Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ပုသိမ္-မံုရြာကားလမ္း၌ ဝါးတင္ကား တိမ္းေမွာက္၍ လူ ၄ ဦးေသဆံုး


မေကြးတုိင္းေဒသႀကီး၊ ကံမၿမိဳ႕နယ္၊ ပုသိမ္-မံုရြာ ကားလမ္း၌ ဝါးမ်ား တင္ေဆာင္လာေသာ ယာဥ္တစ္စီး မတ္လ ၆ ရက္ေန႔ ညပိုင္းက တိမ္းေမွာက္ခဲ့ေသာေၾကာင့္ လူ ၄ ဦး ေသဆံုးသြားခဲ့ေၾကာင္း သက္ဆိုင္ရာ နယ္ေျမရဲစခန္းမွ သိရွိရသည္။

ျဖစ္စဥ္မွာ မတ္လ ၆ ရက္ေန႔ ည ၈း၃၀ ခန္႔က ပုသိမ္-မံုရြာကားလမ္း သာဇီေက်းရြာအနီးတြင္ ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားေၾကာင္း သတင္းအရ ကံမၿမိဳ႕မရဲစခန္းမွ ရဲအုပ္သီဟၿဖိဳးမွ သက္ေသမ်ား ႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

မင္းတုန္းဘက္မွ ႀကိဳ႕ပင္ဘက္သို႔ ႏုိင္၀င္း၊ အသက္(၃၀)ႏွစ္ ယာဥ္ေမာင္း၊ ဇီးျဖဴကြင္းေက်းရြာ၊ ကံမၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ၿပီး ၀ါးမ်ား တင္ေဆာင္လ်က္ ၀ါးခုတ္လုပ္သား ၁၄ ဦး လိုက္ပါလာသည့္ 3I/------ KANTER ၆ ဘီး နက္ျပာေရာင္ယာဥ္မွာ ပုသိမ္-မံုရြာကားလမ္း မိုင္တိုင္အမွတ္ (၁၉၄/၆ ႏွင့္ ၁၉၄/၇) အၾကားတြင္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ယာဘက္ ခ်ိဳင့္ထဲသုိ႔က်ခဲ႔ျခင္း ျဖစ္သည္။

ယာဥ္ေပၚပါသူ ေဒၚစိန္လွၿမိဳင္၊ အသက္ ၅၀ ႏွစ္၊ ဇီးျဖဴကြင္းေက်းရြာ၊ ကံမၿမိဳ႕နယ္ေနသူတြင္ ၀ဲဒူးေခါင္း ျပတ္ရွဒဏ္ရာ၊ ယာဘက္ဦးေခါင္း/ နဖူးထိပ္ေပါက္ၿပဲဒဏ္ရာ (ေသဆံုး)၊ ေဒၚတင္ရီ၊ အသက္ ၆၈ ႏွစ္၊ ဇီးျဖဴကြင္းေက်းရြာ၊ ကံမၿမိဳ႕နယ္ ေနသူတြင္ ယာဘက္ဦးေခါင္း/ ၀ဲဒူးေခါင္းေပါက္ၿပဲဒဏ္ရာ၊ ယာလက္ဖူးေယာင္ ဒဏ္ရာ (ေသဆံုး)၊ ျမတ္မင္းဦး၊ အသက္ ၁၈ ႏွစ္၊ ေက်ာက္ကြင္းတဲတိုက္၊ သာဇီေက်းရြာေနသူတြင္ ေက်ာ႐ိုးပိဒဏ္ရာ(ေသဆံုး)၊ မိုးထြန္းေအာင္၊ အသက္ ၁၉ ႏွစ္၊ လဲပင္ရြာေနသူတြင္ ၀ဲနားထင္ထိုးသြင္း ဒဏ္ရာ၊ ယာလက္ပြန္းဒဏ္ရာ(ေသဆံုး) သြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

က်န္အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၃ ဦး၊ စုစုေပါင္း ၁၀ ဦးမွာ ဒဏ္ရာအသီးသီး ရရွိခဲ့ၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပး သြားခဲ့ေၾကာင္း အမႈစစ္၏ ကနဦးစစ္ေဆး ခ်က္အရသိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပက္သက္၍ ယာဥ္အား မဆင္မျခင္ ေမာင္းႏွင္ ထြက္ေျပးသြားသူ ႏုိင္၀င္းအား အေရးယူေပးပါရန္ ရဲအုပ္သီဟၿဖိဳးက တိုင္ၾကားခဲ့ေသာေၾကာင့္ ကံမၿမိဳ႕နယ္၊ ႀကိဳ႕ပင္နယ္ေျမရဲဲစခန္းမွ ယာဥ္(ပ) ၁/၂၀၁၆၊ ပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ ျဖင့္ အမႈဖြင့္ထားသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
..................


မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်း၌ ဝါးများ တင်ဆောင်လာသော ယာဉ်တစ်စီး မတ်လ ၆ ရက်နေ့ ညပိုင်းက တိမ်းမှောက်ခဲ့သောကြောင့် လူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့ ည ၈း၃၀ ခန့်က ပုသိမ်-မုံရွာကားလမ်း သာဇီကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကံမမြို့မရဲစခန်းမှ ရဲအုပ်သီဟဖြိုးမှ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မင်းတုန်းဘက်မှ ကြို့ပင်ဘက်သို့ နိုင်ဝင်း၊ အသက်(၃၀)နှစ် ယာဉ်မောင်း၊ ဇီးဖြူကွင်းကျေးရွာ၊ ကံမမြို့နယ်နေသူ မောင်းနှင်ပြီး ၀ါးများ တင်ဆောင်လျက် ၀ါးခုတ်လုပ်သား ၁၄ ဦး လိုက်ပါလာသည့် 3I/------ KANTER ၆ ဘီး နက်ပြာရောင်ယာဉ်မှာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၉၄/၆ နှင့် ၁၉၄/၇) အကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ချိုင့်ထဲသို့ကျခဲ့ခြင်း ဖြစ်သည်။

ယာဉ်ပေါ်ပါသူ ဒေါ်စိန်လှမြိုင်၊ အသက် ၅၀ နှစ်၊ ဇီးဖြူကွင်းကျေးရွာ၊ ကံမမြို့နယ်နေသူတွင် ၀ဲဒူးခေါင်း ပြတ်ရှဒဏ်ရာ၊ ယာဘက်ဦးခေါင်း/ နဖူးထိပ်ပေါက်ပြဲဒဏ်ရာ (သေဆုံး)၊ ဒေါ်တင်ရီ၊ အသက် ၆၈ နှစ်၊ ဇီးဖြူကွင်းကျေးရွာ၊ ကံမမြို့နယ် နေသူတွင် ယာဘက်ဦးခေါင်း/ ၀ဲဒူးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖူးယောင် ဒဏ်ရာ (သေဆုံး)၊ မြတ်မင်းဦး၊ အသက် ၁၈ နှစ်၊ ကျောက်ကွင်းတဲတိုက်၊ သာဇီကျေးရွာနေသူတွင် ကျောရိုးပိဒဏ်ရာ(သေဆုံး)၊ မိုးထွန်းအောင်၊ အသက် ၁၉ နှစ်၊ လဲပင်ရွာနေသူတွင် ၀ဲနားထင်ထိုးသွင်း ဒဏ်ရာ၊ ယာလက်ပွန်းဒဏ်ရာ(သေဆုံး) သွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကျန်အမျိုးသား ရ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၀ ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး သွားခဲ့ကြောင်း အမှုစစ်၏ ကနဦးစစ်ဆေး ချက်အရသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင် ထွက်ပြေးသွားသူ နိုင်ဝင်းအား အရေးယူပေးပါရန် ရဲအုပ်သီဟဖြိုးက တိုင်ကြားခဲ့သောကြောင့် ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲဲစခန်းမှ ယာဉ်(ပ) ၁/၂၀၁၆၊ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်ထားသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment