Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

တရားစြဲဆိုခံရသည့္ ကဗ်ာဆရာ ေမာင္ေဆာင္းခကို အခ်ဳပ္သားတစ္ဦးက ႐ိုက္ႏွက္



ေရႊျပည္သာၿမိဳ႕နယ္ တရား႐ံုး၌ ပုဒ္မ ၅၀၅(ခ)၊ ၆၆(ဃ) တို႕ျဖင့္ တရားစြဲဆို ခံထားရသည့္ ကဗ်ာဆရာ ေမာင္ေဆာင္းခကို အခ်ဳပ္သားတစ္ဦးက မတ္လ ၂၁ ရက္ မြန္းလြဲပိုင္းတြင္ ႐ိုက္ႏွက္ခဲ့ေၾကာင္း သိရသည္။

ကဗ်ာဆရာ ေမာင္ေဆာင္းခသည္ အခ်ဳပ္ခန္းအတြင္း ရဲဝန္ထမ္းမ်ား ေရွ႕တြင္ အျခားအခ်ဳပ္သား တစ္ဦး၏ ႐ိုက္နွက္ျခင္းကို ခံခဲ့ရျခင္းျဖစ္ၿပီး ရိုက္နွက္သူ အခ်ဳပ္သားသည္ အိမ္သာထုတ္ရာတြင္ သုံးေသာ လက္ထိပ္ပါ သံႀကိဳးကို အသုံးျပဳ႕ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ႐ိုက္ႏွက္ခံရျခင္းေၾကာင့္ ေမာင္ေဆာင္းခ၏ ေနာက္ေစ့တြင္ သံႀကိဳးလုံးရာ ဒဏ္ရာရရွိခဲ့ၿပီး ေရွ႕ေနဦးၾကည္သာဖုန္းျမင့္က ျပစ္မႈက်ဴးလြန္သူ အခ်ဳပ္သားအား တရားဆြဲဆိုႏိုင္ရန္ ေဆာင္ရြက္လ်က္ရွိၿပီး ေမာင္ေဆာင္းခအား ေရႊျပည္သာတရား႐ံုးမွ ေရႊျပည္သာေဆး႐ံုသို႕ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ လည္းေကာင္း၊ ေရႊျပည္သာေဆး႐ံုမွ အင္းစိန္ေဆး႐ံုသို႔ ရဲစခန္းမွ ကားျဖင့္ လည္းေကာင္း အဆင့္ဆင့္ ပို႔ေဆာင္ကာ ေဆးစစ္ခ်က္ရယူလ်က္ ရွိေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies/

........................................................


ရွှေပြည်သာမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ)၊ ၆၆(ဃ) တို့ဖြင့် တရားစွဲဆို ခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခကို အချုပ်သားတစ်ဦးက မတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ကဗျာဆရာ မောင်ဆောင်းခသည် အချုပ်ခန်းအတွင်း ရဲဝန်ထမ်းများ ရှေ့တွင် အခြားအချုပ်သား တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ရိုက်နှက်သူ အချုပ်သားသည် အိမ်သာထုတ်ရာတွင် သုံးသော လက်ထိပ်ပါ သံကြိုးကို အသုံးပြု့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရိုက်နှက်ခံရခြင်းကြောင့် မောင်ဆောင်းခ၏ နောက်စေ့တွင် သံကြိုးလုံးရာ ဒဏ်ရာရရှိခဲ့ပြီး ရှေ့နေဦးကြည်သာဖုန်းမြင့်က ပြစ်မှုကျူးလွန်သူ အချုပ်သားအား တရားဆွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မောင်ဆောင်းခအား ရွှေပြည်သာတရားရုံးမှ ရွှေပြည်သာဆေးရုံသို့ မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ရွှေပြည်သာဆေးရုံမှ အင်းစိန်ဆေးရုံသို့ ရဲစခန်းမှ ကားဖြင့် လည်းကောင်း အဆင့်ဆင့် ပို့ဆောင်ကာ ဆေးစစ်ချက်ရယူလျက် ရှိကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/

No comments:

Post a Comment