Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

မူးယစ္တရားခံႏွစ္ဦး၏ ဓားစာခံလုပ္ခံရသည့္ ရဲအုပ္အပါအဝင္ စခန္းမွဴးကိုပါ ျပစ္ဒဏ္မ်ားခ်မွတ္

"မူးယစ်တရားခံနှစ်ဦး၏ ဓားစာခံလုပ်ခံရသည့် ရဲအုပ်အပါအဝင် စခန်းမှူးကိုပါ ပြစ်ဒဏ်များချမှတ်"
မန္တလေး၊ ဧပြီ - ၆
ချုပ်ရက်ရမန်ယူရန် အကျဉ်းထောင်မှ ထုတ်ယူခဲ့သည့် မူးယစ်တရားခံနှစ်ဦးက ဓားစာခံလုပ်ခြင်းခံရသည့် သာစည်မြို့နယ်မှ အမှုစစ်ရဲအုပ်နှင့် မြို့နယ်စခန်းမှူးတို့ကို ရဲတပ်ဖွဲ့ အက်ဥပဒေများဖြင့် စစ်ဆေးကာ ထောင်ဒဏ်အပါအဝင် ရာထူးလျှော့ချခြင်းများဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ချုပ်ရက်ရမန်ရယူရန် မိတ္ထီလာအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ချုပ်နှောင်ထားသော အကျဉ်းသားနှစ်ဦးကို သာစည်မြို့သို့ ခေါ်ဆောင်လာစဉ် ယင်းအချုပ်သားနှစ်ဦးက အမှုစစ်ရဲအုပ် အောင်ဇော်ဦးနှင့် အတူပါလာသောဇနီးတို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓားစာခံပြုလုပ်ခံရသည့် အမှုစစ်ရဲအုပ်၊ မြို့နယ်ရဲစခန်းမှူးတို့ကို ရဲတပ်ဖွဲ့ ဥပဒေများဖြင့် ခုံရုံးတင်စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
"သူတို့ကို ခုံဖွဲ့စစ်ဆေးပြီးတော့ သူတို့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့တာဖြစ်လို့ သူတို့နဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
အချုပ်သားများကို အကျဉ်းထောင်မှ ထုတ်ယူခဲ့သည့် ရဲအုပ်အောင်ဇော်ဦးကို ထောင်ဒဏ်တစ်နှစ်နှင့် စခန်းမှူးကို ရဲအုပ်အဆင့်မှ ဒုရဲအုပ်အဆင့်သို့ လျှော့ချခြင်းစသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်းအရာရှိက အတည်ပြုပြောကြားသည်။
ဖော်ပြပါဖြစ်စဉ်တွင် အချုပ်သားနှစ်ဦးက လက်ထိတ်များကိုဖြုတ်၍ ရဲအုပ်ကိုနောက်မှ ချုပ်နှောင်၍ ကားပေါ်တွင်ပါလာသော ရဲအုပ်ဇနီး၏ သူငယ်ချင်းကို ကားပေါ်မှ တွန်းချခဲ့ပြီး ရဲအုပ်ကို ချုပ်ထားစဉ်ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကာ အချုပ်ကားနောက်မှ ကပ်လိုက်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ လူတစ်ဦးက ယာဉ်မောင်းနေရာတွင် ဝင်၍ ကားကိုမောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ အချုပ်သားနှစ်ဦးသည် မယ(ပ) ၂/၂ဝ၁၅၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂ဝ(က)/ ၂၁တို့ဖြင့် သာစည်မြို့မရဲစခန်းတွင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်းက အမှုဖွင့်အရေးယူထားသည့် နေစိုင်းပန်(၂၄နှစ်)နှင့် ထွန်းဝင်း(ခ)အိုက်ဝင်း (၃၂)နှစ်တို့ဖြစ်ပြီး ယင်းထွက်ပြေးသွားသော အချုပ်သားများကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
....................
"မူးယစ္တရားခံႏွစ္ဦး၏ ဓားစာခံလုပ္ခံရသည့္ ရဲအုပ္အပါအဝင္ စခန္းမွဴးကိုပါ ျပစ္ဒဏ္မ်ားခ်မွတ္"
မႏၲေလး၊ ဧၿပီ - ၆
ခ်ဳပ္ရက္ရမန္ယူရန္ အက်ဥ္းေထာင္မွ ထုတ္ယူခဲ့သည့္ မူးယစ္တရားခံႏွစ္ဦးက ဓားစာခံလုပ္ျခင္းခံရသည့္ သာစည္ၿမိဳ႕နယ္မွ အမႈစစ္ရဲအုပ္ႏွင့္ ၿမိဳ႕နယ္စခန္းမွဴးတို႔ကို ရဲတပ္ဖြဲ႕ အက္ဥပေဒမ်ားျဖင့္ စစ္ေဆးကာ ေထာင္ဒဏ္အပါအဝင္ ရာထူးေလွ်ာ့ခ်ျခင္းမ်ားျဖင့္ ျပစ္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးထံမွ စုံစမ္းသိရွိရသည္။
ၿပီးခဲ့သည့္ ၂ဝ၁၅ ခုႏွစ္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔ မြန္းလြဲပိုင္းက ခ်ဳပ္ရက္ရမန္ရယူရန္ မိတၴီလာအက်ဥ္းေထာင္တြင္ မူးယစ္ေဆးဝါးမႈျဖင့္ ခ်ဳပ္ေႏွာင္ထားေသာ အက်ဥ္းသားႏွစ္ဦးကို သာစည္ၿမိဳ႕သို႔ ေခၚေဆာင္လာစဥ္ ယင္းအခ်ဳပ္သားႏွစ္ဦးက အမႈစစ္ရဲအုပ္ ေအာင္ေဇာ္ဦးႏွင့္ အတူပါလာေသာဇနီးတို႔ကို ဓားစာခံအျဖစ္ ေခၚေဆာင္ထြက္ေျပးခဲ့ျခင္းျဖစ္သည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဓားစာခံျပဳလုပ္ခံရသည့္ အမႈစစ္ရဲအုပ္၊ ၿမိဳ႕နယ္ရဲစခန္းမွဴးတို႔ကို ရဲတပ္ဖြဲ႕ ဥပေဒမ်ားျဖင့္ ခုံ႐ုံးတင္စစ္ေဆးခဲ့ၿပီး အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံး အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားသည္။
"သူတို႔ကို ခုံဖြဲ႕စစ္ေဆးၿပီးေတာ့ သူတို႔ရဲ႕ေပါ့ဆမႈေၾကာင့္ ျဖစ္ပြားခဲ့တာျဖစ္လို႔ သူတို႔နဲ႔ ထိုက္တန္တဲ့ျပစ္ဒဏ္ေပးခဲ့တာ ျဖစ္ပါတယ္"ဟု ၎က ဆိုသည္။
အခ်ဳပ္သားမ်ားကို အက်ဥ္းေထာင္မွ ထုတ္ယူခဲ့သည့္ ရဲအုပ္ေအာင္ေဇာ္ဦးကို ေထာင္ဒဏ္တစ္ႏွစ္ႏွင့္ စခန္းမွဴးကို ရဲအုပ္အဆင့္မွ ဒုရဲအုပ္အဆင့္သို႔ ေလွ်ာ့ခ်ျခင္းစသည့္ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း အႀကီးတန္းအရာရွိက အတည္ျပဳေျပာၾကားသည္။
ေဖာ္ျပပါျဖစ္စဥ္တြင္ အခ်ဳပ္သားႏွစ္ဦးက လက္ထိတ္မ်ားကိုျဖဳတ္၍ ရဲအုပ္ကိုေနာက္မွ ခ်ဳပ္ေႏွာင္၍ ကားေပၚတြင္ပါလာေသာ ရဲအုပ္ဇနီး၏ သူငယ္ခ်င္းကို ကားေပၚမွ တြန္းခ်ခဲ့ၿပီး ရဲအုပ္ကို ခ်ဳပ္ထားစဥ္ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့ကာ အခ်ဳပ္ကားေနာက္မွ ကပ္လိုက္လာသည့္ ဆိုင္ကယ္တစ္စီးေပၚမွ လူတစ္ဦးက ယာဥ္ေမာင္းေနရာတြင္ ဝင္၍ ကားကိုေမာင္းထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။
အဆိုပါ အခ်ဳပ္သားႏွစ္ဦးသည္ မယ(ပ) ၂/၂ဝ၁၅၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/ ၂ဝ(က)/ ၂၁တို႔ျဖင့္ သာစည္ၿမိဳ႕မရဲစခန္းတြင္ ၂ဝ၁၅ ခုႏွစ္ ေအာက္တိုဘာလအတြင္းက အမႈဖြင့္အေရးယူထားသည့္ ေနစိုင္းပန္(၂၄ႏွစ္)ႏွင့္ ထြန္းဝင္း(ခ)အိုက္ဝင္း (၃၂)ႏွစ္တို႔ျဖစ္ၿပီး ယင္းထြက္ေျပးသြားေသာ အခ်ဳပ္သားမ်ားကို ျပန္လည္ဖမ္းဆီးရမိခဲ့သည္။

No comments:

Post a Comment