Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

ဇိမ်ခံခရီးဝေးအတွက် ဘက်စုံသုံး Infiniti QX-60 2016 Model

ဇိမ်ခံခရီးဝေးအတွက် ဘက်စုံသုံး Infiniti QX-60 2016 Model
*****************************************************
ကိုဇော်
ရန်ကုန်တိုင်း ပရိသတ်ကြီးအတွက် ယခုတစ်ပတ် ဖော်ပြပေးချင်တဲ့ ကားအမျိုးအစားကတော့ ကမ္ဘာ ကျော် Nissan ကားအမှတ်တံဆိပ်ရဲ့ အခွဲတစ်ခု ဖြစ်တဲ့ Infiniti တံဆိပ် 2016 model QX 60 ပဲ ဖြစ်ပါ တယ်။ ကားဘော်ဒီကုဒ်နံပါတ် L50 ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် က အမေရိကန်စျေးကွက်ကို JX Model အဖြစ် စတင် တင်သွင်း ရောင်းချခဲ့ပါတယ်။
အလယ်အလတ်အဆင့်ရှိတဲ့ Mid Size Luxury Crossover SUV ကားဖြစ်ပြီး ခရီးသည် ခုနစ်ဦးအထိ တင်ဆောင်နိုင်ခဲ့ပါတယ်။ Nissan ရဲ့ Murano Platform ပေါ်မှာ အခြေခံတည်ဆောက်ထားပြီး QX 60 ဟာ ပထမ ဆုံး Infiniti ရဲ့ ခုံသုံးတန်းကား ဖြစ်ပါတယ်။ QX 60 ရဲ့ ဒီဇိုင်းကိုတော့ Naoyuki Ohkoshi ဖြစ်ပြီး အမေရိကန် နိုင်ငံထဲမှာ တစ်ရာခိုင်နှုန်း တပ်ဆင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Infiniti QX 60 ရဲ့ အဓိက ပြိုင်ဘက်တွေ ကတော့ Acura MDX, BMW X5, Buick Enclave နဲ့ Audi Q7တို့ပဲ ဖြစ်ကြပါတယ်။
လက်ရှိ Infiniti QX 60 2016 Model အသစ်ကို Nissan က ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ဒက် ထရိုက်ကား ပြပွဲမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Toyota Lexus ကားတွေနဲ့ ဒီဇိုင်းအပြင်အဆင် တူညီနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တံခါးငါးပေါက် SUV ဖြစ်တဲ့ QX 60 မှာ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်စနစ်အပြင် ရှေ့အင်ဂျင် လေးဘီးယက်စနစ်များနဲ့ပါ ရရှိနိုင်ပါတယ်။ အင်ဂျင်အနေနဲ့ 3.5 Litre (3.5L) 35LVQ35DEV6 Gasoline အင်ဂျင်ဖြစ်ပြီး ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက တော့ မြင်းကောင်ရေ 265 hp(198kw) ဖြစ်ကာ 248 pound-fead (336 Nm) ရှိပါတယ်။
၂ဝ၁၄ ခုနှစ်ထုတ် Model QX 60 တွေမှာတော့ ဓာတ်ဆီ၊ လျှပ်စစ်မျိုးစပ်ကား Hybrid Vession ကို မိတ် ဆက်ပေးခဲ့ပြီး 2.5 L QR25DER14 Hybird Twin-cam 16 Valve ဆလင်ဒါလေးလုံးတပ် အင်ဂျင်ကို လျှပ်စစ် မော်တာနဲ့ Compact Lithiunion Battery Pack တွဲစပ် ထုတ်လုပ်ခဲ့ပါတယ်။ လျှပ်စစ်မော်တာဟာ မြင်းကောင် ရေ 20 hp (15kw) ရှိပြီး ဓာတ်ဆီထုတ်နိုင်တဲ့ စွမ်းအား ကတော့ 230 hp (170kw) 230 Pound-feet (329 Nm) ဖြစ်တာကြောင့် ဓာတ်ဆီ + လျှပ်စစ်မော်တာ နှစ်ရပ်ပေါင်း မြင်းကောင်ရေ 250 hp (190kw) အင်ဂျင်ရုန်းအား 243 Pound-Feet (329Nm) ဖြစ်ပါတယ်။
မြန်နှုန်း သုညမိုင်မှ တစ်နာရီမိုင် ၆ဝ (97km) အမြန် နှုန်းကို ရောက်ဖို့ကြာချိန် ၈ ဒသမ ၆ စက္ကန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ ကားရဲ့ဂီယာစနစ်ကတော့ CVT Automatic ဖြစ်ပြီး ကားရဲ့အတိုင်းအတာတွေကတော့ wheel base 114.2inch, Length 196.4 inches, Width 77.2 inches နဲ့ Height 67.8 inches အသီးသီးရှိပါတယ်။ ကားရဲ့ စုစု ပေါင်းအလေးချိန်ကတော့ 4280 lb 2WD, 4419 lb (AWD) နဲ့ 4625 lb(Hybrid) အသီးသီးရှိပါတယ်။
လုံခြုံရေးအနေနဲ့ 12.6 x 1.10inch Ventilated Disc brake စနစ် 12.13 x 0.63 inch Ventilated disc, 4wheel စနစ် ပါဝင်ပြီး 4 Charel ABS စနစ်ဖြစ်ပါတယ်။ Automatic on/off High intensity Discharge Bifuncitional Xenon Head Light မီးကြီးတွေ တပ်ဆင်ပေးထားပြီး နေ့ဘက် Day Light ကိုတော့ LED မီးကို အသုံးပြုထားပါတယ်။ မောင်း နှင်မယ့် လမ်းအမျိုးအစားအလိုက် ရွေးချယ်မောင်းနှင် နိုင်မယ့် Drive Mode Selection စနစ်ပါဝင်ပြီး Noice reduction နည်းပညာ Vibration reduction နည်းပ ညာများ ထည့်သွင်း တည်ဆောက်ထားပါတယ်။
အဆင့်မြင့် လုံခြံုရေးစနစ်အနေနဲ့ အလိုအလျောက် တန်ပြန်ထိန်းချုပ်နိုင်မယ့် ဆက်စပ်နည်းပညာဖြစ်တဲ့ Deluxe Technology Puckage နောက်ဆုံးပေါ် Break စနစ် ကြောင့် လမ်းမထက်က အန္တရာယ်တွေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ အတွင်းခန်း အပြင်အဆင်မှာတော့ အဆင့်မြင့် လယ်သာထိုင်ခုံ၊ ဘယ်မောင်းစနစ်နဲ့ ထိန်းချုပ် ခလုတ်တွေ တပ်ဆင်ထားတဲ့ စတီယာရင်ခွေ၊ ရှစ်လက်မ အရွယ် ထိတွေ့မျက်နှာပြင်ပါ Infotainment စနစ် TV Theater Package ဖျော်ဖြေမှုပါဝင်တဲ့ DVD စနစ်၊ နောက် ထိုင်ခုံခရီးသည်တွေအတွက် DVD ဖျော်ဖြေမှုစနစ်၊ အသံ ပတ်လည် စနစ်ပါဝင်တဲ့ ကမ္ဘာကျော် Bose Speaker ၁၃ လုံး၊ Bluetooth, MP3, AM, FM, CD, Satellite Navigation စနစ်၊ Satellite Radio, Radio Data System (RDS), Speed Sensitive Volume Control စနစ်နှင့် အခြားနည်းပညာမြင့် ဖျော်ဖြေရေးစနစ်တွေ ပါဝင်ပါတယ်။
ကားရဲ့ ဘော်ဒီအရောင်ခုနစ်မျိုး ရွေးချယ်ဝယ်ယူ နိုင်ပြီး ပျမ်းမျှ ဆီစားနှုန်းမှာတော့ ရှေ့ဘီးယက်QX 60 မှာ မြို့တွင်း တစ်ဂါလံ ၁၈ မိုင်နှုန်းနဲ့ ခရီးဝေး ၂၄ မိုင်နှုန်း၊ လေးဘီးယက် QX 60 မှာ မြို့တွင်းတစ်ဂါလံ ၁၈ မိုင်အ နေနဲ့ ခရီးဝေး ၂၃ မိုင်နှုန်း ဖြစ်ပါတယ်။ မျိုးစပ် Hybird QX 60 တွေမှာတော့ တစ်ဂါလံမြို့တွင်း ၂၆ မိုင်နှုန်း ခရီးဝေး ၂၈ မိုင်နှုန်း အသီးသီးရှိပါတယ်။ အမေရိကန်ပြည်ထောင်စု အဝေးပြေးလမ်းမများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ အစည်း NHTSA ရဲ့ စမ်းသပ်မှုအရ Overall မှာ ကြယ် ငါးပွင့်အဆင့်ရပြီး IIHS Testing မှာ Good အဆင့် ဖော်ပြခံရတာ တွေ့နေရတဲ့အတွက် စွမ်းဆောင်ရေကောင်း ပြီး အဆင့်မြင့် လုံခြံုရေးစနစ် ကောင်းမွန်တဲ့ကားတစ်စီး ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ Infinity QX 60 ရဲ့ အခြေခံစျေးနှုန်းတွေကကတော့ အမေရိကန်ဒေါ်လာ ၄၂၆ဝဝ မှ ၅၃ဝဝဝ ကျော်အထိ ကျသင့်နိုင်ပါတယ်။
(Yangon Times Journal, 12-13)

Yangon Media Group

..................
Yangon Media Group
ဇိမ္ခံခရီးေဝးအတြက္ ဘက္စံုသံုး Infiniti QX-60 2016 Model
*****************************************************
ကိုေဇာ္
ရန္ကုန္တိုင္း ပရိသတ္ႀကီးအတြက္ ယခုတစ္ပတ္ ေဖာ္ျပေပးခ်င္တဲ့ ကားအမ်ဳိးအစားကေတာ့ ကမၻာ ေက်ာ္ Nissan ကားအမွတ္တံဆိပ္ရဲ႕ အခြဲတစ္ခု ျဖစ္တဲ့ Infiniti တံဆိပ္ 2016 model QX 60 ပဲ ျဖစ္ပါ တယ္။ ကားေဘာ္ဒီကုဒ္နံပါတ္ L50 ျဖစ္ၿပီး ၂ဝ၁၃ ခုႏွစ္ က အေမရိကန္ေစ်းကြက္ကို JX Model အျဖစ္ စတင္ တင္သြင္း ေရာင္းခ်ခဲ့ပါတယ္။
အလယ္အလတ္အဆင့္ရွိတဲ့ Mid Size Luxury Crossover SUV ကားျဖစ္ၿပီး ခရီးသည္ ခုနစ္ဦးအထိ တင္ေဆာင္ႏိုင္ခဲ့ပါတယ္။ Nissan ရဲ႕ Murano Platform ေပၚမွာ အေျခခံတည္ေဆာက္ထားၿပီး QX 60 ဟာ ပထမ ဆံုး Infiniti ရဲ႕ ခံုသံုးတန္းကား ျဖစ္ပါတယ္။ QX 60 ရဲ႕ ဒီဇိုင္းကိုေတာ့ Naoyuki Ohkoshi ျဖစ္ၿပီး အေမရိကန္ ႏိုင္ငံထဲမွာ တစ္ရာခိုင္ႏႈန္း တပ္ဆင္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ Infiniti QX 60 ရဲ႕ အဓိက ၿပိဳင္ဘက္ေတြ ကေတာ့ Acura MDX, BMW X5, Buick Enclave နဲ႔ Audi Q7တို႔ပဲ ျဖစ္ၾကပါတယ္။
လက္ရွိ Infiniti QX 60 2016 Model အသစ္ကို Nissan က ၂ဝ၁၆ ခုႏွစ္ ဇန္နဝါရီလမွာ က်င္းပခဲ့တဲ့ ဒက္ ထ႐ိုက္ကား ျပပြဲမွာ စတင္မိတ္ဆက္ေပးခဲ့တာျဖစ္ၿပီး Toyota Lexus ကားေတြနဲ႔ ဒီဇိုင္းအျပင္အဆင္ တူညီေနတယ္လို႔ ေဝဖန္ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ တံခါးငါးေပါက္ SUV ျဖစ္တဲ့ QX 60 မွာ ေရွ႕အင္ဂ်င္၊ ေရွ႕ဘီးယက္စနစ္အျပင္ ေရွ႕အင္ဂ်င္ ေလးဘီးယက္စနစ္မ်ားနဲ႔ပါ ရရွိႏိုင္ပါတယ္။ အင္ဂ်င္အေနနဲ႔ 3.5 Litre (3.5L) 35LVQ35DEV6 Gasoline အင္ဂ်င္ျဖစ္ၿပီး ထုတ္လႊတ္ႏိုင္တဲ့ စြမ္းအားက ေတာ့ ျမင္းေကာင္ေရ 265 hp(198kw) ျဖစ္ကာ 248 pound-fead (336 Nm) ရွိပါတယ္။
၂ဝ၁၄ ခုႏွစ္ထုတ္ Model QX 60 ေတြမွာေတာ့ ဓာတ္ဆီ၊ လွ်ပ္စစ္မ်ဳိးစပ္ကား Hybrid Vession ကို မိတ္ ဆက္ေပးခဲ့ၿပီး 2.5 L QR25DER14 Hybird Twin-cam 16 Valve ဆလင္ဒါေလးလံုးတပ္ အင္ဂ်င္ကို လွ်ပ္စစ္ ေမာ္တာနဲ႔ Compact Lithiunion Battery Pack တြဲစပ္ ထုတ္လုပ္ခဲ့ပါတယ္။ လွ်ပ္စစ္ေမာ္တာဟာ ျမင္းေကာင္ ေရ 20 hp (15kw) ရွိၿပီး ဓာတ္ဆီထုတ္ႏိုင္တဲ့ စြမ္းအား ကေတာ့ 230 hp (170kw) 230 Pound-feet (329 Nm) ျဖစ္တာေၾကာင့္ ဓာတ္ဆီ + လွ်ပ္စစ္ေမာ္တာ ႏွစ္ရပ္ေပါင္း ျမင္းေကာင္ေရ 250 hp (190kw) အင္ဂ်င္႐ုန္းအား 243 Pound-Feet (329Nm) ျဖစ္ပါတယ္။
ျမန္ႏႈန္း သုညမိုင္မွ တစ္နာရီမိုင္ ၆ဝ (97km) အျမန္ ႏႈန္းကို ေရာက္ဖို႔ၾကာခ်ိန္ ၈ ဒသမ ၆ စကၠန္႔ ၾကာျမင့္မွာ ျဖစ္ပါတယ္။ ကားရဲ႕ဂီယာစနစ္ကေတာ့ CVT Automatic ျဖစ္ၿပီး ကားရဲ႕အတိုင္းအတာေတြကေတာ့ wheel base 114.2inch, Length 196.4 inches, Width 77.2 inches နဲ႔ Height 67.8 inches အသီးသီးရွိပါတယ္။ ကားရဲ႕ စုစု ေပါင္းအေလးခ်ိန္ကေတာ့ 4280 lb 2WD, 4419 lb (AWD) နဲ႔ 4625 lb(Hybrid) အသီးသီးရွိပါတယ္။
လံုၿခံဳေရးအေနနဲ႔ 12.6 x 1.10inch Ventilated Disc brake စနစ္ 12.13 x 0.63 inch Ventilated disc, 4wheel စနစ္ ပါဝင္ၿပီး 4 Charel ABS စနစ္ျဖစ္ပါတယ္။ Automatic on/off High intensity Discharge Bifuncitional Xenon Head Light မီးႀကီးေတြ တပ္ဆင္ေပးထားၿပီး ေန႔ဘက္ Day Light ကိုေတာ့ LED မီးကို အသံုးျပဳထားပါတယ္။ ေမာင္း ႏွင္မယ့္ လမ္းအမ်ဳိးအစားအလိုက္ ေရြးခ်ယ္ေမာင္းႏွင္ ႏိုင္မယ့္ Drive Mode Selection စနစ္ပါဝင္ၿပီး Noice reduction နည္းပညာ Vibration reduction နည္းပ ညာမ်ား ထည့္သြင္း တည္ေဆာက္ထားပါတယ္။
အဆင့္ျမင့္ လံုၿခံဳေရးစနစ္အေနနဲ႔ အလိုအေလ်ာက္ တန္ျပန္ထိန္းခ်ဳပ္ႏုိင္မယ့္ ဆက္စပ္နည္းပညာျဖစ္တဲ့ Deluxe Technology Puckage ေနာက္ဆံုးေပၚ Break စနစ္ ေၾကာင့္ လမ္းမထက္က အႏၲရာယ္ေတြကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္ပါတယ္။ အတြင္းခန္း အျပင္အဆင္မွာေတာ့ အဆင့္ျမင့္ လယ္သာထိုင္ခံု၊ ဘယ္ေမာင္းစနစ္နဲ႔ ထိန္းခ်ဳပ္ ခလုတ္ေတြ တပ္ဆင္ထားတဲ့ စတီယာရင္ေခြ၊ ရွစ္လက္မ အရြယ္ ထိေတြ႕မ်က္ႏွာျပင္ပါ Infotainment စနစ္ TV Theater Package ေဖ်ာ္ေျဖမႈပါဝင္တဲ့ DVD စနစ္၊ ေနာက္ ထိုင္ခံုခရီးသည္ေတြအတြက္ DVD ေဖ်ာ္ေျဖမႈစနစ္၊ အသံ ပတ္လည္ စနစ္ပါဝင္တဲ့ ကမၻာေက်ာ္ Bose Speaker ၁၃ လံုး၊ Bluetooth, MP3, AM, FM, CD, Satellite Navigation စနစ္၊ Satellite Radio, Radio Data System (RDS), Speed Sensitive Volume Control စနစ္ႏွင့္ အျခားနည္းပညာျမင့္ ေဖ်ာ္ေျဖေရးစနစ္ေတြ ပါဝင္ပါတယ္။
ကားရဲ႕ ေဘာ္ဒီအေရာင္ခုနစ္မ်ဳိး ေရြးခ်ယ္ဝယ္ယူ ႏိုင္ၿပီး ပ်မ္းမွ် ဆီစားႏႈန္းမွာေတာ့ ေရွ႕ဘီးယက္QX 60 မွာ ၿမိဳ႕တြင္း တစ္ဂါလံ ၁၈ မိုင္ႏႈန္းနဲ႔ ခရီးေဝး ၂၄ မိုင္ႏႈန္း၊ ေလးဘီးယက္ QX 60 မွာ ၿမိဳ႕တြင္းတစ္ဂါလံ ၁၈ မိုင္အ ေနနဲ႔ ခရီးေဝး ၂၃ မိုင္ႏႈန္း ျဖစ္ပါတယ္။ မ်ဳိးစပ္ Hybird QX 60 ေတြမွာေတာ့ တစ္ဂါလံၿမိဳ႕တြင္း ၂၆ မိုင္ႏႈန္း ခရီးေဝး ၂၈ မိုင္ႏႈန္း အသီးသီးရွိပါတယ္။ အေမရိကန္ျပည္ေထာင္စု အေဝးေျပးလမ္းမမ်ား ယာဥ္အႏၲရာယ္ကင္းရွင္းေရးအဖြဲ႕ အစည္း NHTSA ရဲ႕ စမ္းသပ္မႈအရ Overall မွာ ၾကယ္ ငါးပြင့္အဆင့္ရၿပီး IIHS Testing မွာ Good အဆင့္ ေဖာ္ျပခံရတာ ေတြ႕ေနရတဲ့အတြက္ စြမ္းေဆာင္ေရေကာင္း ၿပီး အဆင့္ျမင့္ လံုၿခံဳေရးစနစ္ ေကာင္းမြန္တဲ့ကားတစ္စီး ျဖစ္ေၾကာင္း သက္ေသျပႏိုင္ပါတယ္။ Infinity QX 60 ရဲ႕ အေျခခံေစ်းႏႈန္းေတြကကေတာ့ အေမရိကန္ေဒၚလာ ၄၂၆ဝဝ မွ ၅၃ဝဝဝ ေက်ာ္အထိ က်သင့္ႏိုင္ပါတယ္။
(Yangon Times Journal, 12-13)














No comments:

Post a Comment