Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

NLD တင္ ဒုသမၼတ တဦး သမၼတျဖစ္ေရး ယံုၾကည္ထား

မတ္လ ၁၅ ရက္ အဂၤါေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေရြးခ်ယ္တင္ေျမႇာက္မယ့္ သမၼတ ရာထူးေနရာ အတြက္ အမတ္ေနရာ အမ်ားစု အႏုိင္ရထားတဲ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ဘက္က တင္ေျမႇာက္ထားတဲ့ ဒုသမၼတေတြထဲကပဲ ရမယ္လို႔ NLD ပါတီဘက္က အခုိင္အမာယံုၾကည္တဲ့ အေၾကာင္း NLD ပါတီရဲ႕ ႏုိင္ငံအသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္မ်ားဆိုင္ရာ ေျပာခြင့္ရက VOA ကို ေျပာဆိုလုိက္ပါတယ္။ မနက္ျဖန္ တနလၤာေန႔မွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာလည္း သမၼတေလာင္းေရြးခ်ယ္မႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးႏုိင္ေျခရွိပါတယ္။ အျပည့္အစံုကို မဆုမြန္က ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

တနလၤာေန႔ မနက္ပိုင္းမွာေတာ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ပံုမွန္အစည္းအေဝးေတြ က်င္းပမွာမဟုတ္ေပမဲ့လို႔ မြန္းလြဲပိုင္း တစ္နာရီမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးက်င္းပမွာျဖစ္ပါတယ္။ အဲ့ဒီ့က်ရင္ေတာ့ သမၼတေလာင္း စိစစ္ေရြးခ်ယ္မႈဆိုင္ရာ လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး ရလာဒ္ေတြကို ေဆြးေႏြးႏုိင္ေျခရွိပါတယ္။

လက္ရွိ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြဘက္က ေရြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ဒုသမၼတသံုးဦးအနက္ သမၼတရာထူးေနရာအတြက္ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္ၿပီး ေရြးခ်ယ္မႈမွာအမတ္အမ်ားစုေနရာရရွိထားတဲ့ အႏုိင္ရပါတီ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ဘက္က သမၼတရာထူး ရရွိႏိုင္မယ္လို႔ ဘာေၾကာင္ ့ယံုၾကည္ခ်က္ရွိပါသလဲ ဆိုတာကို ႏုိင္ငံအသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္မ်ားဆိုင္ရာ ေျပာခြင့္ရ NLD ပါတီက ေဒါက္တာေဇာ္ျမင့္ေမာင္ ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလို ရွင္းျပပါတယ္။

"က်ေနာ္တို႔႔က ျပည္သူ႔လႊတ္ေတာ္မွာ ၂၅၅ ေယာက္ရွိတယ္ေလ။ အမ်ိဳးသားလႊတ္ေတာ္မွာ ၁၃၅ အားလံုးေပါင္း ၃၉၀ ေနာ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္းက ေလာေလာဆယ္ ၆၇၅ ဦးရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ ၃၉၀ နဲ႔ manipulate လုပ္လို႔ရပါတယ္။ သမၼတက က်ေနာ္တို႔ ယူမွာပါ။"

မဆုမြန္။ ။ ဟုတ္ကဲ့ပါဆရာ ။ ဒုသမၼတ ၁ ေရြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဆရာ။

ေဒါက္တာေဇာ္ျမင့္ေမာင္။ ။ က်ေနာ္တို႔ သမၼတ ယူမွာေျပာလိုက္ေတာ့ မဟုတ္လည္း ဒု သမၼတကေတာ့ ၁ နဲ႔ ၂ နဲ႔ ပဲ ရွိတာ မဟုတ္ဘူးလား။ ဒုသမၼတ က မဲ ဒုတိယ အမ်ားဆံုးရတဲ့သူက ဒုသမၼတ ၁ ျဖစ္မယ္ေလ ။ မဲအနည္းဆံုးရတဲ့လူက ဒုသမၼတ ၂ ျဖစ္မယ္။ က်ေနာ္တို႔ သမၼတ ရေအာင္ယူပါမယ္ ။ဒါကေနာ္တို႔ manipulate လုပ္ယူလို႔ရတဲ့ က်ေနာ္တို႔ရဲ႕ ပိုင္ကြက္ထဲမွာ ရွိေနတယ္။ က်ေနာ္တို႔မဲေပးလို႔ လုပ္လို႔ရတယ္ေလ။ က်ေနာ္တို႔ သမၼတရေအာင္ယူမယ္ဆိုေတာ့ ဒုသမၼတ ၁ ေတြ ၂ ေတြ မေျပာေတာ့ဘူးေလ။ NLD ရဲ႕ စီမံခန္႔ခြဲမႈအပိုင္းထဲမွာရွိေနတာေလ။ ဒါေတြအေသးစိတ္ေျပာလို႔မရဘူးေလ။ က်ေနာ္တို႔ manipulate လုပ္ယူလို႔ရတဲ့ ကိုယ္စားလွယ္ကို က်ေနာ္တို႔ ရထားတယ္။ က်ေနာ္တို႔ ၃၉၀ က total ၆၇၅ မွာ။

မဆုမြန္။ ။ ဆရာေနာက္ဆံုး ျပည္သူေတြကို ဆရာ့အေနနဲ႔ ဘယ္လိုမ်ား message ေပးခ်င္ပါသလဲ။

ေဒါက္တာေဇာ္ျမင့္ေမာင္။ ။ က်ေနာ္ေက်းဇူးတင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ျပည္သူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ေရြးလိုက္တဲ့ ကိုယ္စားလွယ္ ဦးထင္ေက်ာ္ေရာ ၊ ဦးဟင္နရီ ဗန္ထီးယူ အေပၚမွာေရာ၊ က်ေနာ္တို႔လည္း ဒါကို ေလ့လာေနတာပါ။ လူထုရဲ႕ တုန္႔ျပန္မႈလံုး၀ ေကာင္းပါတယ္။ က်ေနာ္တို႔ ၾကားရသမွ် က်ေနာ္တို႔ကို congratulate လုပ္တဲ့ သူေတြ၊ လူထုကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စကားကို တသြမသိမ္းလိုက္နာတယ္။ ေဒၚေအာင္ဆန္းစုၾကည္ တင္လိုက္တဲ့အေပၚမွာလည္း နားလည္မႈရွိတယ္။ အဲဒီေတာ့ လူထုကို က်ေနာ္က ေက်းဇူးတင္တယ္လို႔ေျပာခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ ဆက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေအာက္မွာ၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ၀ိုင္း၀န္းၿပီးေတာ့ လုပ္ၾကဖို႔ က်ေနာ္က ေမတၱာရပ္ခံတယ္လို႔ ေျပာေပးပါခင္ဗ်ာ။

NLDပါတီရဲ႕ ႏုိင္ငံအသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္မ်ားဆိုင္ရာ ေျပာခြင့္ရ လည္းျဖစ္ မႏၱေလးတုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္တဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ ပါ။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ေရြးခ်ယ္ေတာ့မယ့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္နဲ႔ တပ္မေတာ္ က ေရြးခ်ယ္ တင္ေျမႇာက္လုိက္တဲ့ ဒု သမၼတေတြရဲ႕ ကိုယ္ေရးရာဇဝင္အခ်က္ေတြကို အမ်ားျပည္သူ သိရွိႏိုင္ေအာင္လို႔ ႏုိင္ငံပိုင္သတင္းစာေတြက တဆင့္ ထုတ္ျပန္ထားသလို အခုလက္ရွိ ေရြးခ်ယ္တင္ေျမႇာက္ခံ ဒုသမၼတ သံုးဦးျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္က တင္ေျမႇာက္လိုက္တဲ့ ဦးထင္ေက်ာ္၊ အမ်ိဳးသားလႊတ္ေတာ္က တင္ေျမႇာက္လိုက္တဲ့ ဦးဟင္နရီဗန္ထီးယူနဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြက ေရြးခ်ယ္လုိက္တဲ့ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္းဦးျမင့္ေဆြတို႔ သံုးဦးကို သမၼတအရည္အခ်င္းစိစစ္ေရးအဖြဲ႔က စိစစ္ေနၿပီျဖစ္ပါတယ္။

ႏုိင္ငံေတာ္သမၼတ အရည္အခ်င္းနဲ႔ ျပည့္စံုမႈ ရွိ-မရွိ စိစစ္ေရး အဖဲြ႔မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္၊ အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္း၊ ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠ႒ ဦးေအးသာေအာင္၊ NLD ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာမ်ဳိးေအာင္၊ NLD အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးဘမ်ဳိးသိန္းနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္သန္းစိုးတို႔ ပါဝင္ပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............

မတ်လ ၁၅ ရက် အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တင်မြှောက်မယ့် သမ္မတ ရာထူးနေရာ အတွက် အမတ်နေရာ အများစု အနိုင်ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တင်မြှောက်ထားတဲ့ ဒုသမ္မတတွေထဲကပဲ ရမယ်လို့ NLD ပါတီဘက်က အခိုင်အမာယုံကြည်တဲ့ အကြောင်း NLD ပါတီရဲ့ နိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရက VOA ကို ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်း သမ္မတလောင်းရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ခြေရှိပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေ ကျင်းပမှာမဟုတ်ပေမဲ့လို့ မွန်းလွဲပိုင်း တစ်နာရီမှာတော့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီ့ကျရင်တော့ သမ္မတလောင်း စိစစ်ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရလာဒ်တွေကို ဆွေးနွေးနိုင်ခြေရှိပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုသမ္မတသုံးဦးအနက် သမ္မတရာထူးနေရာအတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်မှုမှာအမတ်အများစုနေရာရရှိထားတဲ့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သမ္မတရာထူး ရရှိနိုင်မယ်လို့ ဘာကြောင် ့ယုံကြည်ချက်ရှိပါသလဲ ဆိုတာကို နိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ NLD ပါတီက ဒေါက်တာဇော်မြင့်မောင် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့့က ပြည်သူ့လွှတ်တော်မှာ ၂၅၅ ယောက်ရှိတယ်လေ။ အမျိုးသားလွှတ်တော်မှာ ၁၃၅ အားလုံးပေါင်း ၃၉၀ နော်။ လွှတ်တော်ကိုယ်စားလှယ်ပေါင်းက လောလောဆယ် ၆၇၅ ဦးရှိတဲ့အတွက်ကြောင့် ကျနော်တို့ ၃၉၀ နဲ့ manipulate လုပ်လို့ရပါတယ်။ သမ္မတက ကျနော်တို့ ယူမှာပါ။"

မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ ။ ဒုသမ္မတ ၁ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ရော ဆရာ။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်တို့ သမ္မတ ယူမှာပြောလိုက်တော့ မဟုတ်လည်း ဒု သမ္မတကတော့ ၁ နဲ့ ၂ နဲ့ ပဲ ရှိတာ မဟုတ်ဘူးလား။ ဒုသမ္မတ က မဲ ဒုတိယ အများဆုံးရတဲ့သူက ဒုသမ္မတ ၁ ဖြစ်မယ်လေ ။ မဲအနည်းဆုံးရတဲ့လူက ဒုသမ္မတ ၂ ဖြစ်မယ်။ ကျနော်တို့ သမ္မတ ရအောင်ယူပါမယ် ။ဒါကနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကျနော်တို့ရဲ့ ပိုင်ကွက်ထဲမှာ ရှိနေတယ်။ ကျနော်တို့မဲပေးလို့ လုပ်လို့ရတယ်လေ။ ကျနော်တို့ သမ္မတရအောင်ယူမယ်ဆိုတော့ ဒုသမ္မတ ၁ တွေ ၂ တွေ မပြောတော့ဘူးလေ။ NLD ရဲ့ စီမံခန့်ခွဲမှုအပိုင်းထဲမှာရှိနေတာလေ။ ဒါတွေအသေးစိတ်ပြောလို့မရဘူးလေ။ ကျနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကိုယ်စားလှယ်ကို ကျနော်တို့ ရထားတယ်။ ကျနော်တို့ ၃၉၀ က total ၆၇၅ မှာ။

မဆုမွန်။ ။ ဆရာနောက်ဆုံး ပြည်သူတွေကို ဆရာ့အနေနဲ့ ဘယ်လိုများ message ပေးချင်ပါသလဲ။

ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးလိုက်တဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရော ၊ ဦးဟင်နရီ ဗန်ထီးယူ အပေါ်မှာရော၊ ကျနော်တို့လည်း ဒါကို လေ့လာနေတာပါ။ လူထုရဲ့ တုန့်ပြန်မှုလုံးဝ ကောင်းပါတယ်။ ကျနော်တို့ ကြားရသမျှ ကျနော်တို့ကို congratulate လုပ်တဲ့ သူတွေ၊ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို တသွမသိမ်းလိုက်နာတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်လိုက်တဲ့အပေါ်မှာလည်း နားလည်မှုရှိတယ်။ အဲဒီတော့ လူထုကို ကျနော်က ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ၀ိုင်းဝန်းပြီးတော့ လုပ်ကြဖို့ ကျနော်က မေတ္တာရပ်ခံတယ်လို့ ပြောပေးပါခင်ဗျာ။

NLDပါတီရဲ့ နိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ လည်းဖြစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ပါ။

ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော် က ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒု သမ္မတတွေရဲ့ ကိုယ်ရေးရာဇဝင်အချက်တွေကို အများပြည်သူ သိရှိနိုင်အောင်လို့ နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ထားသလို အခုလက်ရှိ ရွေးချယ်တင်မြှောက်ခံ ဒုသမ္မတ သုံးဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေတို့ သုံးဦးကို သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့က စိစစ်နေပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment