Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

၀န္ႀကီးအမည္စာရင္း NLD လႊတ္ေတာ္တင္သြင္း


အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက ဦးေဆာင္ဖဲြ႔စည္းမယ့္ အစုိးရအဖဲြ႔၀င္ ၀န္ႀကီးေတြ အမည္စာရင္းကုိ လႊတ္ေတာ္ကုိ ေပးပုိ႔လုိက္ၿပီ ျဖစ္တဲ့အေၾကာင္း ပါတီေျပာခြင့္ရသူ ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာပါတယ္။ အစုိးရအဖဲြ႔ထဲမွာေတာ့ NLD ပါတီက သာမက တုိင္းရင္းသားေတြ ျပင္ပကကၽြမ္းက်င္သူေတြပါ ပါ၀င္မွာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္က ေျပာျပေပးမွာပါ။

NLD အစိုးရသစ္လက္ထက္မွာ ျပန္လည္ဖဲြ႔စည္းမယ့္ ၀န္ႀကီးဌာန ၂၁ ခု အတြက္ ၀န္ႀကီးေတြရဲ႕ အမည္စာရင္းကုိ ျပည္ေထာင္စု လႊတ္ေတာ္ကို ေပးပို႔လိုက္ၿပီ မနက္ျဖန္မွာ လႊတ္ေတာ္တြင္း တရား၀င္ ေၾကညာလိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ရပါတယ္။ NLD က ခန္႔အပ္တာ၀န္ေပးမယ့္ သူေတြထဲမွာေတာ့ ပါတီ၀င္ေတြေရာ ျပင္ပကလူေတြပါ နယ္ပယ္အသီးသီးက ပါ၀င္မွာ ျဖစ္တယ္လုိ႔ ပါတီေျပာခြင့္ရသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

“ျပည္ေထာင္စုလႊတ္ေတာ္ကို ေပးရတာ ဒီ ေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ သမၼတကေနၿပီးေတာ့ ေပးရတာေပါ့ကြာ။ အမ်ိဳးသမီး ဘယ္ႏွစ္ေယာက္ေတြမေမးပါနဲ႔ ၊ အမ်ိဳးသမီးပါတယ္။ NLD ပါတယ္ ။ ပညာရွင္လည္းပါတယ္။ NLD ပါတယ္ ။ တိုင္းရင္းသားလည္းပါတယ္။ ပညာရွင္လည္းပါတယ္ေနာ္။”

NLD အစုိးရသစ္ လက္ထက္မွာ အသစ္ဖဲြ႔စည္းမယ့္ တုိင္းရင္းသားေရးရာ ၀န္ႀကီးဌာနအတြက္ကုိေတာ့ တိုင္းရင္းသား ေခါင္းေဆာင္ တဦးကုိတာ၀န္ေပးဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

“တုိင္းရင္းသားေရးရာ ၀န္ႀကီးဌာနမွာ တိုင္းရင္းသား တဦးကို တာ၀န္ေပးတယ္ဆိုတာေျပာတာပါ။ ေနာက္ ႏိုင္ငံရဲ႕အက်ိဳးကိုျပဳတာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မွ အက်ိဳးျပဳႏိုင္တာလား၊ က်န္တဲ့ အျပင္ကလူေတြက အက်ိဳးမျပဳႏိုင္ဘူးလား ဒါေတြလည္း စဥ္းစားရဦးမွာေပါ့။”

၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံ အေျခခံဥပေဒအရ သမၼတတာ၀န္ယူခြင့္မရွိတဲ့ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အစုိးရသစ္မွာ ဘယ္လုိ အခန္းက႑က တာ၀န္ယူမလဲ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ဒါေပမဲ့လည္း ပါတီနဲ႔ အစုိးရသစ္ကုိပါ ဦးေဆာင္မႈ ေပးႏုိင္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္က အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရဲ႕ ဥကၠ႒ အဲေတာ့ NLD ဖြဲ႔တဲ့ အစိုးရကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ပဲ ဦးေဆာင္မွာေပါ့ဗ်ာ။NLD ႀကီးကို ဦးေဆာင္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ျဖစ္တဲ့အတြက္ NLD ဖြဲ႔တယ္ဆိုရင္လည္း ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္မွာပါ။ အဲဒီက်ေတာ့ ရာထူူး Position ဆိုတာ အေရးႀကီးေသးသလား။”

NLD အစုိးရသစ္က ၀န္ႀကီးဌာန အမ်ားစုအတြက္ ခန္႔အပ္တာ၀န္ေပးမွာ ျဖစ္ေပမဲ့ အေရးႀကီးတဲ့ ၀န္ႀကီးဌာန ၃ ခုျဖစ္တဲ့ ျပည္ထဲေရး၊ ကာကြယ္ေရးနဲ႔ နယ္စပ္ေရးရာ၀န္ႀကီးဌာနေတြအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုက္ရိုက္ခန့္အပ္သြားမွာလည္း ျဖစ္ပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................................


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ အမည်စာရင်းကို လွှတ်တော်ကို ပေးပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။ အစိုးရအဖွဲ့ထဲမှာတော့ NLD ပါတီက သာမက တိုင်းရင်းသားတွေ ပြင်ပကကျွမ်းကျင်သူတွေပါ ပါ၀င်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

NLD အစိုးရသစ်လက်ထက်မှာ ပြန်လည်ဖွဲ့စည်းမယ့် ၀န်ကြီးဌာန ၂၁ ခု အတွက် ၀န်ကြီးတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့လိုက်ပြီ မနက်ဖြန်မှာ လွှတ်တော်တွင်း တရားဝင် ကြေညာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ NLD က ခန့်အပ်တာဝန်ပေးမယ့် သူတွေထဲမှာတော့ ပါတီဝင်တွေရော ပြင်ပကလူတွေပါ နယ်ပယ်အသီးသီးက ပါ၀င်မှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကို ပေးရတာ ဒီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတကနေပြီးတော့ ပေးရတာပေါ့ကွာ။ အမျိုးသမီး ဘယ်နှစ်ယောက်တွေမမေးပါနဲ့ ၊ အမျိုးသမီးပါတယ်။ NLD ပါတယ် ။ ပညာရှင်လည်းပါတယ်။ NLD ပါတယ် ။ တိုင်းရင်းသားလည်းပါတယ်။ ပညာရှင်လည်းပါတယ်နော်။”

NLD အစိုးရသစ် လက်ထက်မှာ အသစ်ဖွဲ့စည်းမယ့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနအတွက်ကိုတော့ တိုင်းရင်းသား ခေါင်းဆောင် တဦးကိုတာဝန်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှာ တိုင်းရင်းသား တဦးကို တာဝန်ပေးတယ်ဆိုတာပြောတာပါ။ နောက် နိုင်ငံရဲ့အကျိုးကိုပြုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အကျိုးပြုနိုင်တာလား၊ ကျန်တဲ့ အပြင်ကလူတွေက အကျိုးမပြုနိုင်ဘူးလား ဒါတွေလည်း စဉ်းစားရဦးမှာပေါ့။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတာဝန်ယူခွင့်မရှိတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရသစ်မှာ ဘယ်လို အခန်းကဏ္ဍက တာဝန်ယူမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့လည်း ပါတီနဲ့ အစိုးရသစ်ကိုပါ ဦးဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အဲတော့ NLD ဖွဲ့တဲ့ အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။NLD ကြီးကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တဲ့အတွက် NLD ဖွဲ့တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှာပါ။ အဲဒီကျတော့ ရာထူူး Position ဆိုတာ အရေးကြီးသေးသလား။”

NLD အစိုးရသစ်က ၀န်ကြီးဌာန အများစုအတွက် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမဲ့ အရေးကြီးတဲ့ ၀န်ကြီးဌာန ၃ ခုဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာလည်း ဖြစ်ပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment