Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

လက္ပတ္နီအၾကမ္းဖက္ၿဖိဳခြင္းမႈ ၁ ႏွစ္ျပည့္ ဆုေတာင္းပြဲျပဳလုပ္

ရန္ကုန္ၿမိဳ႕ေတာ္ ခန္းမေရွ႕မွာ ဆႏၵျပသူေတြကုိ အစုိးရက လက္ပတ္နီဝတ္အရပ္ဝတ္ေတြနဲ႔ အၾကမ္းဖက္ၿဖိဳခြင္းခဲ့တဲ့ ၁ ႏွစ္ျပည့္ အခမ္းအနားကို မတ္လ ၅ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/RFA
ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြနဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြကုိ ျပန္လႊတ္ေပးဖို႔ တကၠသုိလ္ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ ၃ဝ ေက်ာ္က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဒီေန႔ ဆုေတာင္းပြဲျပဳလုပ္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ၿမိဳ႕ေတာ္ ခန္းမေရွ႕မွာ ဆႏၵျပသူေတြကုိ အစုိးရက လက္ပတ္နီဝတ္အရပ္ဝတ္ေတြနဲ႔ အၾကမ္းဖက္ၿဖိဳခြင္းခဲ့တာ ၁ ႏွစ္ျပည့္တဲ့အထိ ေက်ာင္းသားေတြ ဖမ္းဆီးခံထားရတာေၾကာင့္ ဆုေတာင္းပြဲျပဳလုပ္ၿပီး အခုလိုေတာင္းဆုိတာျဖစ္ေၾကာင္း ဒဂုံတကၠသိုလ္ေက်ာင္းသား သမဂၢအဖြဲ႔ဝင္ ကုိစုိးထက္ဦးက ေျပာပါတယ္။

"မႏွစ္က မတ္လ ၅ ရက္ေန႔က က်ေနာ္တို႔ ဒီလမွာ ပညာေရးသပိတ္စစ္ေၾကာင္းေတြကို အၾကမ္းမဖက္ဖို႔ က်ေနာ္တို႔ ေတာင္းဆိုခ့ဲတယ္၊ က်ေနာ္တို႔က အၾကမ္းမဖက္ဖို႔ ေတာင္းဆိုခဲ့တာပါပဲ၊ အၾကမ္းမဖက္ဖို႔ ေတာင္းဆိုတဲ့ အခမ္းအနားမွာပဲ က်ေနာ္တို႔ အၾကမ္းဖက္ခံခဲ့ရတယ္၊ အဲ့ဒါကို က်ေနာ္တို႔ အၿမဲတမ္းမွတ္မိေနတယ္၊ မေမ့ဘူး အၿမဲတမ္း သတိရေနတယ္ဆိုတာကို သူတို႔အားလံုးသိေစဖို႔အတြက္ က်ေနာ္တို႔ အခမ္းအနားလုပ္ျခင္းျဖစ္ပါတယ္၊ ၿပီးေတာ့ ေနာက္တစ္ခုက က်ေနာ္တို႔ ေထာင္ထဲမွာေရာက္ေနတဲ့ ေက်ာင္းသားရဲေဘာ္ေတြ ရွိေသးတယ္၊ ႏိုင္ငံေရးအက်ဥ္းသား အမ်ားႀကီးရွိေသးတယ္၊ အဲ့ဒီ ႏိုင္ငံေရးအက်ဥ္းသား ေက်ာင္းသားရဲေဘာ္ေတြကို လြတ္ေျမာက္ဖို႔အတြက္ ဒီေန႔ ဆုေတာင္းပြဲလုပ္တာပါ"

ၿပီးခဲ့တဲ့ႏွစ္ မတ္လ မတ္လ ၅ ရက္ေန႔က တကၠသိုလ္ေက်ာင္သားသမဂၢအဖြဲ႔ေတြနဲ႔ ဝန္းရံသူေတြက ပဲခူးတုိင္း လက္ပံတန္းၿမိဳ႕ေရာက္ေနခဲ့တဲ့ ပညာေရးဥပေဒကုိ သပိတ္ေမွာက္ဆႏၵျပေက်ာင္းသားေတြကုိ အၾကမ္းဖက္မၿဖိဳခြဲဖုိ႔ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဆႏၵျပေတာင္းဆုိခဲ့ရာမွာ လက္ပတ္နီဝတ္ထားသူေတြက အၾကမ္းဖက္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဒီေန႔ ဆုေတာင္းပြဲကုိ တကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြ၊ ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းေရွ႕မွာ အၾကမ္းဖက္ဖမ္းဆီးခံခဲ့ရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ဝန္းရံကူညီသူေတြလည္း တက္ေရာက္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ကဗ်ာဆရာေတြကလည္း ကဗ်ာေတြရြတ္ဆုိခဲ့ၾကၿပီး ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြနဲ႔ ဝန္းရံကူညီသူေတြကလည္း သဝဏ္လႊာေတြ ေပးပုိ႔ခ့ဲၾကပါတယ္။

ပညာေရးဥပေဒကုိ သပိတ္ေမွာက္ဆႏၵျပခဲ့တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ဝန္းရံျပည္သူေတြဟာ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅ဝ၅ (ခ) ၊ တရားမဝင္စီတန္းလွည့္လည္မႈ ပုဒ္မ (၁၈) ေတြနဲ႔ တရားစြဲခံထားၾကရပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................


ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို အစိုးရက လက်ပတ်နီဝတ်အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၁ နှစ်ပြည့် အခမ်းအနားကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၃ဝ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို အစိုးရက လက်ပတ်နီဝတ်အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၁ နှစ်ပြည့်တဲ့အထိ ကျောင်းသားတွေ ဖမ်းဆီးခံထားရတာကြောင့် ဆုတောင်းပွဲပြုလုပ်ပြီး အခုလိုတောင်းဆိုတာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုစိုးထက်ဦးက ပြောပါတယ်။

"မနှစ်က မတ်လ ၅ ရက်နေ့က ကျနော်တို့ ဒီလမှာ ပညာရေးသပိတ်စစ်ကြောင်းတွေကို အကြမ်းမဖက်ဖို့ ကျနော်တို့ တောင်းဆိုခဲ့တယ်၊ ကျနော်တို့က အကြမ်းမဖက်ဖို့ တောင်းဆိုခဲ့တာပါပဲ၊ အကြမ်းမဖက်ဖို့ တောင်းဆိုတဲ့ အခမ်းအနားမှာပဲ ကျနော်တို့ အကြမ်းဖက်ခံခဲ့ရတယ်၊ အဲ့ဒါကို ကျနော်တို့ အမြဲတမ်းမှတ်မိနေတယ်၊ မမေ့ဘူး အမြဲတမ်း သတိရနေတယ်ဆိုတာကို သူတို့အားလုံးသိစေဖို့အတွက် ကျနော်တို့ အခမ်းအနားလုပ်ခြင်းဖြစ်ပါတယ်၊ ပြီးတော့ နောက်တစ်ခုက ကျနော်တို့ ထောင်ထဲမှာရောက်နေတဲ့ ကျောင်းသားရဲဘော်တွေ ရှိသေးတယ်၊ နိုင်ငံရေးအကျဉ်းသား အများကြီးရှိသေးတယ်၊ အဲ့ဒီ နိုင်ငံရေးအကျဉ်းသား ကျောင်းသားရဲဘော်တွေကို လွတ်မြောက်ဖို့အတွက် ဒီနေ့ ဆုတောင်းပွဲလုပ်တာပါ"

ပြီးခဲ့တဲ့နှစ် မတ်လ မတ်လ ၅ ရက်နေ့က တက္ကသိုလ်ကျောင်သားသမဂ္ဂအဖွဲ့တွေနဲ့ ဝန်းရံသူတွေက ပဲခူးတိုင်း လက်ပံတန်းမြို့ရောက်နေခဲ့တဲ့ ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လက်ပတ်နီဝတ်ထားသူတွေက အကြမ်းဖက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဆုတောင်းပွဲကို တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ ရန်ကုန်မြို့ မြို့တော်ခန်းရှေ့မှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံကူညီသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကဗျာဆရာတွေကလည်း ကဗျာတွေရွတ်ဆိုခဲ့ကြပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံကူညီသူတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ (၁၈) တွေနဲ့ တရားစွဲခံထားကြရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment