Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

ဧရာဝတီလင္းပိုင္မ်ား စစ္တမ္းေကာက္ယူခဲ့ရာ ၆၅ ေကာင္ မွတ္တမ္းတင္ႏိုင္


ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ဧရာဝတီလင္းပိုင္အေကာင္ေရ စာရင္းေကာက္ယူေရးႏွင့္ မ်ဳိးသုဥ္းေပ်ာက္ကြယ္မႈမရွိရန္ ကာကြယ္ထိန္းသိမ္းေရးတို႔အတြက္ လင္းပိုင္ထိန္းသိမ္းေရးႏွင့္ သုေတသနႏွင့္စစ္တမ္းေကာက္ယူမႈကို ေဖေဖာ္ဝါရီ ၁၅ ရက္မွ ၂၈ ရက္ထိ ၁၄ ရက္ၾကာျပဳလုပ္ခဲ့ၿပီး ယင္းမွတ္တမ္းမ်ားအရ ဧရာဝတီလင္းပိုင္ ၆၅ေကာင္ မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာနႏွင့္ WCS (သားငွက္ထိန္းသိမ္းေရးအဖြဲ႕)တို႔ ပူးေပါင္း၍ မႏၲေလးၿမိဳ႕မွ ဗန္းေမာ္ၿမိဳ႕အၾကား ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔ အေနျဖင့္ တစ္လလွ်င္ ႏွစ္ႀကိမ္ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ထိန္းသိမ္းေစာင့္ ေရွာက္ေရးႏွင့္ မွတ္တမ္းတင္လုပ္ငန္းမ်ား ေဆာင္ရြက္ေနသည္ဟုဆိုသည္။

''ဧရာဝတီလင္းပိုင္က မ်ဳိးသုဥ္း(တုန္း)မယ့္ အဆင့္မွာ အျမင့္ဆုံးေနရာ ေရာက္ေနတယ္။အဲဒီလင္းပိုင္ကို ျမန္မာအမ်ဳိးသားေရး တာဝန္တစ္ရပ္အေနနဲ႔ ဝိုင္းဝန္းၿပီး ထိန္းသိမ္းရမွာပါ။ႏိုင္ငံရဲ႕ ပုံရိပ္တစ္ခုလည္းျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ျပည္သူကို Educate လုပ္တယ္။ ခရီးစဥ္မွာ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေက်းရြာေတြမွာ အသိပညာေတြ ေပးခဲ့တယ္''ဟု ေမြးျမဴေရး၊ ေရလုပ္ငန္းႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ေအးက ေျပာသည္။

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဧရိယာကို စစ္ကိုင္းတိုင္းေဒသႀကီး မင္းကြန္းပုထိုးေတာ္ႀကီး အေနာက္ဘက္ကမ္းႏွင့္ မႏၲေလးတိုင္းေဒသႀကီး နန္းေတာ္ကြၽန္း(အေရွ႕ဘက္)ကမ္းမွ စစ္ကိုင္းတိုင္းေဒသႀကီး ေက်ာက္ေျမာင္းၿမိဳ႕ ေရေတာ္ဘုရား(အေနာက္ဘက္ ကမ္း)မွ အေရွ႕ဘက္ကမ္းမႏၲေလးတိုင္းေဒသႀကီးအထိ ျမစ္အစိတ္အပိုင္းအား ငါးလုပ္ငန္းဦးစီးဌာနမွ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာ ၂၈ရက္က သတ္မွတ္ခဲ့ေၾကာင္းသိရသည္။

''လင္းပိုင္မ်ဳိးသုဥ္းမယ့္ အႏၲရာယ္ဝိုင္းဝန္းကာကြယ္ဖို႔နဲ႔ ေရသယံဇာတေတြ ထိန္သိမ္းေရးပညာေပးစာေစာင္ေတြ ျဖန္႔ေဝၿပီး ေဟာေျပာတယ္။ ႐ုပ္ရွင္ေတြျပတယ္။ ဒီခရီးမွာ ဗန္းေမာ္ေရာက္ေတာ့ ႐ုတ္တရက္ေရႀကီးလာၿပီး အခက္အခဲျဖစ္လာလို႔ အဆန္တုန္းက ေတြ႕ခဲ့တာကိုပဲ မွတ္တမ္း ယူခဲ့တယ္''ဟု တိုင္းေဒသႀကီး ငါးလုပ္ငန္းဦးစီးဌာနဒုဦးစီးမွဴး ဦးဟန္ဝင္းက ေျပာသည္။

လင္းပိုင္သုေတသနေဆာင္ရြက္ခဲ့သည္မွာ (၁၄)ႏွစ္ ခန္႔ရွိၿပီျဖစ္၍ ယခုခရီးစဥ္တြင္ မွန္ဘီလူးမ်ား၊ GPS(Global Positioning System ), Depth (Meter), Distance (Sounder) ႏွင့္ အေကာင္းဆုံးကင္မရာမ်ား အသုံးျပဳကာ ဝဲဘက္၊ အလယ္၊ ယာဘက္ေစာင့္ၾကည့္သုံးဦး၊ ပတ္ဝန္းက်င္ေစာင့္ၾကည့္သူမ်ားျဖင့္ နာရီပိုင္းလူလဲစနစ္သုံး၍ အခ်ိန္ျပည့္မွတ္တမ္းျပဳစုျခင္းျဖစ္သည္။

မ်ဳိးသုဥ္းမည့္စာရင္းတြင္ပါဝင္ေနသည့္ ဧရာဝတီ လင္းပိုင္မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးအတြက္ ေဒသခံမ်ားႏွင့္ အမ်ားျပည္သူက ဝိုင္းဝန္းကူညီရမွာျဖစ္ၿပီး ေလွ်ာ့တိုက္ငါးဖမ္းျခင္း၊ ျမစ္အတြင္းမွ စီးပြားျဖစ္ေရႊတူးေဖာ္ ျခင္း၊ ျမစ္ေရညစ္ညမ္းေစျခင္းစသည့္ လင္းပိုင္မ်ားသြား လာေနထိုင္မ်ဳိးပြားမႈအတြက္ ထိခိုက္ႏိုင္သည့္ လုပ္ရပ္မ်ား ေရွာင္ၾကဥ္ရန္လိုအပ္သည္ဟုဆိုသည္။

မင္းထက္ေအာင္(မန္းကိုယ္ပြား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
....................


ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဧရာဝတီလင်းပိုင်အကောင်ရေ စာရင်းကောက်ယူရေးနှင့် မျိုးသုဉ်းပျောက်ကွယ်မှုမရှိရန် ကာကွယ်ထိန်းသိမ်းရေးတို့အတွက် လင်းပိုင်ထိန်းသိမ်းရေးနှင့် သုတေသနနှင့်စစ်တမ်းကောက်ယူမှုကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၈ ရက်ထိ ၁၄ ရက်ကြာပြုလုပ်ခဲ့ပြီး ယင်းမှတ်တမ်းများအရ ဧရာဝတီလင်းပိုင် ၆၅ကောင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS (သားငှက်ထိန်းသိမ်းရေးအဖွဲ့)တို့ ပူးပေါင်း၍ မန္တလေးမြို့မှ ဗန်းမော်မြို့အကြား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် တစ်လလျှင် နှစ်ကြိမ် မြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက်နေသည်ဟုဆိုသည်။

''ဧရာဝတီလင်းပိုင်က မျိုးသုဉ်း(တုန်း)မယ့် အဆင့်မှာ အမြင့်ဆုံးနေရာ ရောက်နေတယ်။အဲဒီလင်းပိုင်ကို မြန်မာအမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပြီး ထိန်းသိမ်းရမှာပါ။နိုင်ငံရဲ့ ပုံရိပ်တစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူကို Educate လုပ်တယ်။ ခရီးစဉ်မှာ မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေမှာ အသိပညာတွေ ပေးခဲ့တယ်''ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ပြောသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာကို စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းပုထိုးတော်ကြီး အနောက်ဘက်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီး နန်းတော်ကျွန်း(အရှေ့ဘက်)ကမ်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့ ရေတော်ဘုရား(အနောက်ဘက် ကမ်း)မှ အရှေ့ဘက်ကမ်းမန္တလေးတိုင်းဒေသကြီးအထိ မြစ်အစိတ်အပိုင်းအား ငါးလုပ်ငန်းဦးစီးဌာနမှ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်က သတ်မှတ်ခဲ့ကြောင်းသိရသည်။

''လင်းပိုင်မျိုးသုဉ်းမယ့် အန္တရာယ်ဝိုင်းဝန်းကာကွယ်ဖို့နဲ့ ရေသယံဇာတတွေ ထိန်သိမ်းရေးပညာပေးစာစောင်တွေ ဖြန့်ဝေပြီး ဟောပြောတယ်။ ရုပ်ရှင်တွေပြတယ်။ ဒီခရီးမှာ ဗန်းမော်ရောက်တော့ ရုတ်တရက်ရေကြီးလာပြီး အခက်အခဲဖြစ်လာလို့ အဆန်တုန်းက တွေ့ခဲ့တာကိုပဲ မှတ်တမ်း ယူခဲ့တယ်''ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနဒုဦးစီးမှူး ဦးဟန်ဝင်းက ပြောသည်။

လင်းပိုင်သုတေသနဆောင်ရွက်ခဲ့သည်မှာ (၁၄)နှစ် ခန့်ရှိပြီဖြစ်၍ ယခုခရီးစဉ်တွင် မှန်ဘီလူးများ၊ GPS(Global Positioning System ), Depth (Meter), Distance (Sounder) နှင့် အကောင်းဆုံးကင်မရာများ အသုံးပြုကာ ဝဲဘက်၊ အလယ်၊ ယာဘက်စောင့်ကြည့်သုံးဦး၊ ပတ်ဝန်းကျင်စောင့်ကြည့်သူများဖြင့် နာရီပိုင်းလူလဲစနစ်သုံး၍ အချိန်ပြည့်မှတ်တမ်းပြုစုခြင်းဖြစ်သည်။

မျိုးသုဉ်းမည့်စာရင်းတွင်ပါဝင်နေသည့် ဧရာဝတီ လင်းပိုင်များထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဒေသခံများနှင့် အများပြည်သူက ဝိုင်းဝန်းကူညီရမှာဖြစ်ပြီး လျှော့တိုက်ငါးဖမ်းခြင်း၊ မြစ်အတွင်းမှ စီးပွားဖြစ်ရွှေတူးဖော် ခြင်း၊ မြစ်ရေညစ်ညမ်းစေခြင်းစသည့် လင်းပိုင်များသွား လာနေထိုင်မျိုးပွားမှုအတွက် ထိခိုက်နိုင်သည့် လုပ်ရပ်များ ရှောင်ကြဉ်ရန်လိုအပ်သည်ဟုဆိုသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment