Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

လစာေငြထဲက ပါတီရန္ပံုေငြထည့္ ဝင္ဖုိ႔ ပါတီကုိယ္စားလွယ္ေတြကုိ NLD ညႊန္ၾကား

လႊတ္ေတာ္အစည္းအေဝး တက္ေရာက္လာတဲ့ ကိုယ္စားလွယ္အသစ္ေတြကို ေတြ႔ရစဥ္။ Photo: Myo Thant Khaing/RFA
အန္အယ္လ္ဒီပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္အားလံုး ရရိွတဲ့ လစာေငြထဲက ပါတီရန္္ပံုေငြအျဖစ္ လစဥ္ထည့္၀င္ဖို႔ အန္အယ္လ္ဒီ ပါတီဌာနခ်ဳပ္က ညႊန္ၾကား လိုက္ပါတယ္။

ေဒသဖံ႔ြၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္ရြက္ဖို႔နဲ႔ ပါတီအသံုးစရိတ္အတြက္ ရန္ပံုေငြကို သံုးစဲြသြားမွာျဖစ္တယ္လို႔ မႏၱေလးတုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀ိုင္းခ်စ္ေအာင္က ေျပာပါတယ္။

"ဒီလ လစာေတာ့မပါေတာ့ဘူးေပါ့ေနာ္၊ ၃ လပိုင္းလကုန္ဆိုရင္ေတာ့ က်ေနာ္တို႔ရရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕လစာထဲကေန ပါတီရန္ပံုေငြအျဖစ္ က်ေနာ္တို႔ ထည့္ဝင္ရမွာပါ၊ အၾကမ္းမ်ဥ္းကေတာ့ ေဒသဖြံ႔ၿဖိဳးေရးနဲ႔ ပတ္သက္တဲ့က႑ာေတြ ေပါ့ေနာ္၊ ပါတီတြင္းရန္ပံုေငြနဲ႔ ပတ္သက္တဲ့ ကိစၥရပ္မ်ိဳးေတြမွာ က်ေနာ္တို႔ ျပန္ၿပီးအသံုးခ်မွာပါ"

အဲဒီအစီအစဥ္အရ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ က်ပ္ ၂သိန္းခဲြ ၊ တုိင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက က်ပ္ တစ္သိန္းစီ ရန္ပံုေငြအျဖစ္ လစဥ္ထည့္၀င္ရမွာျဖစ္ပါတယ္။

အန္အယ္လ္ဒီပါတီ ကိုယ္စားလွယ္ေတြထဲက တုိင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ၊ ဒုတိယဥကၠဌအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခံရသူေတြရဲ့ လစာခ်ီးျမွင့္ေငြထဲက ဘယ္ေလာက္ ထည့္၀င္ရမယ္ဆုိတာကို သီးျခားညႊန္ၾကားခ်က္ထုတ္မွာျဖစ္တယ္လို႔ တနသၤာရီတုိင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠဌ ဦးၾကည္စိုးက ေျပာပါတယ္။

"အခုဆိုရင္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ တစ္သိန္းထည့္ဝင္ရမွာပါ၊ က်ေနာ္တို႔ ဥကၠဌ၊ ဒုတိယဥကၠဌေတြက်ေတာ့ သီးျခားညႊန္ၾကားခ်က္ပါမွာပါ၊ က်ေနာ္တို႔ရဲ႕ဥကၠဌက လႊတ္ေတာ္ဥကၠဌေတြ၊ ဒုတိယဥကၠဌေတြကို ခ်ီးျမွင့္ထားတဲ့စရိတ္ေတြကို သူအေနနဲ႔ ေသေသခ်ာခ်ာမသိေသးတဲ့အတြက္ ရရွိတဲ့ေငြအေမာက္မ်ားရင္ဘယ္ေလာက္ျဖတ္မယ္ဆိုတာကို ေနာက္အစီစဥ္အေနနဲ႔ ထပ္ၿပီးသီးျခားညႊန္ၾကားပါမယ္တဲ့ ဒီလေတာ့မပါေသးဘူးေပါ့ဗ်ာ"

အဲဒီတုိင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္ ဥကၠဌ တစ္ဦးဟာ လစဥ္ခ်ီးျမွင့္ေငြ က်ပ္ သိန္း ၃၀ နဲ႔ ကား ၃စီးစီ ခံစားခြင့္ရွိၿပီး ဒုဥကၠဌတစ္ဦးဟာ လစဥ္ က်ပ္ သိန္း ၂၀ နဲ႔ ကား ၂စီးစီ ခံစားခြင့္ ေပးထားပါတယ္။

တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ တစ္လအတြက္ ခ်ီးျမွင့္ေငြ က်ပ္ ၅ သိန္းစီ ရရွိတာျဖစ္ၿပီး လႊတ္ေတာ္တက္ေရာက္ရတဲ့ကာလ အတြင္း တစ္ရက္အသံုးစရိတ္ က်ပ္ ၂ ေသာင္းစီ ရရွိပါတယ္။

ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြက လစဥ္ ခ်ီးျမွင့္ေငြ က်ပ္ ၁၀ သိန္းစီ ရရွိတာျဖစ္ၿပီး တစ္ရက္အသံုးစရိတ္ က်ပ္ ၂ ေသာင္းစီ ရရွိပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြမွာ အန္အယ္လ္ဒီပါတီဟာ ျပည္သူ႔လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၂၅၅ ဦး၊ အမ်ဳိးသားလႊတ္ေတာ္မွာ ၁၃၅ဦး၊ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္မွာ ၄၉၆ ဦး စုစုေပါင္း ၈၈၆ ဦး အႏုိင္ရရွိထားတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................


လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်အသစ်တွေကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
အန်အယ်လ်ဒီပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံး ရရှိတဲ့ လစာငွေထဲက ပါတီရန််ပုံငွေအဖြစ် လစဉ်ထည့်ဝင်ဖို့ အန်အယ်လ်ဒီ ပါတီဌာနချုပ်က ညွှန်ကြား လိုက်ပါတယ်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ ပါတီအသုံးစရိတ်အတွက် ရန်ပုံငွေကို သုံးစွဲသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က ပြောပါတယ်။

"ဒီလ လစာတော့မပါတော့ဘူးပေါ့နော်၊ ၃ လပိုင်းလကုန်ဆိုရင်တော့ ကျနော်တို့ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာထဲကနေ ပါတီရန်ပုံငွေအဖြစ် ကျနော်တို့ ထည့်ဝင်ရမှာပါ၊ အကြမ်းမျဉ်းကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ကဏ္ဍာတွေ ပေါ့နော်၊ ပါတီတွင်းရန်ပုံငွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်မျိုးတွေမှာ ကျနော်တို့ ပြန်ပြီးအသုံးချမှာပါ"

အဲဒီအစီအစဉ်အရ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျပ် ၂သိန်းခွဲ ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ကျပ် တစ်သိန်းစီ ရန်ပုံငွေအဖြစ် လစဉ်ထည့်ဝင်ရမှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေထဲက တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ လစာချီးမြှင့်ငွေထဲက ဘယ်လောက် ထည့်ဝင်ရမယ်ဆိုတာကို သီးခြားညွှန်ကြားချက်ထုတ်မှာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးက ပြောပါတယ်။

"အခုဆိုရင်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တစ်သိန်းထည့်ဝင်ရမှာပါ၊ ကျနော်တို့ ဥက္ကဌ၊ ဒုတိယဥက္ကဌတွေကျတော့ သီးခြားညွှန်ကြားချက်ပါမှာပါ၊ ကျနော်တို့ရဲ့ဥက္ကဌက လွှတ်တော်ဥက္ကဌတွေ၊ ဒုတိယဥက္ကဌတွေကို ချီးမြှင့်ထားတဲ့စရိတ်တွေကို သူအနေနဲ့ သေသေချာချာမသိသေးတဲ့အတွက် ရရှိတဲ့ငွေအမောက်များရင်ဘယ်လောက်ဖြတ်မယ်ဆိုတာကို နောက်အစီစဉ်အနေနဲ့ ထပ်ပြီးသီးခြားညွှန်ကြားပါမယ်တဲ့ ဒီလတော့မပါသေးဘူးပေါ့ဗျာ"

အဲဒီတိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဥက္ကဌ တစ်ဦးဟာ လစဉ်ချီးမြှင့်ငွေ ကျပ် သိန်း ၃၀ နဲ့ ကား ၃စီးစီ ခံစားခွင့်ရှိပြီး ဒုဥက္ကဌတစ်ဦးဟာ လစဉ် ကျပ် သိန်း ၂၀ နဲ့ ကား ၂စီးစီ ခံစားခွင့် ပေးထားပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ တစ်လအတွက် ချီးမြှင့်ငွေ ကျပ် ၅ သိန်းစီ ရရှိတာဖြစ်ပြီး လွှတ်တော်တက်ရောက်ရတဲ့ကာလ အတွင်း တစ်ရက်အသုံးစရိတ် ကျပ် ၂ သောင်းစီ ရရှိပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက လစဉ် ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီ ရရှိတာဖြစ်ပြီး တစ်ရက်အသုံးစရိတ် ကျပ် ၂ သောင်းစီ ရရှိပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီဟာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၄၉၆ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment