NLD အစိုးရသစ္အဖဲြ႕ မၾကာမီ ေၾကညာဖို႔ရွိ

ေရြးခ်ယ္ခံသမၼတ ဦးထင္ေက်ာ္၊ ေဒၚေအာင္ဆန္းစုၾကည္၊ NLD အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးသိန္းေဆြ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္
အာဏာရပါတီျဖစ္လာေတာ့မယ့္ NLD အစိုးရအဖဲြ႔မွာ ပါ၀င္မယ့္သူေတြရဲ႕ အမည္စာရင္းကိုျပည္ေထာင္စုလႊတ္ေတာ္မွာ ၾကာသာပေတးေန႔ မတ္လ (၁၇)ရက္ေန႔မွာ တင္ျပမွာျဖစ္ပါတယ္။ ပညာရွင္ေတြအမ်ားစုပါ၀င္မယ့္ အစိုးရသစ္အဖဲြ႕မွာ NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဦးေဆာင္မႈအခန္းက႑မွာရွိေနမယ္လို႔ အမ်ားကယံုၾကည္ထားတဲ့အတြက္ သူ႕အေနနဲ႔ အစိုးရအဖဲြ႔ကို ဘယ္လိုနည္းလမ္းနဲ႔ ဦးေဆာင္ႏိုင္မလဲ။ မအင္ၾကင္းႏိုင္က အျပည့္အစံုကိုတင္ျပမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ သမၼတ မျဖစ္ေအာင္ တားျမစ္ထားတဲ့ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉ (စ) ကို ဆိုင္းငံဖို႔ NLD ရဲ႕ႀကိဳးပမ္းမႈ လတ္တေလာ မေအာင္ျမင္ေတာ့ဘူးလို႔ မတ္လအေစာပိုင္းမွာ အမ်ားသိရွိၿပီးေနာက္ အစိုးရသစ္ကို အျမန္ဆံုးဖဲြ႕စည္းၿပီး အာဏာလဲႊေျပာင္းႏိုင္ေရး အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLD က ရက္ပိုင္းအတြင္း ေဆာင္ရြက္လာတာပါ။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD တင္ေျမွာက္တဲ့ ဒုသမၼတႏွစ္ဦးထဲကဦးထင္ေက်ာ္ကို ႏိုင္ငံေတာ္သမၼတ အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္က အဂၤါေန႔မွာ ေရြးခ်ယ္အတည္ျပဳလိုက္ၿပီးေနာက္ အစိုးရသစ္မွာပါမယ့္ ၀န္ႀကီးအမည္ေတြရဲ႕စာရင္းကို လာမယ့္ ၾကာသာပေတးေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းမွာပါ။အာဏာရပါတီျဖစ္လာမယ့္ NLD မွာ အုပ္ခ်ဳပ္ေရးအေတြ႕အႀကံဳမရွိတဲ့အတြက္ တိုင္းျပည္ရဲ႕ အက်ပ္အတည္းျပႆနာေတြကို ႏိုင္နင္းစြာကိုင္တြယ္ေျဖရွင္းႏိုင္ပါ့မလားလို႔ ေ၀ဖန္မႈတခ်ဳိ႕ရွိေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ NLD ဗဟိုသုေတသနလမ္းညြန္အဖဲြ႕ အတြင္းေရးမွဴး ကိုမ်ဳိးရန္ေနာင္သိမ္းကအခုလို တုန္႔ျပန္ပါတယ္။

“က်ေနာ္သိရသေလာက္ေပ့ါဗ်ာ။ အဖဲြ႕ခ်ဳပ္အေနနဲ႔ အစိုးရအဖဲြ႕၀င္ ၀န္ႀကီးေတြကိုေရြးခ်ယ္ဖဲြ႕စည္းၿပီးသြားပါၿပီ။ အဆင္သင့္လည္းျဖစ္ေနပါၿပီ။ အခ်ိန္အေစာႀကီးကတည္းက ႀကိဳတင္ျပင္ဆင္ထားတာပါ။ အုပ္ခ်ဳပ္ေရးအေတြ႕အႀကံဳဆိုတာကေတာ့ လုပ္ရင္းနဲ႔သင္ယူသြားရမွာေပါ့။ အဓိကအေရးႀကီးတာက ရိုးသားမႈပါ။ ႏိုင္ငံအတြက္ေစတနာအမွန္ထားတယ္ဆိုရင္ အုပ္ခ်ဳပ္ေရးအေတြ႔အႀကံဳဆိုတာဟာ ပညာရွင္ေတြလဲပဲ ေခၚၿပီးခန္႔လို႔ရပါတယ္။ ပညာရွင္ အႀကံေပးေတြအမ်ားႀကီးကိုေခၚၿပီး ခန္႔လို႔ရပါတယ္။ အဓိကေစတနာေကာင္းတယ္ဆိုလို႔ရွိရင္ အခက္အခဲမရွိႏိုင္ဘူးလို႔ က်ေနာ္ျမင္ပါတယ္။ ဒါေပမဲ့ တခုေတာ့ရွိပါတယ္။ အၿမဲတမ္းအတြင္း၀န္ကိစၥမွာေတာ့ စစ္တပ္ဘက္ကလာတဲ့သူေတြရွိေနတာေၾကာင့္ ဗ်ဴရိုကေရစီယႏၱရားမွာရွိေနတဲ့ ညြန္ၾကားေရးမွဴးေတြ၊ ဗိုလ္ခ်ဳပ္ေတြက ပညာျပခဲ့မယ္ဆိုရင္ က်ေနာ္တို႔ဘက္က ပညာသားပါပါနဲ႕ ေက်ာ္ျဖတ္ဖို႔လိုတယ္လို႔ ျမင္ပါတယ္။”

သမၼတသစ္ ဦးထင္ေက်ာ္ကို တပ္မေတာ္ဘက္ကလက္ခံေပမဲ့ သမၼတဟာ ႏိုင္ငံေတာ္ရဲ႕ အႀကီးအကဲျဖစ္တဲ့အတြက္ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ သူရဲ႕အထက္မွာ ဘယ္သူမွမရွိရဘူးလို႕ တပ္မေတာ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ တင့္ဆန္းႏိုင္က ေျပာပါတယ္။ ဒါေပမဲ့လည္း သမၼတနဲ႔ အစိုးရအဖဲြ႕ကို ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္မယ့္ နည္းလမ္း NLD ဘက္မွာရွိထားေၾကာင္း ကိုမ်ဳိးရန္ေနာင္သိမ္းက အခုလိုေျပာပါတယ္။

“သမၼတအထက္မွာ မရွိရဘူးလို႔ဆိုတဲ့စကားက ဖဲြ႕စည္းပံုအေျခခံဥပေဒအရ သမၼတက ႏိုင္ငံေတာ္မွာအႀကီးအကဲပဲျဖစ္တယ္လို႔ သူတို႔ေျပာတဲ့သေဘာမ်ဳိးပါ။ သမၼတအထက္မွာ မရွိရဘူးဆိုတဲ့ စကားမွာ သမၼတကို ထိန္းေက်ာင္းပဲ့ကိုင္မယ့္သူ မရွိရဘူးဆိုတဲ့ စကားမပါဘူး။ ထိန္းေက်ာင္းပဲ့ကိုင္တဲ့သူဆိုတာကလည္းပဲ သမၼတ အထက္ျဖစ္ေစ၊ ေဘးကျဖစ္ေစ ရွိေနမွာဆိုေတာ့ ဒါက ေဒၚေအာင္ဆန္းစုၾကည္ပါပဲ။ တကယ္တန္းႏိုင္ငံတကာမွာလည္းပဲ ၾသဇာႀကီးမားတာကလည္း ေဒၚေအာင္ဆန္းစုၾကည္ပဲ။ ဘယ္သူပဲသမၼတျဖစ္ျဖစ္ပါ။ ဦးသိန္းစိန္ သမၼတျဖစ္ေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အင္အားကိုယူခဲ့ရတာပဲ။ ဒါေၾကာင့္ ဘယ္သူပဲ သမၼတျဖစ္ျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အခန္းကက႑က လိုအပ္ေနအုံးမွာပဲ။”

ဒါေၾကာင့္ အခုလို အစိုးရအဖဲြ႔ကို ဦးေဆာင္မယ့္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူ႔ရဲ႕ NLD ပါတီလုပ္ငန္းေတြကို ယံုၾကည္ရသူေတြကို လဲႊထားမယ္လို႔ျမင္ေၾကာင္း ကိုမ်ဳိးရန္ေနာင္သိမ္းကဆိုပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ကာ ႏိုင္ငံကို ထိန္းေက်ာင္းမယ့္ေနရာမွာ ေနမယ္ဆိုေတာ့ အုပ္ခ်ဳပ္ေရးမွာေနရမယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဥပမာအားျဖင့္ သမၼတရံုး၀န္ႀကီး၊ သမၼတရံုးဆိုတာက အစိုးရအဖဲြ႕ကို ကြပ္ကဲတဲ့ ၀န္ႀကီးဌာနတခုေပါ့။ ပါတီမွာရွိေနမယ္ဆိုရင္ သူ႔အေနနဲ႔ အစိုးရအဖဲြ႕ကို ထိန္းေက်ာင္းလို႔ရမွာ မဟုတ္ပါဘူး။ အဲေတာ့ ပါတီကိုေတာ့ ယံုၾကည္တဲ့လူနဲ႔ လဲႊထားမယ္လို႔ က်ေနာ္ျမင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကလည္း သူ႔အေနနဲ႔ အစိုးရအဖဲြ႔ကို ဦးေဆာင္မယ္ဆိုတာဟာ တိုင္းျပည္မွာ ျငိမ္းခ်မ္းေရးတည္ေဆာက္ဖို႔၊ စီးပြားေရးဖံြၿဖိဳးတိုးတက္ဖို႔နဲ႕ ႏိုင္ငံတကာမွာ ျပန္ၿပီး ဦးေမာ့လာႏိုင္ဖို႔ျဖစ္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

................................................


ရွေးချယ်ခံသမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်
အာဏာရပါတီဖြစ်လာတော့မယ့် NLD အစိုးရအဖွဲ့မှာ ပါ၀င်မယ့်သူတွေရဲ့ အမည်စာရင်းကိုပြည်ထောင်စုလွှတ်တော်မှာ ကြာသာပတေးနေ့ မတ်လ (၁၇)ရက်နေ့မှာ တင်ပြမှာဖြစ်ပါတယ်။ ပညာရှင်တွေအများစုပါ၀င်မယ့် အစိုးရသစ်အဖွဲ့မှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဆောင်မှုအခန်းကဏ္ဍမှာရှိနေမယ်လို့ အများကယုံကြည်ထားတဲ့အတွက် သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဘယ်လိုနည်းလမ်းနဲ့ ဦးဆောင်နိုင်မလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်အောင် တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ဆိုင်းငံဖို့ NLD ရဲ့ကြိုးပမ်းမှု လတ်တလော မအောင်မြင်တော့ဘူးလို့ မတ်လအစောပိုင်းမှာ အများသိရှိပြီးနောက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းပြီး အာဏာလွှဲပြောင်းနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရက်ပိုင်းအတွင်း ဆောင်ရွက်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တင်မြှောက်တဲ့ ဒုသမ္မတနှစ်ဦးထဲကဦးထင်ကျော်ကို နိုင်ငံတော်သမ္မတ အဖြစ် ပြည်ထောင်စုလွှတ်တော်က အင်္ဂါနေ့မှာ ရွေးချယ်အတည်ပြုလိုက်ပြီးနောက် အစိုးရသစ်မှာပါမယ့် ၀န်ကြီးအမည်တွေရဲ့စာရင်းကို လာမယ့် ကြာသာပတေးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမှာပါ။အာဏာရပါတီဖြစ်လာမယ့် NLD မှာ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့အတွက် တိုင်းပြည်ရဲ့ အကျပ်အတည်းပြဿနာတွေကို နိုင်နင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလားလို့ ဝေဖန်မှုတချို့ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ NLD ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကအခုလို တုန့်ပြန်ပါတယ်။

“ကျနော်သိရသလောက်ပေ့ါဗျာ။ အဖွဲ့ချုပ်အနေနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကိုရွေးချယ်ဖွဲ့စည်းပြီးသွားပါပြီ။ အဆင်သင့်လည်းဖြစ်နေပါပြီ။ အချိန်အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားတာပါ။ အုပ်ချုပ်ရေးအတွေ့အကြံုဆိုတာကတော့ လုပ်ရင်းနဲ့သင်ယူသွားရမှာပေါ့။ အဓိကအရေးကြီးတာက ရိုးသားမှုပါ။ နိုင်ငံအတွက်စေတနာအမှန်ထားတယ်ဆိုရင် အုပ်ချုပ်ရေးအတွေ့အကြံုဆိုတာဟာ ပညာရှင်တွေလဲပဲ ခေါ်ပြီးခန့်လို့ရပါတယ်။ ပညာရှင် အကြံပေးတွေအများကြီးကိုခေါ်ပြီး ခန့်လို့ရပါတယ်။ အဓိကစေတနာကောင်းတယ်ဆိုလို့ရှိရင် အခက်အခဲမရှိနိုင်ဘူးလို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ တခုတော့ရှိပါတယ်။ အမြဲတမ်းအတွင်းဝန်ကိစ္စမှာတော့ စစ်တပ်ဘက်ကလာတဲ့သူတွေရှိနေတာကြောင့် ဗျူရိုကရေစီယန္တရားမှာရှိနေတဲ့ ညွန်ကြားရေးမှူးတွေ၊ ဗိုလ်ချုပ်တွေက ပညာပြခဲ့မယ်ဆိုရင် ကျနော်တို့ဘက်က ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့လိုတယ်လို့ မြင်ပါတယ်။”

သမ္မတသစ် ဦးထင်ကျော်ကို တပ်မတော်ဘက်ကလက်ခံပေမဲ့ သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရဲ့အထက်မှာ ဘယ်သူမှမရှိရဘူးလို့ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ပြောပါတယ်။ ဒါပေမဲ့လည်း သမ္မတနဲ့ အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် နည်းလမ်း NLD ဘက်မှာရှိထားကြောင်း ကိုမျိုးရန်နောင်သိမ်းက အခုလိုပြောပါတယ်။

“သမ္မတအထက်မှာ မရှိရဘူးလို့ဆိုတဲ့စကားက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံတော်မှာအကြီးအကဲပဲဖြစ်တယ်လို့ သူတို့ပြောတဲ့သဘောမျိုးပါ။ သမ္မတအထက်မှာ မရှိရဘူးဆိုတဲ့ စကားမှာ သမ္မတကို ထိန်းကျောင်းပဲ့ကိုင်မယ့်သူ မရှိရဘူးဆိုတဲ့ စကားမပါဘူး။ ထိန်းကျောင်းပဲ့ကိုင်တဲ့သူဆိုတာကလည်းပဲ သမ္မတ အထက်ဖြစ်စေ၊ ဘေးကဖြစ်စေ ရှိနေမှာဆိုတော့ ဒါက ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ တကယ်တန်းနိုင်ငံတကာမှာလည်းပဲ သြဇာကြီးမားတာကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဘယ်သူပဲသမ္မတဖြစ်ဖြစ်ပါ။ ဦးသိန်းစိန် သမ္မတဖြစ်တော့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားကိုယူခဲ့ရတာပဲ။ ဒါကြောင့် ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကကဏ္ဍက လိုအပ်နေအုံးမှာပဲ။”

ဒါကြောင့် အခုလို အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ NLD ပါတီလုပ်ငန်းတွေကို ယုံကြည်ရသူတွေကို လွှဲထားမယ်လို့မြင်ကြောင်း ကိုမျိုးရန်နောင်သိမ်းကဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကာ နိုင်ငံကို ထိန်းကျောင်းမယ့်နေရာမှာ နေမယ်ဆိုတော့ အုပ်ချုပ်ရေးမှာနေရမယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာအားဖြင့် သမ္မတရုံးဝန်ကြီး၊ သမ္မတရုံးဆိုတာက အစိုးရအဖွဲ့ကို ကွပ်ကဲတဲ့ ၀န်ကြီးဌာနတခုပေါ့။ ပါတီမှာရှိနေမယ်ဆိုရင် သူ့အနေနဲ့ အစိုးရအဖွဲ့ကို ထိန်းကျောင်းလို့ရမှာ မဟုတ်ပါဘူး။ အဲတော့ ပါတီကိုတော့ ယုံကြည်တဲ့လူနဲ့ လွှဲထားမယ်လို့ ကျနော်မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုတာဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာမှာ ပြန်ပြီး ဦးမော့လာနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)