Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

အစုိးရသစ္ ရက္ေပါင္း ၁ဝဝ လုပ္ငန္းစဥ္ NLD ေဆြးေႏြး

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ စီးပြားေရးေကာ္မတီအဖြဲ႔ဝင္ ဦးေက်ာ္ဝင္း ကို မတ္လ ၅ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Win Ko Ko Latt/RFA
အစုိးရသစ္လက္ထက္ ရက္ေပါင္း ၁ဝဝ အတြင္း ဘာေတြေဆာင္ရြက္မယ္ဆုိတာေတြကုိ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီရဲ႕ စီးပြားေရးေကာ္မတီအဖြဲ႔ဝင္ေတြဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဒီကေန႔ ေနျပည္ေတာ္ က ႏွင္းဆီစံအိမ္မွာ ေဆြးေႏြးခဲ့ၾကပါတယ္။

အင္န္အယ္လ္ဒီပါတီရဲ႕ စီးပြားေရးေကာ္မတီအဖြဲ႔ဝင္ ၈ ဦးဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးခဲ့တာနဲ႔ ပတ္သက္လုိ႔ အ့ဲဒီေကာ္မတီအဖြဲ႔ဝင္ ဦးေက်ာ္ဝင္းက အခုလုိ ေျပာပါတယ္။

"စီမံကိန္းဆိုေတာ့ လုပ္မယ့္လုပ္ငန္းစဥ္ေလးေတြပဲ စီးပြားေရးလုပ္ငန္းေလးေတြပါ၊ က်ေနာ္တို႔ စီးပြားေရးေကာ္မတီေတြကပါ၊ စီးပြားေရးေကာ္မတီအဖြဲ႔ဝင္ေတြ ေဆြးေႏြးၾကတာပါ၊ က်ေနာ္တို႔ တိုင္းျပည္အတြက္ပဲ ေဆြးေႏြးေနၾကတာပါ၊ အဲ့ဒါပဲ ေဆြးေႏြးၾကတာပါ၊ က်ေနာ္တို႔က အဓိကေတာ့ ေလာေလာဆယ္ ေနာင္အစိုးရသစ္ တက္လာတဲ့အခါက်ရင္ ျပည္သူလူထုနဲ႔ တိုင္းျပည္ကို ဘယ္ေလာက္အထိ ျမန္ျမန္ဆန္ဆန္ အက်ိဳးျပဳႏိုင္မလဲကိစၥေတြကို ပိုၿပီးေတာ့ ေဆြးေႏြးတာပါ ၊ ေနာက္တစ္ခါေပါ့ အခက္အခဲျဖစ္ႏိုင္တဲ့ အက်ပ္အတည္းျဖစ္ႏိုင္ရတဲ့ကိစၥေတြကေတာ့ တေျဖးေျဖးနဲ႔ က်ေနာ္တို႔ မွ်မွ်တတနဲ႔ ျပည္သူေတြအတြက္လည္း အက်ိဳးရွိ၊ တိုင္းျပည္အတြက္လည္း အက်ိဳးရွိေအာင္ က်ေနာ္တို႔ ေရရွည္စဥ္းစားၿပီးသြားရမွာပါ၊ ေလာေလာဆယ္ကေတာ့ ရက္တစ္ရာအေတာအတြင္းမွာ ဘာေတြလုပ္မယ္ဆိုတာေတြ အဓိကထားေဆြးေႏြးၾကတာပါ"

ဒီေန႔ ေဆြးေႏြးျဖစ္ခဲ့တဲ့အေၾကာင္းအရာ အေသးစိတ္ေတြကုိေတာ့ မေျပာၾကားခဲ့ပါဘူး။

ဒီကေန႔ အစည္းအေဝးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၊ NLD ဗဟုိ အလုပ္ အမႈေဆာင္အဖြဲ႔ရဲ႕ အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးဝင္းထိန္၊ ဦးဝင္းျမင့္၊ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ဗဟုိအလုပ္ အမႈေဆာင္အဖြဲ႔ဝင္ ေဒါက္တာမ်ိဳးေအာင္တုိ႔႔လည္း ပါဝင္ပါတယ္။

မနက္ျဖန္ မတ္လ ၆ ရက္ေန႔မွာလည္း အင္န္အယ္လ္ဒီပါတီ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေဝး ကုိ ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္မွာ က်င္းပမွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.......................................


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်း ကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
အစိုးရသစ်လက်ထက် ရက်ပေါင်း ၁ဝဝ အတွင်း ဘာတွေဆောင်ရွက်မယ်ဆိုတာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော် က နှင်းဆီစံအိမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အင်န်အယ်လ်ဒီပါတီရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင် ၈ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ အဲ့ဒီကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းက အခုလို ပြောပါတယ်။

"စီမံကိန်းဆိုတော့ လုပ်မယ့်လုပ်ငန်းစဉ်လေးတွေပဲ စီးပွားရေးလုပ်ငန်းလေးတွေပါ၊ ကျနော်တို့ စီးပွားရေးကော်မတီတွေကပါ၊ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေ ဆွေးနွေးကြတာပါ၊ ကျနော်တို့ တိုင်းပြည်အတွက်ပဲ ဆွေးနွေးနေကြတာပါ၊ အဲ့ဒါပဲ ဆွေးနွေးကြတာပါ၊ ကျနော်တို့က အဓိကတော့ လောလောဆယ် နောင်အစိုးရသစ် တက်လာတဲ့အခါကျရင် ပြည်သူလူထုနဲ့ တိုင်းပြည်ကို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်မလဲကိစ္စတွေကို ပိုပြီးတော့ ဆွေးနွေးတာပါ ၊ နောက်တစ်ခါပေါ့ အခက်အခဲဖြစ်နိုင်တဲ့ အကျပ်အတည်းဖြစ်နိုင်ရတဲ့ကိစ္စတွေကတော့ တဖြေးဖြေးနဲ့ ကျနော်တို့ မျှမျှတတနဲ့ ပြည်သူတွေအတွက်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင် ကျနော်တို့ ရေရှည်စဉ်းစားပြီးသွားရမှာပါ၊ လောလောဆယ်ကတော့ ရက်တစ်ရာအတောအတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာတွေ အဓိကထားဆွေးနွေးကြတာပါ"

ဒီနေ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်းအရာ အသေးစိတ်တွေကိုတော့ မပြောကြားခဲ့ပါဘူး။

ဒီကနေ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို အလုပ် အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့့လည်း ပါဝင်ပါတယ်။

မနက်ဖြန် မတ်လ ၆ ရက်နေ့မှာလည်း အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment