Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

သမၼတ ေရြးခ်ယ္မယ့္ေန႔ ေရာက္ၿပီ

NLD သမၼတေလာင္း ဦးထင္ေက်ာ္ နဲ႔ ေဒၚေအာင္ဆန္း စုၾကည္
သမၼတ ေရြးခ်ယ္ပြဲ ကို အဂၤါေန႔ မနက္ ၁ဝ နာရီက စၿပီး ျပည္ေထာင္စု လႊတ္ေတာ္မွာ လၽွို႔ဝွက္ မဲေပးတဲ့စနစ္နဲ႔ ေရြးခ်ယ္မွာ ျဖစ္ပါတယ္ ။

ျပည္ေထာင္စု လႊတ္ေတာ္ က အတည္ျပဳ လိုက္တဲ့ သမၼတေလာင္း ၃ ဦး ထဲက တဦးကို သမၼတ အျဖစ္ ေရြးခ်ယ္မွာ ျဖစ္ပါတယ္ ။

သမၼတေလာင္း ၃ ဦး ထဲက မဲအမ်ားဆုံး ရတဲ့လူက သမၼတျဖစ္လာမွာ ျဖစ္ၿပီး ဒုတိယ မဲအမ်ားဆုံး ရတဲ့လူက ဒုတိယ သမၼတ ၁ ျဖစ္လာမွာ ျဖစ္ပါတယ္ ။

သမၼတ ေရြးခ်ယ္ရာမွာ တဦးထက္ ပိုၿပီး ေထာက္ခံ ဆႏၵမဲ ျပဳထားတဲ့ လက္မွတ္၊ ဆႏၵမဲပုံး ျပင္ပမွာ ထားရွိခဲ့တဲ့ လက္ မွတ္နဲ႔ တဦး တေယာက္ ကိုမၽွ ဆႏၵျပဳ ျခင္း မရွိတဲ့ လက္မွတ္ ေတြကို ပယ္မဲ အျဖစ္ သတ္မွတ္မွာ ျဖစ္ပါတယ္ ။

ျပည္ေထာင္စု လႊတ္ေတာ္ မွာ တပ္မေတာ္သား အစုအဖြဲ႕ အပါအဝင္ ကိုယ္စားလွယ္ ၆၆ဝ ေက်ာ္ရွိၿပီး NLD ပါတီ ကိုယ္စားလွယ္ ေတြက ၇ဝ ရာခိုင္ႏွုန္း ေက်ာ္ ရွိတဲ့ အတြက္ NLD အဆိုျပဳ ထားသူ ႏွစ္ဦး ထဲက တဦး ေသခ်ာေပါက္ သမၼတ ျဖစ္လာဖို႔ ရွိပါတယ္ ။

တပ္မေတာ္သား အစု အဖြဲ႕က တင္ေျမႇာက္ ထားတဲ့ ဒုတိယ သမၼတ ဦးျမင့္ေဆြ က ဒုတိယ သမၼတ ( ၁ ) ျဖစ္လာဖို႔ ရွိတယ္ ။

ဖြဲ႕စည္းပုံ ဥပေဒ အရ ဒုတိယ သမၼတ ေတြ ဟာ သမၼတ ကို တာဝန္ခံရၿပီး သမၼတက ေပးအပ္တဲ့ တာဝန္ ေတြကို ထမ္းေဆာင္ ရပါတယ္ ။

ဒါေၾကာင့္ တပ္မေတာ္သား အစုအဖြဲ႕ က တင္ေျမႇာက္ ထားတဲ့ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဦးျမင့္ေဆြ ဟာ အရပ္သား သမၼတ တဦးရဲ့ အမိန႔္ကို နားခံ နိုင္ပါမလား ။

တပ္မေတာ္ အေနနဲ႔ လည္း ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ကို ေစာင့္ေရွာက္ဖို႔ တာဝန္ရွိတယ္ လို႔ မၾကာခဏ ေျပာဆို ေနသလို ဥပေဒ အတိုင္း ျဖစ္ရမယ္ လို႔လဲ ေျပာဆိုမွုေတြ ရွိပါတယ္ ။

ဆယ္စုႏွစ္ ေပါင္း မ်ားစြာ အတြင္း အရပ္သား စစ္စစ္ တဦး ကို ျမန္မာနိုင္ငံ သမၼတ အျဖစ္ ျမင္ေတြ႕ ရေတာ့မွာ ျဖစ္ပါတယ္ ။

BBC Burmese
http://www.bbc.com/burmese
..................
 NLD သမ္မတလောင်း ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်း စုကြည်
သမ္မတ ရွေးချယ်ပွဲ ကို အင်္ဂါနေ့ မနက် ၁ဝ နာရီက စပြီး ပြည်ထောင်စု လွှတ်တော်မှာ လျှို့ဝှက် မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာ ဖြစ်ပါတယ် ။

ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်တဲ့ သမ္မတလောင်း ၃ ဦး ထဲက တဦးကို သမ္မတ အဖြစ် ရွေးချယ်မှာ ဖြစ်ပါတယ် ။

သမ္မတလောင်း ၃ ဦး ထဲက မဲအများဆုံး ရတဲ့လူက သမ္မတဖြစ်လာမှာ ဖြစ်ပြီး ဒုတိယ မဲအများဆုံး ရတဲ့လူက ဒုတိယ သမ္မတ ၁ ဖြစ်လာမှာ ဖြစ်ပါတယ် ။

သမ္မတ ရွေးချယ်ရာမှာ တဦးထက် ပိုပြီး ထောက်ခံ ဆန္ဒမဲ ပြုထားတဲ့ လက်မှတ်၊ ဆန္ဒမဲပုံး ပြင်ပမှာ ထားရှိခဲ့တဲ့ လက် မှတ်နဲ့ တဦး တယောက် ကိုမျှ ဆန္ဒပြု ခြင်း မရှိတဲ့ လက်မှတ် တွေကို ပယ်မဲ အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ် ။

ပြည်ထောင်စု လွှတ်တော် မှာ တပ်မတော်သား အစုအဖွဲ့ အပါအဝင် ကိုယ်စားလှယ် ၆၆ဝ ကျော်ရှိပြီး NLD ပါတီ ကိုယ်စားလှယ် တွေက ရဝ ရာခိုင်နှုန်း ကျော် ရှိတဲ့ အတွက် NLD အဆိုပြု ထားသူ နှစ်ဦး ထဲက တဦး သေချာပေါက် သမ္မတ ဖြစ်လာဖို့ ရှိပါတယ် ။

တပ်မတော်သား အစု အဖွဲ့က တင်မြှောက် ထားတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က ဒုတိယ သမ္မတ ( ၁ ) ဖြစ်လာဖို့ ရှိတယ် ။

ဖွဲ့စည်းပုံ ဥပဒေ အရ ဒုတိယ သမ္မတ တွေ ဟာ သမ္မတ ကို တာဝန်ခံရပြီး သမ္မတက ပေးအပ်တဲ့ တာဝန် တွေကို ထမ်းဆောင် ရပါတယ် ။

ဒါကြောင့် တပ်မတော်သား အစုအဖွဲ့ က တင်မြှောက် ထားတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေ ဟာ အရပ်သား သမ္မတ တဦးရဲ့ အမိန့်ကို နားခံ နိုင်ပါမလား ။

တပ်မတော် အနေနဲ့ လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ် လို့ မကြာခဏ ပြောဆို နေသလို ဥပဒေ အတိုင်း ဖြစ်ရမယ် လို့လဲ ပြောဆိုမှုတွေ ရှိပါတယ် ။

ဆယ်စုနှစ် ပေါင်း များစွာ အတွင်း အရပ်သား စစ်စစ် တဦး ကို မြန်မာနိုင်ငံ သမ္မတ အဖြစ် မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ် ။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment