Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 6, 2016

လူယုံသတ်လို့



ကိုနိုင်း,ခေတ္တ မြဝတီ

 Credit to saw lar
 6 April 2016

.......................................



လူယုံသတ်လို့


မြဝတီ အမှတ်(၄) ကမ္ဘောဇဘဏ်ခွဲ(၂)မှာ ဒီနေ့ဖြစ်သွားတဲ့ ယုံကြည်မှုအလွှဲသုံးစားဖြစ်ရပ်မှာ
၈ နှစ်ကြာ လုပ်အားခကို သားရှင်ပြုပေးဖို့ ပြန်ဆင်းလာရင် မြဝတီက လူခံဆီမှာ အပ်ထားတဲ့ ငွေ သိန်း ၅၀ ကျပ်ကို ပြန်တောင်းတော့ ပြန်မရတဲ့အပြင် ရဲစခန်းပါရောက်သွားတဲ့ ရိုးသားသောတောင် သူလင်မယားဟာ
တစ်ချိန်ကထိုင်းနိုင်ငံမှာ နှစ်နဲ့ချီအလုပ်လုပ်ရင်း သိကျွမ်းရင်းနှီးခဲ့တဲ့ လူယုံဘဏ်ထဲမှာ အပ်ထားပေးမယ်ဆိုတဲ့ စကားကိုနားထောင်ပြီး ပုံအပ်လိုက်ပါတယ်။
သူငယ်ချင်း လူခံက လောင်းကစားပေါတဲ့ မြဝတီက ပေါက်စီဝိုင်းမှာ ညတိုင်းလိုလို လောင်းကြေးတွေနဲ ့ ကစားနေသူတွေလို ့သိရပါတယ်။
အင်္ကြန်ပွဲတော်ရက် ပြည်တွင်းပြန်ကြဘို ့ စုထားတဲ့ငွေတွေ လာတောင်းတဲ့အခါ သူငယ်ချင်းက ဘဏ်ထဲမှာအပ်ထားတာ ထုတ်ပေးမယ် ခဏစောင့် ဆိုပြီး ပျောက်သွားလိုက်တာ အတော်ကြာမှ ပြန်ပေါ်လာတော့ ဖိနပ်တောင် မပါတော့ဘူး။
ထုတ်လာတဲ့ငွေတွေတို့ဆေးမိပြီး ပါသွားလို့ ရဲ ခေါ် မြန်မြန်ခေါ်ဘာညာနဲ့ မူးလဲချ တက်ပြ ထူဟယ်နှပ်ဟယ် အရပ်ကူပါလူဝိုင်းပါ ဟန်ဆောင်ကောင်း လိုက်တာများ ညက အကယ်ဒမီရသွားတဲ့ ဂွမ်းပုံတောင် မီမယ်မထင်။
တကယ့်တကယ် ရဲတွေလာတော့ အလိမ်ပေါ်ပြီ။ ဘာလို့လဲဆိုတော့ မနက်ကဘဏ်မှာ ငွေသွင်းငွေထုတ်စာရင်းမှာ သူ့နာမည်မပါသလို CCTV ကင်မရာမှာလည်း သူ ဘဏ်ထဲဝင်လာတာ မတွေ့လို့ပါပဲ။
ကားထဲမှာ မျက်ရည်တွေ တသွင်သွင်စီးနေရှာတဲ့ တောင်သူ
လင်မယားနှစ်ယောက်မှာတော့လူယုံသတ်လည်း သေရပါတယ်ဆိုတာ နောင်တရနေကြပါတယ်။
ဤပိုစ့်တ်ကို သတိချပ်စေချင်တဲ့စိတ်နဲ့ တင်ပြတာပါ။
(အတုအယောင်တွေ ပေါများတဲ့ ဒီခေတ်မှာ အစစ်အမှန် ရှာဖွေတွေ့ရှိနိုင်ပြီး ဆင်ခြင်နိုင်ကြပါစေ)
ကိုနိုင်း,ခေတ္တ မြဝတီ

 Credit to saw lar
Social Action for Women - SAW
 6 April 2016





No comments:

Post a Comment