Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ျမစ္ဆုံစီမံကိန္း ပူးေပါင္းေျဖရွင္းဖုိ႔ တ႐ုတ္လုိလား


တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi
ျမန္မာနဲ႔ တရုတ္ၾကား သေဘာတူထားၿပီး ျဖစ္တဲ႔ ျမစ္ဆံုဆည္ စီမံကိ္န္းကို ဆိုင္းငံ႔ထားရတာေၾကာင့္ နစ္နာမႈေတြ ရွိေနၿပီး ေျဖရွင္းလုပ္ေဆာင္သြားရမယ္လို႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi က ေျပာဆိုလုိက္ၿပီး ျမန္မာ အစိုးရသစ္နဲ႔ လက္တြဲ လုပ္ေဆာင္ႏုိင္ဖို႔ ေမွ်ာ္လင့္တဲ႔ အေၾကာင္းလည္း ထပ္ေလာင္း ေျပာဆိုပါတယ္။ လူထုရဲ႕ ကန္႔ကြက္မႈနဲ႔ ရင္ဆုိင္ေနရတဲ႔ ဧရာ၀တီ ျမစ္ဆံုဆည္ စီမံကိန္း အေရး ေျဖရွင္းဖို႔ ျမန္မာ အစိုးရသစ္ အတြက္ အခက္အခဲ တခု ျဖစ္လာႏုိင္တယ္လို႔လည္း သံုးသပ္သူတို႔က ရႈျမင္ပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ အတြင္း ပထမဆံုး အႀကိမ္အျဖစ္ လူထုက ေရြးေကာက္တင္ေျမွာက္တဲ႔ အစိုးရသစ္ တရပ္ အာဏာလႊဲေျပာင္းရယူဖို႔ သတင္း ၃ ပတ္ဘဲ လိုေတာ့တဲ႔ အခ်ိန္မွာ ရပ္ဆိုင္းထားရတဲ႔ ဧရာ၀တီ ျမစ္ဆံုဆည္ စီမံကိန္း အေရး ေျဖရွင္းလိုတယ္လို႔ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi က ေျပာဆိုလုိက္ပါတယ္။

“ျမစ္ဆံုေရကာတာဟာ စီးပြားေရး အရ ပူးေပါင္းေဆာင္ရြက္တဲ႔ စီမံကိန္းပါ။ အတည္ျပဳ ေထာက္ခံခ်က္ေတြလည္း ရထားၿပီး ျဖစ္ပါတယ္။ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ အခက္ၾကံဳေနရတဲ႔ အတြက္လည္း နစ္နာရပါတယ္။ ဒီကိစၥကို ႏွစ္ႏုိင္ငံ ပူးေပါင္း ေဆာင္ရြက္မႈေတြနဲ႔ ထိထိေရာက္ေရာက္ ဆက္လက္ ကိုင္တြယ္ ေျဖရွင္းသြားမွာပါ။ အနာဂတ္ တရုတ္ ျမန္မာ ဆက္ဆံေရးမွာလည္း အျပန္အလွန္ အက်ိဳးရွိေစမယ့္ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိမယ္လို႔ ယံုၾကည္ပါတယ္။”

တရုတ္ကြန္ျမဴနစ္ ပါတီ ႏွစ္ပတ္လည္ ညီလာခံ အတြင္း ျပဳလုပ္တဲ႔ ႏွစ္ပတ္လည္ သတင္းစာ ရွင္းလင္းပြဲအတြင္း တရုတ္ ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi က ျမန္မာ့ ျမစ္ဆံုစီမံကိန္းအေရးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မယ့္ ျမန္မာ အစိုးရသစ္နဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္မယ္လို႔ ယံုၾကည္တဲ႔ အေၾကာင္းလည္း ေျပာဆိုသြားပါတယ္။

တရုတ္နဲ႔ ျမန္မာ ႏွစ္ႏုိင္ငံ ပူးေပါင္းၿပီး ေဒၚလာ သန္း ၃၆၀၀ အကုန္အက်ခံ တည္ေဆာက္မယ့္ ျမစ္ဆံုဆည္ စီမံကိန္းကို သဘာ၀ပတ္၀န္းက်င္ ပ်က္ဆီးမယ့္ အေရး စိုးရိမ္ခ်က္ေၾကာင့္ ျပည္သူလူထုနဲ႔ တက္ၾကြလႈပ္ရွားသူေတြရဲ႕ ကန္႔ကြက္မႈေတြေၾကာင့္ ၂၀၁၁ ခုႏွစ္မွာ သမၼတ ဦးသိန္းစိန္က ျမစ္ဆံုဆည္တည္ေဆာက္ေရး စီမံကိန္းကို ေခတၱ ဆိုင္းငံ႔ထားခဲ႔တာ ျဖစ္ပါတယ္။

ျမန္မာ စစ္အစိုးရနဲ႔ တရုတ္ တို႔ၾကား ဘယ္လိုပံုစံနဲ႔ သေဘာတူထားၾကလဲ ဆိုတာကိုလည္း အခုခ်ိန္ထိ မသိရေသးတာေၾကာင့္ ျမစ္ဆံုဆည္ အေရး ေျဖရွင္းဖို႔ NLD အစိုးရ ေဘးၾကပ္ နံၾကပ္ ျဖစ္ႏုိင္တယ္လို႔လည္း သံုးသပ္သူေတြက ရႈျမင္ပါတယ္။ ျမန္မာ့အေရးကြ်မ္းက်င္သူ ေဒါက္တာ လွေက်ာ္ေဇာက ေျပာဆိုပါတယ္။

“စလုပ္ကတည္းက ဒီ စာခ်ဳပ္စာတမ္းေတြက ေဒၚေအာင္ဆန္းစုၾကည္ေျပာတဲ့ အထဲမွာလည္း ပါတယ္ေလ။ ထင္တာျမင္သာတာ ဘာတခုမွမရွိေတာ့ ဘာေတြ စာခ်ဳပ္ထားမွန္းကို က်မတို႔ သိတာမွမဟုတ္ဘဲ။ ဟုတ္တယ္မဟုတ္လား။ ေလ ်ာ္ေၾကးတခုထဲနဲ႔ ၿပီးခ်င္မွ ၿပီးမယ္။ ေနာက္တခုက တရုတ္ဘက္က ေထာက္ျပေနတာ ေနာက္တခုရွိေသးတယ္။ တကယ္လို႔သာ ျမန္မာျပည္အစိုးရက ဘယ္အစိုးရပဲျဖစ္ျဖစ္ ဒီကိစၥကို အၿပီးအပိုင္ရုပ္သိမ္းၿပီးေတာ့ တရုတ္အစိုးရကို နစ္နစ္နာနာ တခုခုျဖစ္သြားေစခဲ့လို႔ရွိရင္ ျမန္မာျပည္မွာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြ ၀င္လာဖို႔အတြက္ နာမည္ ပ်က္သြားႏိုင္တာေပါ့ဗ်ာ။ ႏိုင္ငံအေနနဲ႔ ရင္းႏွီးျမွပ္ႏွံမႈက တျခားႏိုင္ငံေတြအတြက္လည္း ဘယ္လိုေခၚမလဲ စဥ္းစားစရာႀကီးျဖစ္သြားႏိုင္တယ္။ အဲဒါေၾကာင့္မို႔လို႔ ျမန္မာအစိုးရအေနနဲ႔ ျမန္မာျပည္ဘက္က အစိုးရအေနနဲ႔ေကာ ျပည္သူေတြအေနနဲ႔ေကာ ေသေသခ်ာခ်ာစဥ္းစားသင့္တယ္လို႔ တရုတ္ျပည္ဘက္ကေျပာေနတာပဲ။ က်မလည္း သိပါတယ္။ ဒီကိစၥက သိပ္ၿပီးေတာ့ ျပည္သူလူထုတရပ္လံုးက ခံစားမႈႀကီးေနတဲ့ ကိစၥျဖစ္ေတာ့ လုပ္ရကိုင္ရတာ NLD အစိုးရအေနနဲ႔ အေတာ္ခက္မယ္လို႔ ထင္ပါတယ္။”

ဧရာ၀တီ ျမစ္ဆံုဆည္ စီမံကိန္းကေတာ့ ျပည္သူလူထုက ခါးခါးသီးသီး ဆန္႔က်င္ေနတာေၾကာင့္ လံုး၀ ရပ္ဆိုင္းလိုက္ႏုိင္ေရးကို ဦးတည္ လုပ္ေဆာင္ရမွာ ျဖစ္တယ္လို႔ ကခ်င္ႏုိင္ငံေရးသမား ေဒါက္တာ တူးဂ်ာက ေျပာပါတယ္။

“သူတို႔အေနနဲ႔လည္း အခုတက္လာမယ့္အစိုးရက သမၼတက ရပ္ဆိုင္းမယ္ဆိုတဲ့စကားမ်ိဳးမဟုတ္ဘဲ ဒါကိုအၿပီးဖ်က္သိမ္းတဲ့ ထုတ္ျပန္ႏိုင္ဖို႔ေတာ့ အေရးႀကီးပါတယ္။ ထုတ္ျပန္သင့္တယ္လို႔ျမင္ပါတယ္။ အဲလိုျဖစ္မယ္ဆိုရင္ေတာ့ တရုတ္ ကုမၸဏီနဲ႔ တရုတ္အစိုးရအေနနဲ႔ NLD ကတက္လာမယ့္ အစိုးရသစ္ကစာခ်ဳပ္ကိစၥ ေဆြးေႏြးၾကရမွာပဲ။ ေဆြးေႏြးၿပီးေတာ့မွ ဘယ္လိုနားလည္မႈေျပလည္ေအာင္ လုပ္ၾကမလဲဆိုတဲ့ အပိုင္းရွိတယ္ေလ။ ရွိႏိုင္တာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ ဆက္လုပ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ခြင့္မျပဳတာေတာ့ အမ်ားႀကီးထူးတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ဒါေၾကာင့္မို႔ ဒီဥစၥာကို အၿပီးသတ္ေပါ့ဗ်ာ။ က်ေနာ္တို႔ ဒါ စီမံကိန္းကို ဖ်က္သိမ္းတဲ့ အေနအထားမ်ိဳး ေရာက္ေအာင္လို႔ ေဆြးေႏြးအေျဖရွာၾကရလိမ္႔မယ္လို႔ ျမင္ပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျမစ္ဆံုဆည္ စီမံကိန္း အစိုးရ ႏွစ္ရပ္ၾကား ဘာေတြ သေဘာတူထားလဲ ဆိုတာကို အစိုးရဖြဲ႔ႏုိင္ခဲ႔ရင္ ျပည္သူေတြကို အရင္ဆံုး အသိေပးမယ္လို႔ ေရြးေကာက္ပြဲ လူထု စည္းရံုးပြဲေတြမွာ ေျပာဆိုထားတာပါ။ ဒါေပမယ့္ အစိုးရ ႏွစ္ရပ္ၾကား ဘာေတြ သေဘာတူထားလဲ မသိရေသးတာေၾကာင့္ ဘယ္လုိ ေျဖရွငး္ရမလဲ ဆိုတာကိုလည္း မသိေသးတဲ႔ အေၾကာင္း ကခ်င္ျပည္နယ္တြင္း လူထု စည္းရံုးေဟာေျပာမႈမွာ ထည့္သြင္း ေျပာဆိုထားပါတယ္။

တရုတ္အစိုးရပိုင္ China Power Investment Corporation – CPI ၊ အရင္ ျမန္မာ စစ္အစိုးရ နဲ႔ ေအးရွားေ၀ါ ကုမၸဏီတို႔ၾကား သေဘာတူညီထားတဲ႔ ျမစ္ဆံုဆည္ စီမံကိန္းကိုေတာ့ ဧရာဝတီျမစ္ေၾကာင္းအစ ေမခ၊ မလိချမစ္ႏွစ္သြယ္ေပၚမွာ တည္ေဆာက္မယ့္ ဆည္ႀကီး ၇ ခုနဲ႔ ျမစ္ခဲြေလးေတြထဲ တည္ေဆာက္မယ့္ ဆည္အေသး ၆ ခု တည္ေဆာက္ေရး လုပ္ငန္းေတြပါ၀င္ပါတယ္။၂၀၀၉ ခုႏွစ္မွာ တည္ေဆာက္ေရး လုပ္ငန္းေတြ စတင္ခဲ႔တာ ျဖစ္ၿပီး အေမရိကန္ ေဒၚလာ သန္း ၃၆၀၀ အကုန္အက်ခံ တည္ေဆာက္မယ့္ ျမစ္ဆံုဆည္နဲ႔ ေရအားလွ်ပ္စစ္ စီမံကိန္း အတြက္ ကနဦး ေဒၚလာ သန္း ၈၀၀ ေက်ာ္လည္း တရုတ္ဘက္က ကုန္က်ထားၿပီး ျဖစ္ပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
မြန်မာနဲ့ တရုတ်ကြား သဘောတူထားပြီး ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိ်န်းကို ဆိုင်းငံ့ထားရတာကြောင့် နစ်နာမှုတွေ ရှိနေပြီး ဖြေရှင်းလုပ်ဆောင်သွားရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုလိုက်ပြီး မြန်မာ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။ လူထုရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းဖို့ မြန်မာ အစိုးရသစ် အတွက် အခက်အခဲ တခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတို့က ရှုမြင်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် တရပ် အာဏာလွှဲပြောင်းရယူဖို့ သတင်း ၃ ပတ်ဘဲ လိုတော့တဲ့ အချိန်မှာ ရပ်ဆိုင်းထားရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းလိုတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi က ပြောဆိုလိုက်ပါတယ်။

“မြစ်ဆုံရေကာတာဟာ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းပါ။ အတည်ပြု ထောက်ခံချက်တွေလည်း ရထားပြီး ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခက်ကြုံနေရတဲ့ အတွက်လည်း နစ်နာရပါတယ်။ ဒီကိစ္စကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ထိထိရောက်ရောက် ဆက်လက် ကိုင်တွယ် ဖြေရှင်းသွားမှာပါ။ အနာဂတ် တရုတ် မြန်မာ ဆက်ဆံရေးမှာလည်း အပြန်အလှန် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမယ်လို့ ယုံကြည်ပါတယ်။”

တရုတ်ကွန်မြူနစ် ပါတီ နှစ်ပတ်လည် ညီလာခံ အတွင်း ပြုလုပ်တဲ့ နှစ်ပတ်လည် သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi က မြန်မာ့ မြစ်ဆုံစီမံကိန်းအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် မြန်မာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောဆိုသွားပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည် စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ပျက်ဆီးမယ့် အရေး စိုးရိမ်ချက်ကြောင့် ပြည်သူလူထုနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ခေတ္တ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရနဲ့ တရုတ် တို့ကြား ဘယ်လိုပုံစံနဲ့ သဘောတူထားကြလဲ ဆိုတာကိုလည်း အခုချိန်ထိ မသိရသေးတာကြောင့် မြစ်ဆုံဆည် အရေး ဖြေရှင်းဖို့ NLD အစိုးရ ဘေးကြပ် နံကြပ် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ရှုမြင်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောက ပြောဆိုပါတယ်။

“စလုပ်ကတည်းက ဒီ စာချုပ်စာတမ်းတွေက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အထဲမှာလည်း ပါတယ်လေ။ ထင်တာမြင်သာတာ ဘာတခုမှမရှိတော့ ဘာတွေ စာချုပ်ထားမှန်းကို ကျမတို့ သိတာမှမဟုတ်ဘဲ။ ဟုတ်တယ်မဟုတ်လား။ လေ ျာ်ကြေးတခုထဲနဲ့ ပြီးချင်မှ ပြီးမယ်။ နောက်တခုက တရုတ်ဘက်က ထောက်ပြနေတာ နောက်တခုရှိသေးတယ်။ တကယ်လို့သာ မြန်မာပြည်အစိုးရက ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီကိစ္စကို အပြီးအပိုင်ရုပ်သိမ်းပြီးတော့ တရုတ်အစိုးရကို နစ်နစ်နာနာ တခုခုဖြစ်သွားစေခဲ့လို့ရှိရင် မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့အတွက် နာမည် ပျက်သွားနိုင်တာပေါ့ဗျာ။ နိုင်ငံအနေနဲ့ ရင်းနှီးမြှပ်နှံမှုက တခြားနိုင်ငံတွေအတွက်လည်း ဘယ်လိုခေါ်မလဲ စဉ်းစားစရာကြီးဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာအစိုးရအနေနဲ့ မြန်မာပြည်ဘက်က အစိုးရအနေနဲ့ကော ပြည်သူတွေအနေနဲ့ကော သေသေချာချာစဉ်းစားသင့်တယ်လို့ တရုတ်ပြည်ဘက်ကပြောနေတာပဲ။ ကျမလည်း သိပါတယ်။ ဒီကိစ္စက သိပ်ပြီးတော့ ပြည်သူလူထုတရပ်လုံးက ခံစားမှုကြီးနေတဲ့ ကိစ္စဖြစ်တော့ လုပ်ရကိုင်ရတာ NLD အစိုးရအနေနဲ့ အတော်ခက်မယ်လို့ ထင်ပါတယ်။”

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကတော့ ပြည်သူလူထုက ခါးခါးသီးသီး ဆန့်ကျင်နေတာကြောင့် လုံးဝ ရပ်ဆိုင်းလိုက်နိုင်ရေးကို ဦးတည် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကချင်နိုင်ငံရေးသမား ဒေါက်တာ တူးဂျာက ပြောပါတယ်။

“သူတို့အနေနဲ့လည်း အခုတက်လာမယ့်အစိုးရက သမ္မတက ရပ်ဆိုင်းမယ်ဆိုတဲ့စကားမျိုးမဟုတ်ဘဲ ဒါကိုအပြီးဖျက်သိမ်းတဲ့ ထုတ်ပြန်နိုင်ဖို့တော့ အရေးကြီးပါတယ်။ ထုတ်ပြန်သင့်တယ်လို့မြင်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင်တော့ တရုတ် ကုမ္ပဏီနဲ့ တရုတ်အစိုးရအနေနဲ့ NLD ကတက်လာမယ့် အစိုးရသစ်ကစာချုပ်ကိစ္စ ဆွေးနွေးကြရမှာပဲ။ ဆွေးနွေးပြီးတော့မှ ဘယ်လိုနားလည်မှုပြေလည်အောင် လုပ်ကြမလဲဆိုတဲ့ အပိုင်းရှိတယ်လေ။ ရှိနိုင်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဆက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ခွင့်မပြုတာတော့ အများကြီးထူးတယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့ ဒီဥစ္စာကို အပြီးသတ်ပေါ့ဗျာ။ ကျနော်တို့ ဒါ စီမံကိန်းကို ဖျက်သိမ်းတဲ့ အနေအထားမျိုး ရောက်အောင်လို့ ဆွေးနွေးအဖြေရှာကြရလိမ့်မယ်လို့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံဆည် စီမံကိန်း အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ ဆိုတာကို အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်သူတွေကို အရင်ဆုံး အသိပေးမယ်လို့ ရွေးကောက်ပွဲ လူထု စည်းရုံးပွဲတွေမှာ ပြောဆိုထားတာပါ။ ဒါပေမယ့် အစိုးရ နှစ်ရပ်ကြား ဘာတွေ သဘောတူထားလဲ မသိရသေးတာကြောင့် ဘယ်လို ဖြေရှငး်ရမလဲ ဆိုတာကိုလည်း မသိသေးတဲ့ အကြောင်း ကချင်ပြည်နယ်တွင်း လူထု စည်းရုံးဟောပြောမှုမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

တရုတ်အစိုးရပိုင် China Power Investment Corporation – CPI ၊ အရင် မြန်မာ စစ်အစိုးရ နဲ့ အေးရှားဝေါ ကုမ္ပဏီတို့ကြား သဘောတူညီထားတဲ့ မြစ်ဆုံဆည် စီမံကိန်းကိုတော့ ဧရာဝတီမြစ်ကြောင်းအစ မေခ၊ မလိခမြစ်နှစ်သွယ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ကြီး ရ ခုနဲ့ မြစ်ခွဲလေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ၆ ခု တည်ဆောက်ရေး လုပ်ငန်းတွေပါ၀င်ပါတယ်။၂၀၀၉ ခုနှစ်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၆၀၀ အကုန်အကျခံ တည်ဆောက်မယ့် မြစ်ဆုံဆည်နဲ့ ရေအားလျှပ်စစ် စီမံကိန်း အတွက် ကနဦး ဒေါ်လာ သန်း ၈၀၀ ကျော်လည်း တရုတ်ဘက်က ကုန်ကျထားပြီး ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment