Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 22, 2016

ဘန္ေဒါင္းမူ ဆက္သုံးမယ္လို႔ ေဒၚစုဆို

Burma နဲ႔ Myanmar ႏွစ္သက္ရာကို သုံးနိုင္ တယ္
နိုင္ငံျခားေရး ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က နိုင္ငံျခားသံတမန္ ေတြနဲ႔ ေတြ႕ရာမွာ အရင္ နိုင္ငံျခားေရးမူဝါဒေတြ အတိုင္း မတူကြဲျပားမွုေတြကို ခ်ဥ္းကပ္မွု ပုံစံအသစ္နဲ႔ က်င့္သုံးမယ္ ဆိုၿပီး ေျပာခဲ့ပါတယ္။

ေတြ႕ဆုံပြဲကို ျပည္တြင္း ျပည္ပ အေျခစိုက္ နိုင္ငံျခားသံတမန္ (၇ဝ)ေလာက္ တက္ေရာက္ခဲ့ၿပီး အစိုးရသစ္ သြားမယ့္ နိုင္ငံျခားေရး မူဝါဒ လမ္းေၾကာင္းေတြ နဲ႔ ပူးေပါင္း ေဆာင္ရြက္မယ့္ အေျခအေန ေတြကို တနာရီ ၾကာေလာက္ ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

အခုလို ျပည္တြင္း၊ ျပည္ပ သံတမန္ အေျမာက္အျမားကို နိုင္ငံျခားေရး ဝန္ႀကီးက ေခၚၿပီး အစိုးရရဲ့ နိုင္ငံျခားေရးမူ ေတြကို ရွင္းျပတာက ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

အစိုးရသစ္ရဲ့ နိုင္ငံျခားေရး ဝန္ႀကီး ကို သံတမန္ေတြက ေတြ႕ဖို႔ ေတာင္းတဲ့ အခါမွာ တဦးခ်င္းစီကို ေတြ႕ဖို႔ထက္ သံတမန္ေတြ အားလုံးကို စုၿပီး ေတြ႕ဆုံတာ ျဖစ္တယ္လို႔ နိုင္ငံျခားေရး ဝန္ႀကီး ဌာန နိုင္ငံေရးရာဌာနဲ႔ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေက်ာ္ေဇယ် က ေျပာပါတယ္။
ပြင့္လင္း၊ ရိုးသားၿပီး ခင္မင္ရင္းႏွီးတဲ့ နိုင္ငံျခားေရးမူ

ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူခ်င္း ဆက္ဆံေရးကို အေလးထားေၾကာင္းေျပာခဲ့ပါတယ္။ ပြင့္လင္း၊ ရိုးသားၿပီးခင္မင္ရင္းႏွီးတဲ့ နိုင္ငံျခားေရး မူကို ကိုင္စြဲထားတယ္လို႔ ေျပာခဲ့ပါတယ္။

Burma/ Myanmar အသုံးအႏွုန္းနဲ႔ ပတ္သက္လို႔ လည္း ႏွစ္သက္ရာကို သုံးနိုင္ေၾကာင္း၊ ဘယ္အသုံးအႏွုန္း ကိုပဲ သုံးရမယ္လို႔ အေျခခံ ဥပေဒမွာ ျပ႒ာန္းထားခ်က္ မရွိေၾကာင္း၊ သူကိုယ္တိုင္လည္း အဆင္ေျပသလို သုံးေနေၾကာင္း သံတမန္ ေတြကို ေျပာသြားပါတယ္။

တ႐ုတ္၊ အေနာက္နိုင္ငံေတြ အျပင္ ေဒသတြင္း နိုင္ငံေတြနဲ႔ ဆက္ဆံေရးမွာ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ေရး ဆိုတဲ့ အရင္ ျမန္မာအစိုးရ ေတြ က်င့္သုံးခဲ့တဲ့ ဘန္ေဒါင္းမူ ၅ ခ်က္ကို ဆက္လက္ က်င့္သုံးသြားမယ္လို႔ သူက ေျပာပါတယ္။

ၿဗိတိသၽွသံ႐ုံးက ဒုတိယသံအမတ္ David Hall ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သံတမန္ေတြ ျမန္မာျပည္သူေတြနဲ႔ ခ်စ္ၾကည္ ရင္းႏွီးေအာင္ ေနၾကဖို႔ အႀကံျပဳခ်က္ကို ႀကိဳဆိုေၾကာင္း ဘီဘီစီကို ေျပာခဲ့ပါတယ္။

ဒါဟာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အစိုးရရဲ့ နိုင္ငံျခားေရး မူဝါဒကို ပထမဆုံးတရားဝင္ထုတ္ေဖာ္ ေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.......................................


Burma နဲ့ Myanmar နှစ်သက်ရာကို သုံးနိုင် တယ်
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသံတမန် တွေနဲ့ တွေ့ရာမှာ အရင် နိုင်ငံခြားရေးမူဝါဒတွေ အတိုင်း မတူကွဲပြားမှုတွေကို ချဉ်းကပ်မှု ပုံစံအသစ်နဲ့ ကျင့်သုံးမယ် ဆိုပြီး ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို ပြည်တွင်း ပြည်ပ အခြေစိုက် နိုင်ငံခြားသံတမန် (၇ဝ)လောက် တက်ရောက်ခဲ့ပြီး အစိုးရသစ် သွားမယ့် နိုင်ငံခြားရေး မူဝါဒ လမ်းကြောင်းတွေ နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အခြေအနေ တွေကို တနာရီ ကြာလောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်း၊ ပြည်ပ သံတမန် အမြောက်အမြားကို နိုင်ငံခြားရေး ဝန်ကြီးက ခေါ်ပြီး အစိုးရရဲ့ နိုင်ငံခြားရေးမူ တွေကို ရှင်းပြတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကို သံတမန်တွေက တွေ့ဖို့ တောင်းတဲ့ အခါမှာ တဦးချင်းစီကို တွေ့ဖို့ထက် သံတမန်တွေ အားလုံးကို စုပြီး တွေ့ဆုံတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန နိုင်ငံရေးရာဌာနဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။
ပွင့်လင်း၊ ရိုးသားပြီး ခင်မင်ရင်းနှီးတဲ့ နိုင်ငံခြားရေးမူ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူချင်း ဆက်ဆံရေးကို အလေးထားကြောင်းပြောခဲ့ပါတယ်။ ပွင့်လင်း၊ ရိုးသားပြီးခင်မင်ရင်းနှီးတဲ့ နိုင်ငံခြားရေး မူကို ကိုင်စွဲထားတယ်လို့ ပြောခဲ့ပါတယ်။

Burma/ Myanmar အသုံးအနှုန်းနဲ့ ပတ်သက်လို့ လည်း နှစ်သက်ရာကို သုံးနိုင်ကြောင်း၊ ဘယ်အသုံးအနှုန်း ကိုပဲ သုံးရမယ်လို့ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားချက် မရှိကြောင်း၊ သူကိုယ်တိုင်လည်း အဆင်ပြေသလို သုံးနေကြောင်း သံတမန် တွေကို ပြောသွားပါတယ်။

တရုတ်၊ အနောက်နိုင်ငံတွေ အပြင် ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ အရင် မြန်မာအစိုးရ တွေ ကျင့်သုံးခဲ့တဲ့ ဘန်ဒေါင်းမူ ၅ ချက်ကို ဆက်လက် ကျင့်သုံးသွားမယ်လို့ သူက ပြောပါတယ်။

ဗြိတိသျှသံရုံးက ဒုတိယသံအမတ် David Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေ မြန်မာပြည်သူတွေနဲ့ ချစ်ကြည် ရင်းနှီးအောင် နေကြဖို့ အကြံပြုချက်ကို ကြိုဆိုကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒါဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို ပထမဆုံးတရားဝင်ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment