စ.အ.ဖ…NLD…နဲ႕…သံုးမတ္ ေမေမ

ယခုေခတ္အခါကဲ့သို႕ မိုဘိုင္းဟန္းဖုန္းမ်ားမေပါမ်ားေသးေသာ အခါသမယကၿဖစ္သည္... ဖုန္းဆိုသည္မွာ တစ္ဦးႏွင့္တစ္ဦးဆက္သြယ္ရန္ဆိုေသာ မူလဦးတည္ခ်က္ထက္ ခါးခ်ိ္တ္ ပကာသနအေဆာင္အေယာင္ အၿဖစ္ေမာ္ၾကြားခဲ့စဥ္ကာလကၿဖစ္သည္....
ဖုန္းတစ္လံုး တစ္လံုး သိန္း၃၀ေလာက္ တန္ေၾကးေပါက္သည္ဆိုေတာ့လည္း ခါးမွာခ်ိတ္လိုက္ရင္ၿဖင့္ ဒီလူဟာ အလကားေနရင္း သိန္းေက်ာ္တန္ၾကီးၿဖစ္သြားတဲ့ ဦးသိန္းေက်ာ္ ေခတ္ကိုးဗ်....
အေၿခခံနဲ႕လူလတ္တန္းစားအမ်ားစုအတြက္ ဖုန္းဆိုတာမရွိမၿဖစ္ပစၥည္းလည္းမဟုတ္ေလေတာ့ ဘယ္သူကမွ ဖုန္း၀ယ္မယ္ဆိုတဲ့အေၾကာင္းေတြးမိခဲ့မယ္လို႕မထင္ပါဘူး....
အေရးၾကံဳလို႕ဆက္စရာအေၾကာင္းရွိရင္ လမ္းေဘးက ပီစီအိုလိုဖုန္းေတြကို ႏွစ္ရာသံုးရာ ေပးဆက္လိုက္ရင္လိုရင္းေရာက္တာပဲေလဆိုၿပီး ေက်နပ္ခဲ့တဲ့ေခတ္ကိုးဗ်....
ကၽြန္ေတာ္တို႕လိုနယ္ၿမိဳ႕မ်ားမွာက်ေတာ့ ဖုန္းအဆက္အသြယ္ လုပ္ခ်င္တယ္ဆိုရင္ ၿမန္မာ့ဆက္သြယ္ေရး ပီစီအို (ဆ.သ.ရ) အိတ္ခ်ိန္းရံုးေတြကိုပဲအားကိုး ခဲ့ရတာေလ....
အိတ္ခ်ိန္းရံုးကိုသြား အဲ့ဒီရံုးကတာ၀န္က် မမေအာ္ပေရတာမ်ားဆီကို ကိုယ္ဆက္ခ်င္တဲ့ ဖုန္းနံပါတ္ေလးေပးၿပီးေခၚခိုင္း... ကိုယ့္ေရွ႕အရင္ေရာက္ႏွင့္သူရွိခဲ့ရင္ ကို႕အလွည္႕ေရာက္ေအာင္ထိုင္ေစာင့္....
တစ္ခါတစ္ေလမ်ား ေၿပာရမွာ ငါးမိနစ္စာေလာက္ကို ၂ နာရီ ၃ နာရီေလာက္ထိုင္ၿပီးေစာင့္ခဲ့ရတာကလား....
ေအာ္..အခုမ်ားေတာ့…တိုးတက္လိုက္ပံုမ်ား အရင္တုန္းကနဲ႕ကို မတူေတာ့ဘူးေနာ့္….
အဲ့ဒီတုန္းက ဖုန္းလိုင္းေတြကလည္းသိတဲ့အတိုင္း တိုးတိုးသာသာ သမီးရည္းစားေၿပာေၿပာလို႕ရေအာင္ ေကာင္းခဲ့တာမွမို႕တာ....
ကို႕အလွည့္ကိုေရာက္ဖို႕ ဇာတ္လမ္းပမာနားဆင္ရင္း ေစာင့္ခဲ့ရတဲ့ေခတ္မ်ိဳးေလ....
“သမီးေနေကင္းလား ရည္းစားမထားနဲ႕ေနာ္” ဆိုတာမ်ိဳး
“အဲ့ေကာင္ ေတာ္ေတာ္လူပါး၀တယ္ ေနႏွင့္ဦး ေနႏွင့္ဦး… ၿပန္လာပေစ ၿပန္လာပေစ.. သိမယ္ သိမယ္” ဆိုတာမ်ိဳး
“ၾကားလား ၾကားလား စိတ္မပူနဲ႕ ဘာမွစိတ္မပူနဲ႕ အေမေနေကာင္းတယ္ ၾကားလား ၾကားလား” ဆိုတာမ်ိဳး
နဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ အဆက္အသြယ္ရဖို႕ အေတာ္ေလးၾကိဳးစားခဲ့ၾကရတာ...
ဘယ္တတ္ႏိုင္ပါ့မလဲေနာ္....
ဒီလိုမွ ေအာ္ၿပီးမဆက္ခ်င္ရင္လည္း ကိုယ္တိုင္ကားစီးၿပီး ကိုယ္ေၿပာခ်င္တဲ့ လူရွိတဲ့အရပ္ဆီ ေရာက္ေအာင္သြားေၿပာရမဲ့ေခတ္ ဆိုေတာ့လည္း ေဘးလူၾကားတာ မၾကားတာ ေနာက္ထား ဆက္စရာရွိတာ ေအာ္ဆက္ခဲ့ၾကရတာပဲမို႕လား......
……………………………………………………………………………….
တိုက္တိုက္ဆိုင္ဆိုင္ပဲဆိုပါေတာ့ဗ်ာ...
အဲ့ဒီေန႕ကကၽြန္ေတာ္လည္းဖုန္းဆက္စရာရွိတာနဲ႕ ဖုန္းနံပါတ္ေလးေပးရင္း ကို႕အလွည္႕ထိုင္ေစာင့္ေနတာေပါ့...
အဲ့ဒီမွာ အရပ္၀တ္နဲ႕လူႏွစ္ေယာက္ပ်ာပ်ာပ်ာပ်ာနဲ႕ တက္လာေရာဗ်..
ၿပီးေတာ့ ေအာ္ပေရတာမမကိုေၿပာတယ္
“ကၽြန္ေတာ္တို႕ ပုသိမ္တိုင္းရံုးကို အေရးၾကီးသတင္းပို႕စရာရွိလို႕ ဒီနံပါတ္ေလးကိုေခၚေပးပါ” ဆိုေတာ့ မမမ်ားကလည္း ရိုရိုေသေသပဲခင္ဗ်
“ဟုတ္ကဲ့ရွင့္ …ဟုတ္ကဲ့ရွင့္” နဲ႕ကို ၿဖစ္ေနေတာ့တာပါပဲ...
ေစာင့္ေနရတဲ့လူေတြကေတာ့ ဘယ္ၾကည္မလဲ…. အခုမွလဲေရာက္ေသး အလွည္႕လည္းေက်ာ္ေခၚခိုင္းေသး ဆိုၿပီး မ်က္ေစာင္းထိုးၾကနဲ႕ေပါ့ဗ်ာ....
ခဏေနေတာ့ ေအာ္ပေရတာ မမကတရိုတေသလွမ္းေၿပာတယ္ဗ်
“ဆရာ …………ဆရာတို႕နံပါတ္လိုင္း၀င္သြားၿပီ” ဆိုေတာ့
အားလံုးေခါင္းေထာင္လာၾကတယ္…
ေအာ္ ဒါ့ေၾကာင့္ ေက်ာ္ေခၚေပးတာကိုးဆိုတဲ့ပံုစံမ်ိဳးေတြနဲ႕ ဘာအေကာင္လဲ ဆိုၿပီးစိတ္၀င္စားၾကတာေပါ့ဗ်ာ.....
အလွည့္ေက်ာ္ေခၚေပးရေအာင္ ဒီေကာင္က ဘာဆရာလဲ ဘာလဲ ဘာေကာင္လဲေပါ့ဗ်ာ…
အားလံုးရဲ႕နားရြက္ေလးေတြ ဘာေကာင္လဲသိခ်င္လို႕ စြင့္ထားတာမ်ား ေထာင္လို႕ဗ်ာ….
“ဟယ္လို… ဟယ္လို….ၾကားရလား ၾကားရလား…
ဟုတ္ကဲ့ ဟုတ္ကဲ့ တိုင္းစစ္ေထာက္ခ်ဳပ္ရံုးကပါလား တိုင္းစစ္ေထာက္ခ်ဳပ္ရံုးကပါလား”
“ဟုတ္ကဲ့ ဟုတ္ကဲ့….”
“ဟယ္လို…..က်ံ ဳ ေပ်ာ္ ၿမိဳ႕….နယ္ေၿမခံရံုးက သတင္းပို႕ပါတယ္…. ၾကားရလား… ၾကားရလား ..ဟုတ္ကဲ့”
“က်ံ ဳ ေပ်ာ္ၿမိဳ႕မွ ဧရာ၀တီတိုင္း NLD တိုင္း စည္း မႈး ဦးမန္းေဂ်ာ္နီသည္ ယေန႕ေန႕လည္ ၁၂ နာရီခန္႕ရန္ကုန္ၿမိဳ႕မွ
ယာဥ္ေမာင္း ဦးေအာင္ေဌးေမာင္းႏွင္ေသာ ေခတ္မွီမွန္လံုအၿမန္ယာဥ္ ယာဥ္အမွတ္ ၂ခ/…………………..ၿဖင့္ က်ံဳေပ်ာ္ၿမိဳ႕သို႕ၿပန္လည္ေရာက္ရွိေၾကာင္း ………” စသည္ စသည္ၿဖင့္ေပါ့ဗ်ာ....
အားလံုးလည္း အဲ့ဒီေတာ့မွ ေတာ္ပါေသးရဲ႕ ခုနကသြားၿပီးမ်ား ရန္ေတြ႕မိရင္ ဒုကၡဆိုၿပီး ေခါင္းေလးေတြ သိသိသာသာ ပုကုန္ၾကေရာဗ်ိဳး…
…………………………………………………………………….
စစ္အထူးေထာက္လွမ္းေဖာ္ထုတ္ေရး (စ.အ.ဖ) ေမာင္ခင္ညႊန္႕တို႕အဖြဲ႕ေတြ ေခတ္ေကာင္းေနစဥ္ကေပါ့ဗ်ာ....
ကၽြန္ေတာ္တို႕ၿမိဳ႕ရဲ႕ စစ္အထူးေထာက္လွမ္းေရးတာ၀န္ခံက ၿမင့္ေက်ာ္ လို႕ေခၚသဗ်...
ရုပ္ရည္ေလးက ၿဖဴၿဖဴသန္႕သန္႕ရုပ္ရွင္မင္းသား ေနဆန္းလိုလို ဘာလိုလိုနဲ႕ဗ်..
နဲနဲေတာ့ မိန္းမလွ်ာလိုႏြဲ႕တဲ့တဲ့နဲ႕..
ဒါေပမယ့္တစ္ၿမိဳ႕လံုးက လူအေတာ္မ်ားမ်ားက အဲ့ႏြဲ႕တဲ့တဲ့ေလး ကိုေၾကာက္ၾကရသဗ်..
“ဆရာၿမင့္ေက်ာ္ ဆရာၿမင့္ေက်ာ္…………….” နဲ႕နာမည္ေက်ာ္ေနတဲ့
ၿမိဳ႕ဇာတ္လိုက္ေက်ာ္ၾကီးေပါ့ဗ်ာ
သူ႕ကို လူအေတာ္မ်ားမ်ားက ဘာေတြေၾကာက္ၾကတယ္ေတာ့မသိဘူးဗ်..
ဒါေပမဲ့…သူ႕ကိုမေၾကာက္တဲ့ NLD အဖြဲ႕၀င္မိသားစုေတြကေတာ့ သူ႕ေၾကာင့္အေတာ္ေလးပဲ ဖရိုဖရဲ နဲ႕ ထိခိုက္ရွနာၿဖစ္ခဲ့ၾကရတယ္….
ဧည္႕စာရင္းစစ္တယ္ဆိုၿပီး ရပ္ကြက္ထဲက NLD မိသားစု၀င္ရဲ႕အိမ္္တစ္အိမ္ကိုပဲ လူေတြ ၀ိုင္းထားၿပီး ဧည္႕စာရင္းမတိုင္ပဲဧည္႕လက္ခံမႈနဲ႕ေထာင္ခ်ပစ္တာနဲ႕…………….
၀ရမ္းမပါ ဘာမပါနဲ႕ အိမ္ကိုအေၾကာင္းမရွိ အေၾကာင္းရွာၿပီးတက္ရွာ……ႏွလံုးထီမထိုးပါပဲလွ်က္ ေဘာက္ခ်ာမိတယ္ဆိုၿပီး ေထာင္ခ်ပစ္တာနဲ႕…………….
အဲ့ဒီအထဲကမွ ဘတ္ထၳရီ ဦးစိန္လြင္ မိသားစုုၾကံဳခဲ့ရတာက ေတာ္ေတာ္ေလး အၿဖစ္ဆိုးပါတယ္ဗ်ာ...
ဖမ္းခ်င္တာက ဦးစိန္လြင္ကိုခင္ဗ်...
ဦးစိန္လြင္ဆိုတာ ကၽြန္ေတာ္တို႕ၿမိဳ႕မွာဆို စကားေၿပာလည္းခပ္ေၿဖာင့္ေၿဖာင့္ နဲ႕ မဟုတ္မခံ အမွန္တရားဖက္က ရပ္တဲ့ NLD ရဲ႕အမာခံအဖြဲ႕၀င္တစ္ဦးေပါ့...
အဲ့ဒီမွာ အိမ္ကိုတက္ရွာၾကရင္း နဲ႕ ေဆးေၿခာက္ေတြ႕တယ္ဆိုၿပီး သူ႕ကို အခ်ဳပ္ခ်လိုက္ပါေရာလား...
ေရွ႕ေနေရွ႕ရပ္ေတြနဲ႕ ခုခံေခ်ပတဲ့အခါက်ေတာ့ သူကၿပန္လြတ္လာၿပီး သူ႕သားမက္ကို ၿပန္ဖမ္းလိုက္သဗ်..
သူ႕သားမက္က အရင္အိ္မ္ေထာင္မက်ခင္ကေတာ့ ေဆးေၿခာက္ေလး ဘာေလး သံုးတယ္ေၿပာတယ္...
ဒါေပမယ့္ အိမ္ေထာင္က်လို႕သူ႕ကေလးေရွ႕ေရးရွိေသးတယ္ဆိုၿပီးၿဖတ္ထားတာ ၾကာလွၿပီ..
ဒါေပ…ဒါေပမဲ့ေပါ့ဗ်ာ…………
ၾကြက္မႏိုင္ က်ီမီးရွိဳ႕ဆိုတဲ့အတိုင္း မိရာထိရာ အေဆာ္ခံရတဲ့အထဲ သားမက္က ေနရင္းထိုင္ရင္း အဆစ္ပါသြားရေတာ့တာေပါ့….…ေနာက္ပိုင္း ေထာင္ထဲမွာပဲ ဆံုးသြားခဲ့ရွာတယ္….
…………………………………………………………………………………….
ၿမိဳ႕ဇာတ္လိုက္ေက်ာ္ၾကီးက ဒီတင္ဘယ္ရပ္လိမ့္မလဲဗ်ာ..
ဥာဏ္ကလႊတ္ေကာင္းတာ ႏွစ္ေယာက္မရွိဘူး…တကယ္ေၿပာတာ…
အဲ့ဒီေန႕က မိုးရြာထားတယ္….
ဇာတ္လိုက္ေက်ာ္ၾကီးက သူ႕ရဲ႕ “ပလက္တက္တက္…ပလက္တက္တက္” နဲ႕ အသံၿမည္တဲ့ DT ဆိုင္ကယ္ၾကီးစီးၿပီး ေပါက္ခ်လာပါေလေရာ…
ကေလးဆိုေတာ့လည္း အိမ္ကို ဧည္႕သည္လာေတာ့ ေပ်ာ္တာေပါ့ဗ်ာ…
ၿမန္မာ့ယဥ္ေက်းမႈပဲေလ ဖ်ာေတြေသခ်ာခင္းေပး ေရေႏြးၾကမ္း လက္ဖက္သုပ္နဲ႕အက်အနပါပဲ....
သူကလည္း သူ႕အၾကံနဲ႕သူလာတာ …ကိုေတြကလည္း ကိုေတြအၾကံနဲ႕ကိုပဲေလ…
ဟိုလိုလို ဒီလိုလို နဲ႕ လက္ဖက္ခြက္ေလးကိုမ်က္ေစာင္းထိုးလိုက္ လူၾကီးေတြေၿပာတာ နားမလည္ပဲ နားေထာင္လိုက္ ေလေၾကာေတာ့ မရွည္ေလာက္ဘူးထင္တယ္ ခန္႕မွန္းလိုက္နဲ႕ေပ့ါဗ်ာ…..
ေရာက္ခါစေတာ့ ဒီလိုပဲ ေထြရာေလးပါးပါပဲ...
“ေနေကာင္းလား ဘာလား ညာလား …အခုတစ္ေလာ အေၿပးေလ့က်င့္တာမေတြ႕လို႕ဆရာေရ…ေနထိုင္ေကာေကာင္းရဲ႕လား ဘာလား ညာလားနဲ႕ ေသြးပူေလ့က်င့္ခန္းလုပ္ေနၾကတာေပါ့ဗ်ာ…”
လက္ဖက္သုပ္ေလးစားပါဦး….ေရေႏြးၾကမ္းေလးေသာက္ပါဦးေပါ့ဗ်ာ…
အဲ…အဲ…ဇာတ္လမ္းက အခုမွ တၿဖည္းၿဖည္းခ်င္းစတာဗ်…
“ဆရာတို႕ေကာ ဘယ္လိုအစီအစဥ္ရွိလဲမသိဘူး… ႏိုင္ငံေတာ္အစိုးရကေတာ့ဗ်ာ ဒီမိုကေရစီလမ္းေၾကာင္းအတိုင္း အမ်ိဳးသားညီလာခံ က်င္းပေနတာပဲေလ” ဆိုၿပီး စတင္ေတာ့တာပဲဗ်ိဳး..
ကၽြန္ေတာ့အေဖကိုေတာ့ ေလးစားလို႕ပဲ ဆရာေခၚသလား ေက်ာင္းဆရာမို႕လို႕ပဲ ဆရာေခၚသလားမသိႏိုင္ဘူး....
က်ံဳေပ်ာ္ၿမိဳ႕မွာလည္းသူစာမသင္ေပးဖူးတဲ့တပည္႕ကလည္း မရွိသေလာက္ပဲေလ
ငါးစိမ္းသယ္ လမ္းေဘးေခါင္းရြက္ဗ်က္ထိုးကစလို႕ စက္ပိုင္ ကားပိုင္ စီးပြားေရးသမားအလယ္ အုပ္ခ်ဳပ္ေရးပိုင္းကရဲ ေရွ႕ေန ရာထူးၾကီးပိုင္းတို႕အဆံုးပဲဆိုပါေတာ့ေလ....
ထူးၿခားခ်က္က သူ႕တပည့္ေတြက သူ႕ကို ဆရာၾကီး ဆရာၾကီး နဲ႕အေတာ္ခ်စ္ၾကတာပဲဗ်
စာအသင္ၿပေကာင္းတာလည္းပါမယ္….ဘက္မလိုက္တာ ရိုးတာ ေၿဖာင့္တာ…ၿပီးေတာ့ မင္းေမဘိုး မင္းေမဘိုး နဲ႕ ဆဲတာေလးကိုလည္း ခ်စ္ၾကတယ္ထင္တယ္ဗ်…
အဲ့ဒီမွာ မင္းေမဘိုး ဆရာၾကီးနဲ႕စ.အ.ဖ ဆရာၾကီးႏွစ္ေယာက္ အခ်ီအခ်ေၿပာၾကပါေလေရာ…
“ဟိုဖက္ကေမးလိုက္ ဒီဖက္ကေၿဖလုိက္”နဲ႕ဆိုပါေတာ့ဗ်ာ…
ဒီဖက္ကေမးတာထက္ သူကခ်ည္း ေမးေနတယ္ဆို ပိုမွန္မယ္ထင္တယ္ဗ်…
“ကၽြန္ေတာ္တို႕က ယံုၾကည္ခ်က္အရ သြားေနတဲ့အပိုင္းေပါ့ေနာ္…..”
“ဆရာလိုတဲ့ အကူအညီေၿပာ ကၽြန္ေတာ္ကေတာ့ကူညီဖို႕အသင့္ပဲ ....လိုခ်င္တာသာေၿပာပါ”
သူဆိုလိုခ်င္တဲ့ လိုခ်င္တာသာေၿပာပါကို စကားပရိယာယ္မပါပဲ ဒဲ့တိုးေၿပာမယ္ဆိုရင္ ဒီလို အဓိပါယ္သက္ေရာက္တင္ခင္ဗ်....
“ဆရာမန္း အေနနဲ႕….NLD အဖြဲ႕ကေန ႏႈတ္ထြက္ေပးမယ္ဆိုရင္ ဆရာလိုခ်င္တာအကုန္ရရေစ့မယ္” ဆိုတာပါပဲ
ဘာပဲေၿပာေၿပာဗ်ာ ….ဒီ “ပလက္တက္တက္ ပလက္တက္တက္” ဆိုင္ကယ္နဲ႕လူၾကီးက ေရေႏႊးပဲမ်ားမ်ားေသာက္ၿပီး လက္ဖက္သုပ္က်နဲနဲပဲစားတယ္ဆိုေတာ့ အလိုက္သိတယ္ေခၚရမလားပဲဗ်ိဳး…..
……………………………………………………………………………..
နိဂံုးလည္းခ်ဳပ္ခ်င္ေနၿပီ …ခ်ဳပ္လို႕ကလည္းမရဘူးၿဖစ္ေနတယ္….
ဘာၿဖစ္လို႕လဲဆိုေတာ့ ေခတ္တေခတ္ရဲ႕လႈပ္ရွားမႈပံုရိပ္ေတြကို အကုန္ပါသြားေအာင္ ေနာက္ေၾကာင္းၿပန္ၿပန္ေကာက္ၿပေနရတာမို႕လို႕ပါ…..
ၿပန္ဆက္ရရင္ သိတဲ့အတိုင္းပဲ ဘိုးေတာ္ဆိုတာကေတာ့ ၀င္တစ္ခါ ထြက္တစ္လွည္႕ပဲဆိုပါေတာ့....
“ဆရာေရ.. ခဏေလာက္လိုက္ခဲ့ပါဦး”
“ေစာင္ ၿခင္ေထာင္ အေႏြးထည္ တစ္ခါထဲ ထည္႕ခဲ့ရမလား…….ငါ့ေကာင္ေတြ”
“တကယ္ပါဆရာရယ္…ဒီတစ္ခါ တစ္ကယ္ခဏေလးပါ…..”
အဲဒီလိုမ်ိဳး ခဏေလး ခဏေလးဆိုၿပီး အခါၾကီးရက္ၾကီးေတြ ရွစ္ေလးလံုးလိုေန႕မ်ိဳးေတြ ဆဲလ္ဗန္းဂ်ဴ လိုင္လိုေန႕မ်ိဳးေတြနဲ႕ သူတို႕မထင္ရင္မထင္သလိုေန႕မ်ိဳးေတြမွာ ေခၚေခၚသြားၿပီး ၾကာခ်င္သေလာက္ၾကာတာကေတာ့ ထံုးစံလိုကိုၿဖစ္ေနေတာ့တာပါ....
……………………………………………………………………..
“ၾကာခ်င္ၾကာ မၾကာခ်င္ေန…
နင့္အေဖ နင့္အေဖ ငါမေၿပာခ်င္ဘူး….ေၿပာလိုက္ရင္ လူသားေတြအတြက္ လူသားေတြအတြက္နဲ႕ ငါ့မွာေတာ့ စာသင္ရတာ ရင္ေအာင့္ေက်ာေအာင့္နဲ႔ လွ်ာထြက္ေတာ့မယ္….”
အေမက အထက္တန္းၿပ English စာၿပတယ္….
အိမ္ရဲ႕ အဓိက စား၀တ္ေနေရးအတြက္္ ၀င္ေငြအခြင့္အလမ္းက က်ဴ ရွင္ၿပတာေပါ့ဗ်ာ…
အေဖလည္းစာၿပတယ္ အေမလည္းစာၿပတယ္...အဲ့ဒီ၀င္ေငြအေပၚကိုပဲမွီခိုေနရတာ..
တစ္ၿခားဘာ၀င္ေငြမွ ရွိတာမို႕ဘူးဗ်….
တစ္ခ်ိဳ႕မိဘေတြက်ေတာ့လည္း ဘာသံေလး ညာသံေလးေတြၾကားထားေတာ့ ႏိုင္ငံေရးလုပ္တယ္ဆိုၿပီး သူတို႕သားသမီး က်ဴ ရွင္ထားဖို႕ကိုေၾကာက္ၾကတယ္...…
အဲ့ဒီေန႕ကို ကၽြန္ေတာ္မေမ့ဘူးဗ်…
ဘာၿဖစ္လို႕လဲဆိုေတာ့ ခ်ိတ္ပိတ္ထားတဲ့ အဲ့ဒီစာအိတ္ကိုလက္ခံယူတာကၽြန္ေတ္ာကိုယ္တိုင္ပဲမို႕လို႕ပါ…
ရြာကိုအလည္သြားၾကမလို႕ အ၀တ္အစားလဲထားတဲ့ အေမ့လက္ထဲ ကို
“အေမ့နာမည္နဲ႕ စာလာေပးသြားတယ္ ေရာ႔...” ဆိုၿပီး ထည့္ေပးလိုက္တယ္….
“အယ္…ထူးထူးဆန္းဆန္း စာေတြဘာေတြလာလို႕ မွန္းစမ္း ဘယ္ကလဲ”
ဆိုၿပီး စာကိုေဖာက္ဖတ္လိုက္တယ္….
ခုနက ရြာအလည္သြားၾကမယ္ဆိုၿပီး ေပ်ာ္ေနရာကေန ခ်က္ၿခင္းခ်ည္းၿငိမ္က်သြားတာ….
မ်က္ရည္ေတြ၀ိုင္းၿပီး မ်က္ႏွာကခ်က္ၿခင္းကို ယူက်ံဳးမရၿခင္း အံ့ႀသၿခင္း မွင္တက္ၿခင္းဆိုတာေတြ တစ္ၿပိဳင္နက္တည္းၿဖတ္သြားတာ ၿမင္လိုက္ရသလိုပါပဲဗ်ာ….
“ဘာၿဖစ္လို႕လဲ…ဘာစာမို႕လို႕လဲ….”
ဘာ စကားၿပန္မွမရ... ဘာ စကားသံမွထြက္မလာပါဘူးဗ်ာ…
စာကိုသာဖတ္ၾကည့္ေပေတာ့ဆိုတဲ့ သေဘာမ်ိဳးနဲ႕ကမ္းေပးတာကိုလွမ္းယူၿပီးဖတ္ၾကည့္လိုက္တယ္......
“မွန္းစမ္း….ဘာတဲ့ …ေၿပာင္းေရႊ႕အမိန္႕ဆိုပါလား….
ရွမ္းၿပည္နယ္ မဘိမ္း သို႕ ေၿပာင္းေရႊ႕တာ၀န္ထမ္းေဆာင္ရန္ဆိုပါလား……..”
ကိုကေတာ့ ငယ္လို႕ပဲ မေၾကာက္တတ္တာလား….မတရားခံရလို႕ စိတ္ထဲ ခံၿပင္းတာလားဘာလားေသခ်ာမေၿပာတတ္ဘူး ….
အေမ့ေဘးနားကပ္ၿပီး
“ကိုမေလွ်ာက္ဘဲနဲ႕ ဒီလိုမ်ိဳးသြားဆိုၿပီး အမိန္႕နဲ႕လာခိုင္းတိုင္းသြားရမွာလား မသြားလို႕ သူတို႕လုပ္နိုင္ အလြန္ဆံုး အစိုးရအလုပ္ၿပဳတ္ရံုပဲရွိတယ္….”
“ဟဲ့ အလုပ္ၿပဳတ္ေတာ့ ဘာသြားလုပ္စားမလဲ.. ဟဲ့…..”
“က်ဴ ႐ွင္ ျပစားေပါ့အေမရာ…. အစိုးရအလုပ္ၿပဳတ္လည္း အၿပင္က်ဴ ရွင္ၿပ ….အေမတို႕က နာမည္ရွိၿပီးသား…ေက်ာင္းမွာ စာမၿပလည္း သင္မဲ့သူကေတာ့လာမွာပဲ….”
ကိုကေတာ့ ကေလးေတြးမို႕လို႕ ခဏၾကာ ေမ့သြားေပမဲ့….အေမ့အေနနဲ႕ကေတာ့ အခုအခ်ိန္ထိ ေမ့လို႕ရမယ္မထင္….
ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ သူၿမတ္ႏိုးတဲ့ဆရာမ ဘ၀ကေန အထုတ္ခံရ….ေယာက်ာ္းက အနားမွာမရွိ…အားကိုးစရာ ေနာက္ၿပန္လွည့္ၾကည့္ေတာ့လည္း သားသမီးေတြအကုန္လံုးက စာသင္ေနတဲ့ ေက်ာင္းသားအရြယ္ေတြ ပညာေရးတိုးလိုးတန္းလန္းေတြနဲ႕ခ်ည္းၿဖစ္ေနတဲ့အခ်ိန္....
“ေအာ္…အေမ … အေမ….
အေမေတာ္ရင္ သားသမီးေတြ ဒုကၡမေရာက္ဘူးဆိုတာ….
ကိုယ္ေတြ႕ပဲ……………အေမ…..”
ဇာနည္ေမာင္ေမာင္ေက်ာ္


..........................................
ယခုခေတ်အခါကဲ့သို့ မိုဘိုင်းဟန်းဖုန်းများမပေါများသေးသော အခါသမယကဖြစ်သည်... ဖုန်းဆိုသည်မှာ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန်ဆိုသော မူလဦးတည်ချက်ထက် ခါးချိ်တ် ပကာသနအဆောင်အယောင် အဖြစ်မော်ကြွားခဲ့စဉ်ကာလကဖြစ်သည်....
ဖုန်းတစ်လုံး တစ်လုံး သိန်း၃၀လောက် တန်ကြေးပေါက်သည်ဆိုတော့လည်း ခါးမှာချိတ်လိုက်ရင်ဖြင့် ဒီလူဟာ အလကားနေရင်း သိန်းကျော်တန်ကြီးဖြစ်သွားတဲ့ ဦးသိန်းကျော် ခေတ်ကိုးဗျ....
အခြေခံနဲ့လူလတ်တန်းစားအများစုအတွက် ဖုန်းဆိုတာမရှိမဖြစ်ပစ္စည်းလည်းမဟုတ်လေတော့ ဘယ်သူကမှ ဖုန်းဝယ်မယ်ဆိုတဲ့အကြောင်းတွေးမိခဲ့မယ်လို့မထင်ပါဘူး....
အရေးကြုံလို့ဆက်စရာအကြောင်းရှိရင် လမ်းဘေးက ပီစီအိုလိုဖုန်းတွေကို နှစ်ရာသုံးရာ ပေးဆက်လိုက်ရင်လိုရင်းရောက်တာပဲလေဆိုပြီး ကျေနပ်ခဲ့တဲ့ခေတ်ကိုးဗျ....
ကျွန်တော်တို့လိုနယ်မြို့များမှာကျတော့ ဖုန်းအဆက်အသွယ် လုပ်ချင်တယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး ပီစီအို (ဆ.သ.ရ) အိတ်ချိန်းရုံးတွေကိုပဲအားကိုး ခဲ့ရတာလေ....
အိတ်ချိန်းရုံးကိုသွား အဲ့ဒီရုံးကတာဝန်ကျ မမအော်ပရေတာများဆီကို ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်လေးပေးပြီးခေါ်ခိုင်း... ကိုယ့်ရှေ့အရင်ရောက်နှင့်သူရှိခဲ့ရင် ကို့အလှည့်ရောက်အောင်ထိုင်စောင့်....
တစ်ခါတစ်လေများ ပြောရမှာ ငါးမိနစ်စာလောက်ကို ၂ နာရီ ၃ နာရီလောက်ထိုင်ပြီးစောင့်ခဲ့ရတာကလား....
အော်..အခုများတော့…တိုးတက်လိုက်ပုံများ အရင်တုန်းကနဲ့ကို မတူတော့ဘူးနော့်….
အဲ့ဒီတုန်းက ဖုန်းလိုင်းတွေကလည်းသိတဲ့အတိုင်း တိုးတိုးသာသာ သမီးရည်းစားပြောပြောလို့ရအောင် ကောင်းခဲ့တာမှမို့တာ....
ကို့အလှည့်ကိုရောက်ဖို့ ဇာတ်လမ်းပမာနားဆင်ရင်း စောင့်ခဲ့ရတဲ့ခေတ်မျိုးလေ....
“သမီးနေကေင်းလား ရည်းစားမထားနဲ့နော်” ဆိုတာမျိုး
“အဲ့ကောင် တော်တော်လူပါးဝတယ် နေနှင့်ဦး နေနှင့်ဦး… ပြန်လာပစေ ပြန်လာပစေ.. သိမယ် သိမယ်” ဆိုတာမျိုး
“ကြားလား ကြားလား စိတ်မပူနဲ့ ဘာမှစိတ်မပူနဲ့ အမေနေကောင်းတယ် ကြားလား ကြားလား” ဆိုတာမျိုး
နဲ့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရဖို့ အတော်လေးကြိုးစားခဲ့ကြရတာ...
ဘယ်တတ်နိုင်ပါ့မလဲနော်....
ဒီလိုမှ အော်ပြီးမဆက်ချင်ရင်လည်း ကိုယ်တိုင်ကားစီးပြီး ကိုယ်ပြောချင်တဲ့ လူရှိတဲ့အရပ်ဆီ ရောက်အောင်သွားပြောရမဲ့ခေတ် ဆိုတော့လည်း ဘေးလူကြားတာ မကြားတာ နောက်ထား ဆက်စရာရှိတာ အော်ဆက်ခဲ့ကြရတာပဲမို့လား......
……………………………………………………………………………….
တိုက်တိုက်ဆိုင်ဆိုင်ပဲဆိုပါတော့ဗျာ...
အဲ့ဒီနေ့ကကျွန်တော်လည်းဖုန်းဆက်စရာရှိတာနဲ့ ဖုန်းနံပါတ်လေးပေးရင်း ကို့အလှည့်ထိုင်စောင့်နေတာပေါ့...
အဲ့ဒီမှာ အရပ်ဝတ်နဲ့လူနှစ်ယောက်ပျာပျာပျာပျာနဲ့ တက်လာရောဗျ..
ပြီးတော့ အော်ပရေတာမမကိုပြောတယ်
“ကျွန်တော်တို့ ပုသိမ်တိုင်းရုံးကို အရေးကြီးသတင်းပို့စရာရှိလို့ ဒီနံပါတ်လေးကိုခေါ်ပေးပါ” ဆိုတော့ မမများကလည်း ရိုရိုသေသေပဲခင်ဗျ
“ဟုတ်ကဲ့ရှင့် …ဟုတ်ကဲ့ရှင့်” နဲ့ကို ဖြစ်နေတော့တာပါပဲ...
စောင့်နေရတဲ့လူတွေကတော့ ဘယ်ကြည်မလဲ…. အခုမှလဲရောက်သေး အလှည့်လည်းကျော်ခေါ်ခိုင်းသေး ဆိုပြီး မျက်စောင်းထိုးကြနဲ့ပေါ့ဗျာ....
ခဏနေတော့ အော်ပရေတာ မမကတရိုတသေလှမ်းပြောတယ်ဗျ
“ဆရာ …………ဆရာတို့နံပါတ်လိုင်းဝင်သွားပြီ” ဆိုတော့
အားလုံးခေါင်းထောင်လာကြတယ်…
အော် ဒါ့ကြောင့် ကျော်ခေါ်ပေးတာကိုးဆိုတဲ့ပုံစံမျိုးတွေနဲ့ ဘာအကောင်လဲ ဆိုပြီးစိတ်ဝင်စားကြတာပေါ့ဗျာ.....
အလှည့်ကျော်ခေါ်ပေးရအောင် ဒီကောင်က ဘာဆရာလဲ ဘာလဲ ဘာကောင်လဲပေါ့ဗျာ…
အားလုံးရဲ့နားရွက်လေးတွေ ဘာကောင်လဲသိချင်လို့ စွင့်ထားတာများ ထောင်လို့ဗျာ….
“ဟယ်လို… ဟယ်လို….ကြားရလား ကြားရလား…
ဟုတ်ကဲ့ ဟုတ်ကဲ့ တိုင်းစစ်ထောက်ချုပ်ရုံးကပါလား တိုင်းစစ်ထောက်ချုပ်ရုံးကပါလား”
“ဟုတ်ကဲ့ ဟုတ်ကဲ့….”
“ဟယ်လို…..ကျံ ု ပျော် မြို့….နယ်မြေခံရုံးက သတင်းပို့ပါတယ်…. ကြားရလား… ကြားရလား ..ဟုတ်ကဲ့”
“ကျံ ု ပျော်မြို့မှ ဧရာဝတီတိုင်း NLD တိုင်း စည်း မှုး ဦးမန်းဂျော်နီသည် ယနေ့နေ့လည် ၁၂ နာရီခန့်ရန်ကုန်မြို့မှ
ယာဉ်မောင်း ဦးအောင်ဌေးမောင်းနှင်သော ခေတ်မှီမှန်လုံအမြန်ယာဉ် ယာဉ်အမှတ် ၂ခ/…………………..ဖြင့် ကျံုပျော်မြို့သို့ပြန်လည်ရောက်ရှိကြောင်း ………” စသည် စသည်ဖြင့်ပေါ့ဗျာ....
အားလုံးလည်း အဲ့ဒီတော့မှ တော်ပါသေးရဲ့ ခုနကသွားပြီးများ ရန်တွေ့မိရင် ဒုက္ခဆိုပြီး ခေါင်းလေးတွေ သိသိသာသာ ပုကုန်ကြရောဗျိုး…
…………………………………………………………………….
စစ်အထူးထောက်လှမ်းဖော်ထုတ်ရေး (စ.အ.ဖ) မောင်ခင်ညွှန့်တို့အဖွဲ့တွေ ခေတ်ကောင်းနေစဉ်ကပေါ့ဗျာ....
ကျွန်တော်တို့မြို့ရဲ့ စစ်အထူးထောက်လှမ်းရေးတာဝန်ခံက မြင့်ကျော် လို့ခေါ်သဗျ...
ရုပ်ရည်လေးက ဖြူဖြူသန့်သန့်ရုပ်ရှင်မင်းသား နေဆန်းလိုလို ဘာလိုလိုနဲ့ဗျ..
နဲနဲတော့ မိန်းမလျှာလိုနွဲ့တဲ့တဲ့နဲ့..
ဒါပေမယ့်တစ်မြို့လုံးက လူအတော်များများက အဲ့နွဲ့တဲ့တဲ့လေး ကိုကြောက်ကြရသဗျ..
“ဆရာမြင့်ကျော် ဆရာမြင့်ကျော်…………….” နဲ့နာမည်ကျော်နေတဲ့
မြို့ဇာတ်လိုက်ကျော်ကြီးပေါ့ဗျာ
သူ့ကို လူအတော်များများက ဘာတွေကြောက်ကြတယ်တော့မသိဘူးဗျ..
ဒါပေမဲ့…သူ့ကိုမကြောက်တဲ့ NLD အဖွဲ့ဝင်မိသားစုတွေကတော့ သူ့ကြောင့်အတော်လေးပဲ ဖရိုဖရဲ နဲ့ ထိခိုက်ရှနာဖြစ်ခဲ့ကြရတယ်….
ဧည့်စာရင်းစစ်တယ်ဆိုပြီး ရပ်ကွက်ထဲက NLD မိသားစုဝင်ရဲ့အိမ််တစ်အိမ်ကိုပဲ လူတွေ ၀ိုင်းထားပြီး ဧည့်စာရင်းမတိုင်ပဲဧည့်လက်ခံမှုနဲ့ထောင်ချပစ်တာနဲ့…………….
၀ရမ်းမပါ ဘာမပါနဲ့ အိမ်ကိုအကြောင်းမရှိ အကြောင်းရှာပြီးတက်ရှာ……နှလုံးထီမထိုးပါပဲလျှက် ဘောက်ချာမိတယ်ဆိုပြီး ထောင်ချပစ်တာနဲ့…………….
အဲ့ဒီအထဲကမှ ဘတ်ထ္ထရီ ဦးစိန်လွင် မိသားစုုကြံုခဲ့ရတာက တော်တော်လေး အဖြစ်ဆိုးပါတယ်ဗျာ...
ဖမ်းချင်တာက ဦးစိန်လွင်ကိုခင်ဗျ...
ဦးစိန်လွင်ဆိုတာ ကျွန်တော်တို့မြို့မှာဆို စကားပြောလည်းခပ်ဖြောင့်ဖြောင့် နဲ့ မဟုတ်မခံ အမှန်တရားဖက်က ရပ်တဲ့ NLD ရဲ့အမာခံအဖွဲ့ဝင်တစ်ဦးပေါ့...
အဲ့ဒီမှာ အိမ်ကိုတက်ရှာကြရင်း နဲ့ ဆေးခြောက်တွေ့တယ်ဆိုပြီး သူ့ကို အချုပ်ချလိုက်ပါရောလား...
ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပတဲ့အခါကျတော့ သူကပြန်လွတ်လာပြီး သူ့သားမက်ကို ပြန်ဖမ်းလိုက်သဗျ..
သူ့သားမက်က အရင်အိ်မ်ထောင်မကျခင်ကတော့ ဆေးခြောက်လေး ဘာလေး သုံးတယ်ပြောတယ်...
ဒါပေမယ့် အိမ်ထောင်ကျလို့သူ့ကလေးရှေ့ရေးရှိသေးတယ်ဆိုပြီးဖြတ်ထားတာ ကြာလှပြီ..
ဒါပေ…ဒါပေမဲ့ပေါ့ဗျာ…………
ကြွက်မနိုင် ကျီမီးရှို့ဆိုတဲ့အတိုင်း မိရာထိရာ အဆော်ခံရတဲ့အထဲ သားမက်က နေရင်းထိုင်ရင်း အဆစ်ပါသွားရတော့တာပေါ့….…နောက်ပိုင်း ထောင်ထဲမှာပဲ ဆုံးသွားခဲ့ရှာတယ်….
…………………………………………………………………………………….
မြို့ဇာတ်လိုက်ကျော်ကြီးက ဒီတင်ဘယ်ရပ်လိမ့်မလဲဗျာ..
ဉာဏ်ကလွှတ်ကောင်းတာ နှစ်ယောက်မရှိဘူး…တကယ်ပြောတာ…
အဲ့ဒီနေ့က မိုးရွာထားတယ်….
ဇာတ်လိုက်ကျော်ကြီးက သူ့ရဲ့ “ပလက်တက်တက်…ပလက်တက်တက်” နဲ့ အသံမြည်တဲ့ DT ဆိုင်ကယ်ကြီးစီးပြီး ပေါက်ချလာပါလေရော…
ကလေးဆိုတော့လည်း အိမ်ကို ဧည့်သည်လာတော့ ပျော်တာပေါ့ဗျာ…
မြန်မာ့ယဉ်ကျေးမှုပဲလေ ဖျာတွေသေချာခင်းပေး ရေနွေးကြမ်း လက်ဖက်သုပ်နဲ့အကျအနပါပဲ....
သူကလည်း သူ့အကြံနဲ့သူလာတာ …ကိုတွေကလည်း ကိုတွေအကြံနဲ့ကိုပဲလေ…
ဟိုလိုလို ဒီလိုလို နဲ့ လက်ဖက်ခွက်လေးကိုမျက်စောင်းထိုးလိုက် လူကြီးတွေပြောတာ နားမလည်ပဲ နားထောင်လိုက် လေကြောတော့ မရှည်လောက်ဘူးထင်တယ် ခန့်မှန်းလိုက်နဲ့ပေ့ါဗျာ…..
ရောက်ခါစတော့ ဒီလိုပဲ ထွေရာလေးပါးပါပဲ...
“နေကောင်းလား ဘာလား ညာလား …အခုတစ်လော အပြေးလေ့ကျင့်တာမတွေ့လို့ဆရာရေ…နေထိုင်ကောကောင်းရဲ့လား ဘာလား ညာလားနဲ့ သွေးပူလေ့ကျင့်ခန်းလုပ်နေကြတာပေါ့ဗျာ…”
လက်ဖက်သုပ်လေးစားပါဦး….ရေနွေးကြမ်းလေးသောက်ပါဦးပေါ့ဗျာ…
အဲ…အဲ…ဇာတ်လမ်းက အခုမှ တဖြည်းဖြည်းချင်းစတာဗျ…
“ဆရာတို့ကော ဘယ်လိုအစီအစဉ်ရှိလဲမသိဘူး… နိုင်ငံတော်အစိုးရကတော့ဗျာ ဒီမိုကရေစီလမ်းကြောင်းအတိုင်း အမျိုးသားညီလာခံ ကျင်းပနေတာပဲလေ” ဆိုပြီး စတင်တော့တာပဲဗျိုး..
ကျွန်တော့အဖေကိုတော့ လေးစားလို့ပဲ ဆရာခေါ်သလား ကျောင်းဆရာမို့လို့ပဲ ဆရာခေါ်သလားမသိနိုင်ဘူး....
ကျံုပျော်မြို့မှာလည်းသူစာမသင်ပေးဖူးတဲ့တပည့်ကလည်း မရှိသလောက်ပဲလေ
ငါးစိမ်းသယ် လမ်းဘေးခေါင်းရွက်ဗျက်ထိုးကစလို့ စက်ပိုင် ကားပိုင် စီးပွားရေးသမားအလယ် အုပ်ချုပ်ရေးပိုင်းကရဲ ရှေ့နေ ရာထူးကြီးပိုင်းတို့အဆုံးပဲဆိုပါတော့လေ....
ထူးခြားချက်က သူ့တပည့်တွေက သူ့ကို ဆရာကြီး ဆရာကြီး နဲ့အတော်ချစ်ကြတာပဲဗျ
စာအသင်ပြကောင်းတာလည်းပါမယ်….ဘက်မလိုက်တာ ရိုးတာ ဖြောင့်တာ…ပြီးတော့ မင်းမေဘိုး မင်းမေဘိုး နဲ့ ဆဲတာလေးကိုလည်း ချစ်ကြတယ်ထင်တယ်ဗျ…
အဲ့ဒီမှာ မင်းမေဘိုး ဆရာကြီးနဲ့စ.အ.ဖ ဆရာကြီးနှစ်ယောက် အချီအချပြောကြပါလေရော…
“ဟိုဖက်ကမေးလိုက် ဒီဖက်ကဖြေလိုက်”နဲ့ဆိုပါတော့ဗျာ…
ဒီဖက်ကမေးတာထက် သူကချည်း မေးနေတယ်ဆို ပိုမှန်မယ်ထင်တယ်ဗျ…
“ကျွန်တော်တို့က ယုံကြည်ချက်အရ သွားနေတဲ့အပိုင်းပေါ့နော်…..”
“ဆရာလိုတဲ့ အကူအညီပြော ကျွန်တော်ကတော့ကူညီဖို့အသင့်ပဲ ....လိုချင်တာသာပြောပါ”
သူဆိုလိုချင်တဲ့ လိုချင်တာသာပြောပါကို စကားပရိယာယ်မပါပဲ ဒဲ့တိုးပြောမယ်ဆိုရင် ဒီလို အဓိပါယ်သက်ရောက်တင်ခင်ဗျ....
“ဆရာမန်း အနေနဲ့….NLD အဖွဲ့ကနေ နှုတ်ထွက်ပေးမယ်ဆိုရင် ဆရာလိုချင်တာအကုန်ရရစေ့မယ်” ဆိုတာပါပဲ
ဘာပဲပြောပြောဗျာ ….ဒီ “ပလက်တက်တက် ပလက်တက်တက်” ဆိုင်ကယ်နဲ့လူကြီးက ရေနွှေးပဲများများသောက်ပြီး လက်ဖက်သုပ်ကျနဲနဲပဲစားတယ်ဆိုတော့ အလိုက်သိတယ်ခေါ်ရမလားပဲဗျိုး…..
……………………………………………………………………………..
နိဂုံးလည်းချုပ်ချင်နေပြီ …ချုပ်လို့ကလည်းမရဘူးဖြစ်နေတယ်….
ဘာဖြစ်လို့လဲဆိုတော့ ခေတ်တခေတ်ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို အကုန်ပါသွားအောင် နောက်ကြောင်းပြန်ပြန်ကောက်ပြနေရတာမို့လို့ပါ…..
ပြန်ဆက်ရရင် သိတဲ့အတိုင်းပဲ ဘိုးတော်ဆိုတာကတော့ ၀င်တစ်ခါ ထွက်တစ်လှည့်ပဲဆိုပါတော့....
“ဆရာရေ.. ခဏလောက်လိုက်ခဲ့ပါဦး”
“စောင် ခြင်ထောင် အနွေးထည် တစ်ခါထဲ ထည့်ခဲ့ရမလား…….ငါ့ကောင်တွေ”
“တကယ်ပါဆရာရယ်…ဒီတစ်ခါ တစ်ကယ်ခဏလေးပါ…..”
အဲဒီလိုမျိုး ခဏလေး ခဏလေးဆိုပြီး အခါကြီးရက်ကြီးတွေ ရှစ်လေးလုံးလိုနေ့မျိုးတွေ ဆဲလ်ဗန်းဂျူ လိုင်လိုနေ့မျိုးတွေနဲ့ သူတို့မထင်ရင်မထင်သလိုနေ့မျိုးတွေမှာ ခေါ်ခေါ်သွားပြီး ကြာချင်သလောက်ကြာတာကတော့ ထုံးစံလိုကိုဖြစ်နေတော့တာပါ....
……………………………………………………………………..
“ကြာချင်ကြာ မကြာချင်နေ…
နင့်အဖေ နင့်အဖေ ငါမပြောချင်ဘူး….ပြောလိုက်ရင် လူသားတွေအတွက် လူသားတွေအတွက်နဲ့ ငါ့မှာတော့ စာသင်ရတာ ရင်အောင့်ကျောအောင့်နဲ့ လျှာထွက်တော့မယ်….”
အမေက အထက်တန်းပြ English စာပြတယ်….
အိမ်ရဲ့ အဓိက စားဝတ်နေရေးအတွက်် ၀င်ငွေအခွင့်အလမ်းက ကျူ ရှင်ပြတာပေါ့ဗျာ…
အဖေလည်းစာပြတယ် အမေလည်းစာပြတယ်...အဲ့ဒီဝင်ငွေအပေါ်ကိုပဲမှီခိုနေရတာ..
တစ်ခြားဘာဝင်ငွေမှ ရှိတာမို့ဘူးဗျ….
တစ်ချို့မိဘတွေကျတော့လည်း ဘာသံလေး ညာသံလေးတွေကြားထားတော့ နိုင်ငံရေးလုပ်တယ်ဆိုပြီး သူတို့သားသမီး ကျူ ရှင်ထားဖို့ကိုကြောက်ကြတယ်...…
အဲ့ဒီနေ့ကို ကျွန်တော်မမေ့ဘူးဗျ…
ဘာဖြစ်လို့လဲဆိုတော့ ချိတ်ပိတ်ထားတဲ့ အဲ့ဒီစာအိတ်ကိုလက်ခံယူတာကျွန်တေ်ာကိုယ်တိုင်ပဲမို့လို့ပါ…
ရွာကိုအလည်သွားကြမလို့ အဝတ်အစားလဲထားတဲ့ အမေ့လက်ထဲ ကို
“အမေ့နာမည်နဲ့ စာလာပေးသွားတယ် ရော့...” ဆိုပြီး ထည့်ပေးလိုက်တယ်….
“အယ်…ထူးထူးဆန်းဆန်း စာတွေဘာတွေလာလို့ မှန်းစမ်း ဘယ်ကလဲ”
ဆိုပြီး စာကိုဖောက်ဖတ်လိုက်တယ်….
ခုနက ရွာအလည်သွားကြမယ်ဆိုပြီး ပျော်နေရာကနေ ချက်ခြင်းချည်းငြိမ်ကျသွားတာ….
မျက်ရည်တွေဝိုင်းပြီး မျက်နှာကချက်ခြင်းကို ယူကျံုးမရခြင်း အံ့သြခြင်း မှင်တက်ခြင်းဆိုတာတွေ တစ်ပြိုင်နက်တည်းဖြတ်သွားတာ မြင်လိုက်ရသလိုပါပဲဗျာ….
“ဘာဖြစ်လို့လဲ…ဘာစာမို့လို့လဲ….”
ဘာ စကားပြန်မှမရ... ဘာ စကားသံမှထွက်မလာပါဘူးဗျာ…
စာကိုသာဖတ်ကြည့်ပေတော့ဆိုတဲ့ သဘောမျိုးနဲ့ကမ်းပေးတာကိုလှမ်းယူပြီးဖတ်ကြည့်လိုက်တယ်......
“မှန်းစမ်း….ဘာတဲ့ …ပြောင်းရွှေ့အမိန့်ဆိုပါလား….
ရှမ်းပြည်နယ် မဘိမ်း သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်ဆိုပါလား……..”
ကိုကတော့ ငယ်လို့ပဲ မကြောက်တတ်တာလား….မတရားခံရလို့ စိတ်ထဲ ခံပြင်းတာလားဘာလားသေချာမပြောတတ်ဘူး ….
အမေ့ဘေးနားကပ်ပြီး
“ကိုမလျှောက်ဘဲနဲ့ ဒီလိုမျိုးသွားဆိုပြီး အမိန့်နဲ့လာခိုင်းတိုင်းသွားရမှာလား မသွားလို့ သူတို့လုပ်နိုင် အလွန်ဆုံး အစိုးရအလုပ်ပြုတ်ရုံပဲရှိတယ်….”
“ဟဲ့ အလုပ်ပြုတ်တော့ ဘာသွားလုပ်စားမလဲ.. ဟဲ့…..”
“ကျူ ရှင် ပြစားပေါ့အမေရာ…. အစိုးရအလုပ်ပြုတ်လည်း အပြင်ကျူ ရှင်ပြ ….အမေတို့က နာမည်ရှိပြီးသား…ကျောင်းမှာ စာမပြလည်း သင်မဲ့သူကတော့လာမှာပဲ….”
ကိုကတော့ ကလေးတွေးမို့လို့ ခဏကြာ မေ့သွားပေမဲ့….အမေ့အနေနဲ့ကတော့ အခုအချိန်ထိ မေ့လို့ရမယ်မထင်….
နှစ်ပေါင်းသုံးဆယ်ကျော် သူမြတ်နိုးတဲ့ဆရာမ ဘဝကနေ အထုတ်ခံရ….ယောကျာ်းက အနားမှာမရှိ…အားကိုးစရာ နောက်ပြန်လှည့်ကြည့်တော့လည်း သားသမီးတွေအကုန်လုံးက စာသင်နေတဲ့ ကျောင်းသားအရွယ်တွေ ပညာရေးတိုးလိုးတန်းလန်းတွေနဲ့ချည်းဖြစ်နေတဲ့အချိန်....
“အော်…အမေ … အမေ….
အမေတော်ရင် သားသမီးတွေ ဒုက္ခမရောက်ဘူးဆိုတာ….
ကိုယ်တွေ့ပဲ……………အမေ…..”
ဇာနည်မောင်မောင်ကျော်



****စ.အ.ဖ…NLD…နဲ႕…သံုးမတ္ ေမေမ****=============။=============ယခုေခတ္အခါကဲ့သို႕ မိုဘိုင္းဟန္းဖုန္းမ်ားမေပါမ်ားေသးေသာ အခ...
Posted by Zar Ni Maung on Thursday, 3 March 2016
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)