Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

DFID ဖြံ့ၿဖိဳးမွုအဖြဲ႕ ေဒၚစုနဲ႔ ေတြ႕


 ၿဗိတိန္ နိုင္ငံတကာ ဖြံ့ၿဖိဳးမွု ဝန္ႀကီးေဟာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္
ၿဗိတိန္ နိုင္ငံတကာ ဖြံ့ၿဖိဳးမွု ပူးေပါင္း ေဆာင္ရြက္ေရး အဖြဲ႕နဲ႔ NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္တို႔ အရင္လကုန္ပိုင္းက ေတြ႕ဆုံခဲ့ပါတယ္။

ေဒၚစုက ပါတီ ေၾကညာခ်က္မွာ ပါသလိုပဲ အလုပ္အကိုင္ ဖန္တီးေရး ကို အဓိက ထားၿပီး အမ်ိဳးသား ဖြံ့ၿဖိဳး တိုးတက္ေရး စီမံခ်က္ကို အဓိကထား ေဆာင္ရြက္မယ္ လို႔ ေျပာၾကား ခဲ့ေၾကာင္း ရန္ကုန္ ဖြံ့ၿဖိဳးမွု အစီအစဥ္ ႐ုံး အႀကီးအကဲ Gavin McGillivray က ဆိုပါတယ္။

ျမန္မာ နိုင္ငံ အေရွ႕ပိုင္း ေဒသေတြ က စစ္မက္ ေဘးေတြနဲ႔ စစ္ေျပးေတြ အေရး၊ အေနာက္စြန္းက ရိုဟင္ဂ်ာ ျပႆနာ ေတြ အျပင္ က်န္းမာေရး ေစာင့္ေရွာက္မွုမွာလည္း ျမန္မာက အေရွ႕ေတာင္ အာရွမွာ အဆိုးဆုံး နိုင္ငံ ဆင့္ ေရာက္ေနပါတယ္။

ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စစ္တပ္ၾကား ဆက္ဆံေရး တိုးတက္မွုေပၚ မူတည္ၿပီး တိုင္းျပည္ တိုးတက္ ျဖစ္ထြန္း နိုင္ပါတယ္။

ၿဗိတိန္ အေနနဲ႔လည္း ပြင့္လင္း ျမင္သာတဲ့ မူေတြနဲ႔ ကုလ သမဂၢနဲ႔ နိုင္ငံတကာ ဖြံ့ၿဖိဳးေရး အဖြဲ႕ေတြ၊ အစိုးရ မဟုတ္တဲ့ အဖြဲ႕ေတြက တဆင့္ ျမန္မာျပည္ကို ကူညီေနတယ္လို႔ McGillivray က ေျပာၾကားသြား ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...................

 ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု ဝန်ကြီးဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့နဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်လကုန်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဒေါ်စုက ပါတီ ကြေညာချက်မှာ ပါသလိုပဲ အလုပ်အကိုင် ဖန်တီးရေး ကို အဓိက ထားပြီး အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်ကို အဓိကထား ဆောင်ရွက်မယ် လို့ ပြောကြား ခဲ့ကြောင်း ရန်ကုန် ဖွံ့ဖြိုးမှု အစီအစဉ် ရုံး အကြီးအကဲ Gavin McGillivray က ဆိုပါတယ်။

မြန်မာ နိုင်ငံ အရှေ့ပိုင်း ဒေသတွေ က စစ်မက် ဘေးတွေနဲ့ စစ်ပြေးတွေ အရေး၊ အနောက်စွန်းက ရိုဟင်ဂျာ ပြဿနာ တွေ အပြင် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း မြန်မာက အရှေ့တောင် အာရှမှာ အဆိုးဆုံး နိုင်ငံ ဆင့် ရောက်နေပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ကြား ဆက်ဆံရေး တိုးတက်မှုပေါ် မူတည်ပြီး တိုင်းပြည် တိုးတက် ဖြစ်ထွန်း နိုင်ပါတယ်။

ဗြိတိန် အနေနဲ့လည်း ပွင့်လင်း မြင်သာတဲ့ မူတွေနဲ့ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေက တဆင့် မြန်မာပြည်ကို ကူညီနေတယ်လို့ McGillivray က ပြောကြားသွား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment