Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 20, 2016

သမၼတ႐ုံးလုံၿခံဳေရးအရာရွိခ်ဳပ္အျဖစ္ ရဲမွဴးခ်ဳပ္၀င္းႏုိင္ထြန္းအား ခန္႔အပ္



By  ပိုင္စိုးသူ
 Thu, 2016-04-21

ရဲမွဴးခ်ဳပ္၀င္းႏုိင္ထြန္း (ဓာတ္ပုံ-MNA)
လူကုန္ကူးမႈ တား ဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕တြင္ တပ္ ဖဲြ႕မွဴးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ သည့္ ရဲမွဴးခ်ဳပ္၀င္းႏုိင္ထြန္းသည္ ႏုိ္င္ငံေတာ္သမၼတ႐ုံးလုံၿခံဳေရးအ ရာရွိခ်ဳပ္အျဖစ္ ေျပာင္းလဲတာ၀န္ ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

‘‘ႏုိင္ငံေတာ္သမၼတ႐ုံးရဲ႕ လုံ ၿခံဳေရးအရာရွိခ်ဳပ္အျဖစ္ တဲြဖက္ တာ၀န္ခ်ထားလုိက္တယ္လို႔ သိရ တယ္။ တဲြဖက္တာ၀န္ဆုိတာက ေတာ့ ဒီဘက္ကိုလည္း ျပန္ပို႔ခ်င္ လည္း ပို႔ႏုိင္တယ္။ တျခားဌာနကို လည္း ပို႔ႏုိင္တယ္။ ေနာက္က်မွအ တည္ထုတ္ခ်င္လည္း ထုတ္မွာ ေပါ့။ ေျပာလို႔ေတာ့မရဘူး’’ဟု လူ ကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲ တပ္ဖဲြ႕မွ ဒုရဲမွဴးမင္းႏုိင္က ေျပာ ၾကားသည္။

ယခုကဲ့သို႔ တာ၀န္ထမ္း ေဆာင္ရန္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ သည္ သႀကၤန္မတုိင္မီက ႏွစ္ႀကိမ္တုိင္ေခၚယူေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေျပာင္းေရႊ႕တာ၀န္ထမ္း ေဆာင္ရန္ ထြက္ေပၚလာျခင္းျဖစ္ ေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ နင္းေရး ရဲတပ္ဖဲြ႕မွ သိရသည္။

လက္ရွိတြင္ ၎တာ၀န္ထမ္း ေဆာင္ခဲ့သည့္ လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕သုိ႔႐ုံးတက္ ေရာက္ျခင္း မရွိေတာ့ေၾကာင္း သိ ရသည္။ ရဲမွဴးခ်ဳပ္၀င္းႏုိင္ထြန္း သည္ ၂၀၁၃ က လူကုန္ကူးမႈတား ဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕ ဖဲြ႕စည္းၿပီး  ပထမဆုံးရဲမွဴးခ်ဳပ္၊ တပ္ဖဲြ႕မွဴး လည္းျဖစ္ၿပီး ယခင္ကလူကုန္ကူး မႈ တားဆီးႏွိမ္နင္းေရးအထူးအ ဖဲြ႕အျဖစ္သာ စတင္ဖဲြ႕စည္းေဆာင္ ရြက္ခဲ့ေၾကာင္း သိရသည္။

‘‘လူကုန္ကူးမႈ တားဆီးႏွိမ္ နင္းေရး အထူးအဖဲြ႕စဖဲြ႕တုန္းက ေတာ့ ဒုတိယရဲမွဴးႀကီးအဆင့္ပဲ ထုိင္တာေလ။ အဲဒီတုန္းကေတာ့ တပ္ဖဲြ႕မွဴးလို႔ မေခၚဘူး။ အဖဲြ႕မွဴး၊ အဖဲြ႕ေခါင္းေဆာင္လို႔ပဲေခၚၾကတာ’’ဟု ဒုရဲမွဴးမင္းႏုိင္က ေျပာ သည္။

လူကုန္ကူးရဲတပ္ဖဲြ႕၏ တပ္ဖဲြ႕မွဴးရဲမွဴးခ်ဳပ္၀င္းႏုိင္ထြန္းသည္ယခင္ကစစ္ေထာက္လွမ္းေရးအ ျဖစ္လည္းေကာင္း၊ ဒုတပ္ဖဲြ႕မွဴးအ ျဖစ္ ရန္ကုန္သတင္းတပ္ဖဲြ႕(SB) ႏွင့္ ထုိမွတစ္ဆင့္လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕သို႔ တပ္ဖဲြ႕မွဴးအျဖစ္လည္းေကာင္း တာ၀န္မ်ားထမ္းေဆာင္ခဲ့ၿပီး ယခုကဲ့သို႔ ႏုိင္ငံေတာ္သမၼတ၏ လုံၿခံဳေရးအရာရွိခ်ဳပ္အျဖစ္ ထပ္မံေျပာင္းေရႊ႕တာ၀န္ေပးခံရျခင္း ျဖစ္သည္။

http://www.7daydaily.com/story/62679

................................

သမ္မတရုံးလုံခြုံရေးအရာရှိချုပ်အဖြစ် ရဲမှူးချုပ်ဝင်းနိုင်ထွန်းအား ခန့်အပ်

By  ပိုင်စိုးသူ
 Thu, 2016-04-21


လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တွင် တပ် ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ရဲမှူးချုပ်ဝင်းနိုင်ထွန်းသည် နို်င်ငံတော်သမ္မတရုံးလုံခြံုရေးအ ရာရှိချုပ်အဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံတော်သမ္မတရုံးရဲ့ လုံ ခြံုရေးအရာရှိချုပ်အဖြစ် တွဲဖက် တာဝန်ချထားလိုက်တယ်လို့ သိရ တယ်။ တွဲဖက်တာဝန်ဆိုတာက တော့ ဒီဘက်ကိုလည်း ပြန်ပို့ချင် လည်း ပို့နိုင်တယ်။ တခြားဌာနကို လည်း ပို့နိုင်တယ်။ နောက်ကျမှအ တည်ထုတ်ချင်လည်း ထုတ်မှာ ပေါ့။ ပြောလို့တော့မရဘူး’’ဟု လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်က ပြော ကြားသည်။

ယခုကဲ့သို့ တာဝန်ထမ်း ဆောင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် သင်္ကြန်မတိုင်မီက နှစ်ကြိမ်တိုင်ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရန် ထွက်ပေါ်လာခြင်းဖြစ် ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် ၎င်းတာဝန်ထမ်း ဆောင်ခဲ့သည့် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ရုံးတက် ရောက်ခြင်း မရှိတော့ကြောင်း သိ ရသည်။ ရဲမှူးချုပ်ဝင်းနိုင်ထွန်း သည် ၂၀၁၃ က လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး  ပထမဆုံးရဲမှူးချုပ်၊ တပ်ဖွဲ့မှူး လည်းဖြစ်ပြီး ယခင်ကလူကုန်ကူး မှု တားဆီးနှိမ်နင်းရေးအထူးအ ဖွဲ့အဖြစ်သာ စတင်ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

‘‘လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး အထူးအဖွဲ့စဖွဲ့တုန်းက တော့ ဒုတိယရဲမှူးကြီးအဆင့်ပဲ ထိုင်တာလေ။ အဲဒီတုန်းကတော့ တပ်ဖွဲ့မှူးလို့ မခေါ်ဘူး။ အဖွဲ့မှူး၊ အဖွဲ့ခေါင်းဆောင်လို့ပဲခေါ်ကြတာ’’ဟု ဒုရဲမှူးမင်းနိုင်က ပြော သည်။

လူကုန်ကူးရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်ထွန်းသည်ယခင်ကစစ်ထောက်လှမ်းရေးအ ဖြစ်လည်းကောင်း၊ ဒုတပ်ဖွဲ့မှူးအ ဖြစ် ရန်ကုန်သတင်းတပ်ဖွဲ့(SB) နှင့် ထိုမှတစ်ဆင့်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ တပ်ဖွဲ့မှူးအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပြီး ယခုကဲ့သို့ နိုင်ငံတော်သမ္မတ၏ လုံခြံုရေးအရာရှိချုပ်အဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ပေးခံရခြင်း ဖြစ်သည်။

http://www.7daydaily.com/story/62679

No comments:

Post a Comment