Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 26, 2016

Strait Times သတင္းစာကို ျမန္မာသံရံုး ကန္႔ကြက္

Strait Times သတင္းစာ
စင္ကာပူႏုိင္ငံက The Strait Times သတင္းစာပါ စင္ကာပူႏုိင္ငံ ပန္းျခံတခုထဲက ျပည့္တန္ဆာလုပ္ငန္းလုပ္ေနတဲ့ အမ်ိဳးသမီးေတြဟာ ျမန္မာႏိုင္ငံ ျဖစ္ႏိုင္တယ္ဆိုတဲ့ သတင္းေရးသားခ်က္နဲ႔ပတ္သက္လို႔ျမန္မာႏုိင္ငံ လို႔ ႏုိင္ငံအမည္တပ္ ေရးသားခ်က္ အေပၚ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးဘက္က သတင္းစာကို ကန္႔ကြက္စာ ေပးပို႔လိုက္ပါတယ္။ စင္ကာပူႏိုင္ငံက ျပည္တန္ဆာလုပ္ငန္းေတြထဲ ျမန္မာအမ်ိဳးသမီးေတြ ပါ၀င္ေျခ ရိွမရိွဆိုတာနဲ႔ပတ္သက္လို႔လည္း ျမန္မာသံ႐ံုးဘက္က စံုစမ္းစစ္ေဆးပါတယ္။ ဒီလို ျမန္မာႏုိင္ငံကဆိုၿပီး သတင္းေဖာ္ျပမႈ အေပၚမွာ စင္ကာပူေရာက္ျမန္မာႏုိင္ငံသားေတြ မေက်နပ္ၾကပဲ စိတ္မသက္မသာ ျဖစ္ေနပါတယ္။ သတင္းအေသးစိတ္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

စကာၤပူ ႏိိုင္ငံက Punggol ေခၚတဲ့ ပန္းျခံတခုထဲမွာ ပလစ္စတစ္ေတြခင္း ယာယီအမိုးအကာနဲ႔ တဲေလးေတြေဆာက္ၿပီး ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနသူ အမ်ဳိးသမီးေတြရွိၿပီး အဲဒီ အမ်ဳိးသမီးေတြထဲက တခ်ိဳ႕ဟာ ျမန္မာႏုိင္ငံက ျဖစ္ႏုိင္တဲ့အေၾကာင္း The Strait Times သတင္းစာမွာ ဧၿပီလ ၂၅ရက္ေန႔ ရက္စြဲနဲ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ အခု စင္ကာပူရဲစခန္းက ထိန္းသိမ္းထားတဲ့ ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္သူ အမ်ိဳးသမီး (၈)ဦးထဲမွာေတာ့ ျမန္မာႏုိင္ငံသား တဦးမွ မပါဘူးလို႔ ေဒသဆုိင္ရာနယ္ေျမခံရဲစခန္းနဲ႔ေတြ႔ဆံုခဲ့တဲ့ ျမန္မာသံရံုး တာ၀န္ရိွသူေတြက ဗီြအိုေအကို ေျပာပါတယ္။ ဒါေပမယ့္လို႔ ဒီလုပ္ငန္းေတြထဲ ျမန္မာႏုိင္ငံသားေတြ ပါ၊ မပါ ဆိုတာကိုေတာ့ သံ႐ံုးဘက္က ဆက္လက္စံုစမ္းေနပါတယ္။

တခ်ိန္တည္းမွာပဲ အခုလို စင္ကာပူႏုိင္ငံက The Strait Times သတင္းစာပါ စင္ကာပူႏုိင္ငံက ပန္းျခံတခုထဲ ျမန္မာ အမ်ိဳးသမီးေတြ ျပည့္တန္ဆာ လုပ္ေနတယ္ဆိုတဲ့ သတင္းနဲ႔ပတ္သက္ၿပီး ျမန္မာႏုိင္ငံလို႔ ႏုိင္ငံအမည္တပ္ ေရးသားခ်က္ အေပၚ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးဘက္က သတင္းစာကို ကန္႔ကြက္စာ ေပးပို႔လိုက္ပါတယ္။ ျမန္မာသံ႐ံုးဘက္က အဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေဆာင္ရြက္ေနတာေတြကို ဗီြအိုေအ ျမန္မာပို္င္းက ေမးျမန္းစဥ္ စင္ကာပူႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးက သံမွဴးေဒၚေထြးထိပ္တင္လြင္က အခုလို ေျဖထားပါတယ္။

“ေဒၚေထြးထိပ္တင္လြင္။ ။ က်မတို႔သတင္းၾကားၾကားျခင္းပဲ က်မတို႔ သက္ဆိုင္တဲ့နယ္ေျမရဲစခန္းဘယ္သူလဲဆိုတာ Source လိုက္ပါတယ္။ ၿပီးေတာ့အဲဒီမွာ ၂ ခ်က္ေပါ့ေနာ္။ ပထမတခ်က္က နယ္ေျမရဲစခန္းနဲ႔ က်ေနာ္တို႔ေတြ႔ဆံုၿပီးေတာ့ ဒီမွာ ျမန္မာလူမ်ိဳးပါ၀င္ပတ္သက္မႈရွိ၊ မရွိေပါ့ ၁ အခ်က္က ။ ပါ၀င္ပတ္သက္မႈရွိလာၿပီဆိုရင္ ဒီ host ႏိုင္ငံေပါ့ေနာ္ လက္ခံတဲ့ႏိုင္ငံရဲ႕ စည္းမ်ဥ္းဥပေဒအတိုင္းပဲ ဒီျပစ္ဒဏ္ေပါ့ေနာ္။ အဲဒီမွာလည္း ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့အတြက္ သံရံုးအေနနဲ႔ ဘာကူညီေစာင့္ေရွာက္ရမလဲေပါ့ေနာ္ အဲဒီတပိုင္းေပါ့။ ေနာက္တပိုင္းကေတာ့ ျမန္မာႏိုင္ငံသားမပါေတာ့ဘူးလို႔ ေသခ်ာၿပီဆိုတာနဲ႔ က်ေနာ္တို႔ကေတြက condemn letter ေပါ့ေနာ္ ၊ ျပင္းထန္စြာရႈံ႕ခ်တဲ့ letter ကို ဒီေန႔မနက္ထုတ္ၿပီးသြားၿပီ။ ပါပါ၊ မပါပါ ထုတ္လိုက္ၿပီ ဘာျဖစ္လို႔လဲဆိုေတာ့ စကားလံုးစကားစု ျမန္မာနဲ႔ prostitution ဆိုတဲ့ စကားလံုး၊ စကားစုကို တြဲသံုးထားတဲ့အတြက္ က်ေနာ္တို႔က မႀကိဳက္ေၾကာင္းေပါ့ေနာ္။ သတင္းေဖာ္ျပတဲ့အခါမွာ ျမန္မာလူမ်ိဳးကိုေဖာ္ျပတဲ့ စကားလံုးစကားစုေတြကိုက်မတို႔ျပင္းထန္စြာ ကန္႔ကြက္ပါတယ္ေပါ့ေနာ္။ ေသခ်ာစြာ စံုစမ္းစစ္ေဆးျခင္းမျပဳပဲ ေရးသားေဖာ္ျပခ်က္ကိုလည္း က်မတို႔က ကန္႔ကြက္ပါတယ္။ ေနာက္တခုက သတင္းမွန္ကန္စြာေဖာ္ျပေရးနဲ႔ ျမန္မာလူမ်ိဳးမ်ားပါ၀င္ပတ္သက္ခဲ့ပါကလည္း အဲဒီတဦးတေယာက္ခ်င္းစီ အမည္ကိုေဖာ္ျပရမယ္။ ဘာေၾကာင့္လဲဆုိေတာ့ တိုင္းျပည္နဲ႔ လူမ်ိဳးကို ေရးသားခ်င္းမျပဳရဘူး။ ထားပါေတာ့ မစ္ ေထြးေထြးဆိုရင္ Myanmar citizen မစ္ ေထြးေထြးလို႔ေဖာ္ျပရမယ္။ ဒါမွမဟုတ္ပဲနဲ႔ ျမန္မာႏိုင္ငံ၊ ျမန္မာလူမ်ိဳးဆိုတာကေတာ့ အဲဒီသတင္းကို က်မတို႔ကန္႔ကြက္တယ္။ တိက်မွန္ကန္တဲ့သတင္းေဖာ္ျပခ်က္ကိုသာ ေဖာ္ျပေပးပါရန္ The Strait Times သတင္းစာကို အမတို႔ေတာင္းဆိုထားတယ္။

ကို သားညႊန္႔ဦး။ ။ အဲဒီေတာ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးေတာ့ မွန္၏၊ မမွန္၏ ေကာ သံရံုးအေနနဲ႔ဘာမ်ား စံုစမ္းစစ္ေဆးမႈလုပ္တာရွိပါသလဲ။

ေဒၚေထြးထိပ္တင္လြင္။ ။အခုက်ေနာ္တို႔ စံုစမ္းစစ္ေဆးတာကေတာ့ နယ္ေျမရဲစခန္း သူတို႔ဆီက detail report ေတာင္းထားပါတယ္။

ကို သားညႊန္႔ဦး။ ။ ဟုတ္ကဲ့အဲဒါျဖစ္ႏိုင္ေျခ ဘယ္ေလာက္ၾကားရပါသလဲ၊ သိရပါသလဲခင္ဗ်

ေဒၚေထြးထိပ္တင္လြင္။ ။က်ေနာ္တို႔အဲဒါေတာ့ သူတို႔ report ကိုပဲ ၾကည့္ရမွာပါရွင့္။

ကို သားညႊန္႔ဦး။ ။အရင္တုန္းကေရာ အလားတူ ျမန္မာမိန္းကေလးေတြကို ျပည့္တန္ဆာလုပ္ငန္းမွာ

ေဒၚေထြးထိပ္တင္လြင္။ ။မရွိပါဘူး။ က်ေနာ္ ေကာင္စစ္လုပ္ငန္း ၃ ႏွစ္သာလုပ္ေနတဲ့အတြင္းမွာ ျမန္မာ မိန္းကေလးေတြ ဒီျပည့္တန္ဆာလုပ္ငန္းမွာ ဖမ္းဆီးျခင္း၊ အေရးယူျခင္း၊ deportation လုပ္ခဲ့တာ မရွိခဲ့ပါဘူး။”

အခုလို The Strait Times မွာ ျမန္မာအမ်ိဳးသမီးေတြ ျပည့္တန္ဆာလုပ္ငန္းမွာ ပါဝင္တယ္ဆိုတဲ့ သတင္းအေပၚ စကာၤပူမွာ ရွိတဲ့ ျမန္မာႏုိင္ငံသားေတြမွာ ျမန္မာႏုိင္ငံလို႔ ႏုိင္ငံနဲ႔ခ်ီ အမည္တပ္ေရးသားတဲ့အတြက္ သတင္းေဖာ္ျပမႈအေပၚမွာ မေက်နပ္မႈေတြရွိပါတယ္။

သတင္းေရးသားေဖာ္ျပမႈေတြနဲ႔ ပတ္သက္ၿပီး ဥပေဒ စည္းမ်ဥ္းစည္းကမ္း တင္းက်ပ္လွတဲ့ စင္ကာပူႏုိင္ငံလိုမ်ိဳးမွာေတာ့ The Strait Times သတင္းစာဘက္က ခုိင္လံုမႈ တစံုတရာ ရွိႏုိင္တယ္လို႔ယူဆေပမဲ့ အခုလို ျမန္မာႏုိင္ငံလို႔ အမည္တပ္ေရးသားမႈအေပၚမွာေတာ့ ဒီ့ထက္ပိုၿပီး ရွင္းလင္းတိက်တဲ့ေျဖရွင္းမႈ ရွိသင့္တယ္လုိ႔ စင္ကာပူႏုိင္ငံက ျမန္မာႏုိင္ငံသားတဦးျဖစ္တဲ့ ကိုေက်ာ္စြာကေတာ့ ျမင္ပါတယ္။

“ဒီဘက္မွာကလည္း က်ေနာ္သိသေလာက္ဆိုရင္သူတို႔က ရွင္းရွင္းေျပာရင္အမရယ္ ဘယ္မွမေသခ်ာပဲနဲ႔ ဘာမွ လုပ္လို႔မရဘူး ဒီဘက္မွာက။ သူတို႔အဲဒီလိုမ်ိဳးေရးလိုက္ေတာ့ သူတို႔ဆီမွာေသခ်ာတာရွိလို႔လား၊ ဒါမွမဟုတ္ရင္ မရွိဘူးဆိုရင္ေတာင္မွာ ဘာလုပ္ခ်င္လို႔သူတို႔ေရးတာလဲေပါ့ေနာ္။ ျဖစ္ႏိုင္ေျခလို႔သူတို႔ကေရးလိုက္တယ္။ အဲဒီေရးလိုက္တဲ့ဟာကို က်ေနာ္တို႔က သိခ်င္တာ။ ဘာေၾကာင့္သူတို႔က ျဖစ္ႏိုင္ေျခလို႔ေရးတာလဲ၊ သူဘာေတြေတြ႔လို႔လဲ၊ သူ႔မွာဘာေတြရွိလို႔ သူက ျဖစ္ႏိုင္ေျခလို႔ေရးတာလည္းေပါ့ေနာ္”

ပရဟိတလုပ္ငန္းေဆာင္ရြက္သူ စင္ကာပူႏုိင္ငံက ျမန္မာႏုိင္ငံသားတဦးျဖစ္တဲ့ ကိုမ်ိဳးလြင္ဦးကေတာ့ အခုလိုသတင္းေဖာ္ျပမႈအေပၚ ျမန္မာႏုိင္ငံသားတေယာက္အေနနဲ႔ စိတ္မသက္မသာျဖစ္ရသလို စင္ကာပူမွာ ျမန္မာႏုိင္ငံသားေတြ ဒုကၡေတြ႔ေနတယ္ဆုိရင္ လိုအပ္တာေတြကို ဝိုင္းကူညီေဆာင္ရြက္ေပးဖို႔အသင့္ပါပဲလို႔ ေျပာပါတယ္။

“မေသခ်ာဘူးေလအမရယ္။ သူကျမန္မာႏိုင္ငံသားျဖစ္ခ်င္လည္းျဖစ္မယ္၊ မျဖစ္ခ်င္လည္းမျဖစ္ဘူး။ ဒါေပမယ့္အခုလက္ရွိ သူက Strait Times မွာေဖာ္ျပတယ္ဆိုေတာ့ သူက Strait Times ဆိုတာက ႏိုင္ငံတခုကို ပုတ္ခတ္ေစာ္ကားသလိုျဖစ္သြားၿပီေလ။ အဲဒါေၾကာင့္သူတို႔မွာ အနည္းဆံုးသက္ေသအေထာက္အထားရွိလိမ့္မယ္လို႔ေတာ့ က်ေနာ္ထင္တယ္။”

အရင္ကလည္း ဒီ Punggol ပန္းျခံမွာ ႏုိင္ငံျခားသား အလုပ္သမားေတြကို ဥပေဒမဲ့ လုပ္ရပ္ေတြ၊ မူးယစ္ေဆး၀ါး ေရာင္း၀ယ္မႈေတြ ရွိခဲ့တဲ့အတြက္ စကာၤပူ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ဘူးပါတယ္။ ။ အခုလည္း အဲဒီေဒသမွာ တရားမ၀င္ ျဖတ္ေက်ာ္မႈနဲ႔ လူရွစ္ေယာက္ကို ဖမ္းဆီးထားတဲ့အေၾကာင္း ရဲတပ္ဖြဲ႕ ေျပာတာကို ကိုးကားၿပီး The Strait Times သတင္းစာမွာ ေရးသားထားပါတယ္။ ဖမ္းဆီးထားတယ္ဆုိတဲ့ ရွစ္ေယာက္ထဲမွာ ျမန္မာႏုိင္ငံသားပါဝင္ျခင္းမရွိဘူးလို႔ စင္ကာပူႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးဘက္က ဗီြအိုေအကိုေျပာဆုိထားပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


Strait Times သတင်းစာ
စင်ကာပူနိုင်ငံက The Strait Times သတင်းစာပါ စင်ကာပူနိုင်ငံ ပန်းခြံတခုထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်နေတဲ့ အမျိုးသမီးတွေဟာ မြန်မာနိုင်ငံ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းရေးသားချက်နဲ့ပတ်သက်လို့မြန်မာနိုင်ငံ လို့ နိုင်ငံအမည်တပ် ရေးသားချက် အပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတင်းစာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။ စင်ကာပူနိုင်ငံက ပြည်တန်ဆာလုပ်ငန်းတွေထဲ မြန်မာအမျိုးသမီးတွေ ပါ၀င်ခြေ ရှိမရှိဆိုတာနဲ့ပတ်သက်လို့လည်း မြန်မာသံရုံးဘက်က စုံစမ်းစစ်ဆေးပါတယ်။ ဒီလို မြန်မာနိုင်ငံကဆိုပြီး သတင်းဖော်ပြမှု အပေါ်မှာ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ မကျေနပ်ကြပဲ စိတ်မသက်မသာ ဖြစ်နေပါတယ်။ သတင်းအသေးစိတ် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

စကာင်္ပူ နိိုင်ငံက Punggol ခေါ်တဲ့ ပန်းခြံတခုထဲမှာ ပလစ်စတစ်တွေခင်း ယာယီအမိုးအကာနဲ့ တဲလေးတွေဆောက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတွေရှိပြီး အဲဒီ အမျိုးသမီးတွေထဲက တချို့ဟာ မြန်မာနိုင်ငံက ဖြစ်နိုင်တဲ့အကြောင်း The Strait Times သတင်းစာမှာ ဧပြီလ ၂၅ရက်နေ့ ရက်စွဲနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ အခု စင်ကာပူရဲစခန်းက ထိန်းသိမ်းထားတဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး (၈)ဦးထဲမှာတော့ မြန်မာနိုင်ငံသား တဦးမှ မပါဘူးလို့ ဒေသဆိုင်ရာနယ်မြေခံရဲစခန်းနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လို့ ဒီလုပ်ငန်းတွေထဲ မြန်မာနိုင်ငံသားတွေ ပါ၊ မပါ ဆိုတာကိုတော့ သံရုံးဘက်က ဆက်လက်စုံစမ်းနေပါတယ်။

တချိန်တည်းမှာပဲ အခုလို စင်ကာပူနိုင်ငံက The Strait Times သတင်းစာပါ စင်ကာပူနိုင်ငံက ပန်းခြံတခုထဲ မြန်မာ အမျိုးသမီးတွေ ပြည့်တန်ဆာ လုပ်နေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလို့ နိုင်ငံအမည်တပ် ရေးသားချက် အပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတင်းစာကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။ မြန်မာသံရုံးဘက်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကို ဗွီအိုအေ မြန်မာပို်င်းက မေးမြန်းစဉ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးဒေါ်ထွေးထိပ်တင်လွင်က အခုလို ဖြေထားပါတယ်။

“ဒေါ်ထွေးထိပ်တင်လွင်။ ။ ကျမတို့သတင်းကြားကြားခြင်းပဲ ကျမတို့ သက်ဆိုင်တဲ့နယ်မြေရဲစခန်းဘယ်သူလဲဆိုတာ Source လိုက်ပါတယ်။ ပြီးတော့အဲဒီမှာ ၂ ချက်ပေါ့နော်။ ပထမတချက်က နယ်မြေရဲစခန်းနဲ့ ကျနော်တို့တွေ့ဆုံပြီးတော့ ဒီမှာ မြန်မာလူမျိုးပါ၀င်ပတ်သက်မှုရှိ၊ မရှိပေါ့ ၁ အချက်က ။ ပါ၀င်ပတ်သက်မှုရှိလာပြီဆိုရင် ဒီ host နိုင်ငံပေါ့နော် လက်ခံတဲ့နိုင်ငံရဲ့ စည်းမျဉ်းဥပဒေအတိုင်းပဲ ဒီပြစ်ဒဏ်ပေါ့နော်။ အဲဒီမှာလည်း မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် သံရုံးအနေနဲ့ ဘာကူညီစောင့်ရှောက်ရမလဲပေါ့နော် အဲဒီတပိုင်းပေါ့။ နောက်တပိုင်းကတော့ မြန်မာနိုင်ငံသားမပါတော့ဘူးလို့ သေချာပြီဆိုတာနဲ့ ကျနော်တို့ကတွေက condemn letter ပေါ့နော် ၊ ပြင်းထန်စွာရှုံ့ချတဲ့ letter ကို ဒီနေ့မနက်ထုတ်ပြီးသွားပြီ။ ပါပါ၊ မပါပါ ထုတ်လိုက်ပြီ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးစကားစု မြန်မာနဲ့ prostitution ဆိုတဲ့ စကားလုံး၊ စကားစုကို တွဲသုံးထားတဲ့အတွက် ကျနော်တို့က မကြိုက်ကြောင်းပေါ့နော်။ သတင်းဖော်ပြတဲ့အခါမှာ မြန်မာလူမျိုးကိုဖော်ပြတဲ့ စကားလုံးစကားစုတွေကိုကျမတို့ပြင်းထန်စွာ ကန့်ကွက်ပါတယ်ပေါ့နော်။ သေချာစွာ စုံစမ်းစစ်ဆေးခြင်းမပြုပဲ ရေးသားဖော်ပြချက်ကိုလည်း ကျမတို့က ကန့်ကွက်ပါတယ်။ နောက်တခုက သတင်းမှန်ကန်စွာဖော်ပြရေးနဲ့ မြန်မာလူမျိုးများပါ၀င်ပတ်သက်ခဲ့ပါကလည်း အဲဒီတဦးတယောက်ချင်းစီ အမည်ကိုဖော်ပြရမယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးကို ရေးသားချင်းမပြုရဘူး။ ထားပါတော့ မစ် ထွေးထွေးဆိုရင် Myanmar citizen မစ် ထွေးထွေးလို့ဖော်ပြရမယ်။ ဒါမှမဟုတ်ပဲနဲ့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဆိုတာကတော့ အဲဒီသတင်းကို ကျမတို့ကန့်ကွက်တယ်။ တိကျမှန်ကန်တဲ့သတင်းဖော်ပြချက်ကိုသာ ဖော်ပြပေးပါရန် The Strait Times သတင်းစာကို အမတို့တောင်းဆိုထားတယ်။

ကို သားညွှန့်ဦး။ ။ အဲဒီတော ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မှန်၏၊ မမှန်၏ ကော သံရုံးအနေနဲ့ဘာများ စုံစမ်းစစ်ဆေးမှုလုပ်တာရှိပါသလဲ။

ဒေါ်ထွေးထိပ်တင်လွင်။ ။အခုကျနော်တို့ စုံစမ်းစစ်ဆေးတာကတော့ နယ်မြေရဲစခန်း သူတို့ဆီက detail report တောင်းထားပါတယ်။

ကို သားညွှန့်ဦး။ ။ ဟုတ်ကဲ့အဲဒါဖြစ်နိုင်ခြေ ဘယ်လောက်ကြားရပါသလဲ၊ သိရပါသလဲခင်ဗျ

ဒေါ်ထွေးထိပ်တင်လွင်။ ။ကျနော်တို့အဲဒါတော့ သူတို့ report ကိုပဲ ကြည့်ရမှာပါရှင့်။

ကို သားညွှန့်ဦး။ ။အရင်တုန်းကရော အလားတူ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းမှာ

ဒေါ်ထွေးထိပ်တင်လွင်။ ။မရှိပါဘူး။ ကျနော် ကောင်စစ်လုပ်ငန်း ၃ နှစ်သာလုပ်နေတဲ့အတွင်းမှာ မြန်မာ မိန်းကလေးတွေ ဒီပြည့်တန်ဆာလုပ်ငန်းမှာ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ deportation လုပ်ခဲ့တာ မရှိခဲ့ပါဘူး။”

အခုလို The Strait Times မှာ မြန်မာအမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်တယ်ဆိုတဲ့ သတင်းအပေါ် စကာင်္ပူမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေမှာ မြန်မာနိုင်ငံလို့ နိုင်ငံနဲ့ချီ အမည်တပ်ရေးသားတဲ့အတွက် သတင်းဖော်ပြမှုအပေါ်မှာ မကျေနပ်မှုတွေရှိပါတယ်။

သတင်းရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း တင်းကျပ်လှတဲ့ စင်ကာပူနိုင်ငံလိုမျိုးမှာတော့ The Strait Times သတင်းစာဘက်က ခိုင်လုံမှု တစုံတရာ ရှိနိုင်တယ်လို့ယူဆပေမဲ့ အခုလို မြန်မာနိုင်ငံလို့ အမည်တပ်ရေးသားမှုအပေါ်မှာတော့ ဒီ့ထက်ပိုပြီး ရှင်းလင်းတိကျတဲ့ဖြေရှင်းမှု ရှိသင့်တယ်လို့ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုကျော်စွာကတော့ မြင်ပါတယ်။

“ဒီဘက်မှာကလည်း ကျနော်သိသလောက်ဆိုရင်သူတို့က ရှင်းရှင်းပြောရင်အမရယ် ဘယ်မှမသေချာပဲနဲ့ ဘာမှ လုပ်လို့မရဘူး ဒီဘက်မှာက။ သူတို့အဲဒီလိုမျိုးရေးလိုက်တော့ သူတို့ဆီမှာသေချာတာရှိလို့လား၊ ဒါမှမဟုတ်ရင် မရှိဘူးဆိုရင်တောင်မှာ ဘာလုပ်ချင်လို့သူတို့ရေးတာလဲပေါ့နော်။ ဖြစ်နိုင်ခြေလို့သူတို့ကရေးလိုက်တယ်။ အဲဒီရေးလိုက်တဲ့ဟာကို ကျနော်တို့က သိချင်တာ။ ဘာကြောင့်သူတို့က ဖြစ်နိုင်ခြေလို့ရေးတာလဲ၊ သူဘာတွေတွေ့လို့လဲ၊ သူ့မှာဘာတွေရှိလို့ သူက ဖြစ်နိုင်ခြေလို့ရေးတာလည်းပေါ့နော်”

ပရဟိတလုပ်ငန်းဆောင်ရွက်သူ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုမျိုးလွင်ဦးကတော့ အခုလိုသတင်းဖော်ပြမှုအပေါ် မြန်မာနိုင်ငံသားတယောက်အနေနဲ့ စိတ်မသက်မသာဖြစ်ရသလို စင်ကာပူမှာ မြန်မာနိုင်ငံသားတွေ ဒုက္ခတွေ့နေတယ်ဆိုရင် လိုအပ်တာတွေကို ဝိုင်းကူညီဆောင်ရွက်ပေးဖို့အသင့်ပါပဲလို့ ပြောပါတယ်။

“မသေချာဘူးလေအမရယ်။ သူကမြန်မာနိုင်ငံသားဖြစ်ချင်လည်းဖြစ်မယ်၊ မဖြစ်ချင်လည်းမဖြစ်ဘူး။ ဒါပေမယ့်အခုလက်ရှိ သူက Strait Times မှာဖော်ပြတယ်ဆိုတော့ သူက Strait Times ဆိုတာက နိုင်ငံတခုကို ပုတ်ခတ်စော်ကားသလိုဖြစ်သွားပြီလေ။ အဲဒါကြောင့်သူတို့မှာ အနည်းဆုံးသက်သေအထောက်အထားရှိလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။”

အရင်ကလည်း ဒီ Punggol ပန်းခြံမှာ နိုင်ငံခြားသား အလုပ်သမားတွေကို ဥပဒေမဲ့ လုပ်ရပ်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ရှိခဲ့တဲ့အတွက် စကာင်္ပူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဘူးပါတယ်။ ။ အခုလည်း အဲဒီဒေသမှာ တရားမဝင် ဖြတ်ကျော်မှုနဲ့ လူရှစ်ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ရဲတပ်ဖွဲ့ ပြောတာကို ကိုးကားပြီး The Strait Times သတင်းစာမှာ ရေးသားထားပါတယ်။ ဖမ်းဆီးထားတယ်ဆိုတဲ့ ရှစ်ယောက်ထဲမှာ မြန်မာနိုင်ငံသားပါဝင်ခြင်းမရှိဘူးလို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က ဗွီအိုအေကိုပြောဆိုထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment