္သတင္းစာ၀က္ဘ္ဆိုဒ္မွာ အေလးေပးေဖၚျပခဲ့ၿပီးေနာက္ အခုလိုတရားရံုးက အမႈကို ပလပ္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ Eh Wah အေနနဲ႔ သူ႔ထံကသိမ္းဆည္းခံရတဲ့ ေငြသားကို တရားရံုးက ဘယ္အခ်ိန္ျပန္ေပးမလဲဆိုတာကိုေတာ့အတိအက် မသိရေသးပါဘူး။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

,....................................


အမေရိကန်နိုင်ငံသား ကရင်လူမျိုး Eh Wah
အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ၀ါရှင်တန်ပို့စ်သတင်းစာမှာ မိဘမဲ့ရံပုံငွေတွေကို ရဲတွေက ဘယ်လိုသိမ်းယူသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့က ဖေါ်ပြအပြီး အမေရိကန်နိုင်ငံသား ကရင်လူမျိုး Eh Wah ဆီက ရဲတွေသိမ်းဆည်းထားတဲ့ မိဘမဲ့ရံပုံငွေ အမေရိကန်ဒေါ်လာ (၅၃,၀၀၀)ကို ပြန်ပေးဖို့နဲ့ စွဲထားတဲ့အမှုကို Oklahomaပြည်နယ်ခရိုင်ရှေ့နေဘက်က ချက်ချင်းရုပ်သိမ်းပေးလိုက်ပါတယ်။

Civil Forfeiture လို့ခေါ်တဲ့ဥပဒေအရ ငွေတွေကို သိမ်းယူခံခဲ့ရပေမယ့် ဒီငွေတွေဟာ တရားမဝင်ဘူးဆိုတဲ့သက်သေအခိုင်အလုံ ရဲဘက်မှာမရှိတဲ့အတွက်လည်း အခုလို အမှုကိုအမြန်ဆုံးရုပ်သိမ်းဖို့ ခရိုင်ရှေ့နေဘက်က ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Eh Wah ရဲ့အကျိူးဆောင်ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်နေတဲ့ Eh Wahဟာ မြန်မာနဲ့ ထိုင်းနယ်စပ်က မိဘမဲ့ကလေးတွေအတွက် ရံပုံငွေရှာဖွေနေတဲ့ Klo & Kweh တီးဝိုင်း မန်နေဂျာအဖြစ် စေတနာဝန်ထမ်းဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့က အမေရိကန်ပြည်နယ်တွေမှာ လိုက်လံဖျော်ဖြေနေတဲ့တီးဝိုင်းနဲ့အတူလိုက်ပါနေပြီးနောက် သူနေထိုင်ရာ Texas ပြည်နယ် Dulles မြို့ကိုအပြန်Oklahoma ပြည်နယ် မတ်စ်ကိုဂျီမြို့နယ်ရဲက သူမောင်းလာတဲ့ကားမှာ နောက်မီးပျက်နေတဲ့အတွက် သူ့ကို တားပြီး ကားကိုရှာဖွေချိန်မှာ အတူပါလာတဲ့ ရံပုံငွေ ငွေသား အမေရိကန်ဒေါ်လာ (၅၃၀၀၀)ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ မနေ့က ၀ါရှင်တန်ပို့စ်သတင်းမှာ အသေးစိတ် ဖေါ်ပြခဲ့ပြီးနောက် အမှုကို မြို့နယ်တရားရုံးက ရုပ်သိမ်းလိုက်ကြောင်း သူရဲ့အကျိူးဆောင်ရှေ့နေလည်းဖြစ်၊ Institute for Justice ဥပဒေအကျိုးဆောင်အဖွဲ့ Dan Alban က ဗွီအိုအေကိုပြောပါတယ်။

“ဒီကနေ့ညနေပိုင်းမှာ ၀ါရှင်တန်ပို့စ်သတင်းစာရဲ့ ၀က်ဘ်ဆိုဒ်မှာ ဒီသတင်းတက်လာပြီးတဲ့အခါမှာ မြို့နယ်တရားရုံးကစိတ်ပြောင်းသွားပြီး ဒီအမှုကိုလက်မခံချင်တော့ဘူး၊ Eh Wah နဲ့ သူ့တီးဝိုင်းအဖွဲ့ပိုင် မိဘမဲ့ရံပုံငွေတွေကိုလည်း ဆက်ပြီးတော့ ထိန်းမထားချင်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒီအမှု (၂)ခုစလုံးကို ပလပ်လိုက်ပြီးတော့ သိမ်းထားတဲ့ငွေကိုလည်း ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။”

မနေ့က ဒုတိယအကြိမ်မြောက်တရားရုံးချိန်ကို ပုံမှန်သွားရောက်ပြီးနောက် မြို့နယ်တရားရုံးက ရှေ့နေကို အမှုတွေရုပ်သိမ်းကြောင်း အကြောင်းကြားလာခဲ့တယ်လို့ Eh Wah ကစပြောပါတယ်။

“ဒီမနက်တရားရုံးတက်ရတယ်။ ပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ရောက်တော့မှ သူတို့တွေ ၀ါရှင်တန်ပို့စ်ကသတင်းကိုတွေ့မယ်လို့ ကျနော်ယုံတယ်။ ကျနော်ရဲ့ ရှေ့နေကို သူတို့ ပြန်ဆက်သွယ်လာတယ်။ ပြောရရင် ရဲတွေက ကျနော့်အမှုကို ရုပ်သိမ်းလိုက်တယ်ပေါ့နော်။”

အင်ကြင်းနိုင်။ ။ Eh Wah စပြီး ဖမ်းခံရတဲ့အဖြစ်အပျက်ပြောပြပါရှင့်။

Eh Wah။ ။ ကျနော့်ကားကို မီးနီပြနေချိန်မှာ ရပ်ထားတယ်။ မီးစိမ်းတော့ ကျနော်ထွက်သွားတယ်။ အနောက်မှာ ရဲကားကနေ မီးပြပြီးရပ်ခိုင်းပါတယ်။ ကျနော်ကလည်း ဘာဖြစ်တာလဲပေါ့နော်။ ကားကိုရပ်ပေးလိုက်ပါတယ်။ နောက်မှ ကျနော်သိတာက ကားဘရိတ်မီး မလင်းလို့ ရပ်ခိုင်းတယ်ပေါ့နော်။ နောက် ကျနော့်ကားထဲကို ရှာမယ်ပေါ့နော်။ နောက်ကအဖုန်းတံခါးကိုဖွင့်တဲ့အချိန်မှာ အလှုငွေတွေကိုတွေ့သွားတာပေါ့နော်။ ကျနော်ကလည်း အိတ်ထဲမှာ ငွေတွေကို ဒီအတိုင်းပဲထည့်ထားတာ။

အင်ကြင်းနိုင်။ ။ရဲတွေက ဒီငွေတွေကို ဘယ်လိုအကြောင်းပြချက်နဲ့ သိမ်းသွားတာလဲရှင့်။

Eh Wah။ ။ Evidence (အထောက်အထားအခိုင်အလုံ) မရှိပဲ ငွေတွေကို ဒီအတိုင်းသိမ်းသွားတယ်။ ဒီလောက်ပိုက်ဆံအများကြီးနဲ့ သွားနေတာ မကောင်းတာပဲဖြစ်မယ်လို့ ကျနော့်ကိုပြောတယ်။ ကျနော်ဘယ်လိုပဲရှင်းပြရှင်းပြ။ သူတို့နားမထောင်ဘူး။ စောစောကပြောသလိုပဲ စွပ်စွဲပြီးပြောနေတာ။ ခင်ဗျား အထောက်အထား ပြန်ပြ။ သူုတို့ စွပ်စွဲတဲ့ အတိုင်းမဟုတ်ရင် ခင်ဗျား အထောက်အထားအားလုံးကို ယူလာပြီးတော့ ပြန်လာတောင်းပါတဲ့။ ပြီးတော့နှစ်ပတ်တဲ့ နောက်အချိန်တိတိကျကျ မပြောပဲနဲ့ စောင့်ပါတဲ့။ အဲလိုနေရင်းနဲ့ ၀ရမ်းထုတ်လိုက်တယ်။ အဲတော့ အရမ်းပဲစိုးရိမ်တာပေါ့။ ကျနော်လဲ ဘာလှပ်ရမှန်းမသိဘူး။ သူတို့သိမ်းတာက ပိုက်ဆံတခုပဲပြီးတော့ အခြားဘာမှမရှိဘူး။

အင်ကြင်းနိုင်။ ။Eh Wah လက်ထဲမှာ အတိအကျပြောမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၅၃၀၀၀ ဘာလို့ အဲလောက်များတဲ့ ပိုက်ဆံတွေ ရှိနေတာလဲရှင့်။

Eh Wah။ ။ရံပုံငွေပေါ့နော်။ တီးဝိုင်းပေါ့။ ဒီကရောက်လာတဲ့ အဆိုတော်တွေပေါ့နော်။ကျွန်တော်က ထိန်းသိမ်းပြီးတော့ သူတို့က ဒီမှာ ရှိုးလာလုပ်တာ ကျွန်တော်က စီစဉ်တဲ့သူဖြစ်တယ်။ ဘုရားကျောင်းကပေးတဲ့ ရန်ပုံငွေတွေ၊ ပြီးတော့ လက်မှတ်ရောင်းတာတွေပေါ့နော်။ ကျန်တာက အလှုငွေတွေပါ။ ကျွန်တော်တို့ ဒီမှာရှိတဲ့ မြန်မာတွေကလည်း check ချက်လက်မှတ်တွေ ဘာတွေ သုံးလေ့မရှိဘူးပေါ့နော်။

Cash ပိုက်ဆံပဲ ပေးနေတာ။ ပြောရရင် ကျွန်တော်လဲ ပိုုက်ဆံတွေကို ထိန်းသိမ်းတယ်ပေါ့နော် သွားနေတုန်းမှာ။ အဲဒါကြောင့် ကျွန်တော့်မှာ ဒီပိုက်ဆံတွေ ရှိနေတာ။

ကရင်လူမျိုး Eh Wah ဆီကငွေတွေကို ရဲက သိမ်းဆည်းခဲ့တဲ့ Civil Forfeiture ဥပဒေနဲ့့ပတ်သက်လို့ ရှေ့နေ Dan Alban ကအခုလိုပြောပါတယ်။

 “Civil Forfeiture လို့ခေါ်တဲ့ ဥပဒေပြဌာန်းချက်အရ သူတို့ငွေကို ရဲအနေနဲ့ သိမ်းဆည်းပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အဲဒီပြဌာန်းချက်အရ ရဲအနေနဲ့ လူတွေထံက ငွေသိမ်းဆည်းပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အဲဒီလူဟာ ပြစ်မှုကျူးလွန်သူဖြစ်ဖို့မလိုပါဘူး။”

ဒီဥပဒေကို ၂၀၁၁ခုနှစ် စက်တင်ဘာ 9/11 အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရအနေနဲ့ ရဲတပ်ဖွဲ့ကို အမေရိကန်အဝေးပြေးလမ်းမ ကြီးတွေပေါ်မှာ အမိမြေလုံခြုံရေးအတွက် မျက်စိဖွင့်၊ နားဖွင့်ထားကြဖို့ အရေးယူဆောင်ရွက်နိုင်အောင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒေသခံ ရဲအရာရှိတွေ၊ အဝေးပြေးလမ်းမ အစောင့်ရဲတွေအနေနဲ့မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှု အပြင် အခြား တရားမဝင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မသင်္ကာရသူတွေကို တိုးမြှင့်ရှာဖွေဖို့ အမိမြေလုံခြံုရေးဌာနနဲ့ တရားရေးဌာနတို့က ငွေသန်းနဲ့ချီအကုန်ကျခံပြီး ရဲတွေကို သင်တန်းတွေပေးခဲ့တာဖြစ်ပါတယ်။အခုလို မသင်္ကာသူတွေထံမှ သိမ်းဆည်းထားတဲ့ငွေတွေကို ကာယကံရှင်တွေက တရားဝင်ငွေဖြစ်တဲ့အကြောင်း သက်သေပြဖို့လိုပြီး ပြန်ရနိုင်ဖို့ တရားရုံးတော်ကနေ လျှောက်ထားနိုင်မှာလည်းဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်လို့ ၀ါရှင်တန်ပို့စ်သတင်းစာကြီးက ပြီးခဲ့တဲ့နှစ်က အကျယ်တဝန့်လေ့လာစုံစမ်းပြီး မကြာသေးမှီနှစ်များအတွင်းက လူသန်းပေါင်းများစွာတို့ထံက ငွေသားတွေကို ရဲတွေဘက်က သိမ်းယူခဲ့တာကိုလည်း ထောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Eh Wah ရဲ့အမှုသတင်းကို ၀ါရှင်တန်ပို့စ်သတင်းစာဝက်ဘ်ဆိုဒ်မှာ အလေးပေးဖေါ်ပြခဲ့ပြီးနောက် အခုလိုတရားရုံးက အမှုကို ပလပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Eh Wah အနေနဲ့ သူ့ထံကသိမ်းဆည်းခံရတဲ့ ငွေသားကို တရားရုံးက ဘယ်အချိန်ပြန်ပေးမလဲဆိုတာကိုတော့အတိအကျ မသိရသေးပါဘူး။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment