Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 6, 2016

Panama Papers ထဲ ျမန္မာႏိုင္ငံက လူပုဂၢိဳလ္ေတြ ပါ၀င္


Panama Papers လို႔ေခၚေနၾကတဲ့ ျပည္ပမွာ လွ်ဳိ႕၀ွက္ဘဏ္စာရင္း ဖြင့္ထားသူေတြရဲ႕ စာရင္းထဲမွာ ျမန္မာႏုိင္္ငံကဆိုၿပီးေတာ့ လူပိုဂၢိဳလ္ ၁၆ ဦးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီတခုရဲ႕ နာမည္ေတြပါပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ ၀ါရွင္တန္ၿမိဳ႕ေတာ္အေျခစိုက္ ႏုိင္ငံတကာ စံုစမ္းစစ္ေဆးမႈဆိုင္ရာ သတင္းေထာက္အဖြဲ႔ ICIJ က မၾကာေသးခင္ရက္ပိုင္းကပဲ ဖြင့္ခ် ထုတ္ျပန္လိုက္တဲ့ စာရင္းထဲမွာ အခုလို ျမန္မာႏုိင္ငံက လူပုဂၢိဳလ္ေတြလည္း ပါ၀င္ေနတာကို ICIJ အဖြဲ႔က သူတို႔ရဲ႕၀က္ဘ္ဆိုက္တ္မွာ တင္ထားတာကို ေတြ႔ရတာပါ။
စာရင္းထဲမွာေဖာ္ျပထားတဲ့ နာမည္ေတြထဲမွာ ဦးေအာင္ေက်ာ္ျမင့္၊ ဦးေအးေဇာ္၀င္း၊ ေဒါက္တာဥမၼာမိုးျမင့္၊ ဦးေက်ာ္၀င္း၊ ဦးေမာင္ ေမာင္ေဆြတင္၊ ေဒၚျမျမစိုး၊ ေဒၚျမသႏၲာေဆြတင္၊ ဦးသုတ၊ ဦးေဌးျမင့္၊ ဦးမိုးျမင့္ ေခၚ ဦးမိုက္ကယ္လ္မိုးျမင့္၊ ဦးျမင့္ေဆြ၊ ဦးမ်ဳိးတင္ တို႔ကိုေတြ႔ရပါတယ္။ ႏုိင္္ငံျခားသားနာမည္နဲ႔ လူေလးဦးပါ၀င္ၿပီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ႔ William Mark Hilsman ဆိုၿပီးေတြ႔ရပါတယ္။
ဒီစာရင္းမွာ ပါသူေတြထဲ ဦးေအးေဇာ္ဝင္းဟာ အာဏာရွင္ေဟာင္း ဦးေနဝင္းရဲ႕သားမက္ျဖစ္ၿပီး ဦးမိုက္ကယ္မိုးျမင့္ရဲ႕ဇနီး ေဒၚဥမၼာမိုးျမင့္ကေတာ့ လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ကို အနီးကပ္ ကူညီဆာင္ရြက္ေပးေနသူတဦးျဖစ္ပါတယ္။ သူတို႔ရဲ႕ အခုလို ျပည္ပလွ်ဳိ႕ဝွက္ ဘဏ္စာရင္းေတြရဲ႕ ရည္ရြယ္ရင္း သေဘာသဘာဝအေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။
ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီကေတာ့ Financecorp Limited ဆိုၿပီး ေဖာ္ျပထားပါတယ္။ အဲဒီလူ့ပုဂၢိဳလ္ေတြနဲ႔ ဆက္စပ္တဲ့ ကုမၸဏီေတြဆိုၿပီး ေဖာ္ျပထားတာမွာေတာ့ Chief Target Overseas Ltd, Sky-Link Communications Ltd, Compass Point Finance Ltd, MPRL E&P Pte Ltd, Siam (Canadian) China Ltd, Chance Best Development Ltd, Master Timber Corporation, Myint & Associates Co. Ltd, Asia Drilling Pte Ltd, G V Trading Pte Ltd, Winterson Intl Ltd, Bay Maritime Pte Ltd, High Returns Trading Ltd, Auto Transportation Ltd, Cairnhill Management Ltd, Global Business Development Ltd စတဲ့ကုမၸဏီေတြကို ေတြ႔ရပါတယ္။

Social Action for Women - SAW

...................................


Panama Papers ထဲ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေ ပါ၀င်
ဗွီအိုအေ (မြန်မာပိုင်း)
Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင််ငံကဆိုပြီးတော့ လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါပါတယ်။
Panama Papers ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင််ငံကဆိုပြီး လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါ၀င်နေPanama Papers ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင််ငံကဆိုပြီး လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေပါ၀င်နေ
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က မကြာသေးခင်ရက်ပိုင်းကပဲ ဖွင့်ချ ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ အခုလို မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေလည်း ပါ၀င်နေတာကို ICIJ အဖွဲ့က သူတို့ရဲ့ဝက်ဘ်ဆိုက်တ်မှာ တင်ထားတာကို တွေ့ရတာပါ။
စာရင်းထဲမှာဖော်ပြထားတဲ့ နာမည်တွေထဲမှာ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသန္တာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ နိုင််ငံခြားသားနာမည်နဲ့ လူလေးဦးပါ၀င်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီးတွေ့ရပါတယ်။
ဒီစာရင်းမှာ ပါသူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။ သူတို့ရဲ့ အခုလို ပြည်ပလျှို့ဝှက် ဘဏ်စာရင်းတွေရဲ့ ရည်ရွယ်ရင်း သဘောသဘာဝအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကတော့ Financecorp Limited ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီလူ့ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေဆိုပြီး ဖော်ပြထားတာမှာတော့ Chief Target Overseas Ltd, Sky-Link Communications Ltd, Compass Point Finance Ltd, MPRL E&P Pte Ltd, Siam (Canadian) China Ltd, Chance Best Development Ltd, Master Timber Corporation, Myint & Associates Co. Ltd, Asia Drilling Pte Ltd, G V Trading Pte Ltd, Winterson Intl Ltd, Bay Maritime Pte Ltd, High Returns Trading Ltd, Auto Transportation Ltd, Cairnhill Management Ltd, Global Business Development Ltd စတဲ့ကုမ္ပဏီတွေကို တွေ့ရပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)

Social Action for Women - SAW

No comments:

Post a Comment